
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာအရပ်သို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးထွန်းနှင့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုသည် ကြက်ဥကြော်စာခဲ့ရာမှ အိမ်ထရံသို့ မီးကူးဆက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးမှူး၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် သက္ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ် ၁၁လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်၉လုံး၊ နွာစာတိုက် ၉လုံး၊ ထရံကာ၊ ပျဉ်ခင်း နွားစာတိုက် ၃လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ရသည်။
မီးလောင်ဆုံးရှုံးမှု တန်ဖိုးကို မီးသတ်ဦးစီးဌာနက ငွေကျပ် ၂၇သိန်း ၉သောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ကြက်ဥကြော်စားရာမှ ဘေးပတ်ဝန်းကျင်သို့ မီးကူးဆက် လောင်ကျွမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်အတွက် ကြက်ဥကြော်စားသူအား ထီးချိုင့်မြို့မရဲစခန်းက (ပ)၂ဝ၄/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရအမှု ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။
ကိုတိုးကြီး
Mizzima - News in Burmese
0 comments