Related Posts Plugin for WordPress, Blogger...

Photo: ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ်များ ယုံကြည်စွာဖွဲ့စည်းပေးရန် ဒုသမ္မတထံ တောင်းဆို

 ဒေသလုံခြုံရေးအတွက် ရခိုင်ပြည်နယ်
တွင် ပြည်သူ့စစ် များကို ယုံကြည်စွာဖြင့် ဖွဲ့
စည်း ပေးရန် နိုင်ငံတော်ဒုတိယသမ္မတ
 ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံစဉ်

စစ်တွေမြို့မိမြို့ဖများ ကတောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။

မေလ ၁၈ ရက်က စစ်တွေ မြို့တွင် ပြုလုပ်သော ဒုတိယ သမ္မတနှင့် တွေ့ဆုံပွဲ၌ ယင်းကဲ့ သို့ တင်ပြတောင်းဆိုခြင်းဖြစ် ကြောင်း မြို့မိမြို့ဖအဖွဲ့ဝင် ဦး သန်းထွန်းကပြောသည်။

‘‘ပြည်သူ့စစ်တွေကို ယုံယုံ ကြည်ကြည်နဲ့ ဖွဲ့ပေးဖို့ လူကြီးတွေလာရင် ဘင်္ဂါလီရွာတွေသာမက ရခိုင်ကျေးရွာတွေကိုလည်း ၀င် ကြည့်ပေးဖို့နဲ့ ပြဿနာပြေလည်ဖို့ အတွက် ရခိုင်တိုင်းရင်းသားတွေ နဲ့ ယုံယုံကြည်ကြည်ဆွေးနွေးဖို့ ဒါတွေကို တင်ပြခဲ့ပါတယ်’’ဟု ဦးသန်းထွန်းကဆိုသည်။

ထို့အပြင်စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်နှင့် ဦးမောင်ထွန်းကျော် တို့ကလည်း တရားဥပဒေစိုးမိုး ရေးထိရောက်စွာ မဆောင်ရွက် နိုင်မှုကြောင့်  ဆွဲတင်စစ်ကဲ့သို့ လုပ်ငန်းများတွင် ဘင်္ဂါလီလူမျိုး တို့၏ အကြမ်းဖက်တိုက်ခိုက်မှု ခံရခြင်း၊ လွှတ်တော်ထဲသို့ရောက်ရှိနေသော ဘင်္ဂါလီလူမျိုးကိုယ် စားလှယ်များကို စိစစ်၍ နိုင်ငံ သားဥပဒေအရ အရေးယူပေးရန် စသည့်အချက်များ တင်ပြတောင်း ဆိုခဲ့သည်။

ရခိုင်ပြည်နယ်သို့ရောက်ရှိ နေသော နိုင်ငံတော်ဒုတိယသမ္မ တသည် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်နယ်အ ဆင့် ECC အဖွဲ့မှ ကိုယ်စားလှယ် များနှင့်လည်း မေလ ၁၈ ရက်က စစ်တွေမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။

7 Day News Dailyဒေသလုံခြုံရေးအတွက် ရခိုင်ပြည်နယ်

7 Day News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ