Related Posts Plugin for WordPress, Blogger...

Photo: စက်တင်ဘာ ၉ /၁၁ မှတ်တမ်းပြတိုက် ရုပ်ရှင်သည် အစ္စလာမ်ဘာသာအား အကျိုးအကြောင်းမဲ့ ကြောက်ရွံ့ ခြင်းသာဖြစ်သည်ဆိုသော ဗလီဆရာ ဒေါ်လာသိန်းချီ ခိုးယူ

စက်တင်ဘာ ၉ /၁၁ မှတ်တမ်းပြတိုက်တွင်
 ပြသသော အယ်ကိုင်းဒါးအဖွဲ့ တန်းခိုးထွား
လာပုံအကြောင်း ရိုတ်ကူးထားသည့် ၆ မိနစ်
ရှပ်ရှင်သည် အမေရိကန်ပြည်ရှိ မွတ်စလင်
များအား စိတ်ထိခိုက်စေကြောင်း၊

 ပြတိုက်သို့ လာရောက်သူ ပြည်ပမွတ်စလင်များကိုလည်း စိတ်ထိခိုက်စေနိုင်ကြောင်း လွန်ခဲ့သောလက ပြတိုက်အုပ်ချုပ်ရေးအဖွဲ့သို့ စာရေးအကြောင်းကြားခဲ့သူ မာစဂျစ်မန်ဟတ်တန် ဗလီဆရာ ရှိုခ်မူစတာဖာအီလာဇဘာဝီသည် ငွေကြေးအမြောက်အများ လိမ်လည်မှုဖြင့် ထောင်ဒဏ်ကျခံရဖွယ် ရှိသည်။

“အယ်ကိုင်းဒါးနဲ့ မွတ်စလင် ဘာကွာသလဲဆိုတာကို သေချာမသိတဲ့ သူတွေအဖို့ အစ္စလာမ်ဘာသာအပေါ် တစ်မျိုးမြင်သွားနိုင်တယ်” ဟု ယင်းက ပြောသည်။

မူစတာဖာက ဂျုးလူမျိုးများသည် ကင်ဆာရောဂါနှင့် တူကြောင်း၊ ငွေကြေးအားလုံးကို ထိန်းချုပ်ကြကြောင်း ပြောကြားခဲ့သော်လည်း ၎င်းကိုယ်တိုင် ဒေါ်လာ ၁ သိန်း ၄ သောင်း လိမ်လည်မှုဖြင့် တရားစွဲဆိုခံရသောအခါ ဂျုးလူမျိုး ရှေ့ နေကိုသာ ငှားရမ်းခဲ့သည်။

စက်တင်ဘာ ၉ /၁၁ အောက်မေ့ဖွယ်အခမ်းအနားနှင့် ပြတိုက်တို့တွင် ပြသခဲ့သော အဆိုပါ ရုပ်ရှင်အား ပစ်စလက်ခက် ပြောဆိုဝေဖန်ခဲ့သဖြင့် သတင်းစာခေါင်းကြီးပိုင်းများ၌ ဖော်ပြခြင်းခံခဲ့ရသူ ဗလီဆရာမူစတာဖာသည် နယူးယောက်မြို့တော် အိုးအိမ်ဌာန၏ အငြိမ်းစားဝန်ထမ်းဖြစ်ပြီး အပိုဝင်ငွေရရှိရန်အတွက် Hell’s Kitchen Ethiopian စားသောက်ဆိုင်၌ အခွန်ပြင်ဆင်သူအဖြစ် လုပ်ကိုင်ပေးခဲ့စဉ် အနဲဆုံး ဒေါ်လာ ၁ သိန်း ၄ သောင်းခန့် လိမ်လည်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ကျခံရနိုင်ဖွယ် ရှိသည်။

၎င်းသည် ကိုယ်တိုင် ထမ်းဆောင်ရမည့် အခွန်ပမာဏကိုလည်း လိမ်လည်ခဲ့ပြီး ၂ နှစ်အတွင်း ဒေါ်လာ ၃၀၀၀ ခန့် အိတ်ထဲထည့်ခဲ့သည်ဟု တရာလိုများက စွဲချက်တင်သည်။

Ref ; FrontPage
News Watch

Posted by Unknown on 5/21/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ