Related Posts Plugin for WordPress, Blogger...

ရန်ကုန် ဇွန် ၈

မြန်မာနိုင်ငံ၌ မိခင်သေဆုံးမှုများ တွင်ကိုယ်ဝန်ဖျက်ချပြီး သေဆုံးသူ များပြားနေကြောင်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးလွင်ကပြောသည်။

ကိုယ်ဝန်ဖျက်ချရာတွင် တတ် ကျွမ်းနားလည်သည့် ဆရာဝန်များ နှင့်စနစ်တကျသန့်ရှင်းစွာ လုပ်ကိုင် ကြခြင်းမဟုတ်သောကြောင့် အရပ် လက်သည်များနှင့် ဖျက်ချခြင်းဖြစ် ပြီး သန့်ရှင်းမှုမရှိ၍ အန္တရာယ်များ ရှိနိုင်ကြောင်း လူထုကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဒေါက်တာစစ်နိုင် က ပြောသည်။

''မြန်မာနိုင်ငံမှာ ကိုယ်ဝန် တရားဝင် ဖျက်ချခွင့်မရှိသေးဘူး။ အဲဒါကြောင့် ဆရာဝန်တွေက အဲဒီ အလုပ်ကိုမလုပ်ဘူး။ လုပ်ရင်ထောင် ကျတယ်။ အဲဒီတော့ ဘာမှထိခိုက် မှုမရှိတဲ့သူ(အရပ်လက်သည်)တွေ ကပဲ လုပ်နေကြတာ''ဟု ၄င်းက ပြောသည်။

ကလေးယူလိုက်ပါက စီးပွား ရေးအကျပ်အတည်းများနှင့်ရင်ဆိုင် ရခြင်း၊ အခြားအကြောင်း အမျိုးမျိုး သော ဒုက္ခများကို ရင်ဆိုင်ရမည် စိုး၍ မိမိတို့၏ကိုယ်ဝန်ကို ပိုက်ဆံ များစွာပေး၍ ကလေးငယ်အား ဖျက်ချကြကြောင်း ဒေါက်တာ စိုးလွင်က ပြောသည်။

''ကိုယ့်ကလေးကို မချစ်တဲ့ မိဘဆိုတာမရှိဘူး။ အကြောင်း အမျိုးမျိုးတွေကြောင့် ဖျက်ချကြ တာ''ဟု ၄င်းကပြောသည်။

ကလေးဖျက်ချရာတွင် သန့် ရှင်းမှုမရှိသော သံချောင်းများဖြင့် သားအိမ်ကို ထိုးလိုက်ခြင်းကြောင့် သွေးကြောများပေါက်သွားသည့် အပြင် ပိုးမွှားများဝင်ရောက်ခြင်း ကြောင့် ထိခိုက်ဒဏ်ရာများရကာ ဘဝတစ်လျှောက်လုံး မီးယပ်သေ၊ မီးယပ်ခြောက်နှင့်နေသွားရသည်။ ထို့အပြင် မျိုးပွားအင်္ဂါသားအိမ်၊ သားဥပြွန်များတွင်ပိုးမွှားများ တိုက် ခိုက်ဖျက်ဆီးကာ ပိတ်ဆို့ထားခြင်း ကြောင့် ကလေးပြန်လည် မရ နိုင်တော့ဘဲ အမြုံဖြစ်သွားတတ် ကြောင်းဒေါက်တာစိုးလွင်က ပြော သည်။

''ကလေးဖျက်ချရင် သံချောင်း ကြီးနဲ့ထိုးတယ်။ လက်ကြမ်းကြီး တွေနဲ့ ဗိုက်ကိုဖိချတယ်။ အဲဒီလို တွေလုပ်ထားတော့ကလေးတကယ် လိုချင်တဲ့အခါ ကလေးမရနိုင်တော့ ဘူး''ဟု ၄င်းက ပြောသည်။
ကလေးမယူချင်ပါက သား ဆက်ခြားနည်းလမ်းများကို အသုံး ပြု၍ တားဆီးနိုင်ခြင်းကြောင့် သား ဆက်ခြားနည်းများကို လူတိုင်းနား လည်ထားသင့်ကြောင်း ဒေါက်တာ စိုးလွင်က ပြောသည်။

လဲ့နန္ဒာကျော်
The Union Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ