Related Posts Plugin for WordPress, Blogger...


ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို စက်တင်ဘာလအတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့ ပြောကြားသည်။

“မြို့ကြီးသုံးမြို့မှာ ဆင်းမ်ကတ် ၁၀ သန်းကို တစ်ပြိုင်နက်တည်း ရောင်းချသွားမှာပါ။ ဖုန်းခေါ်ခကိုလည်း မည်သည့် အော်ပရေတာကိုမဆို ၂၅ ကျပ်ထက် မပိုတဲ့ နှုန်းထားနဲ့ ကောက်ခံသွားမှာပါ” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလတွင် စတင်ရောင်းချမည့် ဆင်းမ်ကတ် ၁၀ သန်းအတွက် တာဝါတိုင်ပေါင်း ၈၀၀ ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တယ်လီနော၏ အင်တာနက် ဝန်ဆောင်မှုသည် 3G ကွန်ရက်အတွက် 7.2 MB အထိ ရှိမည်ဖြစ်ပြီး 2G ကွန်ရက်အတွက် 150 KB မှ 250 KB အတွင်းထိ အင်တာနက် မြန်နှုန်းရှိမည်ဟု ၎င်းက ရှင်းပြသည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူးကုမ္ပဏီသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချပြီး သြဂုတ်လ ၂ ရက်နေ့ တွင် ရန်ကုန်တွင် ရောင်းချခဲ့သည်။

အော်ရီဒူးကုမ္ပဏီသည် အော်ရီးဒူး ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို ၂၅ ကျပ် ကောက်ခံမည် ဖြစ်ပြီး အခြား အော်ပရေတာများနှင့် ဖုန်းခေါ်ဆိုလျှင် တစ်မိနစ်ကို ၃၅ ကျပ် ကောက်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

(အောင်သီဟ)

The Voice Weekly

Posted by Arakan News on 8/07/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ