Related Posts Plugin for WordPress, Blogger...

တနင်္လာနေ့၊ ဇွန်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်

မြန်မာ့ ကျောက်စိမ်းတန်ချိန် ၂၂ တန် ကျော်ကို တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ Mobile Team အနေဖြင့် ဖမ်းဆီးရမိခဲ့ပြီး ငါးဆယ်ရာခိုင်းနှုန်းကို သတင်းပေးသူနှင့် ဖမ်းဆီးရေးအဖွဲ့ကို ပေးသွားမည်ဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

“ထိရောက်တဲ့ ဖမ်းဆီးမှုတွေအများ ကြီးလိုအပ်သေးတယ်” ဟု အဆိုပါ ညွှန် ကြားရေးမှူးက ဆက်ပြောသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ကျောက်စိမ်းသီးသန့် ၂၂ ဒသမ ၁၇ တန်ရှိပြီးခန့်မှန်း တန်ဖိုး ကျပ် ၃၂၉၅ ဒသမ ၅၀၆ ကျပ်တန်ဖိုးရှိသည်ဟု တရားမ၀င် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ကထုတ်ပြန် ထားသည်။ အဆိုပါ ဖမ်းဆီးရမိသည့် ကျောက်စိမ်းများ၏ သတ်မှတ်ထားသည် ကျပ်ငွေများကို ပြည်ထောင် စု ဘဏ္ဍာရန်ပုံငွေကို ၂၀ ရာခိုင်နှုန်း သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ် ဘဏ္ဍာရန်ပုံငွေအတွက် ၃၀ ရာခိုင် နှုန်းပေးဆောင်သွားမည်ဖြစ်သည်။ ကျန် ၅၀ ရာခိုင်နှုန်း အတွက်သတင်းပေးသူက ၁၅ ရာခိုင် နှုန်းရရှိ မှာ ဖြစ်ပြီး လိုက်လံဖမ်းဆီးနိုင်သည့် အဖွဲ့ကို ၃၅ ရာခိုင်နှုန်းကို ဆုကြေးများအဖြစ် ပေးသွားမည်ဖြစ်သည်။

“မိုဘိုင်းတီးမ်အဖွဲ့ကို မကြာခင်ပြန်စတော့မယ်။ ဒီတစ်ခေါက်က ခေတ်မီစက်တွေနဲ့ ဖမ်းဆီးနိုင်ဖို့ တရားဝင် ဘတ်ဂျက်ကျထားပြီးဖြစ်တယ်။ တရားမ၀င် ကုန်သွယ်မှုတွေ တိုးတက်လာဖို့အတွက် ရည်ရွယ်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ဇွန် ၂ ရက် တွင် ပြောသည်။

လက်ရှိအချိန်တွင် သတင်းပေးသူနှင့် ဖမ်းဆီးစစ်ဆေးရေးအဖွဲ့များကို ဆုကြေးအဖြစ် ငါးဆယ်ရာခိုင်နှုန်း ပေးဆောင်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဘိန်း၊ စိတ်ကြွဆေး ကဲ့သို့သော မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ဆုကြေးအဖြစ်ပေးနိုင်ရန် ညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။

မောင်သင်တုန်း
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ