Related Posts Plugin for WordPress, Blogger...

ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ နမ့်ခမ်းနယ်
စပ်တွင် နယ်နိမိတ် တိုင်းတာရေးအဖွဲ့
က တိုင်းတာ စိုက်ထူထားသည့် နယ်နိမိတ်
မှတ် တိုင်များသည် နယ်ကျော်နေသည့်


အတွက် ရွာသားအင်အား တစ် ရာခန့်က နယ်နိမိတ်တိုင်များကို ဆွဲနုတ်မီးရှို့လိုက်ကြောင်း သ တင်းရရှိသည်။

မေလ ၂၇ ရက်မှ ၃၀ ရက် အထိ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ မှ နယ်နိမိတ်တိုင်းတာရေးအဖွဲ့ များ ပူးပေါင်းသည့် တိုင်းတာရေး အဖွဲ့သည် နမ့်ခမ်းမြို့နယ်တွင်းရှိ တရုတ်နိုင်ငံနှင့် နယ်စပ်တွင် နယ် နိမိတ်မှတ်တိုင်များကို ကွင်းဆင်း တိုင်းတာခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ရွာသားများ ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်ခဲ့သော လယ်မြေ များသည် နယ်နိမိတ်မှတ်တိုင်များ စိုက်ထူလိုက်၍   တရုတ်နိုင်ငံ ဘက်ခြမ်းရောက်သွားခြင်းကို မကျေနပ်သဖြင့် နမ့်ခမ်းမြို့နယ် ကုန်းဆာရွာမှ     ရွာသားများက မှတ်တိုင်များကို ဆွဲနုတ်မီးရှို့ကြ ခြင်းဖြစ်သည်ဟု နမ့်ခမ်းမြို့နယ် ဒေသခံ ဦးစိုင်းထွန်းလှိုင်က ပြော သည်။

နမ့်ခမ်းမြို့နယ်တွင်းရှိ ကျေး ခွန်ရွာ၊ ကုန်းဆာရွာ၊ မန့်နောင် ရွာများတွင် နယ်နိမိတ်မှတ်တိုင် များ စိုက်ထူခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွာများတွင် ကျေးခွန်ရာမှ မြေ ဧက ၃၀ ခန့်၊ ကုန်းဆာရွာမှ ဧက ၇၀၀ ခန့်၊ မန့်နောင်ရွာမှ ဧက ၃၀ ခန့်  တရုတ်နိုင်ငံဘက်ခြမ်း ပါသွားသည်ဟု ဒေသခံများက ပြောကြားသည်။

ယခုကဲ့သို့ နယ်နိမိတ်တိုင်း တာခြင်းမျိုး ယခင်က မရှိခဲ့ဘဲ ပထမဆုံးအကြိမ် သတ်မှတ်ခြင်းဖြစ်ပြီး ရွာသားများ ပြောသကဲ့သို့ မြန်မာပိုင်မြေများပါသွားခြင်း မရှိပါဟု နိုင်ငံခြားရေးဝန်ကြီးဌာန  နယ်နိမိတ် သတ်မှတ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နယ်နိမိတ်တိုင်များကို ဖျက်ဆီးသည့် ကိစ္စကို ဌာနအနေဖြင့် စုံစမ်းနေဆဲသာဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

ယခင်က ကုန်းပေါ်တွင် နယ်နိမိတ်တိုင်များမရှိဘဲ ရွှေလီ မြစ်ကိုသာ နယ်ခြားအဖြစ် သတ် မှတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာသား များက ပြောကြားပြီး ရွှေလီမြစ် ရေ တိုက်စားမှုသည် မြန်မာဘက် ကမ်းပါးကိုသာ တိုက်စားသော ကြောင့် ကမ်းပါးပြိုကျပြီး မြန်မာ ပိုင်မြေဆုံးရှုံးနေသဖြင့် ရေကာ တာများ ဆောက်လုပ်ပေးရန် ရှမ်း ပြည်နယ်မှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ဖူးသည်။

ထို့ပြင် အဆိုပါဒေသတွင် တရုတ်ပြည်မှ ရွှေလီမြစ်ကို ဖြတ် ၍ တံတားထိုးရန် စီစဉ်နေပြီး ယင်းအစီအစဉ်ကို ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီတို့က   ပူးပေါင်းကန့် ကွက်ထားသည်ဟုလည်း   သိရ သည်။

7 Day  News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ