Related Posts Plugin for WordPress, Blogger...


နိုင်ငံသားအဖြစ် လျှောက်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့ရှိ ဘင်္ဂါလီ တစ်ထောင်ကျော်အနက် ၁၀ ဦးကို သြဂုတ်လ ၅ ရက်နေ့တွင် လူချင်းတွေ့ဆုံကာ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးမောင်ရေချမ်းက ပြောကြားသည်။

နိုင်ငံသားအဖြစ် လျှောက်ထားသူ ၁၀၉၄ ဦးတွင် ၇၈၀ ကျော်မှာ မိဘများ ဖြစ်ကြသဖြင့် အဆိုပါ မိဘများကိုသာ စစ်ဆေးမည်ဖြစ်ပြီး နိုဝင်ဘာလ နောက်ဆုံးအပတ်အထိ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သြဂုတ်လ ၅ ရက်နေ့တွင် စစ်ဆေးခဲ့သူများမှာ သုံးခေါက်ချိုးကတ် ကိုင်ဆောင်ထားသူများနှင့် အထောက်အထားမဲ့များ ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရာတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ၏ မျိုးဆက် ဟုတ် မဟုတ်၊ ရူးသွပ်သူ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ဘိုးဘွားများ နေထိုင်ခဲ့မှု အထောက်အထားများကို အဓိကထား စစ်ဆေးခဲ့ကြောင်း ဦးမောင်ရေချမ်းက ရှင်းပြသည်။

ဘင်္ဂါလီများကို နိုင်ငံသား စိစစ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြို့နယ်အဆင့် စိစစ်ရေးအဖွဲ့က စစ်ဆေးမည်ဖြစ်ပြီး ပြည်နယ်အဆင့် စိစစ်ရေးအဖွဲ့အပြင် ဗဟိုကပါ အဆင်ဆင့်စိစစ်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

မြို့နယ်နှင့် ပြည်နယ်အဆင့်တို့တွင် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လူ့အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များကို ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ်သတ်မှတ်ကာ ယခုနှစ် ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော် ရှိသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ