Related Posts Plugin for WordPress, Blogger...


၁၉၈၈ မှာ ကိုယ်တိုင် ပါဝင် ခဲ့ပြီး စစ် အာဏာ သိမ်းတာ ကိုယ်တိုင် ကြုံ ခဲ့ဘူးတဲ့ လူ တယောက် အနေနဲ့ ကတော့ ပြည်သူ့ အင်အား (လူထု ဆန္ဒ ပြပွဲ သပိတ်မှောက် တယ်) ဆိုတဲ့ စကားက နားထောင် လို့ပဲကောင်းပြီး လက်တွေ့ အမှန် တရား မဟုတ်တဲ့ မြှောက်ထိုး ပင့်ကော် စကားလုံး သက်သက် ပါပဲ။ ၁၉၈၈ အရေးတော်ပုံ ကြောင့် မဆလ အစိုးရ ပြုတ်ကျ ပေမယ့် စစ်အာဏာရှင် ဆိုတဲ့ စနစ်က မပြုတ် ကျပါဘူး။ စစ် အစိုးရ အသွင်ပြောင်း အုပ်ချုပ် လိုက်တာပါ။ ခုလဲ လုံးဝ ဒီမိုကရေစီ စနစ်လို့ မပြောပါဘူး။ ဖြေလျှော့တဲ့ အဆင့် လို့ ပဲ သတ်မှတ် နိုင်သေး တာပါ။ သမိုင်းမှာ ၁၉၄၈-၄၉ က စစ်တပ်က တပ်ရင်း ၄၊ ၅ ရင်းလေး ရှိပြီး လက်နက်ကိုင်တွေ တနိုင်ငံလုံး လွှမ်းမိုး နေခဲ့ တာတောင် စစ်တပ်ကို နိုင်အောင် မတိုက် နိုင်ခဲ့ပါဘူး။ ၁၉၈၈ အရေးတော်ပုံ လို တပြည်လုံး အုံကြွတဲ့ အခြေအနေ မှာလည်း မနိုင် ခဲ့ပါဘူး။ မအောင်မြင် ခဲ့တဲ့ လမ်းစဉ် တွေ ကို နောက်ကြောင်း မပြန်ကြပဲ သမိုင်းကို မှန်မှန်ကန်ကန် သုံးသပ် သင်္ခန်စာ ယူတတ်ဘို့ လိုပါတယ်။

ဒါကြောင့် ဘယ် အစိုးရ ဘယ်သူတွေ အုပ်ချုပ် နေတယ်။ ဘယ် Institution တွေ ပါတယ် ဆိုတာ အပေါ် အာရုံ စိုက် နေတာထက် စစ်အာဏာရှင် စနစ် (စနစ်) ပြုတ် သွားအောင် အာရုံစိုက်ပြီး အနိုင်၊ အရှုံး ပုံစံ မစဉ်းစားပဲ စစ်တပ်ကို တစတစ ဆုတ်ခွာခွင့် ပေးတဲ့ နည်းနဲ့ ဒီမို ကရေစီ စနစ် အရှည် တည်တံ့ရေး ကြိုးစား ကြရမှာပါ။ နိုင်ငံရေး သုံးသပ်တဲ့ နေရာမှာလဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ကို ခဏထားပြီး အာဏာရှင် စနစ် ဆုတ်ခွာ နိုင်ရေး အပေါ် အခြေခံ စဉ်းစား သင့်ပါတယ်။ အာဏာရှင် စနစ် ဆုတ်ခွာ မှု အပေါ်မှာပဲ ဒီမိုကရေစီ စနစ် က တဖြည်းဖြည်း ထွန်းလင်းခွင့် ရလာမှာပါ။ ဒီမို ကရေစီ စနစ် အခြေ ခိုင်ပြီးသား လက်ရှိ အနောက် နိုင်ငံ တွေမှာ နိုင်ငံရေး လုပ် သလို မြန်မာပြည် မှာ လုပ် လို့ မရ နိုင်သေး ဘူး ဆိုတာ သဘောပေါက်ဘို့ လို ပါသေး တယ်။ ဒီတော့ ပါတီစုံ လွှတ်တော် နိုင်ငံရေး ဖြင့် စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက် ခြင်း ဖြင့် သာ ဒီမိုကရေစီ စနစ် ခိုင်မာ တည်မြဲအောင် တည် တံ့ အောင် ဆောင် ရွက် နိုင် လိမ့်မယ် လို့ ယုံကြည် ပါတယ်။

Moe Hein Kyaw
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ