Related Posts Plugin for WordPress, Blogger...

ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့်
ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့်
အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိ
ဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်
ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး


သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်းက ပြောသည်။

ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ်ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်း သော်လည်းကောင်း၊ မိသားစုချင်း လိုက်သော်လည်းကောင်း နေရာရွှေ့ ပြောင်းသူများရှိရာ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပျောက်ဆုံးသွား လျှင် အခက်အခဲများ စွာဖြစ်ပေါ်တတ် ကြောင်း ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်လတ်က ပြောဆိုခဲ့သည်။

ယခုအခါ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကြီးနဲ့လည်း နီးကပ်လာပြီးဖြစ်သည့်အတွက်လည်း တိုင်းရင်းသား လူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ် ထောင်စုစာရင်းများလက်ဝယ်မရှိမှု များကြောင့် မဲထည့်ရမည့်အခွင့်အရေး များ ဆုံးရှုံးရမည့်အနေအထားများ ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်လတ် က ပြောခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး လဝက ဒုတိယ ဝန်ကြီးက မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက် ရှိနေသော မဲဆန္ဒနယ်မှရွေးကောက် ခံသောလွှတ်တော်ကိုယ်စား လှယ် လောင်း များကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရန် ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ ၏ ထောက်ခံချက် ကိုလည်းကောင်း၊

အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်(သို့မဟုတ်) လုပ်ငန်းရှင် ကိုယ်စားလှယ်၏ထောက်ခံချက်ကို လည်းကောင်း၊ သီးခြားဖြစ်ပါကကိုယ် တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော် ပြပြီး ကျေးရွာအုပ်စု၊

အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက် ခံချက်ကိုမဲ စာ ရင်း၌ မိမိအမည်ကိုထည့်သွင်းပေး နိုင်ရန် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၃ဝထက်နောက် မ ကျစေ ဘဲ သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်သို့ ပုံစံ - ၃(က)ဖြင့် လျှောက်ထားကာ မဲ ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

ယင်းအပြင် အသက် ၁၀ နှစ် ပြည့် (သို့မဟုတ်) အသက်၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် မိမိနေထိုင်ရာ မြို့နယ်တွင် လူကိုယ် တိုင်ဆောင် ရွက်ရသောလုပ်ငန်းဖြစ် ၍ မိမိမွေးဖွားခဲ့ရာဇာတိ/မြို့နယ် သို့ ပြန်လည်သွားရောက်လုပ်ကိုင် ရန်မလိုအပ်ဘဲ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မိမိလက်ရှိနေထိုင်သော မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင် သွားရောက်လျှောက်ထား ၍ရကြောင်း လဝက ဒုတိယဝန်ကြီးက ပြောသည်။

Democracy today Daily Newspaper

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ