Related Posts Plugin for WordPress, Blogger...

ပဲခူးတိုင်း NDF ပါတီဗဟိုကော်မတီဝင်များ မိခင်ပါတီမှ နုတ်ထွက်၍ ပါတီသစ်ထူထောင်သွားမည်ဟု ပဲခူးတိုင်းဗဟိုကော်မတီဝင်ဦးအေးမြင့် (လမ်းပြကြယ်)က ပြောသည်။

''ပါတီနဲ့ကတော့ ဘာမှမဖြစ်ပါဘူး။ ၂ဝ၁၅ရွေးကောက်ပွဲရောက်ရင် မိခင် ပါတီနဲ့ဝင်ပြိုင်ရင် ပဲခူးမှာက မသိတဲ့သူများတယ်။ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာ ဝင်းနိုင်တို့ရဲ့အရည်အချင်း စသဖြင့် နိုင်ငံရေး အရည်အချင်းပေါ့ အဲဒါတွေကို မသိ ကြဘူးလေ။ ကျွန်တော်တို့လမ်းပြကြယ်ဆိုရင် တောကျိုအုံကြား အကုန်လုံးသိကြ တယ်။ အဲဒါဆိုရင် ကိုယ်စားလှယ်လောင်းရလာမယ်။ ရလာတဲ့အခါ မိခင်ပါတီကို ရံပေးသွားမှာပါ''ဟု ပြောသည်။

NDF ပါတီကိုယ်စားလှယ်များသည် အမျိုးသားလွှက်တော်နှင့် ပြည်သူ့ လွှတ်တော်၌ လာမည့် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ်ကို အကောင်အထည် ဖော်ရန် အဆိုတင်သွင်းခဲ့သော ပါတီတစ်ခုဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး NDF ပါတီ ဗဟိုကော်မတီဝင်ဦးခင်ဇော်က ''ကျွန်တော်တို့ နုတ်ထွက်တာ ပီအာရ်စနစ် တင်သွင်းတာနဲ့ မဆိုင်ပါဘူး။ နုတ်ထွက်စာ တင်ဖို့လုပ်နေပါ ပြီ။ ပါတီလမ်းစဉ်တွေကိုလဲ သဘောကျပါတယ်။ တခြားကိစ္စတွေရှိနေလို့ပါ''ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူ၊ ညောင်လေးပင်၊ ဖြူး၊ ပဲခူးမြို့ အတွင်းရှိ ဗဟိုကော်မတီဝင်များနုတ်ထွက်၍ လမ်းပြကြယ်ပါတီအဖြစ် ပါတီထူထောင် သွားမည်ဖြစ်သည်၊၊

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေထံ ဆက်သွယ် မေးမြန်းရာတွင် ''အဲဒီကိစ္စတွေတော့ ကျွန်တော်မသိသေးဘူး။ ရုံးကိုတော့ အဲဒီစာတွေ မရောက်သေးဘူး''ဟု ပြောသည်။
Flower News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ