Related Posts Plugin for WordPress, Blogger...
ပြင်သစ်ပြည်ရဲ့ ဒုက္ခ
-----------------
 လက်ရှိ ဥရောပတိုက်တွေထဲမှာ တူရကီနိုင်ငံဟာ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင် နိုင်ငံဖြစ်ပါတယ်။ နောက်ထပ် ဖြစ်မယ်လာမယ် အစ္စလာမ် ဘာသာဝင်နိုင်ငံကတော့ ပြင်သစ်နိုင်ငံလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ လက်ရှိတွင် ကစ်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များမှာ အကျိုးတူနီပါးဖြစ်နေပြီး ခန့်မှန်းကြတယ်။ ၂၀၁၂ ခုနှစ်မှာ အစ္စလာမ်ဘာသာဝင်တွေက သိသိသာသာ တိုးပွါးလာပြီး လက်ရှိ ဖြေရှင်းရ အခက်ဆုံးဖြစ်နေသည်။ 
 ဒုတိယကမ္ဘာစစ်ကြီးအပြီး ပြင်သစ်မှာ အလုပ်သမားတွေလိုတော့ ပြင်သစ်ပညာတတ်တွေ တွေးတာ က ပြင်သစ်ကိုလိုနီဟောင်း မော်ရိုကို ( Morocco ) ၊ တူနီရှား(Tunisia) အယ်ဂျီယား(Algeria) တို့က အလုပ်သမားတွေ ခေါ်လာ၊ ပြင်သစ်မ တွေနဲ့ယူ၊ ကပြားကလေးတွေမွေး၊ တသားတည်း(Assimilate) ဖြစ်သွားမယ်လို့ တွက်ကြတယ်။ လက်တွေ့မှာတော့ ဘသားချောတွေက ပြင်သစ်မတွေကို တကယ်မယူပဲ ကိုယ့်တိုင်းပြည်က မွတ်စလင် မိန်းကလေးတွေကိုပဲ ခေါ်ယူကြတယ်။ လစ်ဘရယ် Human Rights အရ ငြင်းလို့ မရ။ ဒီတော့ ပြင်သစ် မဟုတ်တဲ့ အဖြူမဟုတ်တဲ့ ပြင်သစ်ကလေးတွေဖွားလာပြီး ကြီးလာတော့ ပညာမတတ်၊ ဘာသာကွဲ လေးတွေ ပေါလာပြီး အလုပ်လက်မဲ့ တွေစုပြုံနေကြတဲ့ Ghetto တွေ ပါရီမြို့ပြင်မှာ ပေါ်လာတယ်။ အလုပ်မရှိ အစိုးရ ထောက်ပံ့ ငွေနဲ့ပဲ အလေလိုက်နေကြတာပေါ့။ တချို့ Ghetto တွေမှာ ပလိပ်တောင် မ၀င်ရဲဖူးတဲ့ လွန်ခဲ့တဲ့ နှစ်နည်းငယ်က ဆူပူမှုတွေဖြစ်ပြီးကားတွေမီးရှို့နဲ့ ၀က်ဝက်ကွဲသွားတာပဲ။ ယ္ခုသမ္မတ ဆာကိုဇီ Sarkozy ကထိုစဉ်က ပြည်ထဲရေးဝန်ကြီး။
ဟော ဥရောပ မှာ မွတ်စလင်ဘာသာဝင် ၆သန်းကျော်လာတော့ အစ္စလာမ်ဥပဒေ(Sharia) ဥပဒေတောင်းဆိုလာကြပြီ။
ပြင်သစ်တွေကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းပူးမခြုံရ ဥပဒေ ထုတ်နေရပြီ။
 “ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်းအဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။
ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ ပဲ ပြင်သစ်သံတမန်ဆိုင်ရာ လုပ်ငန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
 အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူကတော့ ဒီလို ပုံနှိပ် ထုတ်ဝေဖို့ မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ပြစ်တင် ပြောဆိုလိုက်ပေမဲ့၊ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ”ဟု ဗွီအိုအေ (မြန်မာဌာန)ရဲ့ ၂၀.၉.၂၀၁၂ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့တယ်။ 
 ဒီလိုပုံစံမျိုးပဲ မကြာခဏ ဘာသာရေးအရ ပြသာနာတွေ ဖြစ်ပွါးလျှက်ရှိပြီး အစိုးရမှ ထိန်းထိန်းသိမ်းသိမ်း ကိုယ်တွယ်နေရသည်ဟု ဆိုထားပါသည်။ 
ဝေဟင်အောင်
၂၁၊ ၁၀၊ ၂၀၁၃။ 
အချိန်မရတော့တာကြောင့် ဒီလောက်ပဲ ရေးလိုက်တော့မယ်။ နောက်မှ ကြုံရင် ကြုံသလို အရှည် ရေးပါမယ်။လက်ရှိ ဥရောပတိုက်တွေထဲမှာ တူရကီနိုင်ငံဟာ တစ်ခုတည်းသော အစ္စလာမ်ဘာသာဝင် နိုင်ငံဖြစ်ပါတယ်။ နောက်ထပ် ဖြစ်မယ်လာမယ် အစ္စလာမ် ဘာသာဝင်နိုင်ငံကတော့ ပြင်သစ်နိုင်ငံလို့ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ လက်ရှိတွင် ကစ်သလစ်ခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များမှာ အကျိုးတူနီပါးဖြစ်နေပြီး ခန့်မှန်းကြတယ်။ ၂၀၁၂ ခုနှစ်မှာ အစ္စလာမ်ဘာသာဝင်တွေက သိသိသာသာ တိုးပွါးလာပြီး လက်ရှိ ဖြေရှင်းရ အခက်ဆုံးဖြစ်နေသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ပြင်သစ်မှာ အလုပ်သမားတွေလိုတော့ ပြင်သစ်ပညာတတ်တွေ တွေးတာ က ပြင်သစ်ကိုလိုနီဟောင်း မော်ရိုကို ( Morocco ) ၊ တူနီရှား(Tunisia) အယ်ဂျီယား(Algeria) တို့က အလုပ်သမားတွေ ခေါ်လာ၊ ပြင်သစ်မ တွေနဲ့ယူ၊ ကပြားကလေးတွေမွေး၊ တသားတည်း(Assimilate) ဖြစ်သွားမယ်လို့ တွက်ကြတယ်။ လက်တွေ့မှာတော့ ဘသားချောတွေက ပြင်သစ်မတွေကို တကယ်မယူပဲ ကိုယ့်တိုင်းပြည်က မွတ်စလင် မိန်းကလေးတွေကိုပဲ ခေါ်ယူကြတယ်။ လစ်ဘရယ် Human Rights အရ ငြင်းလို့ မရ။ ဒီတော့ ပြင်သစ် မဟုတ်တဲ့ အဖြူမဟုတ်တဲ့ ပြင်သစ်ကလေးတွေဖွားလာပြီး ကြီးလာတော့ ပညာမတတ်၊ ဘာသာကွဲ လေးတွေ ပေါလာပြီး အလုပ်လက်မဲ့ တွေစုပြုံနေကြတဲ့ Ghetto တွေ ပါရီမြို့ပြင်မှာ ပေါ်လာတယ်။ အလုပ်မရှိ အစိုးရ ထောက်ပံ့ ငွေနဲ့ပဲ အလေလိုက်နေကြတာပေါ့။ တချို့ Ghetto တွေမှာ ပလိပ်တောင် မ၀င်ရဲဖူးတဲ့ လွန်ခဲ့တဲ့ နှစ်နည်းငယ်က ဆူပူမှုတွေဖြစ်ပြီးကားတွေမီးရှို့နဲ့ ၀က်ဝက်ကွဲသွားတာပဲ။ ယ္ခုသမ္မတ ဆာကိုဇီ Sarkozy ကထိုစဉ်က ပြည်ထဲရေးဝန်ကြီး။
ဟော ဥရောပ မှာ မွတ်စလင်ဘာသာဝင် ၆သန်းကျော်လာတော့ အစ္စလာမ်ဥပဒေ(Sharia) ဥပဒေတောင်းဆိုလာကြပြီ။
ပြင်သစ်တွေကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းပူးမခြုံရ ဥပဒေ ထုတ်နေရပြီ။
“ပြင်သစ်နိုင်ငံက မဂ္ဂဇင်းတစောင်မှာ အစ္စလာမ် ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ တမန်တော် မိုဟာမက်ရုပ်ပုံကို ကာတွန်းအဖြစ် ရေးဆွဲဖော်ပြလိုက်တဲ့နောက် ကြိုတင် သတိထားတဲ့ အနေနဲ့ နိုင်ငံပေါင်း ၂၀ မှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေ၊ ယဉ်ကျေးမှု ဖလှယ်ရေးဌာနတွေနဲ့ ကျောင်းတွေကို ပိတ်ဖို့ စီစဉ်နေပါတယ်။
ပြင်သစ်အစိုးရနဲ့ ဘာသာရေးခေါင်းဆောင်တွေက ဆင်ဆင်ခြင်ခြင် ပြုမူကြ ဖို့ ပြောဆိုနေချိန်မှာ ပဲ ပြင်သစ်သံတမန်ဆိုင်ရာ လုပ်ငန်းတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ အကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ဝစ်လစ်စလစ်ပုံတွေ အပါအ၀င် တမန်တော်မိုဟာမက်ရဲ့ ကာတွန်းရုပ်ပုံတွေပါဝင်တဲ့ အပတ်စဉ် ထုတ် ပြင်သစ်မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Charlie Hebdo ကို ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အလားတူလှောင်ပြောင်တဲ့ ကာတွန်းရုပ်ပုံတွေ ဖော်ပြခဲ့လို့ ပြီးခဲ့တဲ့ နှစ်ထဲမှာတုန်းကလည်း မဂ္ဂဇင်းရဲ့ရုံးခန်းတွေကို မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက် ခံခဲ့ရတာပါ။
အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူကတော့ ဒီလို ပုံနှိပ် ထုတ်ဝေဖို့ မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက် အပေါ် ပြစ်တင် ပြောဆိုလိုက်ပေမဲ့၊ ဒီလုပ်ရပ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးဟာလည်း မဖြစ်သင့်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ ”ဟု ဗွီအိုအေ (မြန်မာဌာန)ရဲ့ ၂၀.၉.၂၀၁၂ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့တယ်။
ဒီလိုပုံစံမျိုးပဲ မကြာခဏ ဘာသာရေးအရ ပြသာနာတွေ ဖြစ်ပွါးလျှက်ရှိပြီး အစိုးရမှ ထိန်းထိန်းသိမ်းသိမ်း ကိုယ်တွယ်နေရသည်ဟု ဆိုထားပါသည်။
ဝေဟင်အောင်
၂၁၊ ၁၀၊ ၂၀၁၃။
အချိန်မရတော့တာကြောင့် ဒီလောက်ပဲ ရေးလိုက်တော့မယ်။ နောက်မှ ကြုံရင် ကြုံသလို အရှည် ရေးပါမယ်။
Posted by Arakan Man on 10/22/2013
0 comments
Post a Comment
Related Posts Plugin for WordPress, Blogger...
ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း
ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း
မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား
တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား
သန်းခေါင်စာရင်း စစ်ကြသူများ
အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း
အမျိုးသားဥပေးမူကြမ်း
ရခိုင်ပြည်ကို မလာပါနဲ့
Sensitive Area မောင်တော
ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ
ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား
သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄
သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း
လုပ်စားနေသော သတင်း ဌာနများ
သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား
Labels
Arakan Express Daily
Arakan Express Daily
Popular Posts
ရောက်တတ်ရာရာနေရာများ