Related Posts Plugin for WordPress, Blogger...

ဆုပန်ထွာရဲ့ သတို့သား ကိုဥက္ကာကျော်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်မှုတွေ အများ ကြီး ပေါ်ထွက်နေပါတယ်။
ရုပ်ရှင်သရုပ်ဆောင် သဇင်နဲ့ လည်း ဘာဘာညာညာ ဆိုတော့ ဝေဖန်ကြတာ ဖြစ်ပါတယ်။





Posted by Unknown on 5/31/2014

အဆိုတော်ထူးအယ်လင်းနှင့် ချစ်ကြိုက်နေသည်မှာ ဟုတ်ပြီး လက်ထပ်မည့်အချိန်သည်အချိန်
က စကား ပြောပါလိမ့်မယ်ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို မေ ၆ ရက်ထုတ် အတွဲ၃ ၊ အမှတ် ၄၂ ၊ စာ ၂၂ တွင်ဖြေကြားခဲ့သည့် မော်ဒယ်လ် အဆိုတော် Calroline သည်မေ ၂၄ ရက် ည ၈ နာရီက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာထက်တွင် ထူးအယ်လင်းနှင့် မည်သို့ မျှ ပတ်သက်မှု မရှိတော့ကြောင်း ဖော်ပြလာသည့်အတွက် မဇ္ဈိမမှ ၎င်းကိုထပ်မံ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။

Calroline ရဲ့ ဖေ့ဘွတ်ပေါ်ကကြေညာချက်နဲ့ ပတ်သက်ပြီးရှင်းပြပါဦး။

အဲဒါကအမှန်ပဲ၊ မိဘကို စိတ်ဆင်းရဲအောင် မလုပ်ချင်လို့လေ။ ညီမရဲ့အမေက ညီမကို မျက်ရည်ကျပြီး ပြောတယ်။ မိဘမျက်ရည်ကျအောင်မလုပ်ချင်လို့ပါ။ ဆရာ၊ တပည့်လို့ပဲ အိမ်ကသိကြတာလေ။ ခုလိုမျိုး သတင်းတွေကြားတော့ အိမ်ကလည်းဆူတယ်။

Calroline ကရော  ဆရာတပည့်ပုံစံနဲ့နေသွားတော့မှာလား။

ဘဝနှစ်ခုပေါင်းရင် ကိုယ်ပဲနစ်နာမှာလေ။ လုံးဝလဲဖြစ်နိုင်စရာ အကြောင်းလဲမရှိတော့ဘူး၊ အဲဒါကြောင့် ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကြေညာလိုက်တာပါ။ အနုပညာကိုပဲ အာရုံစိုက်ပြီးကြိုးစားသွားမှာပါ။မိဘမျက်ရည်ကျပြီးမှ လျှောက်ရမယ့်လမ်းကို ဆက်မလျှောက်ချင်တော့လို့ပါ။

Calroline ကကောလာဟလဒဏ်ကို ခံနိုင်ရည်မရှိတော့တာလား။

အဲဒီလိုမဟုတ်ပါဘူး။ မိဘစိတ်ဆင်းရဲမှာကို မလုပ်ချင်တာပါ။ ပြီးတော့ လူတွေ ထောင်သောင်းမက ကောမန့်တွေ ဝိုင်းရေးကြတယ်။ ကိုယ့်ပြည်နယ်က လူတွေပါ ကောမန့်ဝင်ရေးတော့ စိတ်မကောင်းဘူး။

Calrolineက အချစ်ကို တကယ်ပြတ်နိုင်ပြီလား။

အချစ်ဆိုတာ အမြဲပေါက်ဖွားနေတတ်တဲ့အရာပဲ။ ထပ်ပြီးတော့ပေါက်ဖွားလာဦးမှာပေါ့။ အခုတော့ ဆင်ခြင်လိုက်တဲ့ သဘောပါပဲ။

Calroline ကမိဘကိုပဲ စိတ်ချမ်းသာအောင် ထားတော့မယ်ပေါ့။

 ဟုတ်ပါတယ်။ မိဘစိတ်ချမ်းသာမှ အရာအားလုံးလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ။ မိဘစိတ်ဆင်းရဲနေ ရင် ဘယ်အရာမှ အဆင်ပြေပြေဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလေ။ မိဘကို စိတ်ချမ်းသာအောင် ထားချင်တယ်။

Calroline ရဲ့ရှေ့ဆက်မယ့်အနုပညာကိုပြောပါဦး။

 ခုလောလောဆယ်တော့ မေမေနဲ့အတူ ကယားပြည်နယ်ကို ခဏပြန်ဦးမယ်။ ပြန်လာရင်တော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်သွားမှာပါ။

Mizzima - News in Burmese

Posted by Unknown on

ပြည့်ပြည့်စုံစုံ ရိုက်ကူး တင်ဆက်ထားသည့် အပြာကားများ ပုံမှန်ကြည့်ရှုခြင်း သည် အမျိုးသားများ၏ ဦးနှောက် အရွယ်အစားအား ကျုံ့သွားစေနိုင်ရုံ သာမက ဦးနှောက်၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကိုပါ လျော့ကျ သွားစေကြောင်း ထို့အပြင် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည်ပါ နည်းပါးလာနိုင်သည့် အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ အထိပါ တွေ့ရှိရသည်ဟု သုတေသန ပြုလုပ်သူများက အကြံပြုပြောကြားခဲ့သည်။

လူ၏ပျော်ရွှင်မှု၊ ၀မ်းနည်းမှု အစရှိသည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလုပ် လုပ်သည့် ဦးနှောက် အစိတ်အပိုင်းသည် ယင်းသို့အပြာကားများ ပုံမှန် ကြည့်ရှုလေ့ ရှိသူများတွင် ကျုံ့လာပြီး အလုပ်လုပ်နိုင်စွမ်းပါ လျော့ကျ လာသည်ဟုတွေ့ရကြောင်း ဘာလင်ရှိ Max Plank သုတေသနအဖွဲ့ အစည်းမှ ပြောကြားခဲ့သည်။
ထို့ကြောင့် ထိုသို့သော သူများအတွက် လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်နိုင်မှု စွမ်းရည် ရရှိနိုင်မည့် ရုပ်ပြစာအုပ်များ ပိုမို လိုအပ်လာသည်ဟု ၄င်းတို့က အကြံပြုသည်။

ဦးနှောက်တွင်ပါရှိသော အမြှောင်းလေးများသည် ယင်းသို့သောကြည့်ရှုမှုများ တွင် ပုံမှန်ထက် ပိုအလုပ်လုပ်ရသည်ဟုလည်း သူတို့က ယုံကြည်ကြသည်ဟု ဆိုသည်။
" လိင်စိတ်နိုးကြားစေဖို့ ဒီလိုကားတွေ ကြည့်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ အမြှောင်းလေးတွေ ရဲ့လှုပ်ရှားမှု ပိုမို လျှင်မြန်လာတာတွေ့ရပါတယ်'' ဟု သုတေသနပြုလုပ်သူများက ပြောသည်။

Ref: The Telegraph
Popular Myanmar Journals

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြည်း၊ ရေ၊ လေ တပ်များအားလုံး အမြင့်ဆုံးသောအခြေအနေအထိ အရေးပေါ်တပ်လှန့်ထားရှိပြီး ဘင်္ဂလားဒေ့ရှ်လွှတ်တော်မှ မြန်မာနိုင်ငံအား တရားဝင် စစ်ကြေငြာလိုက်ပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် သေချာမှုရှိအောင် မေးမြန်းရာ 

- အောက်ပါအချက်အလက်များသည် အတည်အဖြစ်သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် တပ်များအားလုံးကို အရေးပေါ်အခြေအနေသို့ တပ်လှန့်ထားရှိပြီး မြန်မာပိုင် အုန်းကျွန်းအနီး (၃) ဖာလုံခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဖရီးဂိတ်များ နှင့် ဖျက်သင်္ဘောများ (၅) စီး လာရောက်တပ်စွဲထားသည်။ မြန်မာဖက်မှလည်း အုန်းကျွန်းအနီးတွင် ရေတပ်သင်္ဘော (၅)စီး ထိပ်ဆိုင်၍ တပ်ချထားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် ကြေးတပ် အင်အား (၅၀၀၀)ခန့် နယ်စပ်တွင် ၀င်ရောက်နေရာယူထားပြီး မြန်မာဖက်မှ အင်အား (၉၀၀၀) ခန့် ၀င်ရောက်နေရာယူထားသည်။

ဘင်္ဂလီ ရေဒီယိုသတင်းများအားလုံးကို ဘာသာပြန်များဖြင့် နားထောင်နေပြီး၊ မြန်မာ့ရေတပ်မတော် အုပ်စုတစ်စု နယ်စပ်သို့ဦးတည်ထွက်ခွာလာနေကြောင်း၊ မိတ္ထီလာ လေတပ်စခန်းအားလည်း အမြင့်ဆုံးအခြေအနေသို့တပ်လှန့်ထားကြောင်း ကြားသိရပါသည်။
 
အခုနောက်ဆုံးသတင်းအရ မြန်မာဖွဲ့များသို့ BGB တပ်များက ဖုန်းဆက်လာကြောင်း ကျနော် တို့ BGB တပ်သားငါးယောက် ဒီကနေ့ ပျောက်ဆုံးနေကြောင်းသိရတယ် ဒါကြောင်း ကျနော်တို့ BGB တပ်သားများ လိုက်ရှာနေကြောင်း ဓါတ်မီးများဖြင့် ထိုးလျှက် အဲဒီ BGB တပ်ဟု ဟန်ဆောင်ပြီး မြန်မာနယ်စပ်ထဲသို့ ၀င်ခွင့်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဒါကို မြန်မာတပ်ဖွဲ့ဝင်များ မယုံနိုင်စရာဟု သုံးသပ်ပါသည်။ 

RSO ကုလားဆိုးများ စိန်ခေါ်ထားကြောင်း ၈.၆.၂၀၁၄ ရက်နေ့ တွင် မင်းတို့ မြန်မာတပ်မတော်နှင့်ငါတို့ RSO ကုလားဆိုးများက တိုက်ပွဲခေါ်သံဟု စိန်ခေါ်ထားကြောင်းသိရသည် ဒါကြောင်း တပ်ရင် ၅၃၅ တပ်ရင် နှင့် ၅၆၅ တပ်ရင် နှစ်ရင် ကို ဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး ဇင်ဝင်းလတ် နှင့် ဒုဗိုလ်မှူးကြီး ကျော်စိန်ထွန်းတို့ ဒီကနေ့ ည ၄း၀၀ နာရီအချိန်တွင် ချီတက်သွားကြောင်း သတင်းရရှိပါသည်။

 .. www.MyanmarExpress.net

 မြန်မာပိုင်နက်နယ်စပ်ခြံ စည်းရိုးအနီးသို့ ခိုးဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်စဉ် ကျဆုံးသွားသော လက်နက်ကိုင်၏ ရုပ်အလောင်း နှင့်သေနတ်ကို ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ မေလ ၃၀ ရက် ညနေတွင်ပြန်လည်လွဲအပ်လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ယူနီဖောင်း အ၀ါရောင်ပဲ ၀တ်ထားပြီး တပ်ဖွဲ့တံဆိပ်မပါ တော့ သူတို့နယ်ခြားစောင့်တပ်ဖွဲ့ ၀င်လို့ပြောပေမယ့် လက်မခံပါ ဘူး။ ဒါပေမဲ့ မိတ်မပျက်စေချင်လို့ အ လောင်းရော၊ သေနတ်ရော ဒီနေ့ ပဲပြန်ပေးလိုက်ပြီ’’ဟု ဒုတိယရဲ မှူးကြီးအဆင့်ရှိ နယ်ခြားစောင့် လုံခြုံရေးရဲတပ်ဖွဲ့အရာရှိတစ်ဦး ကပြောသည်။

မြန်မာဘက်မှ မောင်တော မြို့နယ်ခြားစောင့်လုံခြုံရေးရဲတပ်ရင်း ဒုတိယရဲမှူးကြီး မိုးညိုဦး ဆောင်သော အဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB) တို့ မေ ၃၀ ရက် နေ့လယ်က မောင်တောမြို့နှင့် နယ်ချင်းစပ် နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ် ချောင်းစရီနယ်ခြားစောင့်ရဲစခန်း တွင် ဆွေးနွေးမှုများပြုလုပ်၍ ပြန် လည်လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိကြီးကပြောသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ ဘက်မှ အရာရှိနှင့် ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့် သွားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ဖွဲ့ကမူ နတ်ချောင်းစရီနယ်ခြား စောင့်ရဲစခန်းအနီးတွင် တင့်ကား ခြောက်စီးဝန်းရံ၍ အင်အားပြ သည့် ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သို့သော်ဘင်္ဂလားဒေ့ရှ်တပ် သားတစ်ဦးကို မြန်မာနယ်ခြား စောင့်တပ်က ပစ်ခတ်ပြီး အ လောင်းကို ဆွဲယူသွားခဲ့သည်ဆို သည့် သတင်းများကြောင့် နယ် စပ် အခြေအနေ တင်းမာနေပြီး သောကြာနေ့ ညနေ ၄ နာရီမှစ ကာ ၄၅ မိနစ်ကြာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး အာဇစ်ကို ကိုးကား ကာ Fianncial Express သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

 ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့(BGB) က ၎င်းတို့  ၏ တပ်ဖွဲ့ဝင်ပါဟု ပြောကာ ပြန် တောင်းသွားသည့် ရုပ်အလောင်း နှင့် သေနတ်မှာ မေလ ၂၉ ရက် က မြန်မာပိုင်နက် နယ်စပ်အနီး သို့ လက်နက်ကိုင်ဆောင်လျက် ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်နေသည့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ ၀င်အချို့က ပစ်ခတ်လိုက်စဉ် သေဆုံးသွားခဲ့သူဖြစ်သည်။

‘‘ဗျူဟာမှူးက တစ်ဆင့် ဆွေးနွေးဖို့တောင်းဆိုတာပါ။ သ ဘောရိုးမှန်ရင် သောင်းကျန်းသူရှိ နေတဲ့နေရာကို ၀င်လာစရာ အ ကြောင်းမရှိဘူးလေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေရာကို ၀င်လာတာ ကြောင့် နယ်စပ်လုံခြုံရေးအရ ပစ်ခဲ့ပြီး သေဆုံးတော့မှသာ သူ တို့လူပါလို့ ပြောတာပါ’’ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီး မင်းအောင်က ပြော ကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဌာနက မေလ ၂၉ ရက်တွင် ဒါကာရှိ မြန်မာသံအမတ် ကြီး ဦးမျိုးမြင့်သန်းကို ဆင့်ခေါ်၍ ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ ၀င် Nayek M Mizanur Rahman ကို ချက်ချင်းပြန်လွှတ်ပေးရန် စာကို ပေးအပ်ခဲ့သည်။ မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအ မတ်ကြီး မူစတာ ဖာကာမယ်က လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနထံ ယင်းစာကို ထပ်မံပေး အပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်က ကျဆုံးသွားပြီဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်ကို ဖမ်းဆီးထားသော ၎င်းတို့တပ်ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်ဟု သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

‘‘ဒီစာကို ရထားပါတယ်။ အရေးယူဆောင်ရွက်မှု ပြုနေပါ တယ်။ အခု အခြေအနေက အ ရမ်းရှုပ်ထွေးနေပါတယ်။ သူတို့ စာထဲမှာက သူတို့တပ်ဖွဲ့ဝင်လို့ ပြောထားပေမယ့် ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်ရမှာပါ။ မြေပြင် အခြေအနေသတင်းတွေစုပြီး စစ် ဆေးပြီးမှ ရှေ့တစ်ပတ်ထဲမှာ အကြောင်းပြန်ကြားရမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ စာရတဲ့အထိပဲ ပြောလို့ရပါတယ်’’ ဟု နိုင်ငံရေးရာ ဦးစီးဌာန (ဘင်္ဂ လားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောကြား သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရပေးပို့ သည့် စာထဲတွင် ၎င်းတို့၏ တပ် ဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်အပြင် မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက် မှုပြဿနာများ ရေရှည်တွင် ထပ် မံမဖြစ်ပွားရန် ယခု ပစ်ခတ်တိုက် ခိုက်မှုကို စုံစမ်းစစ်ဆေးဖော် ထုတ်ပေးရန် တောင်းဆိုထား ကြောင်း ယင်းစာပါ ဖော်ပြချက် အရ သိရသည်။

‘‘သူတို့ တပ်ဖွဲ့ဝင် ဟုတ်၊ မဟုတ်ကတော့ ဒီအချိန်မှာ ဘာ မှမပြောနိုင်သေးပါဘူး’’ ဟု နယ် ခြားစောင့် ကွပ်ကဲရေးတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။

Author: အောင်သစ်လွင် / အေးသူစံ
7DAY DAILY

မုံရွာ၊ မေ ၃၀
အကျဉ်းထောင်မှ အကျဉ်းသားတစ်ဦးသည် ထောင်မှလွတ်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားသည့် အတွက် ထောင်မှူး ဦးစီးအရာရှိမှ ရဲစခန်းသို့သွားရောက်၍ သေမှုသေခင်းရေးဖွင့်လိုက်ရသည့် ဖြစ်စဉ်တစ် ရပ်အား မေလ ၂၉ ရက်နေ့မနက် ၁၀ နာရီက မုံရွာမြို့တွင်ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးမှ သိရသည်။

ထောင်မှလွတ်မြောက်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် အကျဉ်းသားလူထွက်မှာ ထောင်ဝင် အမှတ် မရ/ ၁၃/၀၀၉၃၀/(က) ကိုသိန်းဇော် အသက်(၂၆)နှစ် ဆိုသူဖြစ်ကြောင်း သိရသည်။ ထိုသူသည် မုံ ရွာမြို့နယ် တရားရုံး၏ အမှုအမှတ် ၁၀၂၇/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ်(၁)ကျခံစေ ရန် စီရင်ချက် ချမှတ်ခြင်းခံထားရသူတစ်ဦးဖြစ်ကြောင်း အကျဉ်းထောင်၏ အကျဉ်းသားမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုသူသည် မေလ ၂၉ ရက်နေ့ မနက် ၈ နာရီအချိန်တွင် မုံရွာအကျဉ်းထောင်၌ ကျခံရန်အလုပ်နှင့်ပြစ်ဒဏ် များ ကုန်ဆုံးခဲ့သည့်အတွက် အကျဉ်းထောင်မှ လွတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ထောင်မှလွတ်မြောက် ပြီးနောက် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသည့်အတွက် အကျဉ်းထောင် တာဝန်ရှိသူများက မုံရွာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသခွင့်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ အကျဉ်းသားလူထွက်သည် မုံရွာပြည်သူ့ဆေးရုံကြီးပေါ်တွင် ဆေးကုသမှုခံယူနေရင်း မနက် ၁၀ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်ဟု မှုခင်းဆေးစာဌာနရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမသို့ ပြောပြသည်။
“ သေဆုံးသူ သိန်းဇော်မှာက ထောင်ကလွတ်မြောက်လာပေမဲ့လည်း သူ့ရဲ့ မိဘဆွေမျိုးတွေနဲ့ သူ့မှာ အဆက်အသွယ်မရခဲ့ဘူးလေ..” ဟု မုံရွာ အကျဉ်းထောင်ရှိ တာဝန်ကျ ထောင်ဝန်ထမ်းတစ်ဦးမှ ပြောပြ သည်။

ထောင်မှလွတ်ပြီးနောက် ၂ နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ရသည့် ထောင်လွတ်အကျဉ်းသားတစ်ဦးနှင့် ပတ်သက်၍ သေဆုံးရခြင်းအကြောင်းတရားအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်နိုင်ရန် ထောင်မှူး ဦးစီးအရာရှိ ဦးမောင်ထွေးက မုံရွာမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၄/၂၀၁၄အရ ရေးဖွင့်၍ မှုခင်းဆေးပညာများအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၏လွတ်လပ်မှုနှင့် တရားမျှတမှုသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သမာသမတ်ရှိမှု၊ကြားနေမှု၊ဘက်မလိုက်မှုတို့နှင့် များစွာဆက်စပ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြားနေအဖွဲ့အစည်းတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိလျှင် လာမည့်ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုသည် စိုးရိမ်ရေမှတ် အလွန်တွင်ရှိနေမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါ အမိန့်အမှတ်- ၃/၂၀၁၁ ကို ထုတ်ပြန်လျက် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈ (က)နှင့် ပြည်ထောင်စုအစိုးရအ ဖွဲ့ဥပဒေပုဒ်မ၁၆(ခ)(၃)အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ အဆိုပါ ခန့်အပ်မှုသည် အခြေခံ ဥပဒေ၏ ဘောင်ထဲတွင်ရှိသော် လည်း နိုင်ငံရေးရှုထောင့်မှ ကြည့် လျှင် အရုပ်ဆိုးအကျည်းတန်လွန်း သည်ဟု သုံးသပ်နိုင်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး သည် ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်း စား)ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့် မြင့်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တံတား ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင် ဖြိုးပါတီကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခဲ့သည်။

  အဆိုပါ မှတ်တမ်းများ အရ သမ္မတဦးသိန်းစိန်သည် ဦးတင်အေးကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် နိုင်ငံရေးလွဲချော်မှုကြီးပင် ဖြစ် သည်။ အဆိုပါ လွဲချော်မှုကြီးကို ကြိုတင်စီမံ၊ ပြင်ဆင်ဆောင်ရွက် ခဲ့သည်ဆိုလျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ နောက်ကွယ် မှ နိုင်ငံရေးကောက်ကျစ်မှုတစ်ခု ဟုပင် သတ်မှတ်နိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈(ခ)အရ နိုင်ငံတော်သမ္မတ သည် ဦးတင်အေးကို ထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိ သော ပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံပြီး၊ အတွေ့အကြုံရင့်ကျက်သူအဖြစ် လည်းကောင်း သတ်မှတ်လျက် ပုဒ်မ ၃၉၈ (က)အရ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် နိုင်ငံတော်သမ္မတသည် ပြည် ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးကို သမာသမတ်ရှိ ရှိ ကြားနေရန် မြင့်မြင့်မားမား လိုအပ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဥက္ကဋ္ဌအ ဖြစ် ခန့်အပ်မှုသည် မြန်မာ့ဒီမိုက ရေစီအပြောင်းအလဲကို နောက် ကျောမှဓားနှင့် ထိုးခြင်းဟုပင် ကောက်ချက်ပြုနိုင်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့ စည်းထားသော ပြည်ထောင်စု လွှတ်တော်အနေဖြင့် ကြားလူ မဟုတ်သော ပြည်ခိုင်ဖြိုးပါတီ၏ ထိပ်တန်းခေါင်းဆောင်ဟောင်း တစ်ဦးကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်နိုင်ရန် အတည်ပြုထောက်ခံ ခဲ့ခြင်းသည်လည်း မီးကျိုးမောင်း ပျက်နိုင်ငံရေး၏ ပြယုဂ်ပင် ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ် တော်ကိုယ်စားလှယ်များအနေ ဖြင့် သမာသမတ်ရှိသော ကြား လူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် တာ ၀န်ပေးခန့်အပ်နိုင်ရေး နိုင်ငံတော် သမ္မတကို တိုက်တွန်းအဆိုပြုရန် ပျက်ကွက်ခဲ့ခြင်းနှင့် လွှတ်တော် အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တိုင်းရင်းသားနိုင်ငံ ရေးပါတီများအပါအ၀င် နိုင်ငံ ရေးအတိုက်အခံများ၏ တရားဝင် ကန့်ကွက်သံများကို မကြားရခြင်း တို့သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ဆိုးကွက်များပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ်ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်နှင့် ဦးညွန့်တင်တို့ကို ၂၀၁၁ ခုနှစ်မတ်လ ၃၀ ရက်တွင် တာဝန်ပေးခန့်အပ်ခဲ့ပြီး ဦးဝင်းကိုအား ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ အဖွဲ့ဝင်များအားလုံးသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သော   ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များဖြစ်သည်။

တပ်မတော်အငြိမ်းစား အရာရှိတစ်ဦးဖြစ်သော ဦးတင်ထွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိအတွင်းရေးမှူးဖြစ်သည်။

 အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲကော်မရှင်သည် စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်၊ လေ့လာဖွယ်ဖြစ်သည်။ သမ္မတ ဆူဟာတိုပြုတ်ကျပြီးနောက် ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၅၃ ဦးဖြင့်အောက်လွှတ်တော်၏ ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်းသည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ လူထုတောင်းဆိုမှုကြောင့် လူသိများသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ၊ တရားလွှတ်တော်တရားသူကြီးဟောင်း၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အပါအ၀င် ကြားလူငါးဦးကို ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်များဖြင့် ၂၀၀၁ ခုနှစ် ဧပြီလ ၁၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အောက်လွှတ်တော်သည် ငါးနှစ် သက်တမ်းရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းရန် ကော်မရှင် အဖွဲ့ဝင်များကို ရွေးချယ်ရေး ကော်မတီမှ မဲဆန္ဒပေးရွေးချယ် ရန်တို့ပါဝင်သော ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်ဒိုနီးရှားရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ခုနစ်ဦးတွင် တက္ကသိုလ်ကထိက တစ်ဦးနှင့် ရွေးကောက်ပွဲပြုပြင် ရေးဆိုင်ရာ အင်န်ဂျီအို၏ အမှု ဆောင်ညွှန်ကြားရေးမှူးတစ်ဦးတို့ ပါဝင်လျက်ရှိသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် သီးခြားလွတ် လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်သည့် အား လျော်စွာ နိုင်ငံတော်သမ္မတ၏ ဗဟိုရုံးများအောက်၌ ပါဝင်နေ ခြင်းသည် ကြောင်းကျိုးဆီလျော် မှု မရှိဟု သုံးသပ်နိုင်သည်။ ထို့ အတူအငြိမ်းစား တပ်မတော်အ ရာရှိကြီးများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်ရုံး အဆင့်ဆင့်တွင် တာဝန်ပေး ခန့်အပ်ခြင်းသည်လည်း ကော်မရှင်၏အလွဲများပင် ဖြစ်သည်။ ကော်မရှင်သည် အစိုးရနှင့် သီးသန့်ခွဲရပ်တည်နိုင်ရန် တပ်မတော်အငြိမ်းစား အရာရှိများကို တာဝန်မှ ရပ်ဆိုင်းရန် မဖြစ်မနေ လိုအပ်သည်။

  အချုပ်အားဖြင့်ဆိုသော် အင်ဒိုနီးရှားရွေးကောက်ပွဲ ကော် မရှင်ကဲ့သို့ ပညာရှင်များ၊ အင်န် ဂျီအိုကိုယ်စားလှယ်များနှင့် အ စိုးရအရာရှိကြီး အငြိမ်းစားများ ပါဝင်ပြီး အစိုးရနှင့် လုံးဝမပတ် သက်သော သီးခြားလွတ်လပ် သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း သင့်သည်။ ပြည်သူဗဟိုပြု အစိုးရ နှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို ဖော်ဆောင်မည့် လွှတ်တော်တို့ သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအ၀င် ကော်မရှင် ခြေဆုံးခေါင်းဆုံး ပြင် ဆင်ဖွဲ့စည်းနိုင်ရေးကို ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲမတိုင်မီ အသက်သွင်းနိုင်မှသာ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကိုလည်း အတိုင်းအတာတစ်ခုအထိ အာမခံနိုင်မည် ဖြစ်သည်။လွှတ်တော်တွင်း၊ လွှတ်တော် ပြင်ပ ဟန်ချက်ညီညီဖြင့် ရွေးကောက်ပွဲကော်မရှင်ပြင်ဆင်ဖွဲ့စည်းရေး လူထုအခြေပြုလှုပ်ရှား မှုများကို မဖြစ်မနေ အကောင်အထည်ဖော်သင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုက်ရပါသည်။  ။

Author: ဒေါက်တာ ရန်မျိုးသိမ်း
7DAY DAILY

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

မေလ ၃၁ ရက် သူ့ရဲ့ လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်လျဉ်းပြီး ကျနော့်ရဲ့ သဘောထား ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များကို မူတည်ပြီး လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”

ဒုတိယအချက်အနေနဲ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမျှော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့နဲ့သာ ပြင်ဆင်သင့်တယ်။

တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်တဲ့ အခြေခံများရှိရန် လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာပါ။

သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေး သဘောထား ပထမအချက်နဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီက သမ္မတစကားဟာ လက်တွေ့မကျဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက Process လေဗျာ။ နှစ်အပိုင်းအခြားအလိုက် ပြီးရမယ့် ကိစ္စက ပြီးမယ်။ မပြီးသေးတဲ့ ကိစ္စကို ဆက်ဆွေးနွေးရမယ်။ အဲဒီတော့ ၁ နှစ် ၂ နှစ်နဲ့ ပြီးမယ့်ဟာတွေလည်း ရှိဦးမှာပေါ့။ မပြီးတာတွေလည်း ကျန်နေဦးမှာပေါ့။ နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာလည်း Process တမျိုးပဲဗျ။ ကျနော်တို့က အခုအချိန်မှာ ပြင်လို့ရတဲ့ ကိစ္စတွေ ပြင်ရမှာပေါ့ဗျာ။ ကျနော်တို့ပြောနေတာ ရှင်းရှင်းလေး ပုဒ်မ ၄၃၆ ကို ပြင်ရဆင်ရ လွယ်ကူအောင် လုပ်ပေး။ နောင်လာနောင်သားတွေက အလွယ်တကူ ပြင်ချင်တယ်ဆိုရင် ပြင်လို့ရအောင် လုပ်ပေး။ အဓိက ပြောနေကြတာ ဒီကိစ္စပဲ။ အဲဒီတော့ သမ္မတ ပြောတဲ့ ငြိမ်းချမ်းရေး Process ပြီးမှဆိုရင် ဒါ လက်တွေ့မကျဘူး။ အခုအချိန်မှာ ပြင်လို့ရတာ ပြင်ထားမယ်၊ ငြိမ်းချမ်းရေး Process တခုပြီးတိုင်း လိုအပ်တဲ့ဟာတွေ ဆက်ပြင်မယ်။ ဒီလိုသွားမှ ရမှာပေါ့။”

သမ္မတရဲ့ ဒီတကြိမ်ရေဒီယိုမိန့်ခွန်းထဲမှာ မြန်မာအာဆီယံဥက္ကဋ္ဌကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူသေဆုံးမှုတွေအတွက် ၀မ်းနည်းမိကြောင်းတွေ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေတုန်း သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေးသဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)

၂၀၁၄ မေလ ၃၁    

        ငါးဖမ်းလှေပေါ်တွင် တစ်လကျော် ကြာ ရောင်းစား ခံခဲ့ရသည့် မြန်မာအလုပ် သမား၂ဦးအား ထိုင်း နိုင်ငံ ရောက် မြန်မာ   နိုင်ငံ သားများ အဖွဲ့ MATနှင့် ပူးပေါင်းေ ဆာင်ရွက်သည့် အဖွဲ့များ က ယမန်နေ့ ညနေက ကယ်တင်နိုင်လိုက်သည်။

     ဧပြီလ၂၅ ရက်နေ့က ဘန်ကောက် မြို့ ဖလန်းဆောင်နယ်မြေ စကင်ငန် ၃၅/၁ တွင်နေထိုင်ကြသည့် နေမျိုးဝင်း   နှင့် မောင်ညွန့်ဝင်း တို့အား နေလင်း(ခေါ်) ပိုင်းဖြတ် ဆိုသူက စားသောက် ဆိုင်တွင် အလုပ်သွင်း ပေးမည်ဟုဆိုကာ အလုပ်သွင်းပေးခ ဘတ်ငွေ ၁၅၀၀ ယူဆောင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်သို့ တစ်ဦး လျှင် ဘတ်ငွေ တစ်သောင်းငါးထောင်ဖြင့် ရောင်းစားခဲ့သည်။

       ခင်ပွန်းဖြစ်သူ နေမျိုးဝင်း လွတ်မြောက်ရေးအတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ မစကားဝါသင်း နှင့် သာမညတောင်ခြေ ရွှေညောင်ပင်ရပ် ကွက်မှ ရောင်းစားခံရသူ မောင်ညွန့်ဝင်း ၏ညီမဖြစ်သူ မသန်းသန်းဝင်း တို့က   မေလ ၅ ရက်နေ့တွင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ   နိုင်ငံ  သားများအဖွဲ့ MATရုံးသို့ လာရောက်အကူညီတောင်းခံခဲ့သည်။

          MAT အဖွဲ့က ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေး ရှင်း FED နှင့်ညှိနှိုင်းလျှက် အချောင် ရွာလူကြီး ထံသို့ ရောင်းစားခံရသူများ၏ ဓါတ်ပုံနှင့် လှေနံပါတ် ၁၄၈၇၄  လှေအရောင် အဖြူနှင့် အပြာ လှေနံမည် (ပိုင်ခေါ်)  စသည့် အချက်အလက်များအား ပေးပို့ခဲ့သည်။

            MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းငါးဖမ်းလှေတွေနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင်ထဲမှာ မြန်မာတွေ လူကုန်ကူးခံနေရပါတယ်။ ဒါကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိုင်းနဲ့မြန်မာ အစိုးရ တွေပါ သိပါတယ်။ လာတဲ့လမ်းကြောင်း၊ လူကုန်ကူးခံရတဲ့နေရာ၊ လူကုန်ကူးခံရ သူတွေ၊ အချက်အလက် တွေကို ကျနော်တို့ တင်ပြပါတယ်။ ဒါပေမယ့်   မြန်မာလူငယ်တွေ နေ့တိုင်း ဒီနေရာတွေမှာ လူကုန်ကူးခံ နေကြရတယ်။   နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေ၊ ထိုင်းနဲ့မြန်မာအစိုးရ လူကုန် ကူးမှုတိုက် ဖျက်ရေးအဖွဲ့တွေဟာ အယင်မူတွေအတိုင်း ဆက်လုပ်နေလို့ ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးက ဟိုတယ် အစည်းဝေးပွဲတွေမှာပဲ အချက်အလက်တွေပြောနေကြတာနဲ့ပဲ အဆုံးသတ်နေပါမယ်။ လက်တွေ့   အောင် မြင်ကြ မှာမဟုတ်ဘူး” ဟုပြောသည်။

    ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံခဲ့ရသည့် မြန်မာအလုပ်သမားများမှာ ထိုင်းအစိုးရနှင့် မြန်မာအစိုးရ တို့သာမက နိုင်ငံတကာအဖွဲ့အစည်းများကပါ ဂရုစိုက်မှုအထူးနည်းပါးသည်။ ပြီးခဲ့သည့် ၂၀၁၄ ခု မတ်လ ၃ ရက်ညဥ့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ အကွာ၊ မလေးရှားနယ်စပ် ကတန်မြို့ ဝှေ့မင်းလှေဆိပ်လှေ အမှတ်(၁) KTHAVEESIMပေါ်တွင်ရောင်း စားခံနေရသည့် ရခိုင်အလုပ် သမား၆ဦးအား MAT,FEDနှင့်နယ်မြေခံရဲတပ်ဖွဲ့တို့က ထိုင်းရေတပ်သင်္ဘောဖြင့် သွားရောက် ကယ်ထုတ်ခဲ့ သည်။

           ၎င်းတို့သည်တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့်  ထောင်ဒဏ် ၄၉ ရက်ချမှတ်ခံခဲ့ရပြီး အလုပ်သမား များ၏ ငွေကြေး၊ဖုန်းနှင့် အ၀တ်အထည်များ အားလုံးတို့အား အကျဉ်းထောင်နှင့် ရဲစခန်းတို့မှ ယူဆောင် ထားလိုက်သဖြင့် ကိုယ်လုံးတီးသဘောမျိုးဖြင့်လွတ်မြောက်လာခဲ့ရသည်။  မေလ ၆ ရက်နေ့တွင် ရနောင်း လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းသို့ ကတန် ရဲစခန်းမှ လာရောက်ပို့ ဆောင်ခဲ့သည်။ ထိုအလုပ်သမား များအား ကော့သောင်း ဘက်သို့ အမြန်ပို့ရန် အတွက် တစ်ဦးလျှင် ဘတ်ငွေ ၁,၀၀၀ စီတောင်းခံပါသည်။   အလုပ်သမား၅ဦးတို့အား မေလ ၁၈ ရက်နေ့တွင် ကော့သောင်း ဘက်သို့ ပို့ဆောင် ခဲ့ရာ ငွေမပေးနိုင်သဖြင့် ကင်းမွန် မီးထွန်းလှေသို့ ဘတ်ငွေ ၇,၀၀၀ ဖြင့်ရောင်းချလိုက်ကြောင်း ကျန်နေခဲ့သည့် အလုပ်သမား ခေါင်းေ ဆာင် ကိုအောင်တင်ဇေါ်က ပြောသည်။

      သူက“ကျနော် ဘတ်တစ်ထောင်ပေးခဲ့ရပါတယ်။ ကျနော်တို့ လူကုန်ကူးခံ ခဲ့ရသူတွေကို ထိုင်းအစိုးရက မြန်မာအစိုးရလက်ထဲကို သေသေချာချာ အပ်နှံ ပြီးတော့ လူကုန်ကူးတဲ့သူတွေ ဖေါ်ထုတ်တာမျိုးမရှိဘူး။ ကျနော်တို့ကို အိမ် တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးတာမျိုးတို့မရှိဘူး။ ကျနော်တို့ကိုရောင်း စားလိုက်တဲ့ ပွဲစားကိုရော၊ ခု ပြန်လာပြီးမှ ရောင်းစား လိုက်တဲ့ လှေသမား ကိုရော ကျနော် ပြချင်ပါတယ်။ လူကုန်ကူးတဲ့ သူတွေကို ပြင်းပြင်ထန်ထန် အရေးယူလိုက်မှ လူကုန်ကူးမှုတွေ လျှော့နည်းလာ မယ်လို့ကျနော်ထင်ပါ တယ်။ မြန်မာအစိုးရ ကျနော့်ကို ဆက်သွယ်လာဖို့ ကျနော်စောင့်နေပါတယ်။ အခု ကျနော် ကော့သောင်းမြို့က ရခိုင်ဘုန်းတော်ကြီးကျောင်းမှာ ကပ်နေ ပါတယ်” ဟုပြောသည်။

         အလားတူ ထိုင်းနိုင်ငံအတွင်း အဆိုးဝါးဆုံး ကတန်လူကုန်ကူးသူလက် ထဲမှ MAT နှင့်ပူးပေါင်းအဖွဲ့တို့ ကယ်ထုတ်ခဲ့သည့် အလုပ်သမား ၁၅ ဦးတို့မှာ လုပ်အားခပင် ပြည့်ပြည့်စုံစုံမရရှိပဲ ရနောင်းကယ်ဆယ်ရေး စခန်းထဲတွင် တစ်နှစ်နှင့် သုံးလတိုင်တိုင် အချိန်ကုန်ခဲ့ရသည်။   စခန်းတာဝန်ခံများရိုက်နှက်မှုများကို အကြိမ် ကြိမ်ခံခဲ့ကြရသည်။ ၎င်းတို့အား    မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်ပို့ ပေးခဲ့ သည်။  မြန်မာအစိုးရက အဆိုပါအလုပ်သမားများအား ကော့သောင်း ကယ်ဆယ်ရေးစခန်းသစ်ထဲတွင် လက်ခံခဲ့သည်။ သို့ရာတွင် လူမှုဝန်ထမ်းပြန် လည်နေရာချထားရေးဌာနက စနစ်တကျ လက်ခံ၍ ၎င်းတို့ အားမိသားစုများ ထံသို့ ရောက်ရှိအောင် ပြန်လည်ပို့ဆောင်ခြင်းမျိုးမရှိ ခဲ့ကြောင်း အလုပ်သမား များ ပြော ပြချက်အရ သိရှိရသည်။

ကိုတီး
Golden Worker

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်းတို့ ပူးပေါင်း ကောက်ယူသော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် အရေ အတွက်မှာ နှစ်ရက် အတွင်း သုံးသိန်း နီးပါး ရရှိ ခဲ့ကြောင်း NLD  မှ သတင်းရရှိသည်။ လက်ရှိ အချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၊  မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် တို့တွင် ကောက် ခံရရှိခဲ့ပြီး ဖြစ်ပြီး၊ လက်မှတ်ပေါင်း နှစ်သိန်း ရှစ်သောင်းကျော် ရရှိ ခဲ့ကြောင်း သိရသည်။ ပြည်နယ် နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ကျေးရွာတွေ ကတော့ လက် မှတ်ရေးထိုးတာ တစ်ရက် နောက်ကျတော့ ချက်ချင်း လက်မှတ်တွေ စာရင်းစစ်ဖို့တော့ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာရှိတဲ့ ကျေးရွာတွေ တော်တော် များများကိုတော့ စာအုပ်တွေ ပေးပို့ထားတယ်  ဟု  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် NLD ဗဟို ပြန်ကြားရေး အဖွဲ့ ဝင် ဦးထင်လင်းဦးက The Messenger သတင်းစာသို့  ပြောသည်။

                         ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးမှု ပထမနေ့တွင်ပင် လက်မှတ်ပေါင်း တစ်သိန်းကျော်ရှိခဲ့ပြီး၊ ဒုတိယ မြောက် နေ့တွင် အစိုးရ ၀န်ထမ်း များလည်း ပါဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း NLD  မှ သိရသည်။ အစိုးရ ၀န်ထမ်းများတွင် ကျောင်း ဆရာ၊ ဆရာမများ အများစု ပါဝင်ကြောင်း သိရသည်။

                       ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် လက်မှတ် ကောက်ခံရန် အတွက် လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း နှင့် တိုင်းရင်းသား အဖွဲ့ အစည်း များက အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။  ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် များအား ကောက်ခံရာတွင် လက်မှတ်အရေ အတွက်ကို မည်မျှရရှိရမည်ဟု သတ်မှတ်ထားခြင်း မရှိဘဲ ရရှိလာသော လက်မှတ်စာရင်းများ အား နေ့စဉ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းနှင့် NLDတို့ ပူးပေါင်း ကောက်ခံမှုကို မေလ (၂၇) နေ့မှ ဇူလိုင်လ (၁၉) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ၄၃၆ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အနုပညာရှင်များ ကိုယ် တိုင် လက်မှတ်ရေးထိုးခဲ့ကြသည်။

 ဆုမင်းကို
 Messenger News Journal

 ပြည်၊ မဇ္ဈိမ။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ မှတ်တမ်းများစစ်ဆေးခြင်းနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် စာရင်းများကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ ရဲဝန်ထမ်းများက တောင်းယူ ကြည့်ရှုခြင်းများသည် ရပ်ရွာ တည်ငြိမ် အေးချမ်းရေး အတွက် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က မေလ ၃ဝ ရက်တွင် ပြောသည်။

"ဒီလိုဟောပြောမှုတွေက လှုံ့ဆော်ရာ ဖြစ်သွားမလား။ မဖြစ်ဘူးလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ထုတ်ဖော်ပြောတာလား။ ကိုယ့်အယူအဆနဲ့ ကိုယ် ပြင်းပြင်းထန်ထန် stronging ပြောတာ ပြသနာမရှိပါဘူး။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ဖျက်စီးအောင် လုပ်တာတွေလည်းရှိမယ်" ဟု ဦးရဲထွဋ်ကဆိုသည်။

မေလ ၃ဝရက် ညနေ(၄)နာရီက ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြည်မြို့ခံ သတင်းသမားများ နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများကို ပြည်ထဲရေးဌာနက ဥပဒေ နှင့် ညီမညီစစ်ဆေးနေခြင်း လက်မှတ်ထိုးစာရင်းများ တောင်းယူနေခြင်းများကို အစိုးရက မည်သို့ဖြေရှင်းမည်" ကို သတင်းထောက်တစ်ဦးက မေးမြန်းခြင်းကို ဦးရဲထွဋ်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းတွေ့ဆုံပွဲတွင် "SB (သတင်းတပ်ဖွဲ့)နှင့် နယ်မြေခံရဲတပ်ဖွဲ့များက နေ့စဉ်လက်မှတ်ထိုးစာရင်းများကို တောင်းယူခဲ့ရာ မပေးလိုက်ကြောင်းနှင့် လက်မှတ်ထိုးစာရင်းများ တောင်းယူခြင်းကို သမ္မတရုံးက ညွှန်ကြားချက် ပေးထားပါသလား" ဟု ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဒင်က မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်ကိုဦးရဲထွဋ်က "ကျွန်တော်တို့က ဒါတွေပိတ်ပင်တားဆီးဖို့မရှိပါဘူး။ သဘောတူတဲ့လူနဲ့ မတူတဲ့လူကြား ပြသနာမဖြစ်အောင် အခြေအနေ စောင့်ကြည့်တာပဲ ရှိတယ်။ တောင်းတာက သူ့သဘောနဲ့သူ တောင်းတာ ဖြစ်ပါလိမ့်မယ်။ ပေးချင်တယ်ဆိုလည်းရတယ်။ မပေးချင်လည်း ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုကို ပြည်သူကိုလည်း အသိပေးရမယ့်အတူတူ မထူးပါဘူးဆိုပြီး ပေးလိုက်လည်းရတယ်" ဟုပြန်ဖြေသည်။

ရဲဝန်ထမ်းများသည် အစီရင်ခံစာတွင် ပြည့်စုံစေလိုသည့် သဘောဖြင့် သတင်းအချက်အလက် ပိုမိုရယူခြင်းဖြစ်နိုင်ပြီး သန်းကောင်စာရင်း မဟုတ်သည့် အတွက် တစ်နေ့ မည်မျှ လက်မှတ်ထိုးသည်ကို ရယူရန်မလိုကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

ပြည်မြို့ပေါ် ရဲ စခန်း(၃)ခု နှင့် နယ်ရဲစခန်းများဖြစ်သော ပေါင်းတလည်၊ ဝက်ထီးကန် ရဲစခန်းများသည် NLD ရပ်ကျေးရုံးများကို နေ့စဉ်လက်မှတ်ထိုးသူ အရေအတွက် လက်မှတ်ထိုးသူအမည် နေရပ်လိပ်စာ၊ ရာထူး၊ အဖွဲ့အစည်း စသည်တို့ကို တောင်းခံထားကြောင်းလည်း ပြည်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး မြင့်သန်းထွန်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သတ်ပြီး သမ္မတကြီး၏ သဘောထားမည်သို့ရှိသည်ကို မဇ္ဈိမသတင်းဌာနက မေးမြန်းရာ "ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေကော လွှတ်တော်ကော သဘောတူရင် ပြင်နိုင်ပါတယ်။ ပြင်တဲ့အတိုင်း သူလက်ခံပါတယ်လို့ သမ္မတကြီးက အရင်စပြောခဲ့တာ "ဟု ပြောသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese

ချင်းမိုင်၊ မဇ္ဈိမ။ ။ မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ အာရှပစိဖိတ် အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ ဖိုရမ် (Asia-Pacific Feminist Forum) တွင် မြန်မာနိုင်ငံက အမျိုးသမီးများက ထည့်သွင်း ဆွေးနွေးမည်ဟု Gender quality Network ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။

မေလ ၃ဝ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Impress Hotel တွင် စတင်ကျင်းပနေသော အာရှဖိစိတ်ဖိတ် နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးနေသော ဖိုရမ်တွင် အဆိုပါ မျိုးစောင့်ဥပဒေအား အလုပ်ရုံဆွေးနွေးပွဲတခုအဖြစ် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။

“ကျွန်မတို့ကတော့ အဓိက မြန်မာနိုင်ငံမှာ မျိုးစောင့်ဥပဒေပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး regional မှာ ရှိနေတဲ့ အမျိုးသမီးကွန်ယက်တွေနဲ့ ချိတ်ဆက်မယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်မတို့ လာတာပါ။ ကျွန်မတို့က ဒီမှာ မြန်မာပြည်မှာရှိတဲ့ women movementကို နယ်မြေဒေသနဲ့ဆိုင်တဲ့ သူတို့တွေကရော ဘယ်လို ကူညီပံ့ပိုးပေးလို့ ရမလဲ။ အဲဒါကို လာပြီးချိတ်တာပါ”ဟု မမေစံပယ်ဖြူက ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ Gender quality network မှ ကိုယ်စားလှယ် ၄ ဦး၊ မြန်မာလူငယ် ညီလာခံမှ လူငယ် မသဉ္ဇာရွှန်းလဲ့ရည်၊ အခရာအမျိုးသမီးအဖွဲ့မှ ဒါရိုက်တာ ဒေါ်ထားထားနှင့် ကိုယ်စားလှယ် ၄ ဦး တက်ရောက်နေပြီး WLB မှ မဌေးဌေးတို့က အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် များပြားနေသော်လည်း မှန်ကန်သော သတင်းအချက်အလက်များ ရယူခွင့် မရှိခြင်း၊ အမျိုးသမီးအခွင့်အရေး ဆွေးနွေးပွဲကျင်းပမှုကိုလည်း အစိုးရ၏ အကန့်အသတ်များ ရှိနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

“တရက်မှာ ကလေးတယောက်နှုန်း အဓမ္မပြုကျင့်ခံရတယ်။ ဒါပေမဲ့ အမျိုးသမီး ချိုးဖောက်ခံရမှုတခုကို သုသေတန လုပ်ဖို့ လုပ်ခွင့် မရှိဘူးဆိုတော့ ပြောဖို့ ခက်တယ်။ အခုဆို မီဒီယာတွေမှာ အရမ်းပေါ်လာပြီ။ မီဒီယာမှာ ဘယ်သူ့ကို အဓမ္မပြုကျင့် လိုက်ပါပြီဆိုတာပဲ ရှိတယ်။ ဒါပေမဲ့ ဘယ်လို အရေးယူလိုက်ပါတယ်ဆိုတာ မရှိဘူး။ အခု မျိုးစောင့် ဥပဒေကို ဘာသာရေး အရောင်ပြပြီးတော့ နိုင်ငံရေး လှည့်ကွက်ကြီးလို့ဘဲ ယူဆတယ်။ ဒါက မိန်းမတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ခံရတဲ့ လှည့်ကွက်ဖြစ်နေလို့ ကျွန်မတို့ လက်မခံနိုင်ဘူး”ဟု အခရာမျိုးသမီးအဖွဲ့မှ မထားထားက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများမှ ဆွေးနွေးပွဲ ကျင်းပရေးကို သက်ဆိုင်ရာ မြို့နယ်သို့ တလကြိုတင်ခွင့်ပြုချက် တောင်းခံရခြင်း၊ ဆွေးနွေးပွဲတွင် သုံးမည့်စကားလုံးများ၊ သွားမည့် လူဦးရေ ကန့်သတ်မှုများ ရှိသလို၊ ကျင်းပမည့် နေရာဟိုတယ်များကိုလည်း ခွင့်ပြုချက် ကြိုတင်တောင်းခံရသည်ဟု ၎င်းက ဆိုသည်။

မေလ ၃ဝ ရက်က ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံနယ်စပ်တလျှောက်မှ တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသော ဒေါ်တင်တင်ညိုက မြန်မာအမျိုးသမီးများ၏ လှုပ်ရှားမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အမျိုးသမီးများ ပါဝင်လာရန်၊ နိုင်ငံရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်လာခြင်းဖြင့် တရားမျှတမှုများ၊ အကြမ်းဖက် တွန်းအားပေးသည့် ဥပဒေများ တားဆီးနိုင်မည် စသည့် အချက်များကို ပြောဆိုခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက မဇ္စျိမကို ပြောသည်။

“ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အခြေအနေ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေ၊ ပြည်တွင်း ပြည်ပ အမျိုးသမီးတွေ ကြားမှာ စုစည်းနိုင်ခဲ့တဲ့ အနေအထားတွေကနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ချမှတ်လာနိုင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြောတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြမ်းဖက်မှု အကုန်လုံးကို လုံးဝ ကျွန်မတို့ လက်မခံဘူး။ ဆန့်ကျင်သွားမယ်။ အဲဒီမှာ အဓမ္မပြုကျင့်မှုတွေ အဓိကထားလုပ်ဆောင်သွားဖို့ရှိတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း လယ်ယာမြေသိမ်းခံရမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများရှိနေမှုများကို တစ်နိုင်ငံချင်း လုပ်ဆောင်ပါက ဆောင်မြင်မှုမရှိသဖြင့် အာရှပစိဖိတ် လှုပ်ရှားမှု အမျိုးသမီးများ အနေဖြင့် ဦးဆောင် လုပ်ဆောင်ရန် အကြံပြု ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

အဆိုပါ အာရှပစိတ်ဖိတ် အမျိုးသမီးများ လှုပ်ရှားမှု ဖိုရမ်ကို မေလ ၃ဝရက်မှ ဇွန်လ ၁ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး နိုင်ငံပေါင်း ၃ဝ ကျော်မှ ကိုယ်စားလှယ် ၂ဝဝ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။

Written by ဖနိဒါ
Mizzima - News in Burmese

ထီးချိုင့်၊ မဇ္ဈိမ။ ။ ကြက်ဥကြော်ရာမှ လူနေအိမ်(၂ဝ)လုံး မီးကူးဆက်လောင်ကျွမ်းခဲ့ရသည့် ဖြစ်စဉ်တစ်ရပ်ကို မေလ ၃ဝ ရက် နံနက် ၁ဝ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကျီးဒေါင့်ကန်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကသာခရိုင် အထွေထွေအုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာအရပ်သို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုသည် ကြက်ဥကြော်စာခဲ့ရာမှ အိမ်ထရံသို့ မီးကူးဆက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးမှူး၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ် ၁၁လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်၉လုံး၊ နွာစာတိုက် ၉လုံး၊ ထရံကာ၊ ပျဉ်ခင်း နွားစာတိုက် ၃လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။

မီးလောင်ဆုံးရှုံးမှု တန်ဖိုးကို မီးသတ်ဦးစီးဌာနက ငွေကျပ် ၂၇သိန်း ၉သောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ကြက်ဥကြော်စားရာမှ ဘေးပတ်ဝန်းကျင်သို့ မီးကူးဆက် လောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်အတွက် ကြက်ဥကြော်စားသူအား ထီးချိုင့်မြို့မရဲစခန်းက (ပ)၂ဝ၄/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရအမှု ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

ကိုတိုးကြီး
Mizzima - News in Burmese

-------------------------------------------------------------




-------------------------------------------------------------




-------------------------------------------------------------

http://hittai.blogspot.com/

Posted by Unknown on

စိုင်းစိုင်းခမ်းလှိုင်ကိုယ် တိုင်အသုံးပြုသော သူ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို မေလ၃၀ ရက်နံနက်ပိုင်းက ပိတ်သိမ်း သွားသည်။

မေလ ၂၆ ရက်က စိုင်းစိုင်း၏အကောင့်တွင် မိမိ၏အလုပ်ကိုလုပ်နေခြင်းသည်ပင် နိုင်ငံရေးဖြစ်သည်လို့ စာ သားများတင်ခဲ့သောကြောင့် စိုင်း စိုင်းခမ်းလှိုင်ကိုNLD အဖွဲ့ဝင်များက ၀ိုင်းဝန်းဆဲဆိုဖိအားပေး
နောက်ပိုင်းတွင် ယခုကဲ့သို့    ပိတ်သိမ်းခြင်းဖြစ် သည်။အဆိုပါအကောင့်ကို ပိတ် သိမ်းသော်လည်း ၎င်း၏အမည် နှင့် Fan Page များမှာမူ ဆက် လက်ဖွင့်ထားဆဲပင်ဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်ကိုယ်တိုင် အသုံးပြုသည့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ၎င်း၏ အနုပညာ လှုပ်ရှားမှုများကို အချိန်နှင့်တစ် ပြေးညီ တင်ကာ ပရိသတ်ကို အ သိပေးလေ့ရှိသလို သူ့ခံစားချက် များကို ရင်ဖွင့်ရာ နေရာတစ်ခုအ ဖြစ် ခံစားချက်စာသားများကို လည်း ရံဖန်ရံခါ ရေးသားလေ့ရှိ သည်။ထိုသို့ဖြစ်ပြီးနောက် NLD မှ လက်မှတ်လာထိုးဖို့ဖိအားပေးမှုကြောင့်လက်မှတ်ရေးထိုးခဲ့ရပြီးယခုကဲ့
သို့ အကောင့်ပိတ်သိမ်းသွားခြင်းဖြစ်သည်။

http://www.oppositeyes.info 

၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာ ဗိုလ်ချုပ် အပေါ် ပြည်သူတွေထားကြတဲ့မေတ္တာ ဂရုဏာတွေကြောင့် ဖဆပလ အဖွဲ့ကြီးဟာ တစ်နိုင်ငံလုံးနီးပါးရဲ့ ထောက်ခံမှုရရှိခဲ့ပါတယ်။ပမညတ က အတိုက်အခံ အဖြစ် တာဝန်ကျေခဲ့ပေမယ့် ပါလီမန်အတွင်းအပြင်မှာ ဖဆပလ ကို မယှဉ်သာခဲ့ပါဘူး။မြေလတ်နယ်မှာ အမတ်တွေ ဟာဖိန့်ဖိန့်တုန်အောင် အာဏာစွမ်း ထက်ခဲ့ဖူးပါတယ်။ငါတို့ခေတ် နှင့် အပြိုင် တို့ နွေကန္တာဦး
တို့ လို ခေတ်သရုပ်ဖော် ၀တ္ထုတွေမှာ ဖော်ပြခဲ့ကြဖူးပါတယ်
အကျိုးဆက်က ပါတီတွင်းမှာတောင် ဒီမိုကရေစီအာဏာရှင် စနစ် ဖြစ်လာပြီရယ် လို့စွပ်စွဲကြရင်း နှစ်ခြမ်းကွဲကြပါတော့တယ်။ဗိုလ်ချုပ်ဓါတ်ပုံကိုတောင် မဲချ အမွေခွဲခဲ့သလား မသိပါဘူး။သန့်ရှင်း (ပထစ) အစိုးရ ဖြစ်တော့ တည်မြဲ(ဖဆပလ) က အင်အားရှိ အတိုက်အခံ ဖြစ်လာပါတယ်။တစ်ဖွဲ့ ဖနောင့် တစ်ဖွဲ့ အပြိုင် နင်းကြသတဲ့ဗျာ။
ဆိုးတာက တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရဖို့ ကြားနေမဲတွေ စည်းရုံးကြရင်းမပေးသင့်တဲ့ ကတိတွေ ပေးလာ၊ ဥပဒေတွေ ပြုကြ ပြင်ကြ လုပ်လာတာပါပဲ။ဖက်ဒရယ် ဆိုတာက နောက်ဆုံး စနက်တံ ဖြစ်လာပါတော့တယ်။
အဲ့ဒီအချိန်က တစ်ချို့ အကြောင်းတရားတွေ မဖြစ်လာနိုင်ပါဘူး ဆိုရင် နောက်ခံကာလ ကို အဲ့ဒီခေတ် အနေနဲ့ ထည့်စဉ်းစားမှ ရပါမယ်။ပထ၀ီနိုင်ငံရေးတွေ အရေးပါ ပါတယ်။၅၈ စစ်တပ်ကို အာဏာခနအပ် ရန်သတ်နေကြတဲ့ ပါလီမန်ဒီမိုကရေစီဟာ၆၂ အာဏာသိမ်းမှုမှာ တစ်ခန်းရပ်ခဲ့ပါတော့တယ်။
ပါလီမန်ဒီမိုကရေစီ ဆိုတာ အစိုးရ အတိုက်အခံ နှစ်ဖက်လုံး တာဝန်ကျေဖို့ လိုပါတယ်။တူညီသော ရည်ရွယ်ချက်က အမျိုးသား အကျိုးစီးပွားကို ကာကွယ်ရေးပါ။ရန်သူ လို မြင်မှတ် အချင်းချင်း သတ်နေလို့ ရှေ့ မရောက်နိုင်ပါဘူး။
နှစ်ဦးနှစ်ဖက်ကြားမှာ အပြန်အလှန် လေးစားမှု နဲ့ အသိအမှတ်ပြုမှု တွေ ရင့်ကျက်ပြည့်ဝဖို့ လိုအပ်ပါတယ်။မျက်နှာချင်းဆိုင် ပြိုင်တူတွန်းတာလည်းကျောခိုင်း ခြေကန်ရုန်းတာနဲ့ အတူတူပါပဲ။ရလာဒ်က သုညနား တစ်ဝဲလည်လည် ဖြစ်နေမှာပါ။
အစိုးရ လုပ်တာမို့ စဉ်းစားစရာမလိုဘူး ကန့်ကွက်မယ်။အတိုက်အခံ ဘာပြောပြော ပယ်ချမယ် ဆိုတဲ့ ပြောင်မြောက်လှတဲ့ အမူအကျင့်တွေနဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။
အာဏာရရှိရေး အာဏာတည်မြဲရေး ရှေ့တန်းတင်ပြီး နိုင်ငံတော်ကို မငဲ့၊ပြည်သူကို နားလှည့် ပါးရိုက်ဖို့ ကြံ နေကြတာတွေ များနေပြီး..ငါ နဲ့ မတူ ငါ့ရန်သူ၊ ဘာလုပ်လုပ် အကောင်းမထင်ဘူး ဆိုတဲ့ စိတ်အခံ နဲ့ နိုင်ငံချစ်ပြနေလို့ကတော့......
ပညာဘယ်လောက်တတ်တတ် အတွေ့အကြုံ ဘယ်လောက်များများအနစ်နာ ဘယ်လောက်ခံခံ......
နိုင်ငံချစ်တာ မယုံရင် အ၀ှါ စားပြမယ် ဆိုရင်တောင်
ကြိုက်တတ်လို့ စားပြတယ် ထင်ကြောင်းပါခင်ဗျာ။ ။
သက်မောင်


တပ်မတော်ဆိုတာက နိုင်ငံတော်ကာကွယ်ရေးနဲ့နိုင်ငံသားတွေအတွက် ထမ်းဆောင်ပေးရတဲ့ နိုင်ငံ အတွက်အရေးပါလှတဲ့ Institution ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာတော့ တပ်မတော်က သမိုင်းကြောင်း အရ နိုင်ငံရေးနယ်ပယ်ထဲမှာပါ တစ်စိတ်တစ်ပိုင်းပါဝင်နေပြီး နောက်လည်းနှစ်ကာလတော်တော်ကြာကြာ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။ ဘယ်လောက်ကြာအောင် နိုင်ငံရေးနယ်ပယ်ထဲ တပ်ရဲ့ပါဝင် ပတ်သက်မှုရှိနေဦးမယ်ဆိုတာကို ဘယ်သူကမှအတိအကျ ခန့်မှန်းပြောဆိုနိုင်ခြင်းမရှိသလို တပ်အနေနဲ့ လည်း နိုင်ငံရေးအခြေအနေ တိုးတက်ဖြစ်ထွန်းဖြစ်ထွန်းမှုပေါ်မှာပဲ စဉ်းစားချင့်ချိန်ပြီး လျှော့ချသွားမဲ့ သဘောရှိပါတယ်။ Time Frame သတ်မှတ်ပြီးဆုံးဖြတ်ထားတာမျိုး တပ်ဘက်မှလည်း ရှိပုံမရပါဘူး။ တပ်ဘက်နဲ့အရပ်ဘက် တွေးခေါ်မြော်မြင်ပုံစံက လုံးဝကွဲပြားခြားနားပြီးတော့ မြန်မာနိုင်ငံအတွက် စိုးရိမ် သောကရှိကြပုံချင်းလည်း မတူညီကြပါဘူး။

ဒီလိုမတူကွဲပြားမှုဖြစ်ပေါ်နေခြင်းဟာ လွန်စွာမှသဘာဝကျလှပြီး သဘာဝကျကျ မတူကွဲပြားခြင်း အပေါ် နှစ်ဖက်ပိုမိုနားလည်မှုရှိရေး ကြိုးပမ်းနိုင်ရင် ပြဿနာတွေပိုနည်းသွားမှာဖြစ်ပါတယ်။ လွှတ်တော် ထဲက ၂၅ % နဲ့ တခြားနိုင်ငံရေးဆိုင်ရာ Position တချို့ကို တပ်မတော်ကရယူထားတာဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံရေးအရ ရယူထားသမျှပါဝါတွေအားလုံးကို ဖြည်းဖြည်းချင်းလျှော့ချပြီး ပရော်ဖက်ရှင် နယ် တပ်မတော်အဖြစ် တပ်ရဲ့မူလတာဝန်များကိုပဲ ထမ်းဆောင်မယ်ဆိုတဲ့အကြောင်းကို တပ်မတော် ခေါင်းဆောင်များကရော လက်ရှိအာဏာရပါတီကပါ အလွတ်သဘော ကတိက၀တ်များပေးထားပါတယ်။

ဒီမိုကရေစီစနစ်မှာ အတိုက်အခံဆိုတာ အစိုးရကို အတိုက်အခံပြုပါတယ်။ (ရန်ပြုခြင်းမဟုတ်) မြန်မာ့နိုင်ငံရေးမှာတော့ ဒီမိုကရေစီမဖြစ်ထွန်းသေးတာကြောင့် အတိုက်အခံဆိုတဲ့ သဘောတရားက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ ပိုမိုရှုတ်ထွေးတဲ့ အဓိပ္ပာယ်များရှိနေပါတယ်။ ဒီမိုကရေစီတည် ဆောက်ရေးအတွက် အာဏာရှင်များကို အတိုက်အခံပြု(တော်လှန်)ခဲ့ရာကနေ အခုလွှတ်တော်တွင်း အတိုက်အခံအဖြစ်ရော ဒီမိုကရေစီတည်ဆောက်ရေးအတွက် တော်လှန်ရေးအသွင်ဆောင်တဲ့ အတိုက် အခံအဖြစ်ပါ တစ်စိတ်တစ်ပိုင်းဖြစ်နေပါသေးတယ်။

အတိုက်အခံတို့အနေနဲ့ စဉ်းစားသင့်တာက တပ်မတော်ကို အတိုက်အခံပြုခြင်းနဲ့ အာဏာရပါတီကို အတိုက်အခံပြုခြင်းတို့ ရောထွေးနေတယ်ဆိုတဲ့အချက်ပါပဲ။ အာဏာရပါတီနဲ့ လက်ရှိအစိုးရတို့ကို တပ်က လူဟောင်းတွေက ဦးဆောင်နေတာဖြစ်လေတော့ တပ်နဲ့အာဏာရပါတီကို ရောထွေးမြင်နေတာလည်း မှားတယ်လို့ယူဆဖို့ခက်ပါတယ်။ ဒါပေမဲ့ လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ဆိုရင်တော့ အကောင်းဆုံးမဟာ ဗျူဟာများချမှတ်နိုင်ဖို့ အခြေအနေအရပ်ရပ်ကို ပကတိအတိုင်း ရှုမြင်နိုင်ဖို့ အားထုတ်ကြရမယ်ဖြစ်ပါတယ်။ နိုင်ငံတော်(အချုပ်အခြာအာဏာ)တည်တံ့ခိုင်မာရေးဖြစ်ပြီး အာဏာရပါတီရဲ့ အကျိုးစီးပွားကတော့ နိုင်ငံတော်အာဏာနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲခွင့်ကို ထိန်းထားနိုင်ရေးဖြစ်ပါတယ်။

ဒီလိုပြောတဲ့အခါ အငြင်းပွားစရာတွေရှိပေမဲ့ အခြေခံဥပဒေကို စေ့စေ့ငုငုလေ့လာပြီး အစွဲနဲ့ ခံစားချက်ကင်းကင်းသုံးသပ်ရင် ဒီအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ အတိုက်အခံတို့အနေနဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးကို အဓိကအာရုံစိုက်လုပ်ကိုင်နေတယ်လို့သုံးသပ်ရပြီး ဒီလိုပြင်ဆင်နိုင်ရေးအတွက် တပ်ကိုအာရုံစိုက်ပြီး အတိုက်အခံပြု (နိုင်ငံရေးကနေဖယ်ထုတ်ဖို့ကြိုးစား) နေတာတွေ့ရပါတယ်။ ၂၀၁၅ ရဲ့ ဒီဘက်ပိုင်းမှာတော့ အကြီးမားဆုံးမဟာဗျူဟာအမှားဖြစ်နေပါတယ်။

တပ်မတော်အနေနဲ့ လွှတ်တော်တွင်းမှာရှိနေခြင်းဟာ နိုင်ငံရေးလမ်းကြောင်း မယိမ်းမယိုင်ရှိနေရေး ဒီမိုကရေစီလမ်းကြောင်းကို အတိမ်းအစောင်းမရှိ အခိုင်အမာတည်ဆောက်နိုင်ရေးလို့ဆိုထားပြီး လောလောဆယ်အခြေအနေမှာလည်း ဒီအတိုင်းကိုက်ညီနေတာတွေ့ရပါတယ်။ (၂၀၁၀ မတိုင်မီကာလ များနဲ့ရောထွေးပြီး မစဉ်းစားမိဖို့လိုပါတယ်။) နိုင်ငံတော်အာဏာကို တပ်ကရယူထားခြင်းမဟုတ်ဘဲ အာဏာရပါတီကသာ ရယူထားခြင်းဖြစ်ပါတယ်။ အာဏာရပါတီအနေနဲ့ အရေးကြီးတဲ့ပါတီညီလာခံမှာ ပုဒ်မ ၅၉ ကို အတတ်နိုင်ဆုံး ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်ထားခဲ့ကြပေမဲ့ အခုအခါမှာ အာဏာရ ပါတီဝင်များစီစဉ်တဲ့ ပုဒ်မ ၅၉ မပြင်ဆင်ရေး ဆန္ဒပြခြင်းဟာ နိုင်ငံသားတို့ရဲ့ အခွင့်အရေးဆိုပေမဲ့ ပါတီများ အနေနဲ့ကတော့ မူဝါဒများဟာ လွန်စွာမှအရေးပါတာဖြစ်တဲ့အတွက် ပါတီဝင်များလုပ်သမျှ ကိုင်သမျှဟာ မူဝါဒများနဲ့ညီညွတ်နေဖို့ မဖြစ်မနေလိုအပ်တာဖြစ်ပါတယ်။ ပါတီကအတိုင်းအတာတခုထိ ပြင်ဆင်ဖို့စဉ်း စားထားပေမဲ့ ပါတီဝင်များကပဲ မပြင်ဖို့ဆန္ဒပြတယ်ဆိုတာ အလွန်ကြီးမားတဲ့ မူဝါဒဆိုင်ရာလွဲချော်မှုကြီး ဖြစ်ပြီး လူထုရဲ့ရှိရင်းစွဲအမြင်မကြည်လင်မှုကို တိုးပွားစေမှာဖြစ်ပါတယ်။ (အတိုက်အခံပါတီက အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ခဲ့ပြီး အခုအချိန်ထိလည်း ပြင်ဆင်ရေးကို တောက်လျှောက်လုပ်ကိုင်နေခြင်းဟာ အလုပ်ဖြစ်တာမဖြစ်တာ တစ်ကဏ္ဍထားပြီးကြည့်ရင် ရှေ့နောက် ညီညွတ်တာတွေ့ရပါတယ်။) အခြေခံဥပဒေပြင်ဆင်ရေး အာဏာရပါတီရဲ့ ဆန္ဒပြပွဲတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ အချိန်တန်လို့ပြင်ဆင်ရေးကို လွှတ်တော်က ဆုံးဖြတ်တဲ့အခါမှာ တစ်စုံ တစ်ရာသက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အာဏာရပါတီက ညှိနှိုင်းတိုင်ပင်ပြီး အကြမ်းဖျင်းအနေနဲ့ သဘောတူထားသလို ပုဒ်မ ၅၉ ကို ပြင်ဆင်ပေးမယ်ဆိုရင်တောင်မှ လူထုခေါင်းဆောင်အနေနဲ့ အလွယ် တကူ သမ္မတရာထူးဝင်ရောက်ယှဉ်ပြိုင်ဖို့မလွယ်ကူသေးဘဲ အခက်အခဲတွေရှိနေသေးတာဖြစ်ပါတယ်။ အခုလက်ရှိအာဏာရပါတီရဲ့ ခြေလှမ်းများကိုလေ့လာသုံးသပ်မယ်ဆိုရင် ပုဒ်မ ၅၉ ကို ပြင်ဆင်ပေးမဲ့အနေ အထား သေချာပေါက်ရှိတယ်လို့ လုံးဝယူဆစရာမရှိတော့တာတွေ့ရပါတယ်။ ပုဒ်မ ၄၃၆ မှာပါတဲ့ ၇၅ % ကျော်ဆိုတဲ့အချက်ကို ၇၅ %အောက်အထိ ပြင်ဆင်နိုင်ခဲ့ရင်တောင်မှ လောလောဆယ်အခြေအနေမှာ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ကိုက်ညီအောင် ပြင်ဆင်ဖို့လုံးဝမဖြစ်နိုင်သေးပါဘူး။

အခြေခံဥပဒေအရ တပ်က နိုင်ငံရေးထဲပါဝင်ပတ်သက်နေပြီး ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီမှုမရှိ သေးတာကြောင့် အတိုက်အခံတို့အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး (တပ်ရဲ့ဆုံးဖြတ်ပိုင်ခွင့် အသာစီး ယူမှုကိုလျှော့ချနိုင်ရေး)ကို အာရုံစိုက်လုပ်ကိုင်ကြိုးပမ်းဆောင်ရွက်နေတာတွေ့ရပြီး ဒါဟာလောလောဆယ် ပကတိအခြေအနေအရ အောင်မြင်ဖို့မလွယ်ကူရုံမက မဟာဗျူဟာလည်း လွဲမှားနေပါတယ်။ တပ်က အဓိကဆုံးဖြတ်ခွင့်ကို ရယူထားတယ်လို့ယူဆထားချက်ဟာ အပေါ်ယံကြည့်ရင်မှန်သလိုရှိပေမဲ့ သေသေ ချာချာလေ့လာသုံးသပ်လိုက်ရင် မှားနေတာတွေ့ရပါလိမ့်မယ်။ တပ်က လွှတ်တော်တွင်းမှာရှိနေခြင်းဟာ ဒီမိုကရေစီအရ စံလွဲမှုဖြစ်တာကြောင့် လွှတ်တော်တွင်းက တပ်ရဲ့ကဏ္ဍကို သီးခြားသဘောရှုမြင်မှုကြောင့် ဒီယူဆချက်တွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီမဖြစ်ထွန်းခင်မှာ တပ်မတော်အနေနဲ့ နိုင်ငံရေး စနစ်ခိုင်မာအောင် တည်ဆောက်ရေးတာဝန်ကို ၀ိုင်းဝန်းထမ်းဆောင်နေတယ်လို့ (ကျန်တဲ့ကိစ္စတွေကို ခဏထားပြီး) အကောင်းဘက်က ရှုမြင်ကြည့်မယ်ဆိုရင် အဖြေကတစ်မျိုးထွက်လာပါလိမ့်မယ်။ အဓိက ဆုံးဖြတ်ခွင့်ကိုရယူထားတယ်ဆိုတာထက်စာရင် ဆုံးဖြတ်ခွင့်တစ်စိတ်တစ်ပိုင်းကို ရယူထားခြင်းလို့ပြောမှ မှန်ပါလိမ့်မယ်။ ပုဒ်မ ၅၉ ပြင်ဆင်ရေးကိစ္စနဲ့ ဥပမာပေး ရှင်းလင်းဖော်ပြချင်ပါတယ်။ ပုဒ်မ ၅၉ ပြင်ဆင်ရေး ကို မကြာခင် လွှတ်တော်တွင်းမှာ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။ ပြင်ဆင်ရေး ဆုံးဖြတ်ဖို့ မဲခွဲကြတဲ့ အချိန်ကိုရောက်လာရင် တပ်ကကိုယ်စားလှယ်အားလုံး (၂၅ %)က ပြင်ဆင်ရေးထောက်ခံပေးလိုက်ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၅၀ % က ကန့်ကွက်လိုက်မယ်ဆိုရင်လည်း ပြင်ဆင်လို့ဘယ်လိုမှမရနိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီဝင်တွေက် မပြင်ဆင်ရေးဆန္ဒပြနေကြတာကို ထည့်သွင်းစဉ်းစားဖို့လိုသလို ပြည်ခိုင်ဖြိုး ပါတီတွင်း သဘောထားကွဲလွဲမှုများကိုလည်း တည့်တွက်ဖို့လိုပါတယ်။ တပ်မတော်အနေနဲ့ လူထုအကျိုး စီးပွားကိုကြည့်ပြီး (လွှတ်တော်တွင်းမှာ)ရပ်တည်ခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးတာကိုလည်း ထည့်တွက်ရပါမယ်။ ပြင်ဆင်ရေးအတွက် တပ်မတော်ကကန့်ကွက်မှာကို စိတ်မပူကြဖို့လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အခိုင်အမာပြောဆိုထားတာရှိပါတယ်။ အတိုက်အခံတို့အာရုံစိုက်သင့်တာဟာ အာဏာရပါတီသာဖြစ်ပါတယ်။ တပ်မတော်မဟုတ်ပါ။ တပ်မတော်ကိုလွှတ်တော်တွင်းကနေ ၂၀၁၅ မတိုင် ခင်ဖယ်ထုတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်သလို ဖယ်ထုတ်ဖို့လည်းမကြိုးစားသင့်ပါဘူး။ ပြင်ဆင်ရေးအတွက် တပ်မတော်ရဲ့ထောက်ခံမှုကို အတိုက်အခံတို့ရရှိခဲ့ရင်တောင်မှ လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့်အတွက် အမတ်နေရာအများစုကို မရရှိသေးဘဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ပိုမိုအာရုံစိုက်သင့်ကြောင်း ယူဆချက်များ ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။

တပ်မတော်အကြောင်းစဉ်းစားတဲ့အခါမှာ လက်ရှိတပ်မတော်ဟာ မျိုးဆက်သစ်ဖြစ်တယ်ဆိုတာ လည်း ထည့်သွင်းစဉ်းစားရပါမယ်။ တပ်ချုပ်ကိုယ်တိုင်က မျိုးဆက်သစ်ဖြစ်ပါတယ်။ အ တိုက်အခံအနေနဲ့ တပ်ကိုစည်းရုံးရေးအသွင်ဆောင်ပြီး ပြောဆိုဆက်ဆံလုပ်ကိုင်မယ်ဆိုရင် ပိုပြီးတော့အကျိုးများပါလိမ့်မယ်။ အရင်တပ်ခေါင်းဆောင်ဟောင်းတွေရဲ့ သြဇာသက်ရောက်မှုတစ်ချို့ ရှိကောင်းရှိနေနိုင်ပေမဲ့ လက်ရှိတပ်ကို အရင်တပ်ခေါင်းဆောင်ဟောင်းများနဲ့ ရောထွေးမရှုမြင်မိအောင် လူထုကရော အတိုက်အခံကပါ ကြိုးစား မယ်ဆိုင်ရင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းဟာ ပိုမိုထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။ တပ်မတော် ဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကိး အရှိန်မြှင့်ဆောင်ရွက်ပေးဖို့လိုအပ်သလို လူထုနဲ့အတိုက်အခံတို့ ကလည်း တပ်မတော်ရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲများနဲ့ ဖြေလျှော့မှုများကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ တပ်မတော်နဲ့လူထုဟာ လွတ်လပ်ရေးရယူစဉ်ကာလတုန်းကလိုပဲ တစ်သားတည်းဖြစ်သွားမှ သာ မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် စိတ်အေးရမှာဖြစ်ပြီး ဒီလိုဖြစ်ဖို့ နှစ်ဖက်စလုံးက အားထုတ်ဖို့လို ပါမယ်။

အတိုက်အခံတို့အနေနဲ့ ဒီမိုကရေစီအပြည့်အ၀ဖြစ်ထွန်းရေးကို စဉ်းစားရာမှာ တပ်မတော်က နိုင်ငံရေးထဲပါနေတယ်ဆိုတဲ့ တစ်ချက်တည်းကိုပဲကြည့်ပြီး စဉ်းစားမဲ့အစား အစစယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်အခြေအနေကိုပါ ထည့်စဉ်းစားဖို့ပါ။ လူထုရဲ့အသိပညာရေချိန်မြင့်မားဖိုး၊ စည်းကမ်းနဲ့စာရိတ္တ တိုးတက်ကောင်းမွန်ဖို့စတဲ့အချက်တွေကို မဖြစ်မနေထည့်သွင်းစဉ်းစားရပါမယ်။ (အတိုက်အခံခေါင်း ဆောင်ကို ထောက်ခံခြင်းက Political Culture မြင့်မားခြင်း၊ လူထုရဲ့နိုင်ငံရေးအသိအမြင် ကြွယ်ဝခြင်း ကြောင့်မဟုတ်ဘဲ အာဏာရှင်များကို ရွံမုန်းမှုနဲ့လွတ်လပ်ရေးရယူပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်ရဲ့ မျိုးဆက်ကိုအားကိုးယုံကြည်မှုတို့ကြောင့်သာဖြစ်ပြီး အာဏာရှင်စနစ်ရှိခဲ့တဲ့နိုင်ငံတိုင်းမှာ ဒါမျိုးဖြစ်တတ် ပါတယ်။ လူထုတစ်ရပ်လုံးကိုရော နိုင်ငံရေးပါတီများပါ နိုင်ငံရေးအသိပညာဆိုင်ရာ အခြေခံကောင်းများကို မဖြစ်မနေတည်ဆောက်ဖို့လိုပါမယ်။) Institution များကိုလည်း အခိုင်အမာအသားတကျ ကြိုးပမ်းတည် ဆောက်ပြီး ဒီမိုကရေစီလည်း သေချာပေါက်ပီပြင်လာပါလိမ့်မယ်။ တပ်အနေနဲ့လည်း နောက်ထပ် ဆယ်စု နှစ်တွေနဲ့ချီပြီး နိုင်ငံရေးနယ်ပယ်ထဲမှာ မပြောင်းမလဲ (၂၅ % ကို ဖြည်းဖြည်းချင်းမလျှော့ချဘဲ) နေလို့မရ ပါဘူး။ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာဖြစ်လို့ အားလုံးမဟုတ်ရင်တောင်မှ တဖြည်းဖြည်းလျှော့ချ ရမှာဖြစ်ပါတယ်။

အတိုက်အခံတို့အတွက်လက်တွေ့ကျတဲ့နိုင်ငံရေးဟာ ၂၀၁၅ မတိုင်ခင်မှာ တပ်ရဲ့လွှတ်တော်တွင်း ဆုံးဖြတ်ခွင့်ကို လျှော့ချဖို့ကြိုးပမ်းရေးမဟုတ်ဘဲ လွှတ်တော်တွင်းမှာရှိတဲ့ အာဏာရပါတီရဲ့ ဆုံးဖြတ်ခွင့်ကို လျှော့ချရေးသာဖြစ်ပါတယ်။ တပ်ကို လွှတ်တော်ထဲကနေဖယ်ထုတ်ဖို့ လောလောဆယ်မှာ လုံးဝမဖြစ်နိုင် ပေမဲ့ အာဏာရပါတီကိုတော့ ဖယ်ထုတ်ဖို့က (အာရုံစိုက်ပြီးကြိုးစားလုပ်ကိုင်မယ်ဆိုရင်) လုံးဝဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်ရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် လုပ်နိုင်ကိုင်နိုင်ဖို့ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိရေးသည်သာ အတိုက်အခံတို့အတွက် အကောင်းဆုံး နိုင်ငံရေးဖြစ်ပါလိမ့်မယ် ။ ။

ပိုက်တင်

တရုတ်နိုင်ငံက သက်တော် ၇၀ ရှိပြီဖြစ်တဲ့ Hua Chi ကိုယ်တော်ဟာ ဘုန်းကြီးကျောင်းရဲ့ နေရာတစ်နေရာတည်းမှာ နှစ် ၂၀ ကျော်ကြာ ၀တ်ပြုပြီး သစ်သားကြမ်းပြင်မှာ ခြေရာတစ်စုံ စွဲကျန်ရစ်စေ ခဲ့ပါတယ်။ နှစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဘုန်းကြီးကျောင်းရဲ့ သစ်သားခင်းမှာ ကိုယ်တော်ဟာ ၃ စင်တီမီတာ အနက်ရှိတဲ့ ခြေရာနှစ်ခုကို ထင်ထင်ရှားရှားကြီး စွဲထင်စေခဲ့တာပါ။

Hua Chi ကိုယ်တော်ဟာ ဒီခြေရာတစ်စုံအပြင် နှစ်နှစ်ဆယ်ကျော် ၀တ်ပြုခဲ့ပြီးနောက် လက်မောင်းရာ အထင်းကြောင်း နှစ်ခုပါ သစ်သားမှာ စွဲကျန်ရစ်စေခဲ့ပါတယ်။

ဘုန်းတော်ကြီးဟာ နေ့ စဉ်နေ့ တိုင်း ဘုရားကျောင်းခြေရင်းကနေ မတ်တပ်ရပ်ပြီးနောက် ဗုဒ္ဓရုပ်ပွားတော်ကို ၀ပ်ဆင်းဝတ်ပြုကာ ခြေရာကို စွဲထင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးဟာ ငယ်ရွယ်စဉ်က တစ်နေ့ ကို အကြိမ်နှစ်ထောင်ကနေ သုံးထောင်လောက် ၀တ်ပြုခဲ့ပြီး အခုအခါမှာတော့ တစ်နေ့ ကို အကြိမ်တစ်ထောင်သာ ရှိခိုးဝတ်ပြုနိုင်တော့တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးကျောင်းက သက်တော်ငယ်ကိုယ်တော်တစ်ပါးက ၀တ်ပြုတိုင်း ကိုယ်တော် Hua Chi ရဲ့ ခြေရာတစ်စုံ ကိုကြည့်မိပြီး တစ်နေ့ မှာ မိမိရဲ့ခြေရာတစ်စုံစွဲထင်စေ ဖို့ စိတ်အားထက်သန်စေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
From:မြန်မာ့သတင်း



NLD က ချပေးတဲ့ ပေါ်လစီအတိုင်းလိုက်ရင်တော့ အရူးကိုလင်လုပ်ရသလိုပဲဖြစ်မှာပဲ။ သူတို့ ဟာက တခါမှလည်း မအောင်မြင်ဘူး။ ၁၉၉၀-ခုနှစ်ကတည်းက ယနေ့ အထိ လုပ်လာတဲ့ကန်ပိန်းပေါင်း
လေးသောင်းလောက်ရှိတယ်။ နောက်အဖျားရူးတာပဲအဖတ်တင်တယ်။ အခုလုပ်နေတဲ့ ၄၃၆-ကန်ပိန်းလည်း မကြာခင် ဘာမှမအောင်မြင်ပဲ ၂၀၁၅-အထိသယ်သွားအုံးမှာပဲ။ အချိန်ကုန်ငွေကုန်၊ လူပန်း။ ၄၃၆-ကန်ပိန်း က မနေ့ တနေ့ ကမှ ပေါ်လာတဲ့ကန်ပိန်းပါ။ အစိုးရက အခြေခံဥပဒေကိုပြင်ပေးချင်ရင် အမျိုးသားညီလာခံ က တည်းပြင်လိုက်ပြီ။ မပေးချင်လို့ ယနေ့ 
အထိယူထားပါတယ်ဆိုမှ။ ဒါကို လက်မှတ်ထိုးပြီးတောင်းတော့ ဟိုကအရေးလုပ်နေအုံးမယ်။

၄၃၆-ကန်ပိန်းလုပ်မဲ့အစား ၂၀၁၅-မှာ အမတ်များများနိုင်ဖို့ ကြိုတင်ပြင်ဆင်။ ပါတီကိုစနစ်တကျ တည်ဆောက်။ သြဇာရှိတဲ့လူတွေကို ပါတီထဲထည့်။ စည်းရုံး။ အခုကတည်းက မလုပ်ထားလို့ တော့ အချိန်က ကပ်နေပြီ။ ဒီကြားထဲမှာ ၄၃၆-အရေးက ရှုပ်နေတော့ တကယ်အရေးကြီးတဲ့ ကိစ္စတွေကို ပြစ်ထား သလိုဖြစ်နေတယ်။


ကိုယ့်အဖွဲ့ ဝင်တွေ၊ ထောက်ခံသူတွေအတွက် သွားရမဲ့လမ်းကို အခုက တည်းရှင်းရှင်းလင်းလင်း ဗဟိုက ပြထားဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ၄၃၆-လုပ်ရမလို၊ ၂၀၁၅-အတွက် ကြိုတင်ပြင်ဆင်ရတော့မလို၊ ဟိုရောင် ဒီရောင်လုပ်ရတော့မလိုဖြစ်မယ်။ အခုပုံက ရည်မှန်းချက်တိတိကျကျ မရှိဘူးဖြစ်နေတယ်။

၂၀၁၅-မှာ အန်အယ်ဒီနဲ့ ရှစ်ပူးတွေ ပါလီမန်ထဲမှာအုံနဲ့ ကျင်းနဲ့ ရောက်မှ၊ အခုကိစ္စကိုဆက်လုပ်တာကပိုပြီးကောင်းအုံးမယ်။ ၄၃၆-ကိစ္စကလည်း အခုလည်းပြင်ရမယ်။ နောင်လည်း
ပြင်ရမယ်။ပြင်ရမဲ့အတူတူ ယနေ့ အတွက် Priority ဘာလဲဆိုတာကို ရွေးချယ်သင့်တယ်။ ပြင်ဆင့်
သင့်တယ်။ အစိုးရကစောက်မြင်ကပ်ပြီး လုပ်ထည့်လိုက်မှ ဟိုမရောက်ဒီမရောက်ဖြစ်အုံးမယ်။

ဆိုတော့ ခြေဥကိစ္စကို ခဏရပ်။ ၂၀၁၅-အတွက် NLD နဲ့ ပွင့်လင်း တို့ ဦးဆောင်ပြီး အမတ်များများနိုင်ဖို့ ကြိုတင်ပြင်ဆင် ပါလို့ တိုက်တွန်းချင် ပါတယ်။ အခြားမဟာမိတ်ပါတီတွေကိုလည်း ခင်ဗျားတို့ နဲ့ တန်းတူ အသိ အမှတ်ပြုပြီး ပါလီမန်ထဲအထိဆွဲခေါ်ပါ။

တနှစ်ကျော်ကျော်ပဲကျန်တော့တယ်။ အခုထိ အမတ်လောင်းမရွေးရသေးဘူး။ ပွင့်လင်းတို့ ဘာလုပ်မလဲဆိုတာ မရှိသေး ဘူး။ ကန်ပိန်းနဲ့ သင်တန်းလုပ်စားတာက အဖြေမဟုတ်ဘူး။



Tawwat Wat


ရန်ကုန်၊ မေ ၂၉- မေ၂၈ရက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် RSO တို့နှစ်ဘက်ပစ်ခတ်မှုကြောင့် ကျဆုံး သွားသည့် RSO အဖွဲ့ဝင်တစ်ဦးမှ လက်နက်နှင့်ကျည်ဆန်များကို ဘင်္ဂ လားဒေရှ့်အစိုးရတာဝန်ရှိသူများထံ ပြသပြီး ဘင်္ဂလားဒေ့ရှ်ရှိ သောင်း ကျန်းသူများကို အမြန်ဆုံးချေမှုန်းပေး ရန်အတွက် တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူဝန်ကြီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

အဆိုပါဝန်ကြီးက ''သေဆုံး သောင်းကျန်းသူကျန်ခဲ့တဲ့လက်နက် တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန် ရှိသူတွေဆီကိုပြသပြီး သူတို့နိုင်ငံမှာ သောင်းကျန်းသူရှိကြောင်း ပြသမယ်။ ပြီးရင် နှိမ်နင်းဖို့ တောင်းဆိုမယ်။ ဟိုး တလောက ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဘက်မှာ သောင်းကျန်းသူမရှိ ဘူးဆိုတာ ငြင်းထားတယ်လေ။ ဒီ သေနတ်နဲ့ ကျည်ဆန်တွေကို သက် သေအဖြစ် ထုတ်ပြမှာပါ''ဟု ပြော သည်။

ထို့အပြင် RSO အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခြင်းနှင့်ပတ်သက်၍ အမြန် ဆုံးဖြေရှင်းချက်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ အစိုးရ ထံတောင်းဆို ထားပြီး ပစ်ခတ်မှုများနှင့်ပတ်သက် ၍ အရေးပေါ်အစည်းအဝေးများနှစ် နိုင်ငံ ဆောင်ရွက်သွားရန် အစီအစဉ် များ ရှိကြောင်းလည်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံတော်လုံခြုံရေး ဌာန)မှ ဒုရဲမှူးကြီး မင်းအောင်က ထုတ်ဖော်ပြောကြားသည်။

ဒုရဲမှူးကြီးမင်းအောင်က ''သူ တို့ဘက်က လက်နက်ကိုင်တစ်ဦးကျ ဆုံးသွားတာနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ပေးရလိမ့်မယ်။ ဒါတွေနဲ့ ပတ်သက် ပြီး နယ်ခြားစောင့် ဗဟိုကော်မတီက ဦးဆောင်ပြီး ဆောင်ရွက်ပါလိမ့်မယ်။ နှစ်ဘက်ဆွေးနွေးမှုတွေလဲ လုပ်သွား ဖို့ရှိတယ်''ဟု ပြောသည်။
မေ ၂၈ရက် နံနက်တွင် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် RSO တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင် ၅၁နှင့် ၅၂ကြားတွင် နှစ်ဖက်ပစ်ခတ်မှု များဖြစ်ပွားရာ RSO ဘက်မှ အဝါ ရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသူတစ်ယောက် သေဆုံးကာ ၎င်း ကိုင်ဆောင်ထားသော M-22 သေ နတ်တစ်လက်၊ ကျည်ကတ်လေးခုနှင့် ရဒသမ၆၂*၃၉ ခဲယမ်းကျည် ၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်စပ်မိုင် တိုင် ၅၁နှင့် ၅၂ကြားရှေ့တန်းလုံခြုံ ရေးတာဝန်ယူထားသော ခမ၇၃၅၂ စစ်ကြောင်း(၁)မှာ ဗိုလ်ဇော်မိုး အောင် ဦးစီးသောတပ်စိတ်မှာကင်း ပုန်းဝပ်နေစဉ် ဘင်္ဂလားဒေ့ရှ်ဘက် မှ လက်နက်ကိုင်သောင်းကျန်းသူ ငါးဦးခန့်က မောင်တောနယ်စပ်ဘက် သို့ ကိုက် ၈၀ ကျော်သည်အထိ ဖြတ်ကျော်ဝင်ရောက်လာ သည်ကို စောင့်ဆိုင်း စဉ် သောင်းကျန်းသူ လက်နက်ကိုင်များမှ စတင်ပစ်ခတ် သည့်အတွက် နှစ်ဖက်ပစ်ခတ်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မောင်တော နယ်စပ်မှ လာသောသတင်းများအရ သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးဒေါက်တာ အောင် ကျော်မင်းကလည်း ''လုံခြုံရေးကို တော့ စနစ်တကျလုပ်နေပေ မယ့် ပစ် ခတ်မှုတွေ ခဏခဏဖြစ်နေတော့ မောင်တောမှာနေတဲ့သူတွေအတွက် လုံခြုံမှုအားနည်းတာပေါ့။ ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လဲ ဒီကိစ္စ ကို ဆောင်ရွက်ဖို့အတွက် တိုင်ပင် ဆွေးနွေးနေပါတယ်''ဟု ပြောသည်။
လွန်ခဲ့သည့် မေ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်မှ RSO လက်နက် ကိုင်အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များကို သေနတ်ဖြင့်ပစ်သဖြင့် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

KMZ

[--Democracy today Daily Newspaper--]

မိအေးနှစ်ခါနာ ဆိုသောမြန်မာစကားပုံကိုမြန်မာတိုင်းကြားဖူးကြပေလိပ်မည်၊ပုံပြင်ထဲက မိအေးသ ည်နှစ်ကြိမ်၊နှစ်ခါပဲ နာရသည် သို့သော် အမိမြန်မာပြည်မိအေး သည်ကားအကြိမ်ကြိမ်နာခဲ့ရပြီး ယခုမူပို၍ ပင်နာနေရပေသည်။ ဘာသာရေးကိုအကာအကွယ်ယူ၍ စီးပွားရေး၊အိမ်ထောင်ရေး၊ လူမှုရေးတို့ကို အောက် လမ်းနည်းဖြင့်ဝါးမျိုတတ်သော မူစလင်မျိုးနွယ်၊အစ္စလာမ်ဘာသာဝင် ကုလားတို့သည် ခေတ်အဆက်ဆက် အိမ်ရှင်ကျေးဇူးရှင်ရွှေမြန်မာတို့အား နည်းအမျိုးမျိုးဖြင့် စော်ကားဝါးမျိုးဗိုလ်ကျအနိုင်ကျင့်ခဲ့ကြပါသည်။
နအဖ၊န၀တ၊လက်ထက်တွင် စစ်အစိုးရအာဏာ ပိုင်များနှင့်အပိုင်ပေါင်းကာ မြန်မာတိုင်းရင်သားတို့ အား စော်ကားအနိုင်ကျင့်ခဲ့ကြသည်။


ထိုစစ်အစိုးရလက်ထက်တွင် ၊ကုလားတို့၏မာယာပိုက်ကွန်ကို မသိနားမလည်ရှာသော ညီညွတ်မှုမရှိ ကြသည့်ရွှေမြန်မာတို့သည် မိအေးလေးများအဖြစ် ကုလားလက်တွင်း သက်ဆင်းခဲ့ကြရရှာပါသည်။ ထိုခေတ်အခါတွင် ကုလားတို့၏ တရားလက်မဲ့စော်ကားယုတ်မာမှုကို များစွာ ခံခဲ့ရသည့် မြန်မာ့မိအေးတို့၏ ရင့်နင့်ဖွယ် အဖြစ်အပျက်သာဓကများကား ပြောမပြနိုင်လောင်အောင်ပင် များခဲ့ပါသည်။
နအဖ၊န၀တ၊စစ်အာဏာရှင်ခေတ်လွန်ဖြစ်သောယခလိုဒီမိုကရေစီခေတ်တွင်လည်း ဒီမိုကရေစီကို အကြောင်းပြအကာအကွယ်ယူ၍ ၄င်းမူဆလင်တို့၏ မူဝါဒအတိုင်း အမိမြန်မာပြည်၏ စီပွားရေး၊လူမှုရေး၊ အိမ်ထောင်ရေး၊လူမျိုးရေး တို့ကိုစော်ကားဝါးမျိုလျှက်ရှိပါသည်။ ခေတ်ပျက်အခါတွင်လည်းစစ်အစိုးရ အာဏာပိုင်တို့ကို အကာအကွယ်ယူပြီးထိုကုလားများကပဲ လူလည်ကျစော်ကားမှုလုပ်ခဲ့ကြပြီး၊ ခေတ်ကောင်း ရောက်သည့်ယခုအချိန်အခါတွင်လည်း ဒီမိုကရေစီ ကိုအကာအကွယ်ယူ၍ ယခုမျက်မှောက်၌ ကြုံတွေ့၊သိ မြင်၊နေကြသည့်အတိုင်းပင် ရွှေမြန်မာတို့အား အစီအစဉ်တကျ ၀ါးမျိုးစော်ကား၍နေပေ၏။

ယခုမူကားမူဆလင်တို့သည် မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို စော်ကားယုံ မျှမကတော့ ပဲ တိုင်းရင်းသားဖြစ်ခွင့်ကိုပင်တောင်ဆိုကာ နယ်မြေကိုအပိုင်သိမ်းပိုက်ရန်အထိ အစွမ်းကုန်စော်ကားနေ ၍နေ၏။ ပြည်တွင်းနေမူဆလင်တို့သည်လည်း အမိပြည်၏ ဆပ်မကုန်သော ကျေးဇူးတရားကိုပင်မထောက် ပဲ ၄င်းတို့၏ မျိုးနွယ်ခိုးဝင်ဘင်္ဂါလီများဘက်မှနေကာ နောက်ကွယ်မှထောက်ပန့်ပေးခြင်း၊သတင်းမှား သတင်းတုများဖြင့်ကမ္ဘာအားမြန်မာကိုအထင်အမြင်လွဲမှားစေရန်လိမ်လည်လော်လီပေးခြင်း၊မြန်မာအချင်းချင်းစိတ်ဝမ်းခွဲခြင်းစသည်တို့ကို ကိုယ်စွမ်း၊ဉာဏ်စွမ်းအပြည့်ဖြင့်ပူးပေါင်းဆောင်ရွက်နေကြပါသည်။

အာရတ်မူဆလင်တို့၏ ဒေါ်လာလောင်းရိပ်မိကမ္ဘာ့မီဒီယာများနှင့် လူ့အခွင့်အရေးတဖက်လတ်တို့ သည် မူဆလင်တို့၏ စီမံကိန်းရေးဆွဲ နယ်မြေလုယုတ်မာစော်ကားမှုကို ကျနသေခြာလေ့လာခြင်းမရှိပဲ ကုလားတို့၏အလိုတော်ကျအတိုင်း အမှန်တရားဖုံးကွယ်၍ အမှန်ကိုအမှား အမှားကိုအမှနလုပ်ကြပါ တော့တယ်။ ထို့သို့ဒေါ်လာလောင်းရိပ်မိ တဖက်လတ်၊တဖက်သတ်အမြင်ရှိသည့် တို့၏ လိမ်ညာလှည့်ဖြား မှုကြောင့် မြန်မာတို့မှာမူဆလင်တို့၏ စော်ကားအနိုင်ကျင့်လည်းခံရ၊ကမ္ဘာ၏အထင်လွဲမှုကိုလည်းခံရရှာပြီး၊ မိအေး လေးဘ၀ရောက်သွားပြီး နှစ်ခါမက အကြိမ်ကြိမ်နာကြရပါတော့သည်။

မြန်မာပြည်တွင်ဖြစ်ပေါ်သည့်မူဆလင်အဓိကရုန်းများကိုလေ့လာကြည့်ပါက ပြဿနာတိုင်းတွင် မူဆလင်များဘက်မှစတင်ရန်ပြုကြသည်ကိုတွေ့မြင်နိုင်ပါတယ်။ ထို့သို့မူဆလင်များ၏ စော်ကားရန်ပြုသည့်အခါတွင်မူ နှားစေးနေကြပြီး မြန်မာတို့မှ ပြန်လည်ခုခံသည့်အခါမှ လူအခွင့်အရေးဟု တစာစာအော် နေကြခြင်းသည် မြန်မာတွေကို မိအေးဖြစ်စေခြင်း၏ အဓိကအချက်တခုဖြစ်ပါသည်။

ရွှေမြန်မာတို့အနေဖြင့်လည်းအကယ်၍ကုလားတို့ပြဿနာရှာ၍ ပြဿနာတစုံတရာဖြစ်ခဲ့သော် ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်း၊ခုခံခြင်း၊ဗလီများအိမ်များစသည့်အဆောက်အဦးတို့ကိုဖျက်ဆီး ခြင်း(လုံးဝ)လုံးဝမပြုလုပ်ပဲဘာသာရေး၊လူမှုရေး၊နိုင်ငံရေး၊စသည့်အသင်းအဖွဲ့များနှင့် စည်းလုံးညီညာပူးပေါင်း၍ တရား ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာဆောင်ရွက်သင့်ပါသည်။

ဗလီဖျက်ခြင်း၊အိမ်ဖျက်ခြင်း၊ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းတို့သည် ကုလားတို့အတွက်များစွာ အထောက်အကူဖြစ်စေပါတယ်။ ထို့သို့မြန်မာတို့က ဖျက်ဆီးမှသာလျှင် အာရတ်မူဆင်များ၏ ထောက်ပန့် မှုကို ပိုမိုရရှိနိုင်သောကြောင့်ပင်ဖြစ်ပါသည်။ထို့အပြင် ကမ္ဘာ့အလည်တွင်လည်း မြန်မာတို့အား အကြမ်းဖက် ရန်စသူများအဖြစ်ထင်ရောင်ထင်မှားဖြစ်စေကာ မြန်မာတို့အားမိအေးဘ၀ရောက်စေနိုင်ပါသည်။ ထို့ကြောင့် ပြဿနာတစ်စုံတရာဖြစ်ခဲ့သော် အသင်းအဖွဲ့ပေါင်းစုံပါဝင်ကာ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်အရေးယူနိုင်ရန်ပြုလုပ်သင့်ပြီး၊ ထိုမူဆလင်တို့၏ ယုတ်မာကောက်ကျစ်စော်ကားမှုကို အမှန်အ တိုင်းကမ္ဘာကြီးသိလာအောင် ကမ္ဘာ့အရပ်ရပ်တွင် မူဆလင်များကို ဆန့်ကျင်နေသကဲ့သို့ ပြည်သူ၊ပြည်သား အားလုံးပါဝင်ကာ ဆန္ဒဖော်ထုတ်ပွဲများကို ငြိမ်းချမ်းစွာပြုလုပ်သင့်ပါသည်။

ယခုအခါတွင်မူပြည်တွင်းနေမူဆလင်အချို့နှင့်၊ဘင်္ဂါလီနယ်ချဲ့မူဆလင်တို့၏ အကြမ်းဖက်လှုပ်ရှားမှုများသည် မြန်မာပြည်တွင်း၌သာမကတော့ပဲ ပြည်ပရောက်အကြမ်းဖက်မူဆလင်များနှင့်ချိတ်ဆက်ကာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် တိုင်းရင်းသားမြန်မာတို့အား အကြမ်းဖက်လျှက်ရှိပါသည်။ ထိုအကြမ်းဖက်မှုကို ဦးဆောင်ကြိုးကိုင်လှုပ်ရှားနေသူများမှာ မြန်မာပြည်နေ၊မြန်မာ့ရေသောက်ခဲ့ကြသည့် ပြည်တွင်းထွက် မူဆလင်များသာဖြစ် ကြပါသည်။၎င်းမူဆလင်တို့၏ အကြမ်းဖက်လှုပ်ရှားမှုများမှာ ကွန် ယက်သဖွယ်အချိတ်အဆက်မိမိ လှုပ်ရှားနေပါတယ်။

ထိုကဲ့သို့မလေးရှားတွင်မြန်မာတိုင်းရင်းသားတို့အား မြန်မာအမည်ခံမူဆလင်များနှင့် ဒေသခံမလေးမူဆလင်များမှ တရားဥပဒေမဲ့ သတ်ဖြတ်ညှင်းဆဲစော် ကားနေမှုကို မူဆလင်မလေးအစိုးရမှ အလေးမထားမျက်ကွယ်ပြုထားပါသည်။
ထို့ထက်စိတ်မကောင်းစရာကောင်းသည်မှာ မြန်မာအစိုးရအနေဖြင့်လည်း ထိရောက်စွာ အလေး ထားကာကွယ်မှုမပေးသလို၊ကုလားအရေးများတွင် တက်ကြွစွာအာပေါင်အာရင်းသန်သန်ဖြင့်ကုလားရှေ့နေ လိုက်တဖက်စောင်းနင်းပြောကြားလေ့ရှိသည့် လူထုခေါင်းဆောင်ဆိုသူ၊နိုင်ငံရေးခေါင်းဆောင် ဆိုသူများ သည်လည်း အံ့သြဖွယ်ရာ နှာစေ့နေလေ့ရှိပါတယ်။

၎င်းတို့၏ တဖက်သတ်ရပ်တည်ချက်ဖြစ်သော လူ့အခွင့် အရေးဆိုသည်မှာ ကုလားများနှင့်သာသက်ဆိုင်ပြီး မြန်မာတို့နှင့် လားလားမှမဆိုင် သကဲ့သို့ဖြစ်နေတော့၏။ ထိုသူတို့သည် ကုလားအရေးများတွင် အမှန်အတိုင်းလူထုဘက်မှရပ်တည်လေ့မရှိပဲ ကုလားဘက်ကသာ မားမားမတ်မတ်ရပ်တည့်လေ့ရှိသည်မှာ တစ်ကြိမ်နှစ်ကြိမ်တွင် ခွင့်လွတ်နားလည် ပေးနိုင်တော့လည်း အကြိမ်ကြိမ်အခါခါဖြစ်နေသည်မှာ ခွင့်လွှတ်နားလည်၍မရတော့သလို လူထုနှင့်အမျိုးဘာသာ၊ သာသနာ အတွက် များစွာအထိနာလှပြီး မြန်မာတိုင်းရင်းသားတို့အတွက် မိအေးဘ၀လုံးလုံး ရောက်စေပါတယ်။

အာဏာရအစိုရနှင့် နိုင်ငံရေးပါတီ အသီးသီးတို့အနေဖြင့်လည်း မူဆလင်နိုင်ငံများနှင့် အခြားနိုင်ငံ တို့၌ ၄င်းတို့တိုင်းပြည်နှင့် ဘာသာ၊လူမျိုအားကာကွယ်ရန် ရေးဆွဲထားသည့် အမျိုးစောင့်ဥပဒေများအား လေ့လာကာ တိကျခိုင် မာသည့် မြန်မာ့အမျိုးစောင့် ကာကွယ်ရေးဥပဒေတစ်ရပ်ကိုမဖြစ်မနေ ချမှတ်ပြဋ္ဌာန်း သင့်ပါသည်။ ထို့သို့မဟုတ်ပဲ အာဏာရရှိရေးတစ်ခုတည်းကိုသာဦးစားပေးဆောင်ရွက်နေမည်ဆိုပါက နိုင်ငံနှင့်လူမျိုးမြဲရေးဟာ များစွာနစ်နာသွားမည်ဖြစ်ပါသည်။

နိုင်ငံရေးအဖွဲ့အစည်းများအနေဖြင့်လည်းထိုကဲ့သို့မိမိတို့တိုင်းရင်းသားပြည်သူများမတရားစော်ကားခံနေရမှုကို မဆိုင်သလိုလျစ်လျူရှုမနေသင့်ပဲ ပြည်သူ့ဘက်မှ အမှန်အတိုင်းရပ်တည် ပေးဖို့လို့ပါတယ်။ “ပါတီနိုင်ငံရေးအရမည်မျှ ပင်သဘောထားကွဲလွဲနေငြားသော်လည်း တစ်တိုင်းပြည်လုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးတွင်မူ ပုဂ္ဂုလိကခံစားချက်ကိုရှေ့တန်းမတင်ပဲ ကမ္ဘာ့နိုင်ငံများကဲ့သို့ ၊ပြည်သူ၊ အတိုင်းအခံ၊ အစိုးရ အားလုံးလက်တွဲကာ အတူတကွဖြေရှင်းသင့်ပါတယ်” ဒါမှသာ ပြည်သူ့အကျိုးအမှန်တကယ် လိုလားသော ပြည်သူ့ပါတီဖြစ်နိုင်မှာဖြစ်ပါသည်။

အစိုးရနှင့်ပါတီအသီးသီးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံရေး လုပ်နေကြ သည်မှန်ပါက နိုင်ငံတော်နှင့် တိုင်းရင်းသားတို့အား ဥပဒေနှင့်အညီ စည်းလုံးညီညာစွာ ကာကွယ်စောင့် ရှောက်ကြပါ။မိမိ၏နိုင်ငံသားတို့အား မိအေးအဖြစ်မဖြစ်ရအောင် အဓိကနှင့် သာမည ကိုခွဲခြား၍ ပုဂ္ဂလိကခံ စားမှုကို ဦးစားမပေးပဲ တိုင်းပြည်နှင့် လူမျိုးကိုအမှန်တကယ်ကာကွယ်နိုင်သော ပြည့်သူ့အစိုးရ၊ပြည်သူ့ ပါတီများဖြစ်အောင်ကြိုးစာကြပါဟု တိုက်တွန်းလိုပါသည်။

အမျိုးသားရေးအရေးကို အာဏာရရေးမဟုတ်၍ ပေါ့ပေါ့လေးတွေးမိပါက အမှားကြီးမှားကြပေ လိပ်မည်။ဗုဒ္ဓမြတ်စွာ၏ ဒေသနာဇာတ်တော်ထဲက မင်းညီမင်းသားတွေသွားရောက် ပညာဆည်းပူခဲ့ရာ တက္ကသီလာပြည်သည်ယခု ပါကစ္စတန်အစ္စလာမ်မစ်နိုင်ငံဖြစ်နေပြီး အေးချမ်းသာယာ သာသနာတော်ထွန်း ကားခဲ့ရာ ဂန္ဓာရတိုင်သည်လည်းယခု ကမ္ဘာ့မှာအဆိုးဆုံး မူဆလင် အကြမ်းဖက်များရှိရာ အီရတ်၊အီရန်၊ အာဖဂန်နစ္စတန်ဖြစ်သွား၍ ၊သုဝဏ္ဏဘူမိ နိုင်ငံတော် များထဲတွင် တခုအပါအ၀င်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ သည်လည်း ယခုမူကမ္ဘာ့မူဆလင်အများဆုံး တိုင်ပြည်တခုဖြစ်နေချေ၏။ ရွှေမြန်မာများ မူဆလင်တို့၏ တိုက်ခံနေရသည့် မလေးရှားနိုင်ငံသည်ပင် တချိန်တခါက ဗုဒ္ဓသာသနာတော်ထွန်းကားခဲ့သည်မှာ ယုံးတမ်း စကားမဟုတ်သလို၊ အိပ်ရာဝင်ပုံပြင်မဟုတ်ပေ။

သတိမမူဂူမမြင်၊သတိမူက မြူကိုမြင် ဆိုသည့်အတိုင်း မူဆလင်တို့၏ အန္တရာယ်ကို သတိမမူပဲ ကြောင့်ကြမဲ့နေကြမည်ဆိုက ပါရမီတော်များစွာတို့ကို ဆင်းရဲပင်ပန်းကြီးစွာဖြည့် ကျင့်တော်မူခဲ့သဖြင့် ရရှိေ တ်ာမုခဲ့သည့် သဗ္ဗညုတရွှေဉာဏ်ဖြင့်တည်ထောင်တော်မူခဲ့သည့် မှန်ကန်တန်ဖိုးရှိလှသည့် ဗုဒ္ဓသာသနာေ တ်ာနှင့် မိမိတို့၏ ဘိုး၊ဘေး၊ဘီ၊ဘင်၊မိဘဆွေမျိုးအဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့် ရှောက်လာ သည့် အမျိုးဘာသာ၊သာသနာတော်မှာ မိမိတို့၏ညံ့ဖျင်းမှုကြောင့် ပျောက်ကွယ်သွားပါက ပြုပြုင်လို့မ ရသည့် အမှားဆိုးခြင်းနှင့် မလွဲမသွေ ကြုံတွေ့ရေ ပလိပ်မည်။

ထို့ကြောင့် သံဃာတော်များ၊အစိုးရများ၊အာဏာရှိသူများ၊ပါဝါရှိသူ များ၊ပြည်သူ၊ပြည် သားများစသ ည့် အလွှာပေါင်းစုံမှ မြန်မာပြည်သူ၊ပြည်သားများအနေဖြင့် လက်တွဲညီညာ အောင်ကြောင်းဖြာ ဆိုသကဲ့သို့ ညီညာစွာဖြင့် တရားဥပဒေနှင့်အညီ မူဆလင်ရန်စွယ်ကို အေးချမ်းတည်ငြိမ်ကာကွယ်တွန်းလှန်းကြပါဟု တိုက်တွန်းနိုးဆော်လိုက်ရပါတော့သည်………..။

(အောင်ဇေယျတု ဂျာနယ်)

ဓမ္မ၀ီရ အရှင်တေဇနိယ

Ph,D (Thesis)
http://www.oppositeyes.info



 နမ့်ခမ်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက် တစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ် ကျေးရွာနှင့် ကောင်းဝိန်းကျေးရွာ ကြားတွင် အမည်မသိလက်နက် ကိုင်အဖွဲ့က  ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ မော်တော်ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ့်စန်ကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းတို့ကို နမ့်ခမ်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကု သစေခဲ့သည်။ ၎င်းတို့နှစ်ဦးအ နက် ဒေါ်နန်းခင်ဌေးသည် မေလ ၂၉ ရက် ညက သေဆုံးသွားသည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ထိပ်တန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

 နမ့်ခမ်းမြို့နယ်အတွင်း မကြာခဏ  ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားနေသဖြင့်  လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေကြောင်း နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

Author: အောင်ခိုင်
7DAY DAILY

ပခုက္ကူ၊ မေ ၃၀

မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ညောင်တောအုပ်စု ရှစ်အိမ်တန်း ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဒုက္ခသည် အိမ်ထောင်စု ၂၇၃ စု၊ အိမ်ခြေ ၁၅၀ အတွက် လူနေ အိမ်မြေနေရာ ရရှိရန် ခက်ခဲလျက် ရှိကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ၂၀၁၂ ခုနှစ်တွင် ကမ်းပြိုခဲ့သဖြင့် အိမ်ခြေ ၁၅၀ အတွက် သက်ဆိုင်ရာက ရွာတည်နိုင်သော မြေနေရာမပေးခဲ့ဘဲ ကမ်းနှင့်နီးသော ၉ ဒသမ ၀၉ ဧကရှိသော မြေကို ကွက်စိပ်ရိုက်ကာ ပေးခဲ့ကြောင်း၊ ရှစ်အိမ်တန်းကျေးရွာရှိ ကမ်းပြို အိမ်ထောင်စုများ နေထိုင်ရန် ညောင်တော အုပ်စုရှိ အောင်မြင့်မိုရ် သမဝါယမ လီမိတက်ပိုင် မြေ ၃၂ ဒသမ ၇၆ ဧကကို တောင်းဆို ခဲ့သော်လည်း ယနေ့အထိ မရသေးသဖြင့် အိမ်ထောင်စု အားလုံးအတွက် မြေနေရာ အခက်အခဲများ ဖြစ်နေခြင်း ဖြစ်ကြောင်း ရှစ်အိမ်တန်းရွာမှ မြေရရှိရေးဦးဆောင် လှုပ်ရှားသူ ဦးနီတွတ်က ပြောကြားသည်။

“အိမ်ထောင်စုတွေအတွက် မြေနေရာရဖို့ တောင်းခဲ့တာကြာပြီ။ အတော်များများက နီးစပ်ရာ ယာရှင်တွေဆီမှာ မိသားစုတစ်စုနေဖို့ တစ်နှစ်ကို ပိုက်ဆံနှစ်သောင်း၊ ငါးသောင်းလောက်ထိ ပေးပြီး နေရတယ်” ဟု ၎င်းကဆိုသည်။

ညောင်တောရှိ ရွာတည်နိုင်သည့် မြေအတွက် ရှစ်အိမ်တန်းရွာမှ မြေနုကျွန်းနှင့် လဲလှယ်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဧကလျှင် ကျပ်သိန်း ၃၀ တောင်းသဖြင့် အိမ်ထောင် စုများဘက်မှ ဒေသပေါက်ဈေး ကျပ် ၁၆ သိန်း ပေးခဲ့သော်လည်း အိမ် ၉၂ အိမ်သာ ဆောက်လုပ် နေထိုင်ရန် ရွာတောင်ဘက်ရှိ ကမ်းနှင့်နီးသော မြေကိုသာ ပေးခဲ့ကြောင်း အောင်မြင့်မိုရ် သမဝါယလီမိတက် မြေတွင် လာရောက် နေထိုင်သူ ရှစ်အိမ်တန်း ရွာဦးကျောင်း ဆရာတော် ဦးခေမိန္ဒက မိန့်ဆိုသည်။

“၂၀၁၂ တည်းက ရွာလုံးကျွတ် နီးစပ်ရာ ယာရှင်တွေဆီမှာ ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ ပေးပြီး နေရပေမယ့် ယာတွေပေါ်မှာ ရေတွင်းတူးတာ၊ အိမ်သာဖော်တာ လုပ်လို့မရခဲ့ဘူး၊ အခုဆို ပုံစံ ၇ ထုတ်ပေးနေလို့ ယာရှင်တွေက ယာခင်းမှာ နေထိုင်ခွင့် မပြုတော့ဘူး။ ဒါကြောင့် ရှစ်အိမ်တန်းတောင်ဘက် ညောင်တောအုပ်စု အများပိုင် တောင်သူ ၂၂ ဦး လုပ်ကိုင်စားနေတဲ့ အောင်မြင့်မိုရ် သမဝါယမ လီမိတက်မြေမှာ ဝင်နေထိုင်ရတာပါ” ဟု ဒေသခံများက ရှင်းပြသည်။

၂၀၁၂ ခုနှစ်က ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် အိမ် ၉၅ လုံးကို ၉ ဒသမ ၀၉ ကွင်းတွင် ပေ ၆၀၊ ၈၀ ကွက်စိပ် ရိုက်ပေးထားသော်လည်း နေထိုင်ခြင်း မရှိကြောင်း၊ ကမ်းပြို ဒုက္ခသည်များဘက်မှ ညောင်တော အုပ်စုက အောင်မြင့်မိုရ် သမဝါယမ လီမိတက် မြေပေါ်တွင် နေထိုင်လိုကြောင်း ပြောလာသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ လုပ်စားကွင်းဖြစ်၍ ခွင့်မပြုသဖြင့် သမအသင်းသား ၂၂ ဦး သဘောတူသည့် ၉ ဒသမ ၀၉ ဧကမြေတွင် နေထိုင်ရန် လက်ရှိတွင် အိမ်ထောင်စု ၁၁ စုကို ပြောင်းရွှေ့ပေးပြီး ဖြစ်ကြောင်း၊ ရေစကြိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ပြောကြားသည်။

ချင်းတွင်းမြစ်ရေသည် ၁၉၉၇ ခုနှစ်မှ စတင်ကာ ရှစ်အိမ်တန်းရွာကို တိုက်စားခဲ့ပြီး လုပ်စားမြေ ဧက ၃၀ ကျော်နှင့် မြေလွတ်မြေရိုင်းများ ဆုံးရှုံးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှစ၍ နီးစပ်ရာ ယာရှင်များထံတွင် အိမ်ထောင်စု တစ်စုအတွက် တစ်နှစ် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းထိပေးကာ နေထိုင်ရကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

The Voice Weekly

ရန်ကုန်၊ မေ ၃၀

ပညာရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာမည့်ရက်ကို မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနသို့ လာမည့် ဇွန်လဆန်းတွင် အကြောင်းကြားမည် ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့တွင် အောင်စာရင်း ကြေညာနိုင်ဖွယ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန အသိုင်းအဝိုင်းက The Voice သို့ ပြောကြားသည်။

ယင်းအောင်စာရင်း ထုတ်ပြန်မည့်ရက်ကို ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းပြီး ဖြစ်သော်လည်း မေလ ၃၀ ရက်နေ့အထိ ပြန်လည် အကြောင်း မကြားသေးကြောင်း၊ အောင်စာရင်း ထုတ်ပြန်မည့် ရက်ကို ဇွန်လ ဒုတိယပတ် လျာထားကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ရန်ကုန်မြို့တော် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောဆိုသည်။

“စာတင်ထားတုန်း ဆိုတော့ ၇ ရက်နေ့ ဆိုတာတောင် မသေချာဘူး။ ဒီတစ်ပတ်အတွင်း အကြောင်းပြန်မကြားရင် နောက်တစ်ပတ်လည်း ကူးနိုင်တယ်” ဟု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ထပ်လောင်း ပြောကြားသည်။

သို့သော် ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန်လ ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာလေ့ ရှိသည်။

“၇ ရက်နေ့လို့လည်း ကြားတယ်။ ကျောင်းက ပြောတာတော့ မကြားသေးဘူး” ဟု ရန်ကုန်မြို့ရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေဆိုမီက စာမေးပွဲ မေးခွန်းများနှင့် ပတ်သက်၍ အပြောင်းအလဲများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း မတ်လ ၁၄ ရက် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မေးခွန်းပုံစံ ပြောင်းလဲခြင်း မရှိခဲ့ချေ။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ စာဖြေဌာနများမှ ဝင်ရောက်ဖြေဆိုသူ လေးသိန်းကျော် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြေဆိုသူ ကိုးသောင်းကျော် ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဝင်ရောက် ဖြေဆိုသူ အများဆုံး ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

နေရာဒေသတစ်ခုတွင် ရာဇ၀တ်မှု မကြာခဏ ဖြစ်ပွားနေခြင်း သည် ယင်းဒေသ၏ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို ဖော်ပြ နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ လျော့ကျသွားစေလို လျှင် ရာဇ၀တ်ကောင်များ မှတ် လောက်သားလောက်ဖြစ်စေမည့် တင်းကျပ်ပြင်းထန်သော ပြစ်ဒဏ် များ မဖြစ်မနေ ပြဋ္ဌားန်ချမှတ် ရ မည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ချမှတ်ရန် ကမ်္ဘာအရပ်ရပ်၌ လူထုဆန်္ဒခံယူပွဲ ကျင်းပခြင်းမျိုး မရှိသေးသော်လည်း ဘရာဇီးလ်နိုင် ငံ၊ ဆော်ပေါ်လိုမြို့၊ ဆာဗာရင်းနီး ယားကျေးရွာတွင်မူ ကျေးရွာဥပဒေ ထိန်းသိမ်းရေးအဖွဲ့က သံသယရှိ မုဒိမ်းကောင်အား နှောင်းလူများ မုဒိမ်းမှုရှောင်ရှားစေရန် ရည်ရွယ် ချက်ဖြင့် ပြင်းပြင်းထန်ထန် အပြစ် ပေးခဲ့သည်။

ကျေးရွာမှ မြေးအရွယ် မျှရှိသည် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် ခဲ့ကြောင်းသံသယရှိသဖြင့်သက်ကြား အို ဖရန်ဆစ်္စကိုဒီဆူဇာဒီ ကက်စ် ထရို ၆၆နှစ်၏ငယ်ပါကို ပိုင်းဖြတ် လိုက်ကြခြင်းဖြစ်ပြီး ထိုပြစ်ဒဏ် ကြောင့်ဆာဗင်းရင်းနီးယားကျေးရွာ တွင်နောက်နောင်မုဒိမ်းမှုပပျောက် သွားတော့ဖွယ်ရှိကြောင်း ဒေသခံ များကသုံးသပ်နေကြသည်။ ငယ် ပါအဖြတ်ခံခဲ့ရရုံမက လက်ချောင်း ၃ ချောင်းလည်း ပိုင်းဖြတ်ခံခဲ့ရ သေးသည်။ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိသွားသည့် ကက်စ်ထရိုကို အနီးအနား ဘာရက်စ်တိုးစ်မြို့Santa Casade Misericordia ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြ ရာ ငယ်ပါအား ပြန်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း မအောင် မြင်ခဲ့ချေ။ ထို့ပြင် လက်ချောင်း များကိုလည်း ပြန်ဆက်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အသက်ကြီးမှ ရာဂ စိတ်ထကြွသောင်းကျန်းခဲ့သော ကက်စ်ထရိုအတွက်လူညွန့်တုံးကိန်း ဆိုက်စေခဲ့သည်။

ကက်စ်ထရိုသည် ကျေးရွာရှိ ၎င်းင်းအလုပ်လုပ်နေသည့် မွေးမြူရေးခြံတွင် အရွယ်မရောက် သေးသူ မိန်းကလေးတစ်ဦးကို မေ လ ၇ ရက်နေ့က သားမယားပြု ကျင့်ခဲ့ကြောင်း၊ ထိုနေ့ည နေအိမ် သို့ပြန်လာသည့် သမီးငယ်၏ ခန်္ဓာ ကိုယ်တွင်း မသင်္ကာစရာလက်္ခဏာ များ တွေ့ရှိခဲ့ပြီးနောက် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကက်စ်ထရို၏ငယ်ပါကို မည်သူ တို့ ဖြတ်ခဲ့ကြကြောင်း မသိရသေး ချေ။ထိုသို့တိုက်ခိုက်ခံရစဉ် ကက်စ် ထရိုမှာ သတိရှိနေခဲ့သည်ဟု ရဲချုပ် မာဆယ်လိုပူပိုကပြောကြားခဲ့သည်။ မုဒိမ်းကျင့်ခံခဲ့ရသူ မိန်းကလေး၏ ဆေးစစ်မှုရလဒ်များကို မထုတ်ပြန် သေးသော်လည်း မုဒိမ်းကျင့်ခံခဲ့ရ ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကယုံကြည် နေသည်။

၂၉-၅-၂၀၁၄ နေ့ထုတ် First Weekly News Journal မှ

 ထိုင်းနိုင်ငံရေး တင်းမာမှု ပြေလျော့ဖို့ မလွယ်သေး
ထိုင်း နိုင်ငံရေး ပြုပြင်ရေးနဲ့ ရွေးကောက်ပွဲတွေ လုပ်နိုင်ဖို့ တနှစ်ကျော် ကြာနိုင်တယ်လို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ပထမဆုံး လူထုမိန့်ခွန်းမှာ ပြောပါတယ်။

နိုင်ငံရေး လမ်းပြမြေပုံ ပထမ အဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မိသားစုအဆင့် ကနေ ရပ်ကွက်ကျေးရွာ ကအစ နိုင်ငံတော်အဆင့် အထိ လုပ်ဆောင်သွားမယ်။ အနည်းဆုံး အချိန် ၂ လ ၃ လလောက်တော့ ကြာမြင့်မယ်။ ပြီးရင်တော့ ဥပဒေပြုရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမယ်။

လွှတ်တော်ဖွဲ့ပြီး ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ နိုင်ငံရေးပြုပြောင်းလဲရေးကို အများအတွက် အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်အောင် လုပ်ဆောင်မယ်။

အဲ့ဒါ အချိန် တနှစ်လောက်ကြာမယ်။ ဒီထက် မြန်မလား ကြာမလားက တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ အားလုံး ပါဝင်မှုပေါ် မူတည်တယ်။

အဲ့ဒီနောက်မှာ တရားမျှတဲ့ ရွေးကောက်ပွဲတွေ လုပ်သွားမယ်လို့ ပြောသွား ပါတယ်။

၉ နှစ်ကြာ နိုင်ငံရေးတင်းမာမှု ပပျောက်အောင် ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေး ဌာနတွေ ဖွင့်သွား မယ်လို့ ဗိုလ်ချုပ်ကြီး က ပြောသွားပါတယ်။

ပြန်လည်သင့်မြတ်ရေး ဌာတွေကို စစ်တပ်က ထိုင်းတောင်ပိုင်းမှာ လုပ်ခဲ့ ပေမယ့် မအောင်မြင်ဘူး လို့ ပြောလို့ ရပါတယ်။

ဒါကို နိုင်ငံတော်အဆင့် လာသုံးမှာက အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ပြောဖို့တော့ စောပါတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တွေကြောင့် နိုင်ငံရေး တင်းမာမှု ဖြစ်တယ်ဆိုတာ စစ်တပ်က ယုံကြည်ပုံ ရပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် အာဏာသိမ်း တုန်းက မူဝါဒ ဖွဲ့စည်းပုံကို ပဲ အဓိက ပြင်ပြီး ကန့်သတ် ချုပ်ချယ် ခဲ့ပါတယ်။ လူပုဂ္ဂိုလ် သင့်မြတ်ရေး မလုပ်ခဲ့လို့ အခု နိုင်ငံရေး တင်းမာမှုက သက်သေ ပြခဲ့ပါတယ်။

နိုင်ငံရေး တည်ငြိမ်ဖို့ ဆင်းရဲသားနဲ့ ချမ်းသာသူ ကြား တန်းတူညီမျှ အခွင့်အရေးရှိဖို့နဲ့ ဗဟို ချုပ်ကိုင်မှုတွေ လျှော့ပြီး အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေကို လုပ်ပိုင်ခွင့်၊ ဘတ်ဂျက်ငွေ ခွဲဝေသုံးစွဲခွင့်တွေ ပိုပေးရမယ်။

လူတိုင်းအတွက် တရားမျှတမှု ရှိတယ်လို့ ခံစားရ မှပဲ တည်ငြိမ် နိုင်မယ်လို့ ကျူလာလောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ သိပ္ပံ ဌာနက ပညာရှင် ဒေါက်တာ ပနိထမ်း ဝပ်ထနာ့ယားကောန်က ပြောသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အမေရိကန်သမ္မတ နဲ့ မြန်မာသမ္မတ အိမ်ဖြူတော် တွင် တွေ့ဆုံစဉ်။ (မေ ၂၀၊ ၂၀၁၃)
အာရှပစိဖိတ်ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေထဲမှာ တနေ့နေ့ တချိန်ချိန်ကျရင် မြန်မာနိုင်ငံလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။ အမေရိကန် အစိုးရရဲ့ အာရှပစိဖိတ်ဒေသ ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး Baltimore နိုင်ငံခြားရေးကောင်စီမှာ မေလ ၂၉ ရက်နေ့က အခုလို ပြောလိုက်တာပါ။

ဒေသတွင်းက သြဇာကြီးမားလာနေတဲ့နိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ အစဉ်အလာအားဖြင့် အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ထိတွေ့ဆက်ဆံခဲ့ပြီး ၊ အခုအခါမှာတော့ အဲဒီနိုင်ငံတွေထဲမှာ မလေးရှား နဲ့ ဗီယက်နမ်နိုင်ငံတွေကိုလည်း ထည့်သွင်းရမှာဖြစ်သလို၊ တချိန်ချိန်မှာ မြန်မာနိုင်ငံလည်း ပါလာဖို့မျှော်လင့်တယ်လို့ အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောပါတယ်။

အမေရိကန်အစိုးရက အာရှပစိဖိတ်ဒေသကို အာရုံစိုက်လာနေတာနဲ့ အမျှ ဒေသတွင်းမှာ အင်အားချိန်ခွင်လျှာညှိတဲ့အနေနနဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်တာ၊ ဒေသတွင်း အဖွဲ့အစည်းတွေ တည်ဆောက်တာ နဲ့ သြဇာကြီးမား လာနေတဲ့နိုင်ငံတွေနဲ့ ထိတွေ့ ဆက်စပ်တာတွေ လုပ်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လို ဒေသတွင်းမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေက မြန်မာ အပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နဲ့ ဗီယက်နမ်နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ အတူလက်တွဲလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ သူကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ရန်ကုန်၊ မေ ၃၀

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

“သူ့ငွေစာရင်းကို စက်မှာ Enter လုပ်နေချိန် Connection ကျချိန်နဲ့ တစ်ပြိုင်တည်း ဖြစ်သွားတာ။ ပြီးတော့ ခြောက်စက္ကန့်ပဲ ကြာတယ်၊ Connection ပြန်တက်လာတော့ ဝန်ထမ်းက စာရင်း မဝင်သေးဘူး ထင်ပြီး စက်မှာ သူ့ငွေစာရင်းကို Enter ထပ်ခေါက်လိုက်တော့ ငွေစာရင်း နှစ်ကြိမ် ဝင်သွားခဲ့တာ။ ခြောက်စက္ကန့် အတွင်းမှာ ငွေစာရင်းသွင်းတာ နှစ်ခုကို စက်က မလုပ်ပေးနိုင်ဘူး။ ဒါကို ဘဏ်ဝန်ထမ်းတွေက သေချာ Check ပြန်မလုပ်ခဲ့တာကြောင့် ခုလို ငွေစာရင်း မှားပါသွားခဲ့ရတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေစာရင်းသွင်း မှားယွင်းမှုကြောင့် ဘဏ်ငွေစု စာအုပ်တွင် ငွေကျပ် သိန်း ၁၀၀ စာရင်း ဝင်ရောက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါ အမျိုးသမီးက ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ကာ ငွေကျပ် သိန်း ၁၀၀ ကို ထုတ်ယူသွားခဲ့သည်ကို ဘဏ်ငွေစာရင်း စစ်ချိန် ညနေ ၄ နာရီတွင် သိရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“Software Error ဆိုပေမယ့် အဓိက ဖြစ်ခဲ့ရတာက Connection ကြောင့်ပါ။ ဘဏ်ရဲ့ Software က Save ဖြစ်ကြောင်း အာမခံရဲတယ်။ ဘဏ်က အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတာကြောင့် အင်တာနက်လိုင်း မကောင်းချိန် ဖြစ်ခဲ့တာ။ ဝန်ထမ်းတွေ ပြန် Check မလုပ်လို့ ဖြစ်ခဲ့တာကြောင့် ပေါ့လျော့မှု ထပ်မဖြစ်အောင် သွန်သင် ဆုံးမထားပါတယ်” ဟု ပန်းဆိုးတန်းလမ်းရှိ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူသွားသူ အမျိုးသမီးကို ဘဏ်တာဝန်ရှိသူများက ငွေများ ပြန်လည်ပေးသွင်းရန် ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးက ၎င်းပိုထုတ်ယူခဲ့သည့် ငွေကျပ် သိန်း ၅၀ ကို ဘဏ်အား အရစ်ကျ ပြန်လည် ပေးသွင်းမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်း မရှိကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ကျပ်သိန်း ၅၀ ပိုထုတ်ယူမှုကြောင့် အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီး၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ နေအိမ် သော့ပိတ်ထားသဖြင့် မေးမြန်းစုံစမ်းခွင့် မရရှိခဲ့ပေ။

ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသမီးကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၂၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧရာဝတီဘဏ်မှ ဘဏ်ခွဲများနှင့် မီနီဘဏ်များ အပါအဝင် စုစုပေါင်း ဘဏ် ၂၁ ခုဖြင့် ဘဏ်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက် ရှိရာ Software Error ကြောင့် ငွေစုစာအုပ်တွင် မှားယွင်းကာ ငွေစာရင်း ပိုသွင်းမိသည့် ဖြစ်ရပ်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရှိရသည်။

The Voice Weekly

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ