Related Posts Plugin for WordPress, Blogger...

ဖမ်းဆီးခံထားရသည့် မြန်မာသုံးဦးထံ အောက်တိုဘာ ၄ ရက်က သွားရောက်ရန် မြန်မာ သံရုံးက စီစဉ်ခဲ့သော်လည်း ယနေ့မှ သွားရောက်ဖြစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးသည် ယင်းအမှု၏အဖြစ်မှန် သိရှိရန် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ ရှေ့နေနှစ်ဦးကို ငှားရမ်း ထားပြီး ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)မှ ရှေ့နေတစ်ဦးနှင့်အတူ အောက်တိုဘာလ ၃ ရက်တွင် သွားရောက်တွေ့ဆုံမည်ဟုပြောကြားခဲ့သော်လည်း ထိုင်းရှေ့နေနှစ်ဦးမှာ အဆင်သင့် မဖြစ်သေးသောကြောင့် ယနေ့မှသာ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။
 ‘‘ထိုင်း မီဒီယာတွေရော၊ နိုင်ငံခြားမီဒီယာတွေကပါ ပြစ်မှု ကျူးလွန်သူကို မဖမ်းဘဲ ဆိတ်နှစ်ကောင်ကို ဖမ်းလာတယ်လို့ လှောင်ပြောင်နေကြတယ်။ အား လုံးက မဖြစ်နိုင်ဘူးလို့ သုံးသပ်နေ ကြတယ်။ ဒီနေ့ သွားတွေ့ဖို့ စီစဉ် ထားတာပါ။ ဒါပေမဲ့ ထိုင်းရှေ့နေ (၃)ဦးက အဆင်သင့်မဖြစ်သေး လို့ မနက်ဖြန်မှ သွားတွေ့ရမှာပါ။ သံအမတ်ကြီးကလည်း ဖြစ်စဉ်ကို အမှန်အတိုင်းလိုချင်တယ်လို့ မှာ ထားပါတယ်’’ ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖမ်းဆီးခံမြန်မာလုပ်သားသုံးဦးအား သွား ရောက်တွေ့ဆုံမေးမြန်းရန် အထူးဖွဲ့စည်းထားသည့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအ ဖွဲ့ (MAT) အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
‘‘အခု မြန်မာသုံးဦးကို စစ် ဆေးတုန်းက ရိုက်နှက်မှုတွေရှိ တယ်လို့ သူတို့နဲ့အတူတူအဖမ်းခံ ထားတဲ့သူတွေက ပြောတယ်။ ဒါ ပေမဲ့ သူတို့က ကြောက်နေကြ တယ်။ မပြောရဲကြဘူး။ သူတို့ လည်း မနေ့ကမှ ထွက်လာရတာ’’ ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေ ထိုင်သော မြန်မာအမျိုးသမီးတစ် ဦးက ပြောသည်။
အောက်တိုဘာ ၃ ရက်က ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံလိုက်သော မြန်မာလုပ်သားနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က သရုပ်ပြမှုပြုလုပ် ခိုင်းရာ ထိုလူငယ်နှစ်ဦးမှာ ထုံထိုင်းလေးလံနေပြီး သရုပ်ပြရာတွင် အလွဲလွဲအချော်ချော် ဖြစ်နေ ကြောင်း သရုပ်ပြမှုနေရာသို့ သွား ရောက်ကြည့်ရှုခဲ့သူ ခိုတောင်ကျွန်း၌ နေထိုင်သော မြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘သူတို့ကိုကြည့်ရတာ ထုံ ထိုင်းနေတယ်။ ခိုင်းတာလုပ်သလို ဖြစ်နေတယ်။ ရဲက လက်ညှိုးထိုး တာတစ်မျိုး သူတို့လက်ညှိုးထိုး တာတစ်မျိုး ဖြစ်နေတယ်။ ဆေး ကျွေးထားတဲ့ပုံစံ။ ဒီနေ့သတင်း ကြားရတာက သူတို့ဆေးကျွေးခံရတယ်လို့  သတင်း ထွက်နေ တယ်။ မြန်မာသံရုံးက သွားစစ် ဆေးရင်လည်း တိတိကျကျကို စစ်ဆေးသင့်တယ်’’ဟု ၎င်းက ဆို သည်။ အသတ်ခံရသည့် အမျိုးသမီးဟန်နာယီသာရစ်ခ်ျ၏ လက်ကိုင် ဖုန်းကို ဝန်ခံထားသည့် မြန်မာ လုပ်သား နှစ်ဦးထံက တွေ့ရှိခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် ပြောဆိုခဲ့ သော်လည်း အဆိုပါ လက်ကိုင် ဖုန်းကို သေဆုံးသူဟန်နာ၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်ရက် စက်တင်ဘာ  ၁၆ ရက်တွင် ရဲတပ်ဖွဲ့အား ပေးအပ် ခဲ့သည့် ဓာတ်ပုံများ ပေါ်ထွက်လာ ခဲ့သည်။
‘‘ဖုန်းက အရင်ရက်ကတည်းက ရဲ လက်ထဲမှာ ရှိနေတာပါ။ ဒါကြည့်ရင်ကို သိနိုင်ပါတယ်’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။ ပြင်သစ်နိုင်ငံသားတစ်ဦး ကို ခိုတောင်ကျွန်းရှိ ထိုင်းမာဖီး ယားနှစ်ဦးက သတ်ဖြတ်ခြင်းဖြစ် ပြီး အဆိုပါ လူနှစ်ဦး၏ဓာတ်ပုံကို အွန်လိုင်းပေါ်တင်ခဲ့သော်လည်း ထိုနှစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က စစ် ဆေးခြင်းမရှိကြောင်း ခိုတောင် ကျွန်းတွင် လုပ်ကိုင်သော ရွှေ့ ပြောင်း မြန်မာလုပ်သားတစ်ဦးက ပြောသည်။

Posted by Arakan News on 10/05/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ