Related Posts Plugin for WordPress, Blogger...

ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ်မြေပုံမြို့နယ် တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်း၊ လုပ်ငန်းများ ကို ဆောင်ရွက်နေရာ လျှောက်လွှာတင်သွင်းသူ တစ် ထောင်ကျော် အနက် မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်ဆင့် စိစစ်ခဲ့ပြီး နိုင်ငံသားပြုခွင့် ၁၆၉ ဦး၊ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး သတ် မှတ်ပေးခဲ့ပြီးဖြစ်သည်။ ယင်း နောက်ပိုင်းတွင် ဘင်္ဂါလီ ၁၂၀ ခန့် ထပ်မံလျှောက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း မြေပုံမြို့ နယ်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ထို့အပြင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်း မလုပ်ကိုင်မီ ယခင်ကပင် မြေပုံမြို့ နယ်တွင် ပန်းရောင် နိုင်ငံသား စိစစ်ရေး ကတ်ကိုင်ဆောင်သူ ၅၇ ဦးရှိပြီး ၎င်းတို့ကို စိစစ်ပြီးမှသာထပ်မံ လျှောက်လွှာတင်သွင်းသူများကို စိစစ်ပေးရန် ပြည်နယ်အစိုးရ တာ ၀န်ရှိသူများထံပြောကြားခဲ့ ကြော င်း ၎င်းက ပြောသည်။

‘‘ဘယ်လိုပုံစံနဲ့ ရထားတယ် ဆိုတာ မသိဘူး။ ဒါကြောင့် အရင်စိစစ်ပါ။ ရှေ့ပြဿနာရှင်း ပြီး မှ ကျန်တာဆက်လုပ်ပါလို့ ကျွန်တော်တို့ကပြောတယ်’’ ဟု ဦးအောင်ဝင်းကဆိုသည်။

၁၉၈၂ ဥပဒေအရ နိုင်ငံ သားဖြစ်ခွင့်ပြုခွင့်ရသူများတွင် တချို့မှာ သက်သေအထောက် အထားမခိုင်လုံဘဲ တိုင်းရင်းသား ဘာသာစကားလည်း မပြော တတ်ကြောင်းနှင့် ယင်းအတွက် ကြောင့်ပင် မူလက ပန်းရောင် ကတ်ကိုင်ဆောင်ထားသူများကို ဦးစွာစိစစ်သင့်ကြောင်း ဒေသခံ လူမှုရေး အဖွဲ့အစည်းများက ထောက်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံ သားဖြစ်ခွင့်ရသူများ၏ ကျမ်း သစ္စာကျိန်ဆိုပွဲကို မြေပုံမြို့နယ် တွင် ပြုလုပ်ခဲ့ရာ ဒေသခံရခိုင် တိုင်းရင်းသားများက တံခါးပိတ် ဆန္ဒဖော်ထုတ် ကန့်ကွက်ခဲ့ကြသည်။

7Day DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ