Related Posts Plugin for WordPress, Blogger...



ရှားဟတ်ကာများက ကမ္ဘာအနှံ့ရှိ ကွန်ပြူတာများမှ Password ၁ ဒသမ ၂ ဘီလျံခန့်အား ခိုးယူခဲ့ ကြောင်း သြဂုတ် ၆ ရက်က သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော် စင်ကာပူနိုင်ငံ ကွန်ပြူတာအရေးအခြေအနေတုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ (SingCERT) က အဆိုပါ ခေါ်ယူသည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း မိမိတို့နိုင်ငံအတွင်း ဟက်ကာများက ၀င်ရောက် ခိုက်သည့် သတင်းပို့မှ မရှိသေးကြောင်း ပြောကြားထားသည်။

စင်ကာပူနိုင်ငံအတွင်း၌ ကွန်ပြူတာများ ၀င်ရောက်ထိုးဖောက်ခံရပါက ဖော်ထုတ်စုံစမ်းရန် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူ များနှင့် ဆွေးနွေးထားကြောင်း SingCERT က ထုတ်ပြန်ထားပြီး အစိုးရအစိုးရအဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့၏ ကွန်ပြူတာစနစ်များ၊ အချက်အလက်များကို လုံခြုံစွာ ကာကွယ်ထားကြရန် သတိပေးထားသည်။

အမေရိကန်နိုင်ငံအခြေစိုက် Hold Security အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာက CyberVor ဟု ဆိုသော အဖွဲ့တစ်ဖွဲ့သည် အင်တာနက်ဝက်ဘ်ဆိုက်ပေါင်း ၄၂၀၀၀၀ ခု မှ Username နှင့် Passwords များကို ယခင်ကလည်း ခိုးယူ ခဲ့ကြောင်း ရေးသားခဲ့ပြီး နာမည်ကြီး ၀က်ဘ်ဆိုက်များလည်း ပါဝင်သွား ဖော်ပြထားသည်။

“ဆိုက်ဘာလုံခြုံရေးအတွက် စီးပွားရေးလုပ်ငန်းကြီးတွေရော တစ်ဦးချင်းစီအနေနဲ့ပါ လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ထားဖို့ တိုက်တွန်းပါတယ်။ Password တွေကို ပုံမှန်ပြောင်းပေးဖို့နဲ့ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ဘဏ်ချေးငွေအချက်အလက်တွေလို အရေးပါတဲ့ လုပ်ငန်းတွေမှာ Password တွေကို လုံခြုံမှုကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု SingCERT က အကြံပြုထားသည်။

ယခုခိုးယူမှုအပါအ၀င် လွန်ခဲ့သည့် နှစ်များအတွင်း ဆိုက်ဘာတိုက်ခိုက်မှုအများအပြားကို ရုရှားဟက်ကာများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့ သည့် ဒီဇင်ဘာလအတွင်းကလည်း အရှေ့ဥရော ပမှ ဟက်ကာများက အမေရိကန်လက်လီအရောင်းဌာနကြီးတစ်ခုဖြစ်သည့် Target မှ ကြွေးဝယ်ကဒ် သန်း ၄၀ ခန့်၏ နံပါတ်များကို ခိုးယူခဲ့သည်။
Ref:CNA

Mizzima

Posted by Arakan News on 8/07/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ