Related Posts Plugin for WordPress, Blogger...


ရန်ကုန်၊ မေ ၂၉- မေ၂၈ရက်က နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် RSO တို့နှစ်ဘက်ပစ်ခတ်မှုကြောင့် ကျဆုံး သွားသည့် RSO အဖွဲ့ဝင်တစ်ဦးမှ လက်နက်နှင့်ကျည်ဆန်များကို ဘင်္ဂ လားဒေရှ့်အစိုးရတာဝန်ရှိသူများထံ ပြသပြီး ဘင်္ဂလားဒေ့ရှ်ရှိ သောင်း ကျန်းသူများကို အမြန်ဆုံးချေမှုန်းပေး ရန်အတွက် တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူဝန်ကြီး တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

အဆိုပါဝန်ကြီးက ''သေဆုံး သောင်းကျန်းသူကျန်ခဲ့တဲ့လက်နက် တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန် ရှိသူတွေဆီကိုပြသပြီး သူတို့နိုင်ငံမှာ သောင်းကျန်းသူရှိကြောင်း ပြသမယ်။ ပြီးရင် နှိမ်နင်းဖို့ တောင်းဆိုမယ်။ ဟိုး တလောက ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့ဘက်မှာ သောင်းကျန်းသူမရှိ ဘူးဆိုတာ ငြင်းထားတယ်လေ။ ဒီ သေနတ်နဲ့ ကျည်ဆန်တွေကို သက် သေအဖြစ် ထုတ်ပြမှာပါ''ဟု ပြော သည်။

ထို့အပြင် RSO အဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခြင်းနှင့်ပတ်သက်၍ အမြန် ဆုံးဖြေရှင်းချက်ပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာ အစိုးရ ထံတောင်းဆို ထားပြီး ပစ်ခတ်မှုများနှင့်ပတ်သက် ၍ အရေးပေါ်အစည်းအဝေးများနှစ် နိုင်ငံ ဆောင်ရွက်သွားရန် အစီအစဉ် များ ရှိကြောင်းလည်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံတော်လုံခြုံရေး ဌာန)မှ ဒုရဲမှူးကြီး မင်းအောင်က ထုတ်ဖော်ပြောကြားသည်။

ဒုရဲမှူးကြီးမင်းအောင်က ''သူ တို့ဘက်က လက်နက်ကိုင်တစ်ဦးကျ ဆုံးသွားတာနဲ့ပတ်သက်ပြီး ဖြေရှင်းချက် ပေးရလိမ့်မယ်။ ဒါတွေနဲ့ ပတ်သက် ပြီး နယ်ခြားစောင့် ဗဟိုကော်မတီက ဦးဆောင်ပြီး ဆောင်ရွက်ပါလိမ့်မယ်။ နှစ်ဘက်ဆွေးနွေးမှုတွေလဲ လုပ်သွား ဖို့ရှိတယ်''ဟု ပြောသည်။
မေ ၂၈ရက် နံနက်တွင် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် RSO တို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင် ၅၁နှင့် ၅၂ကြားတွင် နှစ်ဖက်ပစ်ခတ်မှု များဖြစ်ပွားရာ RSO ဘက်မှ အဝါ ရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသူတစ်ယောက် သေဆုံးကာ ၎င်း ကိုင်ဆောင်ထားသော M-22 သေ နတ်တစ်လက်၊ ကျည်ကတ်လေးခုနှင့် ရဒသမ၆၂*၃၉ ခဲယမ်းကျည် ၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်စပ်မိုင် တိုင် ၅၁နှင့် ၅၂ကြားရှေ့တန်းလုံခြုံ ရေးတာဝန်ယူထားသော ခမ၇၃၅၂ စစ်ကြောင်း(၁)မှာ ဗိုလ်ဇော်မိုး အောင် ဦးစီးသောတပ်စိတ်မှာကင်း ပုန်းဝပ်နေစဉ် ဘင်္ဂလားဒေ့ရှ်ဘက် မှ လက်နက်ကိုင်သောင်းကျန်းသူ ငါးဦးခန့်က မောင်တောနယ်စပ်ဘက် သို့ ကိုက် ၈၀ ကျော်သည်အထိ ဖြတ်ကျော်ဝင်ရောက်လာ သည်ကို စောင့်ဆိုင်း စဉ် သောင်းကျန်းသူ လက်နက်ကိုင်များမှ စတင်ပစ်ခတ် သည့်အတွက် နှစ်ဖက်ပစ်ခတ်မှု စတင်ခဲ့ခြင်းဖြစ်သည်ဟု မောင်တော နယ်စပ်မှ လာသောသတင်းများအရ သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးဒေါက်တာ အောင် ကျော်မင်းကလည်း ''လုံခြုံရေးကို တော့ စနစ်တကျလုပ်နေပေ မယ့် ပစ် ခတ်မှုတွေ ခဏခဏဖြစ်နေတော့ မောင်တောမှာနေတဲ့သူတွေအတွက် လုံခြုံမှုအားနည်းတာပေါ့။ ရခိုင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လဲ ဒီကိစ္စ ကို ဆောင်ရွက်ဖို့အတွက် တိုင်ပင် ဆွေးနွေးနေပါတယ်''ဟု ပြောသည်။
လွန်ခဲ့သည့် မေ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ်မှ RSO လက်နက် ကိုင်အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များကို သေနတ်ဖြင့်ပစ်သဖြင့် လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

KMZ

[--Democracy today Daily Newspaper--]

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ