( တစ်ဂူထဲက ခြင်္သေ့နှစ်ကောင် နင့် ထူးခြားသော ပုဂ္ဂိုလ်များ )
စင်စစ်အားဖြင့် ဂူဆိုသည်က ခြင်္သေ့နှစ်ကောင် မအောင်း ။ အားမန်အပြည့်နှင့် ရှိတတ်သော တိရိစ္ဆာန်တို့ ၏ ဘုရင် ခြင်္သေ့တို့ မှာ တစ်ကောင်တည်းသာ နေသည် ။ ခုတော့ ကျနော်က တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေကြပြီဟု မော်ကွန်းကဗ္မည်း ရေးဖြစ်ခွင့် ကြုံပါတော့သည် ။ သူတို့ ကား တိရိစ္ဆာန်မဟုတ် ။ ရန်ကုန်က ရခိုင်လူမျိုးဖြစ်သည် ။ တိတိကျကျ ပြောရလျှင် စစ်တွေသားများဖြစ်သည် ။ ကျနော်ပြောပါမည် ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇေါ်အေးမောင်နှင့် ဥပဒေပညာရှင် ဦးသန်းမောင်တို့  ညီနောင်နှစ်ဦးကို
သတိထားမိလာသည်မှာ ကြာမြင့်ပါပြီ ။ သူတို့ နှင့် ကျနော် အဆက်အစပ်
မရှိသော်လည်း သူတို့ ၏ အမေ့မောင်အရင်းခေါက်ခေါက်ဖြစ်သူ
ဒုပြည်နယ် ဥပဒေအရာရှိ ဦးအေးမောင်ကား ကျနော့်သူငယ်ချင်းဖြစ်သည် ။
ဦးအေးမောင်၏ မိန်းမဖြစ်သူသည် ကျနော်တို့ နှင့် လွန်စွာရင်းနှီးသလို
ဦးအေးမောင်၏ ဆိုးမွေကောင်းမွေကို ခံရသလို ကျနော်တို့ ၏
ဆိုးဒဏ်ကောင်းဒဏ်ကိုလည်း တော်တော်ခံရသူဖြစ်သည် ။ ကျောက်ကပ်ရောဂါကြောင့်
ကွယ်လွန်ခါနီးထိ ကျနော်တို့ သည် သူမအနားမှာ တစ်ချိန်လုံး ရှိနေပြီး
ကွယ်လွန်သွားသည့်နေ့ ပင် ဦးအေးမောင်နှင့် ကုတင်တစ်လုံးထဲ နှစ်ယောက်ကပ်ပြီး
အိပ်စက်နေခဲ့ သည်ထိ ရင်းနှီးခဲ့ သူဖြစ်သည် ။
မိန်းမကွယ်လွန်လျှင် ငိုယိုသောသူမှာ ရက်သတ္တတစ်ပါတ် မပြည့်ခင် နောက်အိမ်ထောင်ပြုသည်ဟု ကျနော်က ပြောဆိုထားရာ ဦးအေးမောင်ခမြာ မိန်းမကို မြေမြုပ်သဂြိုလ်နေသည့်တိုင် မျက်ရည် တစ်ပေါက် ကျမပြသူဖြစ်သည် ။ အိမ်ရောက်တော့ ဖခင်ဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံအား သက်သေပြ တိုင်တည်ပြောဆိုပါတော့သည် ။ ဦးအေးမောင်မှာ ရန်ကုန်မြို့ သို့  နောက်ပြောင်းရွှေ့ သွားပြီး နေထိုင်သွားသည် ။ သူပြောသလို နောက်အိမ်ထောင်လည်း မပြု ။ သားသမီးလေးများအား ပြုစုစောင့်ရှောက် ကျွေးမွေးသုတ်သင်ယင်း ကွယ်လွန်သွားတော့သည် ။ သူကွယ်လွန်ချိန်မှာ ကျနော်ကား အမေရိကကို ရောက်ရှိနေပြီဖြစ်သည် ။ ကျနော်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေထဲတွင် သူပါသလို ၈ွမြို့ နယ်မှာ အတူအစိုးရာတ၀န်ဖြင့် နေခဲ့ ကြစဉ်က အတူတူ စားဖေါ်သောက်ဖက် ဖြစ်ခဲ့ သည် ။ နှစ်ယောက်စလုံး စစ်တွေမြို့ ရောက်တော့ ပိုမိုထိတွေ့ နေခဲ့ ကြသည် ။
စင်စစ်အားဖြင့် ဂူဆိုသည်က ခြင်္သေ့နှစ်ကောင် မအောင်း ။ အားမန်အပြည့်နှင့် ရှိတတ်သော တိရိစ္ဆာန်တို့ ၏ ဘုရင် ခြင်္သေ့တို့ မှာ တစ်ကောင်တည်းသာ နေသည် ။ ခုတော့ ကျနော်က တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် အောင်းနေကြပြီဟု မော်ကွန်းကဗ္မည်း ရေးဖြစ်ခွင့် ကြုံပါတော့သည် ။ သူတို့ ကား တိရိစ္ဆာန်မဟုတ် ။ ရန်ကုန်က ရခိုင်လူမျိုးဖြစ်သည် ။ တိတိကျကျ ပြောရလျှင် စစ်တွေသားများဖြစ်သည် ။ ကျနော်ပြောပါမည် ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
မိန်းမကွယ်လွန်လျှင် ငိုယိုသောသူမှာ ရက်သတ္တတစ်ပါတ် မပြည့်ခင် နောက်အိမ်ထောင်ပြုသည်ဟု ကျနော်က ပြောဆိုထားရာ ဦးအေးမောင်ခမြာ မိန်းမကို မြေမြုပ်သဂြိုလ်နေသည့်တိုင် မျက်ရည် တစ်ပေါက် ကျမပြသူဖြစ်သည် ။ အိမ်ရောက်တော့ ဖခင်ဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံအား သက်သေပြ တိုင်တည်ပြောဆိုပါတော့သည် ။ ဦးအေးမောင်မှာ ရန်ကုန်မြို့ သို့  နောက်ပြောင်းရွှေ့ သွားပြီး နေထိုင်သွားသည် ။ သူပြောသလို နောက်အိမ်ထောင်လည်း မပြု ။ သားသမီးလေးများအား ပြုစုစောင့်ရှောက် ကျွေးမွေးသုတ်သင်ယင်း ကွယ်လွန်သွားတော့သည် ။ သူကွယ်လွန်ချိန်မှာ ကျနော်ကား အမေရိကကို ရောက်ရှိနေပြီဖြစ်သည် ။ ကျနော်၏ ခင်မင်ရင်းနှီးသော မိတ်ဆွေထဲတွင် သူပါသလို ၈ွမြို့ နယ်မှာ အတူအစိုးရာတ၀န်ဖြင့် နေခဲ့ ကြစဉ်က အတူတူ စားဖေါ်သောက်ဖက် ဖြစ်ခဲ့ သည် ။ နှစ်ယောက်စလုံး စစ်တွေမြို့ ရောက်တော့ ပိုမိုထိတွေ့ နေခဲ့ ကြသည် ။
ကျနော်က ဦးအေးမောင်ကို ကြိုက်သောအချက်တစ်ချက်ရှိသည် ။ သူပြောသလို သူက လက်ထောက်ပြည်နယ်ဥပဒေအရာရှိ ဖြစ်သောကြောင့် ဗဟိုတရားရုံးရှေ့နေကြီးဖြစ်သော ဖခင်ဖြစ်သူ ဦးမောင်သာဇံနှင့် နေအိမ်တစ်ခုထဲတွင် နေထိုင်၍ မသင့်တော်ဟု ဆိုကာ သီးခြားနေတော့သည် ။ အိမ်ခန်းရှာမရသောအခါ ပြည်နယ်ဥပဒေရုံးမှာ အခန်းဖွဲ့ ၍နေသည် ။ နောက်မြို့ ထဲမှာ ငှားနေသည် ။ အိမ်ငှားနေယင်းပင်း မိန်းမဖြစ်သူ ဆုံးရှာပါတော့သည် ။ ဗဟိုတရားရုံးရှေ့နေကြီး ဦးမောင်သာဇံသည် ကျနော်နှင့် ရင်းနှီးသည်မှာ ဦးအေးမောင်ကြောင့်မဟုတ် ။ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်မှ စစ်တွေမြို့ နယ် အမှတ် ( ၂ ) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်၍ ကျနော်တို့ ၏ တစ်သီးပုဂ္ဂလအဖြစ် တက်ရောက်သူ ကိုဦးညွန့် မောင်နှင့် ယှဉ်ပြိုင်သူဖြစ်သည် ။ ထိပ်တိုက်မယှဉ်ပြိုင်ခင် ကျနော်သည် တပ်ပေါင်းစုရုံးသို့ သွားနေတတ်သလို ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့ လည်း မကြာမကြာ သွားနေသူဖြစ်သည် ။ ထို့ ကြောင့် မည်သူနှင့်မဆို ကျနော်သည် နိုင်ငံရေးအရ ခင်မင်ရင်းနှီးပြီးသားဖြစ်သည် ။ တစညပါတီမှ အပ ကျန်သော မည်သည့်ပါတီမှ
မဆို နိုင်ငံရေးသမားပါဟု ရင်ကော့ပြောဆိုသူများနှင့် ရင်းနှီးစွဲရှိသည် ။ သို့ ဖြစ်၍ ရှေ့နေကြီး ဦးမောင်သာဇံနှင့်လည်း ရင်းနှီးသည် ။
ဆိုကြပါစို့  ။ ကျနော်တို့ သည် -၁၉၉၀- ခုနှစ်မှာ ယှဉ်ပြိုင်ခဲ့ ကြသူများဖြစ်သည့်တိုင် ပါတီစွဲ လူစွဲ မရှိကြချေ ။ ဆရာဦးမောင်စောဖြူ ၊ ဦးအောင်စိန်သာ ၊ ဦးညွန့် မောင် ၊ ဦးသာနိုး ၊ ဦးထွန်းအောင်ကျော် ၊ ဦးကံကြီးမောင် ၊ စသူတို့ သည် ပါတီကွဲကြသော်လည်း စိတ်ဝမ်းကွဲမနေခဲ့ ကြ ။ တစ်ချိန်တည်းမှာပင် -၂၀၁၀-ရွေးကောက်ပွဲတွင် ဖေါ်ပြခဲ့ သော ၄င်းသူများသည် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပ
ကျနော်သည် ဘမျိုးဖိုးတူ ဖြစ်နေသော တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်၏ ရခိုင်လူမျိုးများအရေးနှင့် ပါတ်သက်၍ သူ၏ဆောင်ရွက်ချက်များကို ဂရုပြုမိလာသည် ။ တစ်ချိန်တည်းမှာပင် တစ်ခေတ် တစ်ချိန်က စတီရီယိုအဆိုတော် နာမည်ကြီးသော ဥပဒေပညာရှင် ဦးသန်းမောင်ကိုလည်း သတိပြုမိလာသည် ။ သူတို့ ညီအစ်ကို နှစ်ယောက်သည် မြန်မာနိုင်ငံအစိုးရ၏ လွပ်လွပ်စွာ ပွင့်လင်းလာသော ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းကဏ္ဍတွင် အရေးပါလာသူများဖြစ်လာသည်ကို တွေ့ ရသည် ။ ကျေနပ်အားရအောင်ထိ သူတို့ ညီနောင်နစ်ယောက်၏ ဆောင်ရွက်ချက်များကို မလေးစား၍ မနေနိုင်လောက်အောင် မြင်တွေ့ လာရပြီ ။
မနေ့ က မြန်မာ့လွပ်လွပ်ရေးမျိုးစေ့ချသူ
ခိုင်အောင်ကျော် ( နယူးယောက် )
( ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီ
0 comments