Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ – ၁၀ သြဂုတ် ၂၀၁၄) / မောင်အေး

ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဖမ်းဆီးခံရသူများကို တွေ့ရစဉ်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားမြို့အနီး ပင်လယ်ပြင်တွင် မလေးရှားနိုင်ငံသို့ တရားမ၀င် ရေလမ်းကြောင်း မှ သွားရန် စီစဉ်နေသည့် စက်လှေတစ်စီးနှင့် လူပေါင်း ၅၀ ကျော်ကို ယနေ့ နေ့လည်ပိုင်းက သက်ဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ကြောင်း Cox’sbazar News တွင် ဖေါ်ပြသည်။
ဖမ်းဆီးခံရသူမှာ  စုစုပေါင်း ၅၆ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရရာတွင် လူကုန်ကူးသူ နှစ်ဦး ပါဝင်ကြောင်း၊ လူကုန်ကူးသူ နောက်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲက ပြောဆိုကြောင်း သတင်းကဆိုသည်။
ယခုအခါ သူတို့အား ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် ကော့စ်ဘာဇားမြို့ ကိုလာတိုလီရှိ တည်းခိုခန်းတခုမှ လူကုန်ကူးသူ ၂ ဦးနှင့် မလေးရှားသွားမည့်သူ ၁၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။
သြဂုတ်လ ၃ ရက်နေ့ကလည်း လူပေါင်း ၆၀ ကျော်တင်ဆောင်ပြီး မလေးသွားမည့် စက်လှေတစ်စီး ကော့စ်ဘာဇားမြို့အနီးတွင် ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားသည့် စက်လှေမှလူများမှာ ကမ်းခြေသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း နော်ဆိမ်းဒီခရိုင် ရိုင်ပူမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ရှာဟီးမီယာဆိုသူ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများသည် သူ့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမူကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နယ်စပ်မှ နေ၍ မလေးရှားကို နှစ်စဉ်ထွက်ခွာလေ့ရှိပြီး မလေးရှားသို့ ရောက်လျှင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရ၍ ထွက်ပြေးလာသူ မြန်မာနိုင်ငံမှ လူနည်းစု မူဆလင်များ ဖြစ်သည်ဟု လိမ်လည် ပြောဆိုကာ အကူအညီနှင့် ခိုလုံခွင့်များတောင်းခံလေ့ရှိကြောင်း သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ