Related Posts Plugin for WordPress, Blogger...





 မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရသည် ဆိုတုန်းက လူ့အခွင့်အရေးဖြင့် အကြောင်းပြက စိုးရိမ်ကြောင်း ပြောခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် နဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ စိုးရိမ်ကြောင်း ပြောကြားခဲ့ပေမယ့် ဒေါ်ခင်ဝိုင်းကြည်၊ ဆရာတော် ဦးဝီရသူ နဲ့ ဦးဆန်းလွင်တို့ ဥပဒေမဲ့ ခြိမ်းခြောက်ခံနေရတာကိုတော့ ဒေါ်စုနဲ့ ဒဲရစ်မစ်ချယ်တို့ နှုတ်ပိတ်နေကြကြောင်း တွေ့ရပါတယ်။

 လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော် အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်း တရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ် လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေး ကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”
 

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်ကလို့ ဥပဒေစိုးမိုးမှု ရှိဖို့လိုအပ်ကြောင်း မပြောခဲ့ပါဘူး။ ဒေါ်ခင်ဝိုင်းကြည် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို အရှက်ရစေခဲ့တဲ့ တပ်ကုန်းမှ ဦးဆန်းလွင်ကို နေအိမ်ရှေ့ထိ လာရောက် အော်ဟစ် ဆဲဆိုခြိမ်းခြောက်မှုတွေရှိနေပြီး ဆရာတော်ဦးဝီရသူကိုလည်း  မွတ်ဒေါင်း ပါတီလို့ မိန့်ခဲ့စဉ်က ခြိမ်းခြောက်မှုတွေ ဆက်တိုက်ကြုံခဲ့ရကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရပြီဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခက်တွေ့အောင် PR စနစ် လွှတ်တော်မှာတင်သူ၊ အရှက်ရအောင်လုပ်သူ နဲ့ မွတ်ဒေါင်းဟု ပြောဆိုသူများ ခြိမ်းခြောက်ခံနေရခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေခိုင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ လူအများက ယုံကြည်နေကြပါတယ်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ