Related Posts Plugin for WordPress, Blogger...

ရိုးရာလေး စာဖတ်သူတို့ Debate လုပ်လို့ရအောင် ခေါင်းစဉ်တင် ပေးလိုက်ပါပြီ။
မီး တစ်ဟုန်းဟုန်း တောက်အောင် နည်းနည်း အစပျိုးပေးပါ အုံးမယ်။

ကမ္ဘာပေါ်မှာ Gay Marriage / Same Sex Marriage လို့ခေါ်တဲ့ လိင်တူ လက်ထပ်ခြင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံက တရားဝင် သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် လည်းပါဝင်ပါတယ်။ Gay marriage စတင် အတည်ပြုပေးခဲ့တဲ့ နိုင်ငံကတော့ နယ်သာလန် ဖြစ်ပြီး ၂၀၀၁ ခုနှစ် ဧပြီလက ဖြစ်ပါတယ်။ အမေရိကတိုက်မှာ ကနေဒါ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီး၊ အမေရိကန်နဲ့ မက္ကဆီကိုတို့လို နိုင်ငံကြီးများက အတည်ပြု ကုန်ပါတယ်။


ဥရောပ တိုက်မှာဆိုရင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ နော်ဝေ၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုင်စ်လန်၊ ဒိန်းမိတ်၊ ပြင်သစ်၊ ဗြိတိန် တို့ ပါဝင်ပြီး နယူးဇီလန်နဲ့ အာဖရိကက တောင်အာဖရိကတို့တောင် ပါဝင်လာပါတယ်။ အသင်းအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အပြုသဘော ဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် အစိုးရတို့လည်း မငြင်းဆန် နိုင်ပါဘူး။ သို့ပေမယ့် ရုရှား တစ်နိုင်ငံကတော့ ဥရောပမှာ Same Sex နဲ့ ပက်သက်လို့ အပြင်းအထန် ကန့်ကွက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါတယ်။


နောက်ပြီးတော့ အရှေ့ အလယ်အပိုင်းက ပါရှန်း နိုင်ငံများကလည်း Same Sex Marriage ခွင့်မပြုထားပါဘူး။ ၎င်းတို့ ဘာသာရေးအရကို တားမြစ်ထားပြီး Gay ဖြစ်ရင်တောင် ထောင်ချတဲ့အထိ တရားဥပဒေ ပြင်းထန်တဲ့ နိုင်ငံတွေ ရှိပါတယ်။


မြန်မာပြည်မှာဆိုရင်ရော - မြန်မာပြည်မှာလည်း အဖွဲ့အစည်းလိုက် လှုပ်ရှားမှုများ ရှိနေပါတယ်။ မြန်မာပြည်မှာလည်း မိန်းမချာ ရာဇဝင် ကြီးမားကြောင်း ဂေးတစ်ဦးက ပြောပြဖူးပါတယ်။ တောင်ပြုံးပွဲက မြန်မာဂေးများ စုဝေးရာ ပွဲတစ်ခု အဖြစ်လည်း လူသိများပါတယ်။ Same Sex မှာဆိုရင် အမျိုသားအချင်းချင်း လိင်တူ ချစ်ကြိုက်ခြင်း၊ အမျိုးသမီးအချင်းချင်း လိင်တူ ချစ်ကြိုက်ချင်းနဲ့ ၊ အမျိုးသမီး စိတ်ဝင် အမျိုးသား နှင့် အမျိုးသား ချစ်ကြိုက်ခြင်း၊ အမျိုးသား စိတ်ဝင် အမျိုးသမီး နဲ့ အမျိုးသမီး ချစ်ကြိုက်ခြင်း အစရှိသဖြင့် အမျိုးမျိုး ကွဲပါသေးတယ်။


သဘာဝအားဖြင့် အမျိုးသားနဲ့ အမျိုးသမီးပဲ ချစ်ကြိုက်၊ ပေါင်းဖက်မှ မိသားစုတစ်ခု ဖန်တီးလို့ရတယ် ဆိုတာ Biological ပေါင်းစပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ Emotional အရ ပေါင်းစပ်မှု သဘော ရှိပါတယ်။ အဲ့လိုမဟုတ်ပဲ လိင်တူချစ်ကြိုက်မှုကျတော့ Emotion ပိုဆန်တဲ့ ခံစားချက် ဖြစ်ပြီး မိသားစု တစ်ခု ဖန်တီးမှုကျတော့ Biological ရှုထောင့်အရ ကွဲလွဲနေမှု ရှိပါတယ်။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်လည်း Same Sex က ဆိုးကျိုး ပိုဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာ Same Sex အဖွဲ့အစည်းများက Health Program ကို သီးသန့် ပြုလုပ် ပေးပါတယ်။

ဘာသာရေးရှုထောင့်အားဖြင့် (အထူးသဖြင့် ဗုဒ္ဓဘာသာ ရှုထောင့်အရ ကြည့်ရင်) Same Sex ရယ်လို့မှ မဟုတ်ပဲ Sex လို့ ခေါင်းစဉ် တပ်လိုက်ရင်ကို အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ Same Sex ကိုမှ ကွက်ပြီးတော့ အပြစ်ရှိသော ကာမ အကုသိုလ်လို့ ဟော့ခဲ့ခြင်း မဟုတ်ပါ။ တာကြောင့်လဲ။ ဘာသာရေး အရ တားမြစ်ဖို့ကျ မစွမ်းသာပြန်ပါဘူး။ ဒီအတွက် ဆရာတော်များရဲ့  အမြင်သြဝါဒ ဘယ်လိုရှိမယ်ဆိုတာ ကိုလည်း သိချင်ပါသေးတယ်။

ဒီတော့ မြန်မာပြည်မှာ Same Sex နဲ့ ပက်သက်လို့ အမြင်ကွဲပြားမှု များလာပြီး ယနေ့အထိ တိုက်ခိုက်နေကြဆဲ ပါပဲ။ အဖွဲ့ ၃ ဖွဲ့ပါ။ Same Sex ကိုထောက်ခံ သူ၊ Same Sex ကို ဆန့်ကျင်သူနဲ့ ကြားနေ အဖွဲ့ဆိုပြီး ဖြစ်နေပါတယ်။ စာရေးသူကတော့ ကြားနေ အဖွဲ့ထဲ ပါဖြစ်မယ် ထင်ပါတယ်။ လူအခွင့်အရေး နဲ့ ပက်သက်ပြီးလို့ရော၊ Same Sex နဲ့ ပက်သက်ပြီးလို့ရော ထင်မြင်ယူဆချက်များကို ဒီ Post မှာ Comment ပေးစေချင်ပါတယ်။


From: အောင်ခမ်း ( ရိုးရာလေး )

www.mmdailystar.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ