Related Posts Plugin for WordPress, Blogger...

...... The Voice


မြန်မာအာဆီယံဥက္ကဋ္ဌ သက်တမ်းမကုန်ဆုံးမီ နောက်ဆုံးအကြိမ် လက်ခံကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဒေသတွင်းဖိုရမ်တွင် မြောက်ကိုရီးယား အစိုးရကို နျူကလီးယားလက်နက် ကင်းစင်ရေး လုပ်ဆောင်ရန် အဓိကထား တိုက်တွန်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ကိုရီးယား ကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ အာဆီယံ ဒေသတွင်းဖိုရမ် (ARF) မူဘောင်ထဲမှပင် တင်းမာမှုများ လျှော့ချရေးနှင့် နျူကလီးယားလက်နက် ကင်းစင်ရေးကို တိုက်တွန်း ပြောကြားသွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

မေလအတွင်းက ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးတွင် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို အာရုံစူးစိုက်ခဲ့သော်လည်း သြဂုတ် ၉ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပမည့် ဒေသတွင်းဖိုရမ်တွင်မူ တောင်နှင့် မြောက်ကိုရီးယား ကျွန်းဆွယ်တင်းမာမှုကို ပြည်တွင်း၊ ပြည်ပ အသိုင်းအဝိုင်းက လေ့လာစောင့်ကြည့်လျက် ရှိသည်။

“မြန်မာနိုင်ငံက မြောက်ကိုရီးယားကို လူ့အခွင့်အရေး၊ ဒုံးကျည်နည်းပညာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဂျွန်ကယ်ရီ (အမေရိကန် နိုင်ငံခြားရေးဝန်ကြီး) လာရင် တွန်းအားပေးပါမှာ” ဟု အာဆီယံအရေး လေ့လာစောင့်ကြည့်သူ ထိုင်းနိုင်ငံသား Mr.Kavi Chongkittavorn က The Voice သို့ ပြောဆိုသည်။

အမေရိကန်အစိုးရက မြောက်ကိုရီးယားနိုင်ငံအပေါ် စိုးရိမ်မှုများကို လက်ရှိ အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုယူပြီး ဖြေရှင်းရန် လိုလားကြောင်း အာဆီယံ လူထုဖိုရမ် (မြန်မာ) လုပ်ငန်းကော်မတီဝင် ဦးကျော်လင်းဦးက ဆိုသည်။

“မြောက်ကိုရီးယား ခေါင်းဆောင်သစ် တက်လာပြီးတဲ့ နောက်ပိုင်း တိုးတက်မှုတွေကို အမေရိကန်အစိုးရက တော်တော် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သဘောရတယ်။ တာဝေးပစ်ဒုံးကျည် စမ်းသပ်တာ၊ နျူကလီးယား စမ်းသပ်တာတွေပေါ့။ ဒါတွေကြောင့်ပဲ အခုဆွေးနွေးပွဲမှာ အရေးကြီးတဲ့ အကြောင်းရင်း ဖြစ်လာတယ်လို့ မြင်တယ်” ဟု ၎င်းကသုံးသပ်သည်။

အာဆီယံဒေသတွင်း ဖိုရမ်ကို သြဂုတ်လ ၁၀ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းနှင့် ဆက်စပ်အစည်းအဝေးပွဲများကို သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် သီးသန့်တွေ့ဆုံရန် ရှိ မရှိကိုမူ ထုတ်ပြန်ထားခြင်း မရှိချေ။

သြဂုတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် အာဆီယံ အသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေနှင့် တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ် အရေးတို့ကို ဆွေးနွေးသွားရန် လျာထားသည်။

Posted by Arakan News on 8/10/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ