Related Posts Plugin for WordPress, Blogger...

အဆိုတော်ထူးအယ်လင်းနှင့် ချစ်ကြိုက်နေသည်မှာ ဟုတ်ပြီး လက်ထပ်မည့်အချိန်သည်အချိန်
က စကား ပြောပါလိမ့်မယ်ဟု မဇ္ဈိမ၏မေးမြန်း ချက်ကို မေ ၆ ရက်ထုတ် အတွဲ၃ ၊ အမှတ် ၄၂ ၊ စာ ၂၂ တွင်ဖြေကြားခဲ့သည့် မော်ဒယ်လ် အဆိုတော် Calroline သည်မေ ၂၄ ရက် ည ၈ နာရီက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာထက်တွင် ထူးအယ်လင်းနှင့် မည်သို့ မျှ ပတ်သက်မှု မရှိတော့ကြောင်း ဖော်ပြလာသည့်အတွက် မဇ္ဈိမမှ ၎င်းကိုထပ်မံ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်။

Calroline ရဲ့ ဖေ့ဘွတ်ပေါ်ကကြေညာချက်နဲ့ ပတ်သက်ပြီးရှင်းပြပါဦး။

အဲဒါကအမှန်ပဲ၊ မိဘကို စိတ်ဆင်းရဲအောင် မလုပ်ချင်လို့လေ။ ညီမရဲ့အမေက ညီမကို မျက်ရည်ကျပြီး ပြောတယ်။ မိဘမျက်ရည်ကျအောင်မလုပ်ချင်လို့ပါ။ ဆရာ၊ တပည့်လို့ပဲ အိမ်ကသိကြတာလေ။ ခုလိုမျိုး သတင်းတွေကြားတော့ အိမ်ကလည်းဆူတယ်။

Calroline ကရော  ဆရာတပည့်ပုံစံနဲ့နေသွားတော့မှာလား။

ဘဝနှစ်ခုပေါင်းရင် ကိုယ်ပဲနစ်နာမှာလေ။ လုံးဝလဲဖြစ်နိုင်စရာ အကြောင်းလဲမရှိတော့ဘူး၊ အဲဒါကြောင့် ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကြေညာလိုက်တာပါ။ အနုပညာကိုပဲ အာရုံစိုက်ပြီးကြိုးစားသွားမှာပါ။မိဘမျက်ရည်ကျပြီးမှ လျှောက်ရမယ့်လမ်းကို ဆက်မလျှောက်ချင်တော့လို့ပါ။

Calroline ကကောလာဟလဒဏ်ကို ခံနိုင်ရည်မရှိတော့တာလား။

အဲဒီလိုမဟုတ်ပါဘူး။ မိဘစိတ်ဆင်းရဲမှာကို မလုပ်ချင်တာပါ။ ပြီးတော့ လူတွေ ထောင်သောင်းမက ကောမန့်တွေ ဝိုင်းရေးကြတယ်။ ကိုယ့်ပြည်နယ်က လူတွေပါ ကောမန့်ဝင်ရေးတော့ စိတ်မကောင်းဘူး။

Calrolineက အချစ်ကို တကယ်ပြတ်နိုင်ပြီလား။

အချစ်ဆိုတာ အမြဲပေါက်ဖွားနေတတ်တဲ့အရာပဲ။ ထပ်ပြီးတော့ပေါက်ဖွားလာဦးမှာပေါ့။ အခုတော့ ဆင်ခြင်လိုက်တဲ့ သဘောပါပဲ။

Calroline ကမိဘကိုပဲ စိတ်ချမ်းသာအောင် ထားတော့မယ်ပေါ့။

 ဟုတ်ပါတယ်။ မိဘစိတ်ချမ်းသာမှ အရာအားလုံးလုပ်ရကိုင်ရတာ အဆင်ပြေမှာပါ။ မိဘစိတ်ဆင်းရဲနေ ရင် ဘယ်အရာမှ အဆင်ပြေပြေဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလေ။ မိဘကို စိတ်ချမ်းသာအောင် ထားချင်တယ်။

Calroline ရဲ့ရှေ့ဆက်မယ့်အနုပညာကိုပြောပါဦး။

 ခုလောလောဆယ်တော့ မေမေနဲ့အတူ ကယားပြည်နယ်ကို ခဏပြန်ဦးမယ်။ ပြန်လာရင်တော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်သွားမှာပါ။

Mizzima - News in Burmese

Posted by Unknown on 5/31/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ