Related Posts Plugin for WordPress, Blogger...

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊
အင်းရဲကျေးရွာမှ စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့၊ စက်မှုဇုန် ရပ်ကွက်ရှိ ကေတီဗီဆိုင်
တစ်ဆိုင်သို့ ဆိုင်လုပ်သားအဖြစ် အလုပ်၊
လုပ်ကိုင်နေသူ အဒေါ်ဖြစ်သူထံ အလည်


အပတ် လာရောက်သည့် အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ပျောက်ဆုံးနေ သည့် အတွက် အဒေါ်ဖြစ် သူက ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက မုံရွာနယ်မြေရဲစ ခန်းသို့သွားေ
ရာက်တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုဖွင့်အရေးယူလိုက်ပြီဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှသိရ သည်။

ကေတီဗီဆိုင်လုပ်ငန်းအတွင်း အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးနေခြင်းနှင့်ပတ်သက် ၍ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပျောက်ဆုံးနေသူ မိန်း ကလေးမှာ မအဉ္ဇလီအောင် အသက်(၁၅) နှစ်ဆိုသူဖြစ်ပြီး သူမမှာ လွန်ခဲ့သော ရက်ပေါင်း(၂၀)၀န်းကျင်ခန့် မှစတင်၍ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ရဲစခန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

၎င်း မိန်းကလေးပျောက်ဆုံးနေရခြင်းမှာ အဆိုပါ ကေတီဗီဆိုင်ရှိ ဆိုင်လုပ်သား အမျိုးသားတစ်ဦးနှင့် ချစ်ကြိုက်ပြီး ခိုးယူပေါင်းသင်နေထိုင်ရန် ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်နိုင်ကြောင်း ရဲစခန်းမှ မှတ်ချက် ပြုသုံးသပ်ထားသေးသည်။

ထို့ကြောင့် ကေတီဗီဆိုင်လုပ်ငန်းအတွင်း အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးနေခြင်း နှင့်ပတ်သက် ၍ မုံရွာနယ်မြေရဲစခန်းက(ပ) ၂၀၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၃ အရအမှုရေးဖွင့်၍ ပျောက်ဆုံး မိန်းကလေးအား အမြန်ဆုံးပြန်လည်တွေ့ရှိနိုင်ရေးအတွက် အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာန၏ လူကုန်ကူးခြင်းခံရသည့် မှတ်တမ်းများအရ လူကုန် ကူးခြင်းခံရသည့် ဥင်္ီးတည်ရာနိုင်ငံများတွင် တရုတ်နိုင်ငံ(၈၀)ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ (၁၀)ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံ (၆)ရာခိုင်နှုန်း၊နှင့် ပြည်တွင်း(၄)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လူကုန်ကူးခြင်း အများဆုံးခံရသည့် ပုံးစံများအား မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ် နှိမ်းနင်း ရေးအဖွဲ့မှ စစ်တမ်းကောက်၍ မှတ်တမ်းတင်ရာတွင် အဓမ္မထိမ်းမြားလက် ထပ်ခြင်း (၆၉ ဒသမ ၇ ) ရာခိုင် နှုန်း၊ ပြည့်တန်ဆာ (၁၃ ဒသမ ၆) ရာခိုင်နှုန်း၊

အဓမ္မစေခိုင်းခြင်း (၁၀ ဒသမ ၀ ) ရာခိုင်နှုန်း၊ ကလေးသူငယ် (၄ ဒသမ ၈ ) ရာခိုင်နှုန်း၊ အဓမ္မတောင်းရမ်းစေခိုင်းခြင်း (၁ ဒသမ ၄ ) ရာခိုင်နှုန်း၊ အဓမ္မမွေးစားခြင်း (၀ ဒသမ ၃) ရာခိုင်နှုန်း၊ လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်ခံခြင်း(၀ ဒသမ ၂) ရာခိုင်နှုန်း၊တို့ဖြစ်ကြောင်း လေ့လာသိရှိ ရသည်။

ဓာတ်ပုံ ဆီလျော်အောင် အသုံးပြုပေးသည်။
သတင်းကိုတိုး ချင်းတွင်း
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ