Related Posts Plugin for WordPress, Blogger...

Photo: တပ်မတော်ကအာဏာသိမ်းခြင်းမဟုတ်ကြောင်း ထိုင်းတပ်မတော်ငြင်းဆို

ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာ
စစ်အုပ်ချုပ်ရေး ပြုခြင်းကို ယနေ့နံက်စောစော
ပိုင်းက ကြေညာခဲ့သော်လည်း ယင်းသည် တပ်မတော်ကအာဏာသိမ်းခြင်းတော့မ
ဟုတ်ကြောင်း ထိုင်းတပ်မတော်ကငြင်းဆိုပါသည်။

ထိုင်းတပ်မတော်သည် အများပြည်သူတို့၏လုံခြု့ရေးကိုအပြည့်အ၀တာဝန်ယူ လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်ဆန္ဒပြသူများကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည် တို့ဖြစ်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ ကပြောသည်။ အဆိုပါ ဆန္ဒပြမှုများကြောင့် ယမန်နှစ်နိုဝင်ဘာကအစပြု၍ ယနေ့အထိ လူ ၃၀ခန့်သေဆုံးခဲ့ရကြောင်းသိရသည်။

"အဲဒီ အကြမ်းဖက်ဆန္ဒပြမှုတွေဟာ နိုင်ငံတော်ရဲ့ အထွေထွေလုံခြုံရေးကို ထိခိုက်လာမှာကို ကျွန်တော်တို့စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေးကို ကြေညာလိုက်ရတာပါ"ဟု ဗိုလ်ချုပ်ကြီး ပရာယုသ်ကပြောပါသည်။

"တက်ကြွလှုပ်ရှားနေကြတဲ့ အဖွဲ့အားလုံးကိုလည်း ဆောင်ရွက်မှုတွေအားလုံးရပ်ကြပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ အကြောင်းထားပါတယ်"ဟုလည်း သူကပြောပါသေးသည်။

ထိုင်းတစ်နိုင်ငံလုံးအား စစ်အုပ်ချုပ်ရေးကြေညာချက်ကို မေလ(၂၀)ရက်နေ့ နံနက် ၃ နာရီခန့်က ရုပ်မြင်သံကြားမှတစ်ဆင့် ထိုင်းတပ်မတော်ကကြေညာခဲ့ခြင်းဖြစ်သည်။

PP
ref: Reuters
Popular News

Posted by Unknown on 5/21/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ