Related Posts Plugin for WordPress, Blogger...

ဖမ်းဆီးခံထားရသည့် မြန်မာသုံးဦးထံ အောက်တိုဘာ ၄ ရက်က သွားရောက်ရန် မြန်မာ သံရုံးက စီစဉ်ခဲ့သော်လည်း ယနေ့မှ သွားရောက်ဖြစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသည် ယင်းအမှု၏အဖြစ်မှန် သိရှိရန် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ ရှေ့နေနှစ်ဦးကို ငှားရမ်း ထားပြီး ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ ရှေ့နေတစ်ဦးနှင့်အတူ အောက်တိုဘာလ ၃ ရက်တွင် သွားရောက်တွေ့ဆုံမည်ဟုပြောကြားခဲ့သော်လည်း ထိုင်းရှေ့နေနှစ်ဦးမှာ အဆင်သင့် မဖြစ်သေးသောကြောင့် ယနေ့မှသာ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
 ‘‘ထိုင်း မီဒီယာတွေရော၊ နိုင်ငံခြားမီဒီယာတွေကပါ ပြစ်မှု ကျူးလွန်သူကို မဖမ်းဘဲ ဆိတ်နှစ်ကောင်ကို ဖမ်းလာတယ်လို့ လှောင်ပြောင်နေကြတယ်။ အား လုံးက မဖြစ်နိုင်ဘူးလို့ သုံးသပ်နေ ကြတယ်။ ဒီနေ့ သွားတွေ့ဖို့ စီစဉ် ထားတာပါ။ ဒါပေမဲ့ ထိုင်းရှေ့နေ (၃)ဦးက အဆင်သင့်မဖြစ်သေး လို့ မနက်ဖြန်မှ သွားတွေ့ရမှာပါ။ သံအမတ်ကြီးကလည်း ဖြစ်စဉ်ကို အမှန်အတိုင်းလိုချင်တယ်လို့ မှာ ထားပါတယ်’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦးအား သွား ရောက်တွေ့ဆုံမေးမြန်းရန် အထူးဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအ ဖွဲ့ (MAT) အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
‘‘အခု မြန်မာသုံးဦးကို စစ် ဆေးတုန်းက ရိုက်နှက်မှုတွေရှိ တယ်လို့ သူတို့နဲ့အတူတူအဖမ်းခံ ထားတဲ့သူတွေက ပြောတယ်။ ဒါ ပေမဲ့ သူတို့က ကြောက်နေကြ တယ်။ မပြောရဲကြဘူး။ သူတို့ လည်း မနေ့ကမှ ထွက်လာရတာ’’ ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေ ထိုင်သော မြန်မာအမျိုးသမီးတစ် ဦးက ပြောသည်။
အောက်တိုဘာ ၃ ရက်က ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံလိုက်သော မြန်မာလုပ်သားနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က သရုပ်ပြမှုပြုလုပ် ခိုင်းရာ ထိုလူငယ်နှစ်ဦးမှာ ထုံထိုင်းလေးလံနေပြီး သရုပ်ပြရာတွင် အလွဲလွဲအချော်ချော် ဖြစ်နေ ကြောင်း သရုပ်ပြမှုနေရာသို့ သွား ရောက်ကြည့်ရှုခဲ့သူ ခိုတောင်ကျွန်း၌ နေထိုင်သော မြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘သူတို့ကိုကြည့်ရတာ ထုံ ထိုင်းနေတယ်။ ခိုင်းတာလုပ်သလို ဖြစ်နေတယ်။ ရဲက လက်ညှိုးထိုး တာတစ်မျိုး သူတို့လက်ညှိုးထိုး တာတစ်မျိုး ဖြစ်နေတယ်။ ဆေး ကျွေးထားတဲ့ပုံစံ။ ဒီနေ့သတင်း ကြားရတာက သူတို့ဆေးကျွေးခံရတယ်လို့  သတင်း ထွက်နေ တယ်။ မြန်မာသံရုံးက သွားစစ် ဆေးရင်လည်း တိတိကျကျကို စစ်ဆေးသင့်တယ်’’ဟု ၎င်းက ဆို သည်။ အသတ်ခံရသည့် အမျိုးသမီးဟန်နာယီသာရစ်ခ်ျ၏ လက်ကိုင် ဖုန်းကို ဝန်ခံထားသည့် မြန်မာ လုပ်သား နှစ်ဦးထံက တွေ့ရှိခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောဆိုခဲ့ သော်လည်း အဆိုပါ လက်ကိုင် ဖုန်းကို သေဆုံးသူဟန်နာ၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာ  ၁၆ ရက်တွင် ရဲတပ်ဖွဲ့အား ပေးအပ် ခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာ ခဲ့သည်။
‘‘ဖုန်းက အရင်ရက်ကတည်းက ရဲ လက်ထဲမှာ ရှိနေတာပါ။ ဒါကြည့်ရင်ကို သိနိုင်ပါတယ်’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။ ပြင်သစ်နိုင်ငံသားတစ်ဦး ကို ခိုတောင်ကျွန်းရှိ ထိုင်းမာဖီး ယားနှစ်ဦးက သတ်ဖြတ်ခြင်းဖြစ် ပြီး အဆိုပါ လူနှစ်ဦး၏ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ခဲ့သော်လည်း ထိုနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က စစ် ဆေးခြင်းမရှိကြောင်း ခိုတောင် ကျွန်းတွင် လုပ်ကိုင်သော ရွှေ့ ပြောင်း မြန်မာလုပ်သားတစ်ဦးက ပြောသည်။

Posted by Arakan News on 10/05/2014

ဓာတ်ပုံ − ရိုက်တာ
‘‘ဒီမြန်မာတွေဟာ လူသတ်သမား အစစ်တွေလို့ သင်ထင်ပါသလား’’
၉၅ ရာခိုင်နှုန်းကျော်က ‘‘မထင်ဘူး’’ ဟု ဖြေဆိုကြပြီး ၄ ရာခိုင်နှုန်းကျော်က ‘‘ထင်တယ်’’ ဟု ဖြေဆိုထားသည်။
ယင်းစစ်တမ်းကို ထိုင်းရဲတပ်ဖွဲ့ နှင့် သဘောထားချင်းမတူညီသည့် ထိုင်း ပြည်သူများ တည်ထောင်ထားသော ‘‘CSI LA’’ အဖွဲ့က ကောက်ယူနေခြင်း ဖြစ်သည်။
အောက်တိုဘာ ၄ ရက်တွင် ယင်း စစ်တမ်းကို Survey Planet မှတစ်ဆင့် ကောက်ယူခဲ့ရာ ခေတ္တမျှအတွင်း လူ တစ်ထောင်ခန့်က ၀င်ရောက်ဖြေဆိုခဲ့ ကြသည်။
CSI LA ၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်လည်း ဤအမှုအ ကြောင်းကို စဉ်ဆက်မပြတ် တင် ပြနေပြီး ရဲတပ်ဖွဲ့သို့ မေးခွန်းများ မေးမြန်းနေကာ ရဲတပ်ဖွဲ့အနေ ဖြင့် ပွင့်လင်းမြင်သာမှုရှိရန် တိုက် တွန်းနေသည်။ ယင်းစာမျက်နှာ ကို အားပေးစောင့်ကြည့်ဖတ်ရှုသူ ပေါင်း မူလက သောင်းဂဏန်းမျှ သာ ရှိခဲ့ရာမှ အောက်တိုဘာ ၄ ရက်တစ်ရက်တည်းတွင် တစ် သိန်းကိုးထောင်ကျော်သို့ရောက် ရှိသွားကြောင်း တွေ့ရသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှု၏ တရားခံများမှာ မြန်မာအလုပ်သ မားများဖြစ်ကြောင်း ထိုင်းရဲတပ် ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် တွင် ယင်းကြေညာချက်အပေါ် မယုံကြည်သည့် ဝေဖန်မှုများ ထိုင်းနိုင်ငံပြည်သူများကိုယ်တိုင် အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများက အင်တာနက်စာ မျက်နှာများတွင် ဖော်ပြလာကြသည်။ DNA ကို ဗြိတိန်နိုင်ငံမှ စစ်ဆေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ၊ အမှုစစ်ဆေးရာတွင် တရားမျှတမှုရရှိရေးတောင်းဆိုမှုများ ထွက်ပေါ်လာနေသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ဆက်ဆံရေးနိုင်ငံတော်စီမံကိန်း အဖွဲ့(SERC) နှင့် ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား များအတွက် အခွင့်အရေးကွန် ရက်(MWRN)တို့ကလည်း သံသ ယတရားခံများကို အကူအညီပေး ရန်အတွက် ရှေ့နေများ၊ ရွှေ့ ပြောင်းတက်ကြွလှုပ်ရှားသူများ၊ ဘာသာပြန်များပါဝင်သည့် ၎င်း တို့၏ လွတ်လပ်သော အဖွဲ့တစ် ဖွဲ့ကို အောက်တိုဘာ ၅ ရက်တွင် Ko Samui အကျဉ်းထောင်နှင့် တရားရုံးသို့ စေလွှတ်မည်ဟု ပြောကြားသည်။ ယင်းနေရာမှာ သံသ ယတရားခံမြန်မာများအား ထိန်း သိမ်းထားရာဖြစ်သည်။
‘‘ဒီအမှုကို စုံစမ်းစစ်ဆေးမေး မြန်းနေစဉ်အတွင်းမှာ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ရုပ်ပိုင်း ဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုရှိတယ် ဆိုတဲ့ သတင်းပို့အစီရင်ခံမှု အများအပြားရှိတာကြောင့် ကျွန်တော် တို့သံသယဖြစ်မိပြီး စိုးရိမ်ပူပန်နေ ပါတယ်။ စွပ်စွဲခံရသူတွေဟာ တရားမျှတတဲ့ အမှုစစ်ဆေးမှု ရရှိရဲ့လား၊ မရရှိဘူးလားဆိုတာ ကို ကျွန်တော်တို့ သေချာအောင် လုပ်ချင်တယ်’’ဟု SERC ၏ အပြည်ပြည်ဆိုင်ရာရေးရာအကြံ ပေးဖြစ်ပြီး၊ MWRN ၏ အကြံ ပေးလည်းဖြစ်သည့် မစ္စတာ အန် ဒီဟောလ်ကပြောကြားသည်။
‘‘ကျွန်တော်တို့ အခုရဲတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ စွပ်စွဲခံရ သူတွေဆီကနေပြီး ဘယ်လို တောင်းခံချက်မျိုးမှ ကျွန်တော်တို့ မရခဲ့ပါဘူး။ သူတို့(စွပ်စွဲခံရသူ တွေ)က ရှေ့နေတွေဆီက ဘယ် လိုအကူအညီမှ မတောင်းခဲ့ဘူးလို့
ရဲတွေကပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီကနေ ရှေ့နေအကူအညီယူဖို့ သူတို့သဘောတူအောင်ကျွန်တော်တို့ ကြိုးစားမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 ဘန်ကောက်တွင် အခြေ စိုက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့ တောင်အာရှအကြောင်း လေ့လာ သူ၊ ဗြိတိသျှလွတ်လပ်သော သတင်းသမားလည်းဖြစ်၊ တီဗီ မှတ်တမ်းရုပ်ရှင်ဖန်တီးသူလည်း ဖြစ်သည့် နာမည်ကျော် Andrew Drummpond ကလည်း ဤအမှု ဖြစ်စဉ်ကို ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့ရာ ယင်းကိုဖြန့်ဝေ သူများစွာရှိခဲ့သည်။ ၎င်းတို့ တရားခံဟု စွပ်စွဲသည့် မြန်မာအလုပ် သမားနှစ်ဦးကို ခိုတောင်ကျွန်းတွင် ပြစ်မှုကျူးလွန်ခဲ့ပုံကို ပြန်လည်သရုပ်ပြခိုင်းမှုအား အင်ဒရူးက ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
အောက်တိုဘာ ၄ရက်က ပြုလုပ်သည့် မှုခင်းဖြစ်စဉ်ပြန် လည်သရုပ်ဖော်မှုအရ ရဲများ သည် ၎င်းတို့၏ အမိန့်အတိုင်း လုပ်သည့် မသင်္ကာဖွယ်ဖြစ်သူ များကို အဓိကဦးဆောင်နေမှန်း ထင်ရှားကြောင်း Andrew Dru mmpond ကဆိုသည်။
အကယ်၍သာ ၎င်းမြန်မာ အလုပ်သမားနှစ်ဦးသည် အပြစ် ရှိကြပါက ဘာကြောင့် ၎င်းတို့ အရင်ကတည်းက ကျွန်းမှ ထွက် ပြေးမှုမပြုခဲ့ကြသနည်း။ (အသတ်ခံရသူ ဗြိတိန်အမျိုးသမီးဟန်နာ ၏ ဖုန်းကို ၎င်းတို့၏ အခန်းနား တွင် တွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည့်အတွက်) တစ်ကမ္ဘာလုံး  ညာသံပေးနေသည့်အချိန်၌ ဘာ ကြောင့် ဟန်နာ၏ ဖုန်းကို သူတို့ က သိမ်းထားမည်နည်း(အခန်းအနီး အနားကိုပဲ လွှင့်ပစ်မယ်တဲ့လား)၊ သူတို့က မေ့မယ်တဲ့လား . . . အစရှိသည့် မေးခွန်းတို့ကိုလည်း ၎င်းက မေးခွန်းထုတ်ထားသည်။
ထို့အပြင်လူသတ်တရားခံ များပါဟု မီဒီယာများသို့ ထုတ် ပြန်ချိန်တွင် စွပ်စွဲခံရသူတစ်ဦး ၏ အင်္ကျီမှာ အခင်းဖြစ်ပွားသည့် ညက ၀တ်ဆင်ထားသည့် အင်္ကျီ ပင်ဖြစ်နေသည်။ ယင်းမှာ လျှော် ဖွတ်ပြီးသားဖြစ်ကြောင်း သိသာထင်ရှားနေ၏။ ထိုအချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့သည် ၎င်း၏အင်္ကျီကို ချက်ချင်းချွတ်ယူ၍ မှုခင်းဆေးပညာစစ်ဆေးရေးဆီ သို့ ပေးပို့ခြင်း ဘာကြောင့်မပြုခဲ့ ပါသနည်းဟု Andrew က မေး ခွန်းထုတ်ထားသေးသည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံခဲ့ရ ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် တွင် ၎င်းတို့၏ အလောင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ခိုတောင် ကျွန်းတွင် ရွှေ့ပြောင်းမြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမားအများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ်သား နှစ်ဦး(ယခုဝန်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ သည်။ နောက်ပိုင်းတွင် ထိုကျွန်း ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများ ကို ရိုက်နှက်စစ်ဆေးမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ထို့နောက်ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူ တစ်ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ သည်။
ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန် မာလုပ်သားသုံးဦးကို အောက်တို ဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သား သုံးဦးအနက် နှစ်ဦးသည် လူသတ် တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဝန်ခံခဲ့သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အသတ်ခံရမှုနှင့် ပတ်သက် ၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွား ပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သောသူနှစ်ဦး ဖြစ် သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူ ကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြုလိုက် သည်။
အောက်တိုဘာ ၃ ရက်ည တွင် ဝန်ကြီးချုပ်ပရာယွတ်ချန်အို ချာက ရဲတပ်ဖွဲ့ကို ၎င်းတို့၏ စုံစမ်း မေးမြန်းမှုနှင့် ပတ်သက်၍ ချီးကျူးခဲ့ပြီး ဆုချီးမြှင့်မည့်အကြောင်း ပြောကြားခဲ့သည်။
ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက်(၂၁)နှစ်အရွယ် ဝင်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ဝန်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူနှစ်ဦးဖြစ် သော အသက်(၂၃)နှစ်အရွယ် မောင်မောင်နှင့် အသက်(၂၁)နှစ် အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူများဖြစ် ပြီး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ ထားသူများဖြစ်သည်။ ၎င်းတို့နှစ် ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက် တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွား သည့်နေရာ၌ သရုပ်ပြမှုများ ပြု လုပ်ခိုင်းခဲ့သည်။
Kansas City တွင် နေထိုင် သည့် နိုဘဲလ်ကော့ဇ်အမည်ရှိ အမျိုးသမီးက ၎င်းအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ ယူကေသံ ရုံးသို့ စာပို့ထားပြီး DNA တိုက်စစ် ရန် တောင်းဆိုထားသည်ဟု ဆို သည်။ ထို့အပြင် ၎င်း၏ ကမ်ပိန်း ၌ ပါဝင်ရန်လည်း ဖိတ်ခေါ်ထား ပြီး နိုင်ငံတကာရှိ ယူကေသံရုံးများ သို့ တောင်းဆိုစာပေးပို့ရန် တိုက် တွန်းထားကြောင်း တွေ့ရသည်။
‘‘အခုထိ မလေးရှား၊ ဂျာမ နီနဲ့ ထိုင်းက အဆက်အသွယ် တွေ ကျွန်မရတယ်။ တချို့လူတွေ ကတော့ ဘယ်ကလဲဆိုတာ မသေချာဘူး။ ဒီကမ်ပိန်းကို အမေရိကား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျာမနီနဲ့ မြန်မာမှာ ကျွန်မလုပ်ချင်တယ်။ မျှော်လင့် စရာကောင်းတာက ဒီကမ်ပိန်းမှာ လူတွေအများကြီးမှ အများကြီးပါဝင်လာတာပါပဲ။ ကျွန်မရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကဒီအမှုမှာဗြိတိသျှသံရုံးက ကူညီပါဝင်ရေးတိုက်တွန်းဖို့ လူများနိုင်သမျှ များများရဖို့ပါ’’ဟု နိုဘဲလ်ကော့ဇ်ကဆိုသည်။

http://7daydaily.com/

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ ကော့တောင် ( Koh Tao) ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရပြီး သံသယဖြစ်ခံ ထား ရလို့  ဖမ်းဆီးခံထားရသူ မြန်မာ ၃ ဦးအနက် ၂ ဦးက သူတို့ လူသတ်မှု ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာ ထိုင်းရဲတွေက သရုပ်ပြခိုင်းပြီး သူတို့ ဟာ လူသတ်တရားခံအဖြစ် ဝန်ခံထား သူတွေ ဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ 


ဓာတ်ပုံ- ထိုင်းမီဒီယာ
 အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာအလုပ်သမား မောင်ဝင်းနဲ့ မောင်ဇော် တို့ ၂ ဦးကို ဦးခေါင်းကာ ဦးထုပ်တွေ၊ အကာ အကွယ် အိင်္ကျီတွေ ဝတ်ဆင်ထားပြီး ကော့တောင်ကျွန်းကို ရဲတွေက လုံခြုံရေးအပြည့် နဲ့ ခေါ်လာကာ သရုပ်ပြခိုင်းခဲ့တာပါ။ 



“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”လို့ ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က ဆိုပါတယ်။ 

အဖမ်းခံ မြန်မာ ၂ ဦး သရုပ်ပြနေပုံ

အခုလို ဝန်ခံပါတယ်ဆိုတဲ့ မြန်မာ ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ညတုန်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာ တီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦးက ချစ်တင်းနှောနေတာကို မြင်ပြီး စိတ်မထိန်းနိုင်လို့ ပြစ်မှု ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ထိုင်းရဲက ပြောထားပါတယ်။ 

အဲဒီ ၂ ဦးရဲ့ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက ရတဲ့ DNA နဲ့ ကိုက်ညီတယ် လို့ ရဲက ပြော ထားတယ်။ နောက်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ဒီအန်အေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုပြန်တယ်။ 



ဒီကိစ္စကို မြန်မာတွေက မယုံကြည်ပါဘူး။ အဲဒီ ထိုင်းရဲလက်ထဲက မြန်မာ ၂ ဦးဟာ အပြစ်ရှိတယ်လို့ မယုံ ကြည်ပဲ မြန်မာ သံရုံးအနေနဲ့ သူတို့နဲ့ သေချာတွေ့မေးပြီး လွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုတဲ့ အကြောင်း၊ ထိုင်းရဲတွေ ပြောတဲ့ ဒီအန်အေ သက်သေတွေကိုလည်း လွတ်လပ်စွာ ပြန်လည်စစ်ဆေးဖို့ လိုတယ်လို့ မြန်မာတွေက တောင်းဆိုထားတဲ့ အကြောင်း andrew-drummond.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း စိုးရိမ်မှုတွေ နဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းကိုလည်း ဤနေရာမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

 ထိုင်း ပညာတတ်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသတင်းဌာနတွေကလည်း ကော့တောင်ကျွန်း လူသတ်မှု တရားခံ ဟာ မြန်မာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့အကြောင်းတွေ သတင်းတွေမှာ တွေ့နေရပါတယ်။ 

သည်စထရိတ်တိုင်းမ်ကလည်း ထိုင်းရဲတွေ မြန်မာ ၂ ဦးကို လူသတ်သမားအဖြစ် ခေါ်ထုတ်ပြလာတာကို ဆိတ် ဖမ်းလာတယ် လို့ ထိုင်းမီဒီယာတချို့က သရော်သလို သူတို့လည်း သရော်ကြပါတယ်။ 

မြန်မာသံအရာရှိကလည်း ဖမ်းဆီးခံထားရသူ မြန်မာ တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ သတင်းတွေ တွေ့ရပေ မယ့်  သံအရာရှိတွေကိုယ်တိုင် ဘာမှ ထုတ်ပြောတာမရှိသေးတာနဲ့ ထိုင်းရောက် မြန်မာတွေအပေါ် ဘန်ကောက်မြန်မာသံရုံးရဲ့ အကာအကွယ်ပေးရေး ကိစ္စတွေအပေါ် အားမရလို့ ဝေဖန်တဲ့ အသံတွေလည်း ဆူညံနေပါတယ်။

ဘန်ကောက်ပို့စ်က အရင် ရေးခဲ့တဲ့ သတင်းကို နိုင်ငံခြား သတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေ တာက ပထမ သံသယ ဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ 
သေဆုံး သူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။ 

ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင် ကျွန်း
ပေါ်က မာဖီးယား ၂ ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ တယ်။ သူတို့တွေဟာ ထိုင်းရဲကို DNA မပေးပဲ ငြင်း ဆိုခဲ့တာ ကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲ လို့ ဆိုကြတယ်။ 

ပြင်သစ်တဦး ဖုန်းနဲ့ရိုက်ထားတဲ့ ကော့တောင်းကျွန်းပေါ်က လူသတ်မှု သံသယဖြစ်ဖွယ် လူ ၂ ဦးဓာတ်ပုံ

အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။ အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ လုပ်နေ တာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်
ပြနေကြပါတယ်။

ထိုင်းအခြေစိုက် Cross Cultural Foundation ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင် ကျွန်း လူသတ်မှုနဲ့ မြန်မာ အလုပ်သမား ၂ ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှုမရှိသလို မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။

CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရ တဲ့ မြန်မာ ၂ ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန် စာတွေတပုံကြီးရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးဟာ “Takraw” ကစားနေတုန်း ထိုင်း ရဲတွေ ရောက် လာပြီး သူတို့ကို ဝိုင်းတဲ့ အချိန်မှာ မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ 

အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာ ခံခဲ့ရကာ နောက် ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ 

အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ ၃ ဦးကို ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။ 

ကော့တောင် ကျွန်းမှာ လူသတ်မှုကြောင့် ဒီအန်အေ စစ်ဆေးမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အကြားစိုးရိမ်မှုတွေ များနေပြီး ဖိအားပေးမှုတွေလည်း ရှိနေတာကြောင့် ကြောက်ကြောက်နဲ့ ကျွန်းပေါ် မှာ နေထိုင်ကြရတယ်လို့ သူက ဆက်ရှင်းပြထားတယ်။ 



ဒါကြောင် CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က မေးခွန်းထုတ်တာမှာ ဖိအားပေးပြီး ရယူ ထားခဲ့တဲ့ DNA စစ်ဆေးမှု ရလာဒ်ဟာ အရမ်း တိုတောင်တဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ 


 ဒါဟာ ခွဲခြားမှုတခုဖြစ်တယ်လို့လည်းမေးခွန်းထုတ်ထားပြီး ထိုင်းအာဏာပိုင်တွေဟာ မျှတတဲ့ တရားစီရင်
ရေး ထက် နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေ အလာကျဆင်းသွားမှာကို ပိုပြီး စိုရိမ်ပူပန်နေတယ်လို့ သူက ဆက်ပြောပြီး သံသယဖြစ် သူ တွေအပေါ် ခွဲခြားမှု မရှိပဲ လုပ်ဆောင်သင့်တယ်လို့ CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ဆိုပါတယ်။ 

 ဗြိတိန်သံရုံးကလည်း ဒီအမှုကို သေချာကိုင်တွယ်ဖို့ ဖိအားပေးသလို ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်တွေ ကလည်း ထိုင်းရဲ တွေအပေါ် ဖိအားတွေ ဖြစ်စေပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်ကို သက်ရောက် သွားနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

  
http://blog.irrawaddy.org/2014/10/blog-post_4.html

 နိုင်ငံရေး ပါတီ, ရွေးကောက်ပွဲ , White Card , နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ(နအဖ)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံသား မဟုတ်သည့် ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် (White Card) ကိုင် ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင် ခွင့်ပြုထားသည့် အပေါ် ယခု ခွင့်မပြုတော့ဟု သတင်း ရရှိသည်။
နအဖ စစ်အစိုးရက ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် White Card ကိုင်ဆောင်သူများကိုပါ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပေးထားသည် ဆိုသော နေရာတွင် နိုင်ငံသားများသာဟု အစားထိုးခွင့်ကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေတွင် White Card ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့်များ ပြုထားသည့်အတွက် ယင်းအချက်အလက်များကို ပယ်ဖျက်ရန် လွှတ်တော်၌ ကြိုးစားခဲ့ရာ တနှစ်ခန့်အကြာတွင် White Card ကိုင်ဆောင်ထားသူများ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
“အချုပ်အခြာ အာဏာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်လို့ရှိရင် တို့ တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားကြတယ်။ ဒါပေမယ့် နိုင်ငံသား မဟုတ်တဲ့သူတွေ ၊ တိုင်းရင်းသား မဟုတ်တဲ့သူတွေကို နိုင်ငံရေးနဲ့ ပတ်သက်လို့ အချုပ်အခြာ အာဏာနဲ့ပတ်သက်လို့ ပါတီ တည်ထောင်ခွင့်အထိ ပေးထားပြီး လုပ်ပိုင်ခွင့်ပါ ပေးထားတဲ့ ပုံစံမျိုးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်သလို ဖြစ်နေ တယ်။ နိုင်ငံသား ဖြစ်တဲ့သူပဲ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ရှိရမယ်။ နိုင်ငံသား မဖြစ်သေးတဲ့ သူတွေကို အချုပ်အခြာ အာဏာနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်မှာ ၀င်ပါခွင့်ပေးရင် လွတ်လပ်ရေးတို့၊ တို့တာဝန် အရေး ၃ ပါးတို့ဆိုတာ အလကား ဖြစ်သွားမှာပေါ့”ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌလည်းဖြစ်သော ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
သို့သော် လက်ရှိ အချိန်တွင် White Card ကိုင်ဆောင်ထားသူများ တည်ထောင်ထားသည့် နိုင်ငံရေးပါတီတချို့ ရှိနေပြီး ဖြစ်သည်။
ယခု ပြောင်းလဲလိုက်သည့် နိုင်ငံရေးပါတီများ ဥပဒေအရ ပြင်ဆင်ပြဌာန်းလိုက်သည့် ဥပဒေနှင့်အညီ ထို White Card ကိုင်ဆောင် ထားသော ပါတီများအား စီမံခန့်ခွဲရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးထားကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။
“ဥပဒေကို ပြင်ဆင်လိုက်ပြီဆိုတော့ ကျနော်တို့က နည်းဥပဒေ ဆွဲနေတယ် ခင်ဗျ။ နည်းဥပဒေ ဆွဲပြီးမှ လိုအပ်တဲ့ဟာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ အချိန်ကာလ ဘယ်လောက် သတ်မှတ်ရ မလဲဆိုတာ မသတ်မှတ်ရသေးဘူး။ White Card ကိုင် ထားတဲ့ သူတွေဟာ ဒီဥပဒေအရဆိုရင် ပါတီ တည်ထောင်လို့လည်း မရသလို ပါတီဝင်လို့လည်း မရတော့ပါဘူး။ အရင်က ရပေမယ့် အခုက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလို့ အစားထိုးလိုက်တဲ့အတွက် ကျန်တဲ့ဟာတွေက သူ့အလိုလို ပြုတ်သွားတာပေါ့”ဟု ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောသည်။
လက်ရှိ အချိန်တွင် White Card ကိုင်ဆောင်ထားသူများ ပါဝင် မှတ်ပုံတင်ထားသည့် ပါတီ ၃ ခု ရှိကြောင်း ၊ လွှတ်တော်၏ ဆုံးဖြတ် ချက်အပေါ် ကော်မရှင်၏ အကောင်အထည်ဖော် လုပ်ငန်းဆောင်ရွက်မှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း White Card ကိုင်ဆောင်ထားသူများ ပါဝင်နေသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်မြင့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ CEC ထဲမှာ တော်တော်များများက နိုင်ငံသားတွေပါ။ အဖွဲ့ဝင်တွေထဲမှာတော့ တချို့တလေ White Card ကိုင်ထားတဲ့သူတွေ ရှိပါတယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို ထုတ်ပြန်မလဲဆိုတာ စောင့်ပါမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။
ယခုကဲ့သို့ White Card ပြဿနာ ပေါ်ပေါက်လာခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်မဲများ လိုချင်သဖြင့် တမင် ဖန်တီးပေးလိုက်သလားဟု သံသယ ဖြစ်မိကြောင်း၊ White Card ကိုင်ဆောင်ထားသူများ ပါတီ တည်ထောင်ခွင့် မရှိသော်လည်း မဲပေးခွင့် ရှိနေသေးသည့်အတွက် မဲပေးခွင့် မရရန်ပါ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောဆိုသည်။
ယခုကဲ့သို့ White Card ကိုင်ဆောင်ထားသူများကို ပါတီတည်ထောင်ခွင့် ကန့်သတ်မှုအတွက် သဘောတူကြောင်း၊ နိုင်ငံနှင့် နိုင်ငံ သား အားလုံးအတွက် အကျိုးရှိကြောင်း၊ ထို ဥပဒေကြမ်းကို အတည်ပြုသည့် နေ့ကလည်း ကန့်ကွက်သူ မရှိကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးလှဆွေကလည်း ပြောသည်။
White Card ဆိုသည်မှာ နိုင်ငံသား လက်မှတ်ရရန် စောင့်ဆိုင်း နေသူများသာ ကိုင်ဆောင်ခွင့် ရှိသော လက်မှတ်တခု ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်သူ များစွာ ရှိနေပြီး ယင်းတို့မှာ ပါတီတည်ထောင်ခွင့်၊ မဲပေးခွင့်များ ရရှိခဲ့သည်။
White Card ကိုင်ဆောင်သူများမှာ နိုင်ငံခြားသားများ မဟုတ်ဘဲ နိုင်ငံသား ဖြစ်ခွင့် ရရှိရန် စောင့်ဆိုင်း နေသူများ ဖြစ်ကြောင်း၊ White Card ကိုင်ဆောင်သောကြောင့် တိုင်းပြည်ရေးရာ နိုင်ငံရေးများတွင်ပါဝင်ရန် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံသားများ၏ အကျိုးစီးပွားကို အစိုးရက မျက်ကွယ် ပြုလိုက်ခြင်း ဖြစ်ကြောင်း လွန်ခဲ့သော တနှစ်ခန့်က လွှတ်တော်တွင် White Card ကိစ္စ ဆွေးနွေးခဲ့စဉ်က ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ လျှောက်ထားသူ ဦးသာအေးက ဧရာဝတီသို့ ပြောဆိုဖူးသည်။
နိုင်ငံရေး ပါတီတခုသည် တိုင်းပြည်တွင် အလွန် အရေးကြီးသောကြောင့် ပါတီ တည်ထောင် လိုသူများသည် နိုင်ငံသား ဖြစ်ရန် လို အပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ၊ ကချင်ပြည်နယ်၊ ကိုးကန့် နယ်စပ် နှင့် “၀” နယ်စပ်တို့တွင် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဦးရေမှာ ၈ သိန်း ၀န်ကျင် ရှိကြောင်း၊ ထိုပြဿနာကို အစိုးရ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြေရှင်းရန် လိုအပ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းက ဝေဖန်သုံးသပ်သည်။
ယခု ဥပဒေအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်ဆိုသည်။

http://burma.irrawaddy.org 

Emak-Cameron-041014eလူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အောက်တိုဘာလ ၃ ရက်နေ့စလို့ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုမှာ အရင်က အမေရိကန်လူမျိုး သတင်းသမား နှစ်ယောက်နဲ့၊ ဗြိတိသျှအမျိုးသား အကူအညီပေးရေး ၀န်ထမ်းတယောက်ကို သတ်ဖြတ်ခဲ့တဲ့အတိုင်းပဲ အေလန် ဟန်းနေကို စီရင်ခံတာကို ရိုက်ကူးထားပါတယ်။

အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အဖွဲ့က ဗြိတိသျှလူမျိုး အကူအညီပေးရေးလုပ်သား အေလန် ဟန်းနေးကို ခေါင်းဖြတ်သတ်ဖြတ်လိုက်တာကို ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက ရှုတ်ချလိုက်ပြီး စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့ နည်းလမ်းအားလုံးကို သုံးသွားမယ်လို့ ပြောပါတယ်။
ဒီလို သတ်ဖြတ်မှုဟာ စက်ဆုတ်ဖွယ်ရာ၊ အဓိပ္ပါယ်မဲ့၊ ခွင့်လွတ်နိုင်စရာမရှိတဲ့၊ အရိုင်းစိုင်းဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ နောက်ထပ် အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်နိုင်ဖို့ အကြမ်းဖက်အဖွဲ့ကို နည်းလမ်းမျိုးစုံကို သုံးပြီး ဖြိုခွင်း သွားရမယ်လို့ပြောပါတယ်။
အခုအထိ အိုင်အက်အဖွဲ့ရဲ့ လက်ထဲမှာ အနောက်နိုင်ငံတွေက လူ ၁၀ ယောက်လောက်အထိကို ဆီရီးယားမှာ ပြန်ပေးဆွဲထားတယ်လို့ ယုံကြည်နေကြပါတယ်။ သူတို့ထဲမှာ အစ္စလာမ္မစ်အဖွဲ့က သုံးကြိမ်ထုတ်ပြထားတဲ့ ဗြိတိသျ သတင်းထောက် ဂျွန်ကန့်တလို်င်းနဲ့ ဟန်းနေးကို သတ်ဖြတ်တဲ့ ဗီဒီယို အဆုံးပိုင်းမှာ ထုတ်ပြထားတဲ့ အမေရိကန် လူမျိုး ပီတာ အတ်ဒ၀ပ် ကက်ဆင်း တို့ ပါဝင်ပါတယ်။
အခုနောက်ဆုံး အသတ်ခံလိုက်ရတဲ့ အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇ နှစ်အရွယ် ကား ဒရိုင်ဘာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ တင်သွားတဲ့ ယာဉ်တန်းအတူ လိုက်ပါသွားရင်း အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

DVB News

Parliment 12092014ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (လုပ်ငန်းစီမံချက်)ကို ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် တင်မောင်မြင့်က အောက်တိုဘာ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပါတယ်။
“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (လုပ်ငန်း စီမံချက်) Action Plan ကို အပိုင်း (၁) လုံခြုံရေး။ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အပိုင်း (၂) ပြန်လည်ထူထောင်ရေး၊ အပိုင်း (၃) အမြဲတမ်း ပြန်လည်နေရာချထားရေး၊ အပိုင်း (၄) လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး၊ အပိုင်း (၅) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အပိုင်း (၆) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုပြီး အပိုင်း (၆) ပိုင်းနဲ့ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။”
ဗိုလ်ချုပ်တင်မောင်မြင့် ပြောဆိုခဲ့တာပါ။ အသေးစိတ်ရှင်းပြတဲ့ထဲမှာ တရားမ၀င် ကျူးကျော်ဝင်ရောက်မှု တားဆီးကာကွယ်ရေး၊ လုံခြုံရေးစီမံမှုတိုးမြှင့်ရေးနဲ့ ရေကြောင်း ကင်းလှည့်ရေး၊ ပဋိပက္ခနှိမ်နင်းရာမှာ ထိရောက်ရေးအတွက် အစီအမံတွေ ပါဝင်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဒုက္ခသည်တွေကို ပြန်နေရာချဖို့နဲ့ ကျန်နေရာတွေက ဒုက္ခသည်တွေကို နေရာချထားရေးတွေ ပါဝင်ပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးခင်မောင်က ရခိုင်ပြည်နယ်သားတွေအတွက် တခါမှ မရဖူးတဲ့ အခွင့်အလမ်းအစီအမံ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးသူ ၅ ဦးက ရခိုင်ပြည်နယ် ကိစ္စသာလျှင်မဟုတ်ဘဲ ပြည်ထောင်စုကိစ္စဖြစ်တယ်။ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအပိုင်းတွေမှာ ဖြည့်စွက် အကြံပြုဆွေးနွေးမှုသာရှိပြီး ကန့်ကွက်ဆွေးနွေးတာတော့ မရှိပါဘူး။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အမေရိကန်နဲ့ တခြားသံရုံးတွေက စီမံချက်မူကြမ်းကို သူတို့ရရှိထားပြီး နိုင်ငံသားအဖြစ် အသိအမှတ်မပြုခံရသူတွေကို ယာယီထိန်းသိမ်းရေး စခန်းတွေမှာ ထားရှိမယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ မူကြမ်းမှာပါရှိတဲ့ တချို့အချက်တွေ အပေါ် စိုးရိမ်ပူပန်မှုကို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။
ဒါပေမယ့်လည်း လမ်းတွေ၊ အိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးခန်းတွေကို စတင်ဆောက်လုပ်ဖို့ စတဲ့ အခြေခံအဆောက်အဦတွေ ဒီလထဲမှာ စတင်တည်ဆောက်ပြီး လာမယ့်မတ်လ မိုးရာသီမတိုင်မီ နေရာချထားရေး အစီအစဉ်တွေ လုပ်မယ်ဆိုတဲ့အပေါ်ကိုလည်း အပြုသဘောမြင်တယ်လို့ သတင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရက နိုင်ငံသားစိစစ်ရေးကို မြေပုံမြို့နယ်က ဒုက္ခသည်စခန်းမှာ ရှေ့ပြေး အစီအစဉ်လုပ်ဆောင်ရာမှာ လျောက်ထားသူ ၁ ထောင်ကျော်အနက် ၂၉၀၀ ယောက်ကို နိုင်ငံသား ပေးခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ စိစစ်လို့ နိုင်ငံသားဖြစ်သူတို့ကို လုံခြုံအေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေဖန်တီးပေးဖို့လိုသလို နိုင်ငံသား မဟုတ်သူတွေကို ဘယ်မှာထားရှိမယ်ဆိုတဲ့ အစီအမံ ပြည်ထောင်စုအစိုးရမှာ ကြိုတင်ရှိသင့်တယ်လို့ ပြောပါတယ်။
ဒေါက်တာအေးမောင်က “တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီ conflict ပြဿ နာကို ဖြေရှင်းဖို့က အဓိကကျပါတယ်။ အဲဒီလို အဓိကကျဖို့အတွက် ကျနော်တို့ စဉ်းစားတဲ့အခါမှာ ဒီပြဿ နာကို နိုင်ငံတကာသည်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည်လည်း ကောင်း၊ နိုင်ငံတကာအစိုးရများသည်လည်းကောင်း အာရုံစူးစိုက်ပြီးမှ ကျနော်တို့ရဲ့ အင်မတန် ပေါက်ပွားနေတဲ့ အိန္ဒိယ ဘင်္ဂလားပြည်နယ်မှာ ဟိုးအတိတ်မှာ ရှိခဲ့တဲ့၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိပေါက်ပွားနှုန်းကို ဘယ်လိုမျိုးထိန်းချုပ်မလဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ အဓိကနီးစပ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းနယ်မြေဒေသရဲ့ လုံခြုံမှု၊ အဓိကအားဖြင့် ရခိုင်မျိုးနွယ်စုတွေ မပျောက်ပျက် သွားနိုင်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ နိုင်ငံတကာ ပေါ်လစီ တခုလည်း လိုအပ်ပါတယ်”လို့ ဆိုပါတယ်။
ဗိုလ်ချုပ်တင်မောင်မြင့်က ၂၀၁၃ ခုနှစ် မတ်လက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန် တွေ ဆောင်ရွက်မှုကိုလည်း လွှတ်တော်မှာ ရှင်းပြသွားပါတယ်။

DVB News

nld-una-305.jpg

ရန်ကုန်မြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLD နဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေရဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ပူးပေါင်းအကောင် အထည်ဖော်ဖို့အတွက် ၂ လကြာ ဆွေးနွေးခဲ့ကြ ပြီးနောက် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ NLD  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"ရည်ရွယ်ချက်တစ်ခုကတော့ နိုင်ငံရေးပါတီအချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပေါ့ဖို့ ပိုပြီးတော့ နားလည်မှုရှိအောင်၊ နောက်တစ်ခုကတော့ သဘော ထားတူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါ၊ နောက်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပါ၊ လစဉ်ပုံမှန်တွေ့မှာပေါ့လေ၊ ဒီကြားထဲ မှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်ပေါ် ဆုံးဖြတ်မှုတွေထဲမှာ ကျနော်တို့ ဘယ်လိုပူးပေါင်းပါဝင်လာမလဲဆိုတဲ့အပေါ် မူတည်တာပေါ့"
အဲဒီလုပ်ငန်းအဖွဲ့ကို ဦးဆောင်မယ့် ၄ ဦးပါအဖွဲ့တစ်ခုကို လာမယ့် နိုဝင်ဘာလအတွင်း ရွေးချယ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP၊ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က တစ်ဦးစီနဲ့ ကျန်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီတွေထဲ ကတစ်ဦး ရွှေးချယ်သွားမယ်လို့ သိရပါတယ်။
ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို NLD၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကမန်အမျိုးသားပါတီနဲ့ UNA အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ်ကစတင်ပြီး လူ့စွမ်းအား အရည်အသွေးမြှင့်တင်နိုင်မယ့် စီမံချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Simonetta Rossi က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအကူအညီတွေပေးနေတာနဲ့ပတ်သက်ပြီး RFA က မနေ့က တွေ့ဆုံ မေးမြန်းခဲ့ရာမှာ Ms. Simonetta Rossi က  အခုလိုပြောဆိုခဲ့တာပါ။

အဲဒီ စီမံချက်ပမာဏကိုတော့ အစိုးရနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ်မူတည်ပြီး ဖွံ့ဖြိုးရေး စီမံချက်တွေအပေါ်မှာ ထပ်မံဖြည့်စွက်တဲ့အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ပြောပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ အခုလက်ရှိမှာစစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ၊ပေါက်တောစတဲ့ မြို့နယ် ၆ ခုက ကျေးရွာပေါင်း ၆၃ ရွာမှာ ဖွံ့ဖြိုးရေးအကူအညီတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်မှာ စံပြကျေးရွာအဖြစ်သတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီတွေ ဆောင်ရွက်နေတဲ့ အုန်းရေပေါ်ကျေးရွာမှာလည်း ကျေးရွာဖွံ့ဖြိုးရေးအကူအညီတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံက ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ပါတယ်


RFA News

birtish2-killers-305.jpg

ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီးသည် စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန် တယ်လို့ ၀န်ခံထွက်ဆိုထားသူ မြန်မာနိုင်ငံသားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ဖို့ ရှေ့နေနှစ်ဦးပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့သူသိများတဲ့ ခိုတောင်းကျွန်းမှာ အသက် ၂၃ နှစ်နဲ့ ၂၄နှစ်အရွယ် ဗြိတိသျှ လူမျိုးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းရဲတွေ စတင်တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတင်းမာပြီး၊ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကို အကြီးအကျယ် ထိခိုက်တော့မယ့် အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတွေ ဒီကနေ့ ဖမ်းဆီးတရားစွဲဆိုလိုက်တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်ဖြူဇာတိ မြန်မာနိုင်ငံ သားနှစ်ဦးဟာ လောလောဆယ် ဆူရတ်ဌာနီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး လာမယ့်သီတင်းပတ် တနင်္လာနေ့မှာ သူတို့ကို သွားရောက်တွေ့ဆုံဖို့ ရှေ့နေတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က RFA ကို ပြောပါတယ်။
"ဒီနေ့ မနက်ကပဲ ကလေးတွေနဲ့ ထောင်မှာသွားတွေ့ဖို့ ရှေ့နေနဲ့သွားတွေ့ဖို့ စာတွေဘာတွေ ပေးလိုက်ပါတယ်၊ ထွက်လာမယ့်အဖြေပေါ့နော်၊ ထိုင်းအစိုးရကတော့ ဥပဒေအတိုင်းစစ်မှာပဲလေ၊ ဒါကတော့ သူတို့ဥပဒေအတိုင်း ကျနော်တို့ လိုက်နာရမှာပေါ့၊ သူတို့ကိုယ်တိုင်စစ်တယ်၊ ကျန်တဲ့ကိစ္စတွေကတော့ ကျနော်တို့က ဘယ်လိုကူညီ ရမလဲ၊ ဘယ်လိုလုပ်မလဲဥစ္စာတော့ ရှေ့နေနဲ့ ဥပဒေအတိုင်း လုပ်ခိုင်းထားပါတယ်"
တရားခံလို့ မနေ့က ၀န်ခံထွက်ဆိုလိုက်သူ မြန်မာနိုင်ငံသားနှစ်ဦးဟာ မှုခင်းစတင်ပေါ်ပေါက်စဉ်က ကနဦး ဖမ်းဆီး ခံခဲ့ရသူတွေထဲမှာ ပါဝင်ပြီး၊ မျိုးရိုးဗီဇ DNA စစ်ဆေးချက်နဲ့ မတူညီတဲ့အပြင် အမှုနဲ့မသက်ဆိုင်တာကြောင့် ပြန် လွှတ်ပေးခဲ့ပြီးနောက် အခုသီတင်းနှစ်ပတ်လောက်အကြာမှာ ဒုတိယအကြိမ် ပြန်လည်အဖမ်းခံခဲ့ရသူတွေဖြစ် တယ်လို့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။ အခုအကြိမ် ဖမ်းဆီးခံရချိန်မှာတော့ သူတို့နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ဟာ သတ်ဖြတ်ခံရသူတွေရဲ့ ကိုယ်ခန္ဓာမှာတွေ့ရတဲ့ DNA နဲ့ ကိုက်ညီမှုရှိတယ်လို့ ထိုင်းရဲချုပ် ဗိုလ်ချုပ်ကြီး ဆွန်ယော့က ပြောပါတယ်။
ဒီအမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကြား အထူးစိတ်ဝင်စားမှုရှိပြီး၊ ထိုင်းအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်အပေါ် သံသယရှိကြောင်း RFA ကို ပြောဆိုပါတယ်။


RFA News

myaypon-nrc-305

ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည် စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံသားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ် ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချထားဖို့  မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။
နိုင်ငံသားဖြစ်ခွင့် အထောက်အထား မပြည့်စုံသူတွေ ကို တောင်ပေါ်ဒုက္ခသည်စခန်းမှာပဲ သီးခြားဒုက္ခသည် အဆောင်နဲ့ ဆက်ထားဖို့ မြို့ခံတွေက တင်ပြခဲ့တယ် လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည် နယ် လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။
တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်စလင် ၁၀၀၀ ကျော်ထဲက ၂၀၉ ဦးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့က နိုင်ငံသားနဲ့ ပြုနိုင်ငံသားကဒ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ၂၀၉ ဦးဟာ သူတို့ကို မြေပုံမြို့ထဲ မှာ နေရာချထားဖို့ တင်ပြထားပေမယ့် မြို့ခံတွေက လက်မခံကြကြောင်း သိရပါတယ်။
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စီစစ်တာတွေ လုပ်ဆောင်ဖို့ စီစဉ်နေပေမယ့် နိုင်ငံသားဖြစ်ခွင့် အထောက်အထားမရှိတဲ့သူတွေကို ဘာဆက်လုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

RFA News

jen-psaki-305-1


နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခသည် စခန်းတွေမှာ ဆက်လက်ထိန်းသိမ်းထားရေးအပါ အဝင် မြန်မာ အစိုးရရဲ့ ရခိုင်ပြည်နယ်ဒုက္ခသည် များ ပြဿနာဖြေရှင်းရေး လုပ်ငန်းစီမံချက်အပေါ် စိုးရိမ်မှုတွေ ရှိကြောင်း အမေရိ ကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့က ပြောကြားလိုက် ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ သောကြာနေ့ညနေပိုင်းက ကျင်းပတဲ့ နိုင်ငံခြားရေးဌာန နေ့စဉ်သတင်းစာရှင်းလင်းပွဲ မှာ ပြော ခွင့်ရအမျိုးသမီး ဂျင်ဆားကီး (Jen Psaki) က အခု လို ပြောကြားလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေး လက်တွေ့လုပ်ငန်းစီမံ ကိန်း မူကြမ်းနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့အတူ တခြားနိုင်ငံခြားသံတမန် အသိုင်းအဝိုင်းအနေနဲ့ စိုးရိမ် ပူပန်တာတွေကို မြန်မာအစိုးရကို ပြောကြားခဲ့ကြောင်း၊ ဒီအထဲမှာ နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခသည် စခန်းတွေမှာ ဆက်လက်ထိန်းသိမ်းထားရေးကိစ္စလည်းပါဝင်ကြောင်း မစ္စဆာကီးက ပြောပါတယ်။
အမေရိကန်အပါအဝင် သံတမန်အသိုင်းဝိုင်းက အကြံပြုချက်တွေကို မူကြမ်းစီမံချက်ထဲမှာ ပြင်ဆင်ထည့်သွင်းပြီး ဖြေ ရှင်းဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်း၊ မြန်မာအစိုးရဖက်က မူကြမ်းပြန်ပြင်ထားတဲ့ စီမံချက်ကိုလည်း ပြန်လည် ကြည့်ရှုအကြံပြုခွင့်ရမယ်လို့ မျှော်လင့်ကြောင်းလည်း နိုင်ငံခြားရေးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA News

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ်မြေပုံမြို့နယ် တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်း၊ လုပ်ငန်းများ ကို ဆောင်ရွက်နေရာ လျှောက်လွှာတင်သွင်းသူ တစ် ထောင်ကျော် အနက် မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်ဆင့် စိစစ်ခဲ့ပြီး နိုင်ငံသားပြုခွင့် ၁၆၉ ဦး၊ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး သတ် မှတ်ပေးခဲ့ပြီးဖြစ်သည်။ ယင်း နောက်ပိုင်းတွင် ဘင်္ဂါလီ ၁၂၀ ခန့် ထပ်မံလျှောက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း မြေပုံမြို့ နယ်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ထို့အပြင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်း မလုပ်ကိုင်မီ ယခင်ကပင် မြေပုံမြို့ နယ်တွင် ပန်းရောင် နိုင်ငံသား စိစစ်ရေး ကတ်ကိုင်ဆောင်သူ ၅၇ ဦးရှိပြီး ၎င်းတို့ကို စိစစ်ပြီးမှသာထပ်မံ လျှောက်လွှာတင်သွင်းသူများကို စိစစ်ပေးရန် ပြည်နယ်အစိုးရ တာ ၀န်ရှိသူများထံပြောကြားခဲ့ ကြော င်း ၎င်းက ပြောသည်။

‘‘ဘယ်လိုပုံစံနဲ့ ရထားတယ် ဆိုတာ မသိဘူး။ ဒါကြောင့် အရင်စိစစ်ပါ။ ရှေ့ပြဿနာရှင်း ပြီး မှ ကျန်တာဆက်လုပ်ပါလို့ ကျွန်တော်တို့ကပြောတယ်’’ ဟု ဦးအောင်ဝင်းကဆိုသည်။

၁၉၈၂ ဥပဒေအရ နိုင်ငံ သားဖြစ်ခွင့်ပြုခွင့်ရသူများတွင် တချို့မှာ သက်သေအထောက် အထားမခိုင်လုံဘဲ တိုင်းရင်းသား ဘာသာစကားလည်း မပြော တတ်ကြောင်းနှင့် ယင်းအတွက် ကြောင့်ပင် မူလက ပန်းရောင် ကတ်ကိုင်ဆောင်ထားသူများကို ဦးစွာစိစစ်သင့်ကြောင်း ဒေသခံ လူမှုရေး အဖွဲ့အစည်းများက ထောက်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံ သားဖြစ်ခွင့်ရသူများ၏ ကျမ်း သစ္စာကျိန်ဆိုပွဲကို မြေပုံမြို့နယ် တွင် ပြုလုပ်ခဲ့ရာ ဒေသခံရခိုင် တိုင်းရင်းသားများက တံခါးပိတ် ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့ကြသည်။

7Day DAILY

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ