Related Posts Plugin for WordPress, Blogger...

Photo: ရွေးကောက်ပွဲအသုံးစရိတ် သိန်း ၁ဝဝထက်ပိုသုံးပါက ဥပဒေအရ အရေးယူမည်

ရွေးကောက်ပွဲကာလများ အတွင်း ကိုယ်စား
လှယ်လောင်းများအနေ ဖြင့် ရွေးကောက်ပွဲ
အသုံးစရိတ်အား ကျပ် သိန်း ၁ဝဝ ထက်ပိုမို
သုံးစွဲပါက ရွေးကောက် ပွဲဥပဒေအရ

အရေးယူမည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ယခင် ရွေးကောက်ပွဲကာလများ တွင် အချို့နိုင်ငံရေးပါတီများ ရွေးကောက် ပွဲအသုံးစရိတ်ကို သက်မှတ်ချက်ထက် ပိုမို သုံးစွဲကြောင်း ဝေဖန်မှုများနှင့်ပတ်သက်၍ မေးမြန်းစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ယခုကဲ့ သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
''သိန်းတစ်ရာထက် ကျော်သုံး တယ်ဆိုရင်တော့ ရွေးကောက်ပွဲဥပဒေအ ရ အရေးယူသွားရမှာပေါ့။ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြေစာတွေနဲ့တကွ တင်ရပါ တယ်။ သံသယရှိရင် လိုက်မှာပေါ့။ တိုင်လို့ ရပါတယ်''ဟု ယင်းကပြောသည်။

ထို့သို့ပြောဆိုနေသော်လည်း အချို့နိုင်ငံရေးပါတီများအနေဖြင့် ငွေကြေး အင်အား မတောင့်တင်းသည့်အတွက် အ သုံးစရိတ်နှင့်ပတ်သက်၍ အခက်အခဲများ ရှိနေသည်ဆိုသည့်သတင်းများလည်း ထွက် ပေါ်နေသည်။

အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ¤င်းတို့ပါတီအနေဖြင့် ကျပ်သိန်းတစ်ရာ အ သုံးပြုနိုင်ရန် အလားအလာမရှိသည့်အပြင် ယခင်ရွေးကောက်ပွဲများ၌ ပါတီအချို့၏ စည်းကမ်းချိုးဖောက်မှုများရှိသော်လည်း ကော်မရှင်က အရေးမယူခဲ့ကြောင်း ထောက် ပြပြောဆိုခဲ့သည်။

''ကျွန်တော်တို့ကတော့ သိန်းတစ် ရာသုံးဖို့နေနေသာသာ သိန်းငါးဆယ်သုံးဖို့ တောင် မလွယ်တဲ့ပါတီဆိုတော့ ပြဿနာ မရှိဘူးပေါ့ဗျာ။ ကျော်စရာလဲ အကြောင်း မရှိပါဘူး။ ၂ဝ၁ဝ တို့ ၂ဝ၁၂ တို့တုန်းကလဲ သိန်း ၁ဝဝ ပြောခဲ့တာပဲ။ သိပ်တော့မဆန်း ပါဘူး။ ကျော်အောင်သုံးတဲ့ ပါတီတွေလဲ ရှိခဲ့တာပဲ။ အဲဒီတုန်းကလဲ တချို့ပါတီတွေ ကျော်အောင်သုံးခဲ့တာလဲ အရေးမယူခဲ့ပါ ဘူး''ဟု ယင်းက ဆက်ပြောသည်။

အချို့သော နိုင်ငံရေးပါတီများ ကမူ ငွေကျပ်သိန်းတစ်ရာမှာ လက်ရှိငွေ ကြေးဖောင်းပွမှုများကြောင့် အသုံးမခံနိုင် ကြောင်းနှင့် အကယ်၍ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့ပါက မည် သည့်မျက်နှာမှမထောက်ဘဲ ထိရောက်စွာ အရေးယူရန်လိုအပ်သည်ဟု ပြောသည်။

Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ