၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့အချိန်မှာ ဗိုလ်ချုပ် အပေါ် ပြည်သူတွေထားကြတဲ့မေတ္တာ
ဂရုဏာတွေကြောင့် ဖဆပလ အဖွဲ့ကြီးဟာ တစ်နိုင်ငံလုံးနီးပါးရဲ့
ထောက်ခံမှုရရှိခဲ့ပါတယ်။ပမညတ က အတိုက်အခံ အဖြစ် တာဝန်ကျေခဲ့ပေမယ့်
ပါလီမန်အတွင်းအပြင်မှာ ဖဆပလ ကို မယှဉ်သာခဲ့ပါဘူး။မြေလတ်နယ်မှာ အမတ်တွေ
ဟာဖိန့်ဖိန့်တုန်အောင် အာဏာစွမ်း ထက်ခဲ့ဖူးပါတယ်။ငါတို့ခေတ် နှင့် အပြိုင်
တို့ နွေကန္တာဦး
တို့ လို ခေတ်သရုပ်ဖော် ၀တ္ထုတွေမှာ ဖော်ပြခဲ့ကြဖူးပါတယ်
အကျိုးဆက်က ပါတီတွင်းမှာတောင် ဒီမိုကရေစီအာဏာရှင် စနစ် ဖြစ်လာပြီရယ်
လို့စွပ်စွဲကြရင်း နှစ်ခြမ်းကွဲကြပါတော့တယ်။ဗိုလ်ချုပ်ဓါတ်ပုံကိုတောင် မဲချ
အမွေခွဲခဲ့သလား မသိပါဘူး။သန့်ရှင်း (ပထစ) အစိုးရ ဖြစ်တော့ တည်မြဲ(ဖဆပလ) က
အင်အားရှိ အတိုက်အခံ ဖြစ်လာပါတယ်။တစ်ဖွဲ့ ဖနောင့် တစ်ဖွဲ့ အပြိုင်
နင်းကြသတဲ့ဗျာ။
ဆိုးတာက တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရဖို့ ကြားနေမဲတွေ
စည်းရုံးကြရင်းမပေးသင့်တဲ့ ကတိတွေ ပေးလာ၊ ဥပဒေတွေ ပြုကြ ပြင်ကြ
လုပ်လာတာပါပဲ။ဖက်ဒရယ် ဆိုတာက နောက်ဆုံး စနက်တံ ဖြစ်လာပါတော့တယ်။
အဲ့ဒီအချိန်က တစ်ချို့ အကြောင်းတရားတွေ မဖြစ်လာနိုင်ပါဘူး ဆိုရင်
နောက်ခံကာလ ကို အဲ့ဒီခေတ် အနေနဲ့ ထည့်စဉ်းစားမှ ရပါမယ်။ပထ၀ီနိုင်ငံရေးတွေ
အရေးပါ ပါတယ်။၅၈ စစ်တပ်ကို အာဏာခနအပ် ရန်သတ်နေကြတဲ့ ပါလီမန်ဒီမိုကရေစီဟာ၆၂
အာဏာသိမ်းမှုမှာ တစ်ခန်းရပ်ခဲ့ပါတော့တယ်။
ပါလီမန်ဒီမိုကရေစီ ဆိုတာ အစိုးရ အတိုက်အခံ နှစ်ဖက်လုံး တာဝန်ကျေဖို့
လိုပါတယ်။တူညီသော ရည်ရွယ်ချက်က အမျိုးသား အကျိုးစီးပွားကို
ကာကွယ်ရေးပါ။ရန်သူ လို မြင်မှတ် အချင်းချင်း သတ်နေလို့ ရှေ့
မရောက်နိုင်ပါဘူး။
နှစ်ဦးနှစ်ဖက်ကြားမှာ အပြန်အလှန် လေးစားမှု နဲ့ အသိအမှတ်ပြုမှု တွေ
ရင့်ကျက်ပြည့်ဝဖို့ လိုအပ်ပါတယ်။မျက်နှာချင်းဆိုင်
ပြိုင်တူတွန်းတာလည်းကျောခိုင်း ခြေကန်ရုန်းတာနဲ့ အတူတူပါပဲ။ရလာဒ်က သုညနား
တစ်ဝဲလည်လည် ဖြစ်နေမှာပါ။
အစိုးရ လုပ်တာမို့ စဉ်းစားစရာမလိုဘူး ကန့်ကွက်မယ်။အတိုက်အခံ ဘာပြောပြော
ပယ်ချမယ် ဆိုတဲ့ ပြောင်မြောက်လှတဲ့ အမူအကျင့်တွေနဲ့ ဒီမိုကရေစီ နိုင်ငံတော်
တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။
အာဏာရရှိရေး အာဏာတည်မြဲရေး ရှေ့တန်းတင်ပြီး နိုင်ငံတော်ကို မငဲ့၊ပြည်သူကို
နားလှည့် ပါးရိုက်ဖို့ ကြံ နေကြတာတွေ များနေပြီး..ငါ နဲ့ မတူ ငါ့ရန်သူ၊
ဘာလုပ်လုပ် အကောင်းမထင်ဘူး ဆိုတဲ့ စိတ်အခံ နဲ့
နိုင်ငံချစ်ပြနေလို့ကတော့......
ပညာဘယ်လောက်တတ်တတ် အတွေ့အကြုံ ဘယ်လောက်များများအနစ်နာ ဘယ်လောက်ခံခံ......
နိုင်ငံချစ်တာ မယုံရင် အ၀ှါ စားပြမယ် ဆိုရင်တောင်
ကြိုက်တတ်လို့ စားပြတယ် ထင်ကြောင်းပါခင်ဗျာ။ ။
သက်မောင်
0 comments