Related Posts Plugin for WordPress, Blogger...

From : .. မဇ္ဈိမ

 မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာ)ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံမည် မဟုတ်ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဇွန်လ ၈ ရက်တွင် ပြောဆိုလိုက်သည်။

အင်န်အယ်ဒီ ပါတီအနေနှင့် လက်မခံနိုင်သဖြင့် ပါတီတွင်း ပီအာနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် မဟုတ်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

“ပီအာမှာပါတဲ့ အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ခွင့်ပြုမလား၊ မပြုနိုင်ဘူး၊ အဲ့အတွက် ဖွဲ့စည်းပုံကို စဆုံးပြင်ရမယ်၊ နောက် ရွေးကောက်ပွဲ ဥပဒေပြင်ရမယ်၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေပြင်ရမယ်၊ နောက်ပါတီ မှတ်ပုံတင်တဲ့ ဥပဒေတွေပါ အကုန်ပြင်ရမယ်၊ တကယ် အကောင်အထည်ဖော်မယ်ဆို ၂ဝ၁၄ ကြားဖြတ်မပြောနဲ့ ၂ဝ၁၅တောင် မဖြစ်နိုင်ဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အချိုးကျကိုယ်စားပြု စနစ်မှာ မဲပေးသူများအနေနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မဟုတ်ဘဲ ပါတီကို ပေးရခြင်းဖြစ်ကာ မဲသတ်မှတ်ချက်ဖြင့် အချိုးကျခွဲဝေခြင်းဖြစ်သည်။ ပါတီကို မဲပေးသည့်အခါ မဲမရရှိသည့် ပါတီများအနေနှင့်လည်း ညွန့်ပေါင်းအစိုးရတစ်ခု ဖွဲ့စည်းနိုင်ပြီး ပါတီအားလုံးမှ ကိုယ်စားလှယ် အားလုံး ပါဝင်လာမည်ဖြစ်သည်။

ပီအာစနစ်ရည်ရွယ်ချက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတိုင်းမှ ကိုယ်စားလှယ် တိုင်း လွှတ်တော်သို့ ရောက်ရှိနိုင်ရေးဖြစ်ကာ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် နိုင်သူအကုန်ယူ (Winner Takes All-First Past the Post) စနစ်၏ အားနည်းချက်ကိုလည်း ပီအာလိုလားသူများက ပြုပြင်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

PR စနစ်အား ကျင့်သုံးရန်  ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲ မကျင်းပမှီတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီမိုကရေစီပါတီမှ တင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီများအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရရှိရန် ခက်ခဲသဖြင့် ထိုကဲ့သို့သော PR စနစ်ကို ကျင့်သုံးရန် (သို့) မဲအများဆုံးရရှိသူအား အနိုင်ပေးနှင့် PR စနစ် ရောယှက်ကျင့်သုံးရန် ၂ဝ၁ဝ  ရွေးကောက်ပွဲတွင် သဘောထားတင်ပြမှုများရှိခဲ့သည်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ