From :
..dvb
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း လာရောက်
လည်ပတ်မယ့် နိုင်ငံခြားသား တွေကို ၁၅ ရက်နေထိုင်နိုင်မယ့်
ဆိုက်ရောက်ဗီဇာ ထုတ်ပေးမယ့်အပြင် ဗီဇာကြေးလည်း ဒေါ်လာ ၂၀
လောက်ပဲ ကျသင့်မယ်လို့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူဦးက
ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ဗီဇာကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လျှောက်ထားရယူနိုင်မယ်လို့
သူက ပြောပါတယ်။
အလားတူ ဆီးဂိမ်းမတိုင်မီက မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ
၁၅ ရက်စာ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပေးရေး
ဆွေးနွေးဖို့ ရှိနေပြီး သဘောတူညီချက်ရခဲ့ရင်
ထိုင်းနိုင်ငံသားတွေကတော့ ဗီဇာကြေး မပေးရဘဲ
မြန်မာနိုင်ငံကို လာရောက်နိုင်ကြမယ် ဖြစ်ပါတယ်။
..
www.MyanmarExpress.net
0 comments