Related Posts Plugin for WordPress, Blogger...

Sunday, June 8, 2014

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဌာနဆိုင်ရာရုံးသို့ ဇွန် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)အဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်မဲ့အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။

လက်နက်မဲ့ အလင်းဝင်ရောက်လာသူမှာ မစံပယ်ဦး (ခ) စံပယ်အေး၊ (၂၁)နှစ် ၊(ဘ)ဦးလှဟန်၊ ပင်လုံကျေးရွာအုပ်စု၊ မိုးညှင်း မြို့နယ် နေသူဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိ တစ်ဦး က ပြောသည်။

မစံပယ်ဦးသည် မိုးညှင်းမြို့နယ်၊ နန့်စီအောင်ကျေးရွာ၏ အရှေ့ဘက်ရှိ နန့်ပမောင်း ရွှေမှော်၌ ရွှေကျင်လုပ်သား ထမင်း ချက်အဖြစ် လုပ်ကိုင်စဉ်၊ ၂၀၁၂ခုနှစ် အေပြီလထဲတွင် KIA အဖွဲ့မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူ တစ်ဦးက ဆိုသည်။

`` ကျွန်မနဲ့အတူ လူငါးယောက်ကို KIA အဖွဲ့က မှော်ထဲမှာလာဖမ်းသွားပါ တယ်၊ ဟိုရောက်တော့ ကျွန်မအပါအ၀င် လူ ၇၀ ကျော် စစ်သင်တန်း တက်ရပါတယ်၊ ၂ လလောက်တော့ကြာမယ်ထင်ပါတယ်၊ သင်တန်းဆင်းတော့ KIA အရာရှိကြီး တစ်ဦးရဲ့အိမ်မှာ ထမင်းချက်ရပါတယ်´´ ဟု နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် မစံပယ်ဦးက ပြောသည်။

ထမင်းချက်တာဝန်ထမ်းဆောင်နေစဉ် မစံပယ်ဦးမှ KIA အရာရှိကြီးအား အိမ်သို့ပြန်လိုကြောင်း မကြာခဏ တောင်းပန်ခဲ့ သဖြင့် ယခုကဲ့သို့ အလင်းဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

``ကျွန်မကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ထဲက ၂ မိုင်ကျေးရွာအထိ လိုက်ပို့ပေးပါတယ်၊ ၂ မိုင်ကျေးရွာ ကနေတစ်ဆင့် မိုးညှင်းကိုပြန်လာခဲ့တာပါ၊ ကျွန်မနဲ့အတူ အဖမ်းခံရတဲ့ လူတွေထဲမှာ လည်း သေတဲ့လူလည်း သေကုန်ပါပြီ၊ KIA တပ်ဖွဲ့ထဲမှာ ဆန္ဒမပါဘဲနဲ့ နေရတဲ့သူတွေ အများကြီးရှိပါတယ်၊ ကျွန်မလိုပဲ သူတို့လည်း ပြန်လွတ်လာပါစေလို့ ဆုတောင်းနေပါတယ်´´ ဟု ၄င်းက ဆက်လက်ပြောကြားသွားသည်။

အယ်လ်နော်ဆိုင်း 
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ