Related Posts Plugin for WordPress, Blogger...

ဖွံ့ဖြိုးမှု နိမ့်ကျပြီးတော့ ပဋိပက္ခတွေ ခဏ
ခဏ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရခိုင်
တိုင်းရင်းသားတွေ နေပျော်အောင် အမျိုး
သားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ပေးဖို့


အမျိုးသား လွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

အဲဒီအဆိုကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်အဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးတဲ့အတွက် ရခိုင်တိုင်းရင်းသားတွေဟာ နေရပ်စွန်ခွာပြီး ထိုင်း၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံတွေနဲ့ ရေကြည်ရာ မြက်နုရာဒေသတွေကို သွားရောက် နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်နည်းတူ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသတွေရှိပေမဲ့ ရခိုင်ပြည်နယ်က ပိုအရေးကြီးပါတယ်လို့ ဦးလှဆွေက ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ နေရပ်စွန့်ခွာသွားတဲ့ ရခိုင်တိုင်းရင်းသားတွေ နေရာမှာ ပြည်ပကဝင်လာတဲ့ လူမျိုးခြားတွေ စိမ့်ဝင်မှု ပြဿနာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ ကျေးရွာကြီး တချို့ဆိုရင် နာမည်သာ ကျန်ခဲ့ပေမယ့် ရခိုင်တိုင်းရင်းသားတွေ မနေ ထိုင်တော့ဘဲ လူမျိုးခြားတွေ ဝင်ရောက်နေထိုင်နေကြပြီလို သူက ဆက်ပြောပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ဟိုတယ်ဇုန်တွေ ဖော်ထုတ်ပေးဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ သီလဝါလိုမျိုး စီးပွားရေးဇုန်တွေ ဖော်ထုတ်ပြီးပေးဖိုလိုတယ်လို့ ဦလှဆွေက ဆိုပါတယ်။ အဲသလို လုပ်ပေးမှ ရခိုင်တွေက နေရပ်မစွန့်ဘဲ ကိုယ့်ဒေသမှာ အခြေတကျနေမယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေ နေပျော်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ပြည်ထောင်စု အစိုးရက လုပ်ပေးဖို့ အဆိုကို ဦးလှဆွေက ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဆိုကို ကန့်ကွက်သူ မရှိတဲ့အတွက် ဆက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ