**********************************************
ဒေါက်တာစိုးထွန်း ရန်ကုန် တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၈)
**********************************************
ခေတ် ၏တိုးတက်မှုပြရန်ညွှန်းကိန်း (Indicator)အဖြစ် ဆေးရုံဘယ်နှရုံ၊ ခုတင်ဘယ်
နှလုံးတည်ဆောက်ပေးခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြားနှင့် သတင်းစာများတွင်
မကြာခဏတွေ့မြင်ကြရမှာဖြစ်သည်။ သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများအတွက်
ဆရာ ဝန်၊ သူနာပြု ဆရာမဘယ်နှဦးခန့်ထားမည်။ တစ်နှစ်လျှင်
ဆေးဝါးအတွက်သုံးစွဲရန် ငွေမည်မျှတွက်ချက်
လျာထား ခြင်းမရှိပါ။ ထို့အပြင်
ဓာတ်မှန်စက်၊ ဓာတ်ခွဲခန်းတည်ဆောက် ပေးထားသော်လည်း နေ့စဉ်၊ လစဉ်၊
နှစ်စဉ်ကုန်ကျမည့် ကုန်ကြမ်းပစ္စည်းတန်ဖိုးကို ထည့်သွင်းတွက်ချက်ထားခြင်း
မရှိပါ။ ဆေးရုံများတွင် တပ်ထားသည့်ဆိုင်းဘုတ်များက တော့
'ငွေကြေးတတ်နိုင်သူများကို စရိတ်မျှပေးကျန်းမာရေး စနစ်ကျင့်သုံးရန်'
'ဆင်းရဲချို့တဲ့သောသူများကို အခမဲ့ကုသ ပေးသည်'ဟူသော ဆိုင်းဘုတ်သည်
လူနာများနှင့် ဆရာဝန်၊ သူနာပြုများကို ရန်တိုက်ပေးထားသလိုဖြစ်နေပါသည်။
ပြည်သူ့ဆေးရုံသို့လာသောလူနာများမှာ
ဆင်းရဲသ ဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းသို့မသွားနိုင်၍ လာသူများသာ ဖြစ်ပါသည်။
တချို့လူနာများမှာ မိမိတို့နေထိုင်ရာရပ်ကွက် ရုံးတွင်
ဆင်းရဲကြောင်းထောက်ခံစာများကိုယူလာသည် ကိုတွေ့ရပါသည်။
ဆိုင်းဘုတ်တပ်ထားသည့် ဆင်းရဲချို့တဲ့ သူများကို အခမဲ့ကုသပေးရမည်ဆိုသော်လည်း
အဆိုပါ ဆေးရုံများအတွက် လုံလောက်သောဆေးဝါးများပေးထား ခြင်းမရှိ၍ ဆရာဝန်၊
ဆရာမများမှ ပျောက်စေဆရာများ ကဲ့သို့ ရေမန်းဖြင့်ကုသမှသာရမည်ဖြစ်ပါသည်။
ဥပမာ- ခုတင် ၃ဝဝဆေးရုံတစ်ရုံတည်ဆောက်မည်ဆိုပါက ဆရာ ဝန်ဘယ်နှဦး၊
သူနာပြုဘယ်နှဦး၊အခြားဝန်ထမ်း
ဘယ်နှဦးနှင့် လူနာ ၃ဝဝ အတွက်
နေ့စဉ်ဆေးဝါးမည်မျှကုန်ကျမည်၊ ခွဲစိတ်မည့်လူနာအတွက် တစ်ဦးလျှင်
ဆေးဖိုးမည်မျှကုန်ကျ မည်ကို တွက်ချက်ထားခြင်း၊ ချထားပေးခြင်းမရှိဘဲ 'အခမဲ့
ကုသပေးမည်'ဟု ဆိုင်းဘုတ်တပ်ထားခြင်းမှာ လူနာနှင့် ဆရာဝန်များအား
ရန်တိုက်ပေးနေသလိုပင်ဖြစ်ပါသည်။
အခြေခံလိုအပ်ချက်ဖြစ်သောဆေးဝါးများပင်လောက် ငအောင်
အစိုးရမှမထောက်ပံ့သည့်အတွက် လူနာစောင့်မှ သွားဝယ်ရသည့်ဒုက္ခတွေ့နေရပါသည်။
ထို့အပြင်လူနာ တစ်ဦးဆေးရုံတက်ပါ
က ဆေးဝယ်ခိုင်းရန်ငွေရှိရမည့်အ ပြင်
လူနာစောင့်တစ်ဦးလည်းလိုသည့်အတွက် ထိုသူ၏ လုပ်အားခဆုံးရှုံးနေသည်ကို
တွေ့ရမည်ဖြစ်ပါသည်။ ထို့ ကြောင့် ပြည်သူ့ဆေးရုံသို့ လူနာတစ်ဦးတက်ရောက်ပါက
ဆရာဝန်၊ သူနာပြုမှ လူနာစောင့်ပါသလား။ ငွေကြေးမည် မျှတတ်နိုင်သလဲဟု
မိမိတို့၏ကုသရေးနှင့်မဆိုင်သည့်အပို မေးခွန်းကို မေးနေရပါသည်။
ကျွန်တော်ဖတ်ဖူးသော Facebook စာမျက်နှာတစ်ခုတွင် လမ်း၌မူးလဲသောလူနာ အား
ဆေးရုံသို့သွားပို့သောအခါ ဆရာဝန်၊ သူနာပြုမှ
လူနာစောင့်ပါမှဖြစ်မည်ဖြစ်ကြောင်းပြောဆို၍ အဆိုပါ ဆရာဝန်၊သူနာပြုများကို
ဝိုင်းပြီးဆဲသည့် Comment အများ ရေးထားသည်ကိုတွေ့ရ၍ စိတ်မကောင်းပါ။
အဓိကတရား ခံမှာ စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်တော်တို့ တိုင်းပြည် တွင်
ကျန်းမာရေးအာမခံစနစ်ကလည်းမရှိ၊ ဆေးဝါးက လည်းမပြည့်စုံ၊ ဆရာဝန်၊
သူနာပြုအင်အားနှင့် လူနာအခြေ အနေ (Doctor Patient Ratio) (Doctor Nurse
Ratio) ကလည်း မမျှသည့်အခြေအနေတွင် စနစ်ကိုမပြင်ဘဲ အဆို ပါစနစ်၌
ပါဝင်ကပြအသုံးတော်ခံနေရသည့် ကျန်းမာရေး ဝန်ထမ်းများကိုသာ
လက်ညှိုးထိုးနေသည်မှာ မတရားဟု ထင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစီမံကိန်းဦးစီး ဌာနမှ
ထုတ်ဝေသည့်စာရင်းများအရ မြန်မာနိုင်ငံရှိ လူဦး ရေအများစုမှာ
ကျန်းမာရေးအသုံးစရိတ်ကို မိမိတို့အိတ် ကပ်ထဲမှ စိုက်ထုတ်သုံးစွဲနေရခြင်း
(ဥကအ သ် ဏသခုနအ)ဖြစ် နေကြောင်း သိရှိရပါသည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ်တွင်
ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းအရ ကျေးလက်နေ ပြည်သူများအနေဖြင့်
၂၆ရာခိုင်နှုန်းမှာ ကျန်းမာရေးစရိတ် ကြောင့် ဒုက္ခဖြစ်နေကြောင်း Catatirphic
Effect တွေ့ ရပါမည်။
မြန်မာနိုင်ငံတွင် ဆရာဝန်တစ်ဦးဖြစ်ရန် မလွယ်ကူ ပါ။ ရှစ်တန်း၊ ကိုးတန်း၊ ၁ဝ
တန်းတွင် ငွေကြေးများစွာ အကုန်အကျခံ၍ ကျူရှင်ကောင်းကောင်းထားရပါသည်။
ကျောင်းသား၊ ကျောင်းသူများသည်လည်း သူများကဲ့သို့ ရုပ်ရှင်မကြည့်ရ၊
မကစားရပါ။ ညဘက်လည်း အိပ်ချိန် လျှော့ရပါသည်။ မိဘများလည်း ပင်ပန်းကြရပါသည်။
၁ဝ တန်းဖြေသူ သိန်းချီရှိသည့်အထဲမှ ယခင်ကလူ ၅ဝဝ ကျော်၊ ယခုလူ ၂၅ဝဝ ကျော်
ဆေးတက္ကသိုလ်ဝင်ခွင့်ရပါ သည်။
ဆေးတက္ကသိုလ်၏ပြဋ္ဌာန်းချက်စာအုပ်များမှာ အင်္ဂလန်နိုင်ငံမှပြဋ္ဌာန်းထားသော
ဆေးပညာစာအုပ်များ ကို သင်ကြားရပါသည်။ မူရင်းစာအုပ်ဝယ်လျှင် ဈေးအလွန်
ကြီးပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်နှစ်ခုနစ်နှစ်နီး ပါးသင်ကြားရပါသည်။
တချို့တစ်ဝက်မှာလည်း ကျူရှင် တက်ကြပါသည်။ ထိုသို့ ဆေးတက္ကသိုလ်တက်ရောက်ရန်
တစ်လလျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင် မိဘများမှ ထောက်ပံ့ရပါသည်။
ဆေးကျောင်းတက်သည့် ကျောင်း သား၊ ကျောင်းသူမှာလည်း အပတ်စဉ်၊ လစဉ်စာတွေ့လက်
တွေ့ စာမေးပွဲဖြေဆိုနေရပါသောကြောင့် အခြားကျောင်း သားများကဲ့သို့
အပျော်အပါးလိုက်စားရန်အချိန်မှာ လွန် စွာနည်းပါးပါသည်။ ကြိုးစားပြီး
ငွေကုန်ကြေးကျခံ၍ ဆရာ ဝန်ဖြစ်ပါကလည်း အစိုးရလက်ထောက်ဆရာဝန်ရာထူး
ခေါ်ချိန်နှစ်နှစ်၊ သုံးနှစ်စောင့်ရပါသည်။ ကျူရှင်တက်ရ ပါသည်။ အင်္ဂလိပ်စာ
IELTS အတွက် ကျူရှင် တက်ရပါသည်။
စာကျက်ရပါသည်။ ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲအောင်မြင်၍
လက်ထောက်ဆရာဝန်ဖြစ်ပါက ယခုနောက်ဆုံး(ဧပြီလ၊ ၂ဝ၁၄ ခုနှစ်)လစာအရ တစ်လ လျှင်
ကျပ်တစ်သိန်းခွဲရရှိမည်ဖြစ်ပါသည်။ အဆိုပါလစာမှာ အသက်၁၈နှစ်ပြည့်
မည်သည့်ပညာမှမတတ် ကားမောင်း တတ်ပါက ယာဉ်မောင်းတစ်ဦးရမည့်လစာဖြင့်
အတူတူဖြစ် ပါသည်။
ဆေးရုံအများစုတွင် နေစရာအိပ်ခန်းမရှိပါ။ စီးစရာ ကား၊ ဆိုင်ကယ်၊
စက်ဘီးလည်းမပေးပါ။ ညဂျူတီ၊ ပိတ် ရက်ဂျူတီလည်း ဆင်းရပါသည်။ ဆေးကုရာတွင်လည်း
စာအုပ်ထဲ၌ သင်ကြားပေးလိုက်သော၊ ပြည်ပနိုင်ငံများတွင် လေ့ကျင့်ပေးလိုက်သော
အကောင်းဆုံးဆေးဝါးကုထုံးများ ကို ခေါင်းဖြူအောင်စဉ်းစား၍ ပေးရပါသည်။
မြန်မာပြည် မှ ဆရာဝန်လောက်တော်သောသူ ကမ္ဘာတွင်ရှိမည်မထင် ပါ။
မလေးရှားနိုင်ငံတွင် ဆရာဝန်တစ်ဦးတစ်လသိန်း ၂ဝ၊ ၃ဝ ခန့်၊
အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံတွင် တစ်လ လစာသိန်း ၆ဝ၊ ၈ဝ
လောက်ရနေချိန် အဆိုပါ ဆရာဝန်များအနေဖြင့် စီးပွားရှာရန်မလိုဘဲ လူတန်းစေ့
နေနိုင်ချိန်တွင် တစ်လလျှင်
ကျပ်တစ်သိန်းခွဲဝင်ငွေဖြင့်မသထာရေစာအငတ်ခံလုပ်ကိုင်နေသောစနစ်ဆိုးမှ မြန်
မာနိုင်ငံမှဆရာဝန်၊ သူနာပြုများကို ကျွန်တော်သမ္မတကြီး
ကိုယ်စားနိုင်ငံသားကောင်းဆုချီးမြှင့်ချင်ပါသည်။ နိုင်ငံ တော်
သမ္မတကြီးမှ
'ပြည်ပတွင် ရောက်ရှိနေသော ပညာ တတ်များပြန်လာရန် ဖိတ်ခေါ်နေပါသည်'
ကျွန်တော်တစ် ခုဖြည့်စွက်ချင်ပါသည်။ အဆိုပါပြန်လာမည့်သူများအနေ ဖြင့်
ပြည်တွင်း၌ လုပ်ကိုင်နေကြသော နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ရပညာတတ်များသည်
'ပြည်ပ၏လုပ်ခလစာ ၏အပုံ ၁ဝဝ ပုံတစ်ပုံမျှဖြင့် ပြည်သူကို အလုပ်အကျွေးပြု
နိုင်ပါမည်လော'ဟု ဖြည့်စွက်မေးချင်ပါသည်။
စနစ်၏သားကောင်ဖြစ်ကြသော ဆရာဝန်၊ သူနာပြု တို့သည် မိမိတို့၏လစာဖြင့်
မရပ်တည်နိုင်၍ 'ဆရာဝန် လုပ်လျှင် စီးပွားမလုပ်ရပါ'ဆိုသော စကားကို မလိုက်နာ
နိုင်ဘဲ မိမိတို့၏ကိုယ်ပိုင်ချိန်တွင်
နိုင်ငံခြားတိုင်းပြည်မှာရှိ သည့်
ဆရာဝန်များကဲ့သို့ အနားမယူနိုင်၊ စာလေးဘာလေး မဖတ်နိုင်ဘဲ ဟိုဆေးခန်း၊
ဒီဆေးခန်းပြေးရနှင့် ည ၁၁ နာရီ၊ ၁၂ နာရီမှ အိမ်ကိုရောက် ညစာစား၊
ရေချိုးပြီးအိပ်ရာ ဝင်ရပါသည်။ မနက်စောစော ၅ နာရီထပြီး ဆေးရုံမသွား ခင်
ဆေးခန်းလေးပြေးထိုင်ပြီး လူနာစောင့်နေရပါသည်။ သို့မှသာ
'ငတ်၍သေသောဆရာဝန်မိသားစု'ဟု ကျော်မ ကောင်းကြားမကောင်း
မဖြစ်ရန်အတွက် ရုန်းကန်နေရခြင်း ဖြစ်ပါသည်။
နံနက်၈နာရီခွဲအမီ ခွဲစိတ်ခန်းဝင်ရန်(သို့မဟုတ်)လူ နာလှည့်လည်ကြည့်ရှုရန်
(Ward Round)ဆေးရုံသို့ အူ ယားဖားယားပြေးရပါသည်။ လူနာများအား ကျန်းမာရေး
နှင့်ညီညွတ်အောင် နေထိုင်ရန် ပြောဆိုနေ
ရသော်လည်း ပြောနေသူဆရာဝန်၊
ဆရာမကိုယ်တိုင်မှာမူ မျက်တွင်း ဟောက်ပက်နှင့် တီဗွီကြည့်ချိန်၊
လမ်းလျှောက်ချိန်မရှိပါ။ ဆေးရုံရောက်သည့်အခါလည်း လူနာများက ပြည့်ကျပ်နေ
ပြီး လူနာစောင့်များကလည်း ပြည့်နှက်နေပါသည်။ ဆရာ ဝန်၊ သူနာပြုအချိုး
(Doctor Nurse Ratio) မှာ ကျန်းမာ ရေးဝန်ကြီးဌာနမှထုတ်ဝေထားသည့် Health in
Myanmar မေ ၂ဝ၁၃ အရ ဆရာဝန်တစ်ဦးလျှင် သူနာပြုတစ်ဦး(၁း၁)သာရှိ၍
အမှန်တကယ်ရှိရမည့် (၁း၃)ထက်များစွာ လျော့ နည်းနေပါသည်။ သူနာပြုများမှာလည်း
မနိုင်ဝန်ထမ်းနေ ရ၍ အလုပ်သင်ဆရာဝန်များမှကူညီပြီး
ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း ပြုလုပ်ပေးနေရပါသည်။
နံနက်ခင်းမှသည် ညနေအထိတိုင်အောင် လူနာများ ကို ဆေးကုသခြင်းအပြင်
အခြားနိုင်ငံခြားမှာလိုအတွင်း ရေးမှူးမရှိသည့်အတွက်
ဆေးရုံစာရင်းဇယားများကိုလည်း ဖြည့်စွက်နေရပါသည်။ ဘွဲ့လွန်တက်ရန်လည်း စာကျက်
နေရပါသည်။ ကျူရှင်တက်နေရပါသည်။ တော်ဝင်သမား တော်ဖြစ်ရန် MRCP , MRCS Exam
ဖြေရန် အင်္ဂလိပ်စာ ကျူရှင်လည်းတက်နေရပါသည်။ ကိုယ့်ပိုက်ဆံဖြင့် ကိုယ်စာ
မေးပွဲဖြေဆိုရန် ငွေလည်းစုရပါဦးမည်။ 'ဆင်းရဲသောလူ နာများအား
အခမဲ့ကုသပေးသည်'ဆိုသော ဆိုင်းဘုတ်အရ ပေးစရာဆေးကလည်းကုန်နေ၍
လူနာများ၏ပြောဆိုခြင်း လည်း ခံရပါသည်။
နိုင်ငံတကာအဆင့်မီ ဆေးကုသရေးပန်းတိုင်သို့ လျှောက်လှမ်းလိုပါက
'နိုင်ငံတကာအဆင့်မီလစာပေးရ မည်'။ 'နိုင်ငံတကာအဆင့်မီဆေးဝါး၊ ရောဂါရှာဖွေရေး
ကိရိယာဖြည့်တင်းပေးရမည်'ဆိုပါလျှင် ဆရာဝန်၊ ဆရာမ များ၏
နွေးထွေးသောအပြုံးတင်မကပါ ရှူးရှူးပေါက်၊ အီး အီးပါလျှင်တောင်အိမ်သာကို
ကိုယ်တိုင်လိုက်ပို့ကြမည် သာဖြစ်သည်။ ဆိုက်ကားဆရာ၊ မော်တော်ကားဆရာလ
စာလောက်ပင်မရသောအခြေအနေဖြင့် နိုင်ငံတကာ အရည်အသွေးဝန်ဆောင်မှုကို ရောက်အောင်
ဆောင်ရွက်
မည်ဆိုပါက 'ဝ'မရှိဘဲ'ဝိ'လုပ်နေခြင်းသာဖြစ်ပြီး လာမည့် ၂ဝ၁၅ အေအီးစီတွင်
ဦးနှောက်ယိုစီးမှုတွေ့မြင်နိုင်ပြီး ပြည်သူ့ဆေးရုံများတွင် ဆရာဝန်၊
သူနာပြုမရှိဘဲဖြင့် နေနိုင် သည်ကို သတိပြုသင့်ပါသည်။
ပါမောက္ခကြီးတစ်ဦးက ပြောဆိုခဲ့သည်မှာ MRCP Exam တွင် စာမေးပွဲစစ်ရင်း
မြန်မာပြည်က ပါမောက္ခ လစာဘယ်လောက်ရသလဲဟု အင်္ဂလန်မှ ပါမောက္ခက မေးရာ
''ဒေါ်လာ၃ဝဝရသည်'' ဟု ပိုပိုသာသာပြောခဲ့ရာ အင်္ဂလန်ပါမောက္ခကရယ်ပြီး
''လာနောက်မနေပါနဲ့ Professor''ဟု ပြန်လည်ပြောဆိုကြောင်း ပြောကြားခဲ့ပါ သည်။
ဒါတောင် ပိုပိုသာသာဒေါ်လာ ၃ဝဝ ဟု ပြောခဲ့ ခြင်းဖြစ်ပါသည်။
ဒါဟာ ကမ္ဘာမှာ လစာအနည်းဆုံးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော
မြန်မာနိုင်ငံမှ ဆရာဝန်၊ သူနာ ပြု၊
ကျန်းမာရေးဝန်ထမ်းများသာဖြစ်ပါတယ်။ပြည်ထောင်စုဝန်ကြီးပြောခဲ့သလိုများဖြစ်နေမလား
သုံးသပ်ပါသည်။ ဘာတဲ့ ''ခပ်ထက်ထက်သူတွေကတော့ ပြည်ပနိုင်ငံကို
ထွက်သွားကြပြီး ခပ်တုံးတုံးသူများကတော့ မြန်မာပြည်တွင် နေကြသည်တဲ့''အင်း..
အဲဒီလိုများ ဖြစ်နေမလားဆိုပြီး စနစ်၏သားကောင်များအကြောင်း
မျှဝေပေးလိုက်ပါတယ်။ ။