Related Posts Plugin for WordPress, Blogger...

နေရာဒေသတစ်ခုတွင် ရာဇ၀တ်မှု မကြာခဏ ဖြစ်ပွားနေခြင်း သည် ယင်းဒေသ၏ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေခြင်းကို ဖော်ပြ နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရာဇ၀တ်မှုများ လျော့ကျသွားစေလို လျှင် ရာဇ၀တ်ကောင်များ မှတ် လောက်သားလောက်ဖြစ်စေမည့် တင်းကျပ်ပြင်းထန်သော ပြစ်ဒဏ် များ မဖြစ်မနေ ပြဋ္ဌားန်ချမှတ် ရ မည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးအတွက် အထိုက်တန်ဆုံး ပြစ်ဒဏ်ချမှတ်ရန် ကမ်္ဘာအရပ်ရပ်၌ လူထုဆန်္ဒခံယူပွဲ ကျင်းပခြင်းမျိုး မရှိသေးသော်လည်း ဘရာဇီးလ်နိုင် ငံ၊ ဆော်ပေါ်လိုမြို့၊ ဆာဗာရင်းနီး ယားကျေးရွာတွင်မူ ကျေးရွာဥပဒေ ထိန်းသိမ်းရေးအဖွဲ့က သံသယရှိ မုဒိမ်းကောင်အား နှောင်းလူများ မုဒိမ်းမှုရှောင်ရှားစေရန် ရည်ရွယ် ချက်ဖြင့် ပြင်းပြင်းထန်ထန် အပြစ် ပေးခဲ့သည်။

ကျေးရွာမှ မြေးအရွယ် မျှရှိသည် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းကျင့် ခဲ့ကြောင်းသံသယရှိသဖြင့်သက်ကြား အို ဖရန်ဆစ်္စကိုဒီဆူဇာဒီ ကက်စ် ထရို ၆၆နှစ်၏ငယ်ပါကို ပိုင်းဖြတ် လိုက်ကြခြင်းဖြစ်ပြီး ထိုပြစ်ဒဏ် ကြောင့်ဆာဗင်းရင်းနီးယားကျေးရွာ တွင်နောက်နောင်မုဒိမ်းမှုပပျောက် သွားတော့ဖွယ်ရှိကြောင်း ဒေသခံ များကသုံးသပ်နေကြသည်။ ငယ် ပါအဖြတ်ခံခဲ့ရရုံမက လက်ချောင်း ၃ ချောင်းလည်း ပိုင်းဖြတ်ခံခဲ့ရ သေးသည်။ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိသွားသည့် ကက်စ်ထရိုကို အနီးအနား ဘာရက်စ်တိုးစ်မြို့Santa Casade Misericordia ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့ကြ ရာ ငယ်ပါအား ပြန်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း မအောင် မြင်ခဲ့ချေ။ ထို့ပြင် လက်ချောင်း များကိုလည်း ပြန်ဆက်ပေးနိုင်ခြင်း မရှိခဲ့သဖြင့် အသက်ကြီးမှ ရာဂ စိတ်ထကြွသောင်းကျန်းခဲ့သော ကက်စ်ထရိုအတွက်လူညွန့်တုံးကိန်း ဆိုက်စေခဲ့သည်။

ကက်စ်ထရိုသည် ကျေးရွာရှိ ၎င်းင်းအလုပ်လုပ်နေသည့် မွေးမြူရေးခြံတွင် အရွယ်မရောက် သေးသူ မိန်းကလေးတစ်ဦးကို မေ လ ၇ ရက်နေ့က သားမယားပြု ကျင့်ခဲ့ကြောင်း၊ ထိုနေ့ည နေအိမ် သို့ပြန်လာသည့် သမီးငယ်၏ ခန်္ဓာ ကိုယ်တွင်း မသင်္ကာစရာလက်္ခဏာ များ တွေ့ရှိခဲ့ပြီးနောက် မိခင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ ကက်စ်ထရို၏ငယ်ပါကို မည်သူ တို့ ဖြတ်ခဲ့ကြကြောင်း မသိရသေး ချေ။ထိုသို့တိုက်ခိုက်ခံရစဉ် ကက်စ် ထရိုမှာ သတိရှိနေခဲ့သည်ဟု ရဲချုပ် မာဆယ်လိုပူပိုကပြောကြားခဲ့သည်။ မုဒိမ်းကျင့်ခံခဲ့ရသူ မိန်းကလေး၏ ဆေးစစ်မှုရလဒ်များကို မထုတ်ပြန် သေးသော်လည်း မုဒိမ်းကျင့်ခံခဲ့ရ ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကယုံကြည် နေသည်။

၂၉-၅-၂၀၁၄ နေ့ထုတ် First Weekly News Journal မှ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ