Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၃၀

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲတွင် လွန်ခဲ့သော နှစ်လခန့်က အမျိုးသမီးတစ်ဦးက ငွေကျပ် သိန်း ၅၀ ကို ပိုထုတ်ယူသွားပြီး ဘဏ်ကို ပြန်ပေးသွင်းခြင်း မရှိသောကြောင့် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်း အပေါ်ဘလောက် ရှိ ဧရာဝတီဘဏ်ခွဲတွင် မတ်လ ၇ ရက် မွန်းလွဲ ၁ နာရီခွဲက ကျောက်တံတားမြို့နယ် ၃၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးမှာ ငွေစာရင်း ဖွင့်ကာ ငွေကျပ် သိန်း ၅၀ ပေးသွင်းစဉ် ဘဏ်၏ လက်ခံကောင်တာ၌ အသုံးပြုနေသော စက်မှားယွင်းမှု (Software Error) ကြောင့် ယင်းအမျိုးသမီး၏ ငွေစုစာအုပ်ထဲသို့ ငွေကျပ် သိန်း ၅၀ ကို နှစ်ကြိမ် စာရင်း ဝင်ရောက်ခဲ့ကြောင်း ယင်းဘဏ်ခွဲမန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ပြောကြားသည်။

“သူ့ငွေစာရင်းကို စက်မှာ Enter လုပ်နေချိန် Connection ကျချိန်နဲ့ တစ်ပြိုင်တည်း ဖြစ်သွားတာ။ ပြီးတော့ ခြောက်စက္ကန့်ပဲ ကြာတယ်၊ Connection ပြန်တက်လာတော့ ဝန်ထမ်းက စာရင်း မဝင်သေးဘူး ထင်ပြီး စက်မှာ သူ့ငွေစာရင်းကို Enter ထပ်ခေါက်လိုက်တော့ ငွေစာရင်း နှစ်ကြိမ် ဝင်သွားခဲ့တာ။ ခြောက်စက္ကန့် အတွင်းမှာ ငွေစာရင်းသွင်းတာ နှစ်ခုကို စက်က မလုပ်ပေးနိုင်ဘူး။ ဒါကို ဘဏ်ဝန်ထမ်းတွေက သေချာ Check ပြန်မလုပ်ခဲ့တာကြောင့် ခုလို ငွေစာရင်း မှားပါသွားခဲ့ရတာ” ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ ငွေစာရင်းသွင်း မှားယွင်းမှုကြောင့် ဘဏ်ငွေစု စာအုပ်တွင် ငွေကျပ် သိန်း ၁၀၀ စာရင်း ဝင်ရောက်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆိုပါ အမျိုးသမီးက ဗိုလ်အောင်ကျော်လမ်းရှိ ဧရာဝတီဘဏ်ခွဲသို့ သွားရောက်ကာ ငွေကျပ် သိန်း ၁၀၀ ကို ထုတ်ယူသွားခဲ့သည်ကို ဘဏ်ငွေစာရင်း စစ်ချိန် ညနေ ၄ နာရီတွင် သိရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“Software Error ဆိုပေမယ့် အဓိက ဖြစ်ခဲ့ရတာက Connection ကြောင့်ပါ။ ဘဏ်ရဲ့ Software က Save ဖြစ်ကြောင်း အာမခံရဲတယ်။ ဘဏ်က အင်တာနက်နဲ့ ချိတ်ဆက် လုပ်နေရတာကြောင့် အင်တာနက်လိုင်း မကောင်းချိန် ဖြစ်ခဲ့တာ။ ဝန်ထမ်းတွေ ပြန် Check မလုပ်လို့ ဖြစ်ခဲ့တာကြောင့် ပေါ့လျော့မှု ထပ်မဖြစ်အောင် သွန်သင် ဆုံးမထားပါတယ်” ဟု ပန်းဆိုးတန်းလမ်းရှိ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ခိုင်က ရှင်းပြသည်။

အဆိုပါ ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူသွားသူ အမျိုးသမီးကို ဘဏ်တာဝန်ရှိသူများက ငွေများ ပြန်လည်ပေးသွင်းရန် ပြောဆိုခဲ့သောကြောင့် ယင်းအမျိုးသမီးက ၎င်းပိုထုတ်ယူခဲ့သည့် ငွေကျပ် သိန်း ၅၀ ကို ဘဏ်အား အရစ်ကျ ပြန်လည် ပေးသွင်းမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်ထိ ပြန်လည်ပေးသွင်းခြင်း မရှိကြောင်း၊ ယင်းကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် မေလ ၂၉ ရက်နေ့က ကျောက်တံတားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရှိရသည်။

အဆိုပါ ကျပ်သိန်း ၅၀ ပိုထုတ်ယူမှုကြောင့် အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီး၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့ရာ နေအိမ် သော့ပိတ်ထားသဖြင့် မေးမြန်းစုံစမ်းခွင့် မရရှိခဲ့ပေ။

ငွေကျပ် သိန်း ၅၀ ပိုထုတ်ယူခဲ့သူဟု တိုင်ကြားခံရသူ အမျိုးသမီးကို ကျောက်တံတားမြို့မ ရဲစခန်းက (ပ) ၂၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဧရာဝတီဘဏ်မှ ဘဏ်ခွဲများနှင့် မီနီဘဏ်များ အပါအဝင် စုစုပေါင်း ဘဏ် ၂၁ ခုဖြင့် ဘဏ်လုပ်ငန်း တာဝန်များ ဆောင်ရွက်လျက် ရှိရာ Software Error ကြောင့် ငွေစုစာအုပ်တွင် မှားယွင်းကာ ငွေစာရင်း ပိုသွင်းမိသည့် ဖြစ်ရပ်မှာ ယခု ပထမဆုံးအကြိမ် ဖြစ်ကြောင်း အဆိုပါဘဏ်မှ သိရှိရသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ