Related Posts Plugin for WordPress, Blogger...

အစၥလာမ္ဘာသာ အပါအဝင် ဘာသာ (၄)
ခု ကျောင်းစာတွင် သင်ကြားရန် ဦးမြအေး နှင့်
 ၈၈ မျိုးဆက် များ စီစဉ်မှုအား လုံးဝ ကန့်ကွက်
သည် အင်္ဂလန်နှင့် အခြားဥရောပတိုင်းပြည်တွေ
က ကျောင်းတွေရော၊ အမေရိကန်


ကကျောင်းတွေပါ ကမ္ဘာ့ ဘာသာကြီးလေးမျိုးကို လေးစားလို့ဆိုပြီး၊ ဗုဒ္ဓဘာသာ ကို ထည့်သွင်း၍ ကျောင်းများတွင်သင်ပေးခြင်း လုံးဝ(လုံးဝ) မရှိပါဖူး။

ဒါကြောင့်မို့လို့ မြန်မာအစိုးရနှင့်အမေစုအပါအဝင် မြန်မာနိုင်ငံပါလီမန် အမတ်မင်းများကလည်း ယောင်ယောင်အမှားမှားနဲ့ သဘောအကောင်းလွန်ပြီး၊ အခုဘာသာပေါင်းစုံအဖွဲ့က တောင်းဆိုလိုက်တဲ့ ဘာသာလေးမျိုးကို မြန်မာနိုင်ငံရဲ့ အစိုးရကျောင်းသင်ခန်းစာတွေမှာထည့်သွင်းသင်ကြားပေးရန်ဆိုတဲ့၊ တောင်းဆိုချက်ကို လုံးဝ(လုံးဝ) ခွင့်မပေးသင့်ပါဖူး။

 မြန်မာနိုင်ငံဟာ ကမ္ဘာ့ဗုဒ္ဓဘာသာ Strong Hold တိုင်းပြည်ပါ။ ဘယ်မူဆလင်နိုင်ငံ၊ ခရစ်ယာန်နိုင်ငံမှာမှ၊ ဗုဒ္ဓဘာသာကို ထည့်သွင်းမသင်ပါဖူး။ မြန်မာတွေ မအ မန ကြပါနဲ့လို့၊ သူများနိုင်ငံက လာရောက်ချယ်လှယ်တာ မခံကြပါနဲ့။

ဘာသာရေးကို အစိုးရကျောင်းတွေအထိ ကြုံးသွင်းတာကိုလည်း မခံလိုက်ကြပါနဲ့။ နိုင်ငံ ၂၃နိုင်ငံကို အကျွန်ုပ်ကိုယ်တိုင်လှည့်လည် ကြည့်ရှူပြီးပါ ပြီ။ မိမိ 'အ' လျှင် မိမိ တိုင်းပြည် ခံရမည်။ မိမိ၏ ပြည်သူပြည်သားများခံရမည်။ ကမ္ဘာပေါ်တွင်၊ မြန်မာနိုင်ငံသည်၊ အလွန်ရှားပါးသော၊ အနည်းငယ်မျှသာကျန်တော့သော၊ အဖိုးတန်ကမ္ဘာကျော် ဗုဒ္ဓဘာသာ တိုင်းပြည်တခုဖြစ်ပါသည်။

မိမိတိုင်းပြည်၏ အဖိုးထိုက်တန်မှုကို မိမိတို့ကိုယ်တိုင်သိကြပါစေ။ ကမ္ဘာ့သူ ကမ္ဘာသားတော်တော်များများက၊ မြန်မာနိုင်ငံသည် အလွန်အဖိုးထိုက်တန်သော
 ထေရဝါဒ ဗုဒ္ဓဘာသာ တရားထူးတရားမြတ်များကို ပိုင်ဆိုင်သည်ဟု ယုံကြည်ကာ၊ ဟိုးယခင်ခေတ်များကတည်းက နိုင်ငံခြားသားများ လာရောက် တရားအားထုတ်လျှက်ရှိကြပါသည်။

ထိုဘာသာလေးမျိုး မြန်မာအစိုးရကျောင်းများတွင် သင်ကြားပေးပါရန်ဆိုသည့်တောင်းဆိုချက်မှာ၊ ဥပမာပြောရလျှင်၊"နားလှည့်ပြီးပါးရိုက်ခြင်း"သာဖြစ်၍ အထူးလက်ဆင့်ကမ်းအသိပေးကြပြီး အမြန်ဆုံး၊ အချိန်မှီ တားဆီးကြပါဟု လေးနက်စွာ တိုက်တွန်းလိုက်ရပါသည်။

From : ..စန္ဒီသင်းမာဦး —
မျိုးချစ်လူငယ်များ ရန်ကုန်တိုင်း။ မြောက်ဥက္ကလာပမျိုးချစ်လူငယ်များ။
စစ်တွေမျိုးချစ်လူငယ်များ

စန္ဒီသင်းမာဦး ပို့ ပေးသည်။
http://www.shwemyanmarmediagroup.org

0 comments

Post a Comment


ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ