Related Posts Plugin for WordPress, Blogger...



ဘင်္ဂလီတွေရဲ့ နာမည်တု ရိုဟင်ဂျာ ဆိုတာကို တိုင်းရင်းသားအဖြစ် လက်ခံဖို့ အမေရိကန်အမတ်တွေက တိုက်တွန်းသွားတယ်လို့ VOA မြန်မာပိုင်းက ကိုကျော်ကျော်သိန်းက သတင်းခေါင်းစီးတပ်ပြီး ရေးသားသွားပါတယ်။ သန်းခေါင်စာရင်းကြောင့် ဘင်္ဂလီကိစ္စဟာ ရေပူမှတ်ကို ရောက်နေပြီးသားပါ။ အခု VOA ဆောင်းပါးကြောင့် ပြဿနာဟာ ပိုမိုရှုပ်ထွေးတင်းမာနိုင်ပြီး မြန်မာအသိုင်းအ၀ိုင်းကြားမှာ ပွလောရိုက်ကုန်နိုင်ပါတယ်။ တကယ်တော့ ဗီအိုအေရဲ့ ရေးသားချက်ဟာ အထောက်အထားကင်းမဲ့နေပါသေးတယ်။ ဗီအိုအေက တိုင်းရင်းသားအဖြစ်တိုက်တွန်းတယ်လို့ ရေးသားသွားပေမယ့် အမေရိကန်အောက်လွှတ်တော်ရဲ့ ဘင်္ဂလီကိစ္စနဲ့ထုတ်ပြန်တဲ့ House Resolution 418 မူရင်းမှာ တိုင်းရင်းသားဆိုတာကို မရေးထားပါဘူး။ နိုင်ငံသားဖြစ်ဖို့ကိုပဲ ရေးထားပါတယ်။ House Resolution 418 ရဲ့အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်သားနိုင်တယ်။ (http://beta.congress.gov/113/bills/hres418/BILLS-113hres418ih.pdf) အဲဒီဆုံးဖြတ်ချက်ကို အခုဖြည့်စွက်ချက်ပြန်ထည့်ထားပါတယ်။ အဲဒီမှာ ပါမပါကို ထွက်လာမဲ့ Full text မှာမှ စောင့်ဖတ်ရအုံးမှာပါ။

တကယ်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တိုင်းရင်းသားဖြစ်ရေးမဖြစ်ရေးကို အဓိပ္ပာယ်ဖွင့်ပုံခြင်း မတူကြပါဘူး။ အင်္ဂလိပ်အသုံးအနှုန်းမှာ Ethnic ဆိုတဲ့ စကားလုံးနဲ့ indigenous ဆိုတဲ့ အသုံးအနှုန်းနှစ်ခုဟာ ကွဲပြားပါတယ်။ ဥပမာ- အမေရိကန်ပြည်ထောင်စုမှာ Ireland က ပြောင်းရွေ့နေထိုင်လာကြတဲ့ Irish လူမျိုးတွေ ရှိကြတယ်။ အဲဒါကို အင်္ဂလိပ်လို ရေးရင် There are so many ethnic Irish people in U.S. အမေရိကန်ပြည်ထောင်စုမှာ အိုင်ယာလန်မျိုးနွယ်စုဝင်တွေ ရှိကြတယ်လို့ပဲ ဆိုလိုတယ်။ အိုင်းရစ်တွေဟာ တိုင်းရင်းသားတွေ၊ တိုင်းဦးသားတွေလို့ မဆိုလိုပါဘူး။ Red Indians တွေပဲ အမေရိကန်ုရဲ့ တိုင်းဦးသားပါ။ သူတို့ကို နှင်ထုတ်ပြီး လူဖြူတွေက လာရောက်နေထိုင်အုပ်ချုပ်နေခဲ့ကြတာပါ။

House Resolution 418 မှာလည်း Indigenous ဆိုတဲ့ စကားလုံးတစ်လုံးမှာ မပါပါဘူး။ Ethnic ဆိုတဲ့ စကားလုံးကို တစ်ခါပဲ သုံးထားပါတယ်။ ဘယ်လိုသုံးထားလဲဆိုတော့..
“…over 800,000 Rohingya ethnic minority live in Burma, mostly in the western Rakhine state;”.
လူနည်းစုရိုဟင်ဂျာမျိုးနွယ်ဝင် ၈ သိန်းကျော်ဟာ မြန်မာနိုင်ငံတွင် နေထိုင်ကြသည်။ အထူးသဖြင့် အနောက်ဘက် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည်။

ဒါကြောင့် အထက်ပါ ဗီအိုအေ ဆောင်းပါးဟာ ဘင်္ဂလီကိစ္စကဲ့သို့ ထိလွယ်ရှလွယ်တဲ့ ကိစ္စကို ရေးသားရာမှာ ဘာအထောက်အထားကို အခြေခံပြီး ဒီလိုရေးသားရလဲ ဆိုတာ စဉ်းစားစရာပါ။ သတင်းရေးသူရဲ့ အမှားပဲလား၊ ဘာသာပြန်မှုရဲ့ ညံ့ဖျင်းမှုကြောင့်လား၊ ဒါမှမဟုတ် တခြားနောက်ကွယ်က အကြောင်းအရာတွေ ရှိနေလား ဆိုတာကတော့ စောင့်ကြည့်ကြရပါလိမ့်မယ်။
 
 
Kyaw Htoo Aung

http://myanmar.wontharnu.com
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ