လာမည့် သန်းခေါင်စာရင်းကို ဘာကြောင့် ဆန္ဒပြသင့်သလဲ။ ဘာကြောင့်
ကန့်ကွက်သင့်သလဲဟု မေးခွန်းသည် ယနေ့အချိန်အခါတွင် အသံပိုမိုကျယ်လောင်လာသည်။
အထူးသဖြင့် ရခိုင်ဒေသခံများကြားတွင် ပိုမိုစိုးရိမ်စိတ်များလာကြသည်။
စာရေးသူသည်လည်း ရခိုင် တစ်ဦးမို့ မိမိလူမျိုးရေး ပျောက်ကွယ်သွားမည်ကို
စိုးရိမ်မိသည်။ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်က
တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်သာကောက်ခံခဲ့ပြီး ယခု
နှစ်ပေါင်း ၃၀ အလွန်တွင် ကောက်ခံမည့် သန်းခေါင်စာရင်းမှာ
တတိယအကြိမ်မြောက်ဖြစ်သည်။ နိုင်ငံတကာတွင် သန်းခေါင်စာရင်းကောက်ယူမှုကို ၁၀
နှစ်တွင် တစ်ကြိမ်ကျစီ ယေဘုယျအားဖြင့် ကောက်ယူတတ်ကြသည်။
တတိယအကြိမ်အဖြစ် ယခုလာမည့် ၂၀၁၄ ခုနှစ် မတ်လ (၃၀)ရက်နေ့မှ
ဧပြီ(၁၀)ရက်နေ့ထိ ကောက်ယူမည့် သန်းခေါင်စာရင်းသည် လက်ရှိ
သတိပြုစရာများစွာရှိသည်။ သန်းခေါင်စာရင်းကောက်ယူမှု နီးကပ်လာသည်နှင့်အမျှ
ဝေဖန်သံတို့သည် အမျိုးမျိုးထွက်ပေါ်လာသည်။ အထူးသဖြင့်
ကုဒ်နံပါတ်အသုံးပြုမည့် စနစ်သည် သတိမထားမိလျှင် အလွန်အန္တရာယ်ဖြစ်မည်ကို
လေ့လာတွေ့ရှိရသည်။ ပထမဦးဆုံး ကောက်ခံမည် နမူနာမေးခွန်းများ၊
ကုဒ်နံပါတ်များ၊ ရည်ညွှန်ချိန်များကို အတိုင်းအတာ တစ်ခုလောက်ထိ
ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုအထဲမှ တစ်ချို့ကို ကောက်နုတ်ပြပါမည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် မေးခွန်း (၄၁)ခုကို
မေးမြန်းသွားမည်ဖြစ်သည်။ အစိုးရမှ မေးခွန်း (၄၁)ခုကိုလည်း
ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။ ထိုမေးခွန်း (၄၁) တစ်ခုအနက် မေးခွန်းနံပါတ်
(၇)တွင် လူမျိုးဆိုသည့် မေးခွန်းကို ဖြေဆိုရာတွင် ကုဒ်နံပါတ် စနစ်ကို
ကျင့်သုံးသွားမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် မတ်လထဲက သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး လ၀က ၀န်ကြီး
ဦးခင်ရီက "လာမည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးနေရာတွင်
ကုဒ်စနစ်ကိုသာအသုံးပြုသွားမည်ဖြစ်ကြောင်း။ ကုဒ်စနစ်သည် ကောက်ယူထားသော
သန်းခေါင်စာရင်းကို ကွန်ပျူတာသို့ Scan ပြန်ဖတ်သောအခါ လွယ်ကူးစေရန်
ကျင့်သုံးသည့် စနစ်ဖြစ်ကြောင်း " ပြောကြားခဲ့သည်။
ယင်းနဲ့ ဆက်စပ်ပြီး Number Code များ သတ်မှတ်ရာတွင်
လက်ရှိထုတ်ပြန် ကြေညာထားသည့် လူမျိုးစုကြီး(၈)မျိုးဖြစ်သည့် ကချင်၊ ကယား၊
ကရင်၊ ချင်း ၊ ဗမာ ၊ မွန်၊ ရခိုင်၊ ရှမ်း လူမျိုးစု(၁၃၅)မျိုးနှင့်
စပ်လျဉ်း၍
ကချင်စု အတွက် (101 မှ 833)
ကယားစုအတွက် (201 မှ 209)
ကရင်စုအတွက် (301 မှ 311)
ချင်းစုအတွက် (401 မှ 453)
ဗမာစု အတွက် (501 မှ 509)
မွန်စု(601)
ရခိုင်စု(701 မှ 707)
ရှမ်းစု (801 မှ 833) ဖြစ်ပါသည်။
မှတ်ချက်။ ။ ၎င်းအုပ်စုဝင်လူမျိုးများကို Code Number သာရေးသွင်းပြီး လူမျိုးအမည်ဖြည့်ရန်မလိုပါ။ (တိုင်းသားလူမျိုးအမည် တစ်ခုစီအတွက်ဖြစ်ပါသည်။)
ကချင်စု အတွက် (101 မှ 833)
ကယားစုအတွက် (201 မှ 209)
ကရင်စုအတွက် (301 မှ 311)
ချင်းစုအတွက် (401 မှ 453)
ဗမာစု အတွက် (501 မှ 509)
မွန်စု(601)
ရခိုင်စု(701 မှ 707)
ရှမ်းစု (801 မှ 833) ဖြစ်ပါသည်။
မှတ်ချက်။ ။ ၎င်းအုပ်စုဝင်လူမျိုးများကို Code Number သာရေးသွင်းပြီး လူမျိုးအမည်ဖြည့်ရန်မလိုပါ။ (တိုင်းသားလူမျိုးအမည် တစ်ခုစီအတွက်ဖြစ်ပါသည်။)
နောက်ဆက်တွဲ နံပါတ်များတွင် ဧည့်နိုင်ငံသား၊ သွေးနှောများအတွက်
တခြားကုဒ်နံပါတ်များကို သတ်မှတ်ပေးထားသည်။ သို့ရာတွင် ကုဒ်နံပါတ် 914
အခြားဆိုသည့် နေရာ၏ စာရင်းထဲတွင် ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်ဟု
ခန်းမှန်းမှုများလည်း ရှိနေကြသည်။
ရခိုင်ကို ကိုယ်စားပြုအဖြစ် (701)ဂဏန်းကုဒ်ကို သုံးသွားမည် ဖြစ်ပြီး
တခြား မြို၊ သက်၊ ခမီ၊ ဒိုင်နက်၊ မရမာနှင့် ကမန်များကို (701) နောက်ဆက်တွဲ
ကုဒ်အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဥပမာ- ကမန်ကို ရခိုင်ကုဒ် (701)၏
နောက်ဆက်တွဲကဏန်းဖြစ်သည့် (702)ကို ပေးလိုက်လျှင် (702) ဖြစ်သွားလိမ်မည်။
တခြား ခမီ(703)၊ သက် (707) နှင့် ရခိုင်တိုင်းရင်းသား (၇)မျိုးကို
အစဉ်အတိုင်း ထည့်ပေးသွားမည် ဖြစ်သည်။
(အောက်ဓာတ်ပုံရှု)
ကုဒ်နံပါတ် 900 စတင်ပြီး ၁၃၅ မျိုး၏ အပြင်ဘက်ကို သက်ရောက်စေသည်ကို
တွေ့ရသည်။ ကုဒ်နံပါတ် 901 ထိုင်း၊ 902 မလေးရှား၊ 903 နီပေါ၊ 904 စသဖြင့်
နိုင်ငံခြားသားများကို သတ်မှတ်ထားသည်။ ထို့အပြင် ကုဒ်နံပါတ် 914 ဆိုသည့်
ကဏန်းတစ်လုံးမည် အခြားဆိုပြီး ဖော်ပြထားသည်။ မည်သည့်ကို ရည်ရွယ်မှန်း
ပွင့်လင်းမှုမရှိသည်ကို တွေ့ရှိရသည်။ အဓိပ္ပါယ်အားဖြင့် အမျိုးမျိုး
သက်ရောက်နေသည်။ ၂၀၁၄ ခုနှစ် ဖေဖ၀ါရီလ ၁၂ ရက်နေ့က လ၀က ၀န်ကြီး ဦးခင်ရီက
"သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာကိုလည်း အခြားဆိုသည့် စာရင်းတွင်
ထည့်ကောက်ယူသွားမည် ဖြစ်ကြောင်း" ပြောကြားခဲ့သည်။ ဤသို့ဆိုလျှင် ယခုလာမည့်
သန်းခေါင်စာရင်းသည် သမိုင်းတွင် အမဲစက်တွင်မည့် စာရင်းဖြစ်သွားနိုင်သည်။

အောက်ပါစာရင်းအရ အခြားဆိုသည့်နေရာတွင် "ရိုဟင်ဂျာ"လို့ ဖြေဆိုခဲ့ရင်
ဘယ်လို လုပ်မလဲ ဆိုသည့် မေးခွန်းသည် ရခိုင်လူထုကြားတွင် ပွတ်လောရိုက်လာသည့်
အသံဖြစ်နေသည်။ အစိုးရ၏ တရားဝင် ထုတ်ပြန်ထားသော လက်ကမ်း စာစောင်အရဆိုလျှင်
ထည့်သွင်းသွားမည့် သဘောကို သက်ရောက်စေသည်။ နောင်တစ်ချိန် မှတ်ပုံတင်ကို
နိုင်ငံတကာ အဆင့်မှီ ဘားကုဒ်စနစ်နဲ့ ပေးလာခဲ့လျှင် 914 သည်
ရိုဟင်ဂျာဖြစ်နေလျှင် ယခုသန်းခေါင်စာရင်းအရ မည်သို့မျှ
ခြေဖျက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်
နေရင်းထိုင်ရင်းသမိုင်းတရားခံဖြစ်သွားနိုင်သည်။

ယခု ထောက်ပြမှု အခြေအနေအရ ရိုဟင်ဂျာဆိုသည့် စကားလုံးကို အစိုးရမှ
တရားဝင် အသိအမှတ်ပြုသည့် သဘောမဟုတ် သွယ်ဝိုက်၍ လက်ခံလိုက်သည့် သဘောကို
သက်ရောက်စေသည်။ ထို့အပြင် သမိုင်းထဲတွင် ဦးနု၏ နိုင်ငံရေးအရ မှားခဲ့သော
အမှားတစ်ခုကို လက်ကိုင်ထားပြီး တိုင်းရင်းသားဇာတ် ဖြစ်အောင် သွင်းသည့်
ရိုဟင်ဂျာဆိုသူများအတွက် နောက်ထပ် အထောက်အထားတစ်ခုအပြင် နောင်တစ်ချိန်တွင်
လူမျိုးဖြစ်သွားနိုင်သည့် အခွင့်အရေးတစ်ခုကို
ဖန်တီးပေးသလိုမျိုးဖြစ်သွားသည်။ ထို့ကြောင့် ရိုဟင်ဂျာအစား ဘင်္ဂလီကုလားဟုသာ
ပြောင်းလဲ ထည့်သွင်းသင့်ပေသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ(၁၁) ရက်နေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ UNHCR
မဟာမင်းကြီး Mr. Guterres နဲ့အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က
လက်ခံတွေ့ဆုံခဲ့ရာမှာ လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး
အလေးအနက်ထား စဉ်းစားနေကြောင်း၊ မိမိတိုင်းရင်းသားများကို တာဝန်ယူမှာ
ဖြစ်ပေမဲ့ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ (ဘင်္ဂလီတွေ)ကို လက်ခံဖို့
မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းတဲ့ နည်းလမ်းအနေနဲ့ ခိုးဝင်လာတဲ့
ရိုဟင်ဂျာတွေ (ဘင်္ဂလီတွေ)ကို UNHCR ကို အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ်
ထားရှိဖို့၊ UNHCRက ကျွေးမွေး စောင့်ရှောက်ပေးဖို့ ဖြစ်ကြောင်း၊
တတိယနိုင်ငံက လက်ခံမယ်ဆိုရင်လည်း ပို့ပေးမှာ ဖြစ်ကြောင်း သမ္မတ
ဦးသိန်းစိန်က UNHCR မဟာမင်းကြီးကို ပြောဆိုခဲ့တယ်လို့ သမ္မတရုံး အင်တာနက်
စာမျက်နှာမှာ ဖော်ပြထားပါသည်။ (11.Jul.2012 - သမ္မတ ၀က်ဆိုက်ရှု) ထိုစကားသည်
နိုင်ငံတော်၏ အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ဦးမှ ကမ္ဘာနိုင်ငံများပေါ်ထိအောင်
တရားဝင် ပြောကြားခဲ့သည့် စကားတစ်ခွန်း ဖြစ်သည်။
ထိုနည်းတူစွာ လ၀က၀န်ကြီး ဦးခင်ရီနှင့် ဒုဝန်ကြီး ဦးကိုကိုတို့မှလည်း
"ရိုဟင်ဂျာ"မရှိကြောင်းတို့ကို ထပ်ခါ တစ်လဲလဲ ရှင်းပြထားခဲ့ကြသည်။
သို့သော်လည်း ယခုကောက်ယူမည့် သန်းခေါင်စာရင်းအတွက် "ရိုဟင်ဂျာ"ကို
စာရင်းထဲတွင် ထည့်ကောက်သွားမည် နိုင်ငံသားဖြစ်မှု၊
တိုင်းရင်းသားဖြစ်မှုတို့နှင့် မဆိုင်ဟု တွင်တွင်ကျယ်ကျယ် ပြောဆိုနေသော်လည်း
စာရင်းထဲတွင် ထည့်ကောက်သွားခြင်းသည်ပင်လျှင် နောင်အချိန်အတွက်
ကျနော်တို့စိုးရိမ်ပူပင်မိခြင်းဖြစ်သည်။ ယခုကတည်းက "ရိုဟင်ဂျာ"ဆိုသည့်
စကားလုံးအစား "ဘင်္ဂလီကုလား"ဟု တစ်ခါတည်း ကောက်ယူသွားသင့်ပေသည်။ ယခုလက်ရှိ
မြန်မာနိုင်ငံထဲကို ရောက်နှင့်နေပြီးဖြစ်သော ဘင်္ဂလီများနှင့်
ဟိုဖက်နိုင်ငံမှ ဘင်္ဂလီများ ဆွေမျိုးပေါက်ဖော်တွေကြား စကား၊ ဘာသာ၊ စာပေ
အတူတူဖြစ်ပေသည်။
UNHCR , The UN Refugee Agency အင်တာနက် ၀က်ဆိုက်၏ Myanmar
ခေါင်းစဉ်အောက်တွင် ရခိုင်ပြည်နယ်ရှိ အဖြူကဒ်ကိုင်ဆောင်ထားသူ
(၈)သိန်းရှိသည်ဟု ခန့်မှန်းဖော်ပြထားသည်။ ထူးခြားချက်အဖြစ် ၂၀၁၀ ခုနှစ်
ရွေးကောက်ပွဲတွင် မေးပေးခွင့်ပြုခဲ့သည်ဟု ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ် မတ်လ
(၁၂)ရက်နေ့ "လက်ရှိတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ ၈ ဒသမ ၅
သိန်းရှိပြီး အရေအတွက်များနေသည့် ယာယီ သက်သေခံလက်မှတ်များသည် ဥပဒေအရ
ရေရှည်ကိုင်စွဲထားရမည့် လက်မှတ်များမဟုတ်သည့်အတွက် ဥပဒေနှင့်အညီ
ကိုင်တွယ်ဖြေရှင်းပြီး ပေးအပ်သင့်သည့် မှတ်ပုံတင် သက်သေခံလက်မှတ်များကို
လဲလှယ်ထုတ်ပေးရန် စနစ်တကျ အလေးထား စီမံဆောင်ရွက်သင့်ကြောင်း
ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်အနေဖြင့် တိုက်တွန်းသင့်ကြောင်း
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက မတ် ၁၂ ရက်က ပြုလုပ်သည့်
အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။" ဟု ဖော်ပြချက်အရ တရားမ၀င်နေထိုင်သူ
၈.၅ သိန်းရှိသည်ဟု တရားဝင် ထုတ်ဖော်ပြမှု ကိန်းဂဏန်းတစ်ခု ဖြစ်နေသည်။
(အစိုးရ၏ တရားဝင် ထုတ်ပြန်စာရင်း အောက်ရှုပါ)
ထို့ကြောင်း White Card ပြဿနာမှသည် ရိုဟင်ဂျာ ပြဿနာသို့
ကူးပြောင်းသွားနိုင်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ၊ အောက်တိုဘာလနှင့် ၂၀၁၃ ခုနှစ်
အောက်တိုဘာတို့တွင် ဖြစ်ပွါးခဲ့သော ရခိုင်ပြည်နယ်၏ အကြမ်းဖက်မှု အမာရွက်သည်
ယခုတိုင်တွေရှိနေရသေးသည်။ ထိုအမာရွက်၏ ဒဏ်ရာ ဒဏ်ချက်များမှာ
ရိုဟင်ဂျာပြဿနာဟု ဆိုလျှင် ငြင်းချက်ထုတ်မည်သူ ရှိမည် မဟုတ်ပေ။
ထိုအရေးခင်းများတွင် အသက်ပေါင်းမြောက်မြားစွာ၊ အိုးအိမ်ပေါင်းများနှင့်
ဒုက္ခသည်ပေါင်းများစွာတို့သည် စိတ်အနာတရကို ကူးစား၍ မရရှိသေးပေ။
နောက်ဆက်တွဲအဖြစ် ယခု ကောက်ယူမည့် သန်းခေါင်စာရင်းတွင် "ရိုဟင်ဂျာ"ဆိုသည့်
စကားကို ထည့်ကောက်သွားမည်ဆိုလျှင် များစွာ စိုးရိမ်ရဖွယ်ရှိသည်ဟု
ရခိုင်များက ယုံကြည်လျှက်ရှိသည်။
ယခု ပြဌာန်းလိုက်သည် 914 သည် အလွန်အန္တရယ် ကြီးမားပြီး
လူကြီးမင်းတို့အနေဖြင့် ရှေ့စကားနှင့် နောက်စကား ကိုက်ညီနိုင်ရန်
စဉ်စားဆုံးဖြတ်စေချင်သည်။ လူကြီးမင်းတို့အနေဖြင့် ယခုကိစ္စကို
ပွင့်လင်းမြင်သာမှုရှိအောင်ဖြေရှင်းပေးသင့်ပြီး ယခုရှင်းမှ
နောင်ရှင်းမည်ဆိုသည့်အတိုင်း ကြိုတင် ရှင်းလင်းပေးသင့်သည်ဟု
တင်ပြပေးလိုက်ပါသည်။
ဝေဟင်အောင်
၁၅၊ ၃၊ ၂၀၁၄။
www.arakantimes.net
0 comments