Related Posts Plugin for WordPress, Blogger...

လဟယ်တပ်ဆွယ်မှ ဆင်သေတပ်ဆွယ်
သို့ တပ်ပြောင်းလိုက်ပို့သည့်ကား တိမ်းမှောက်
သဖြင့် ယာဉ်ပေါ်ပါ စစ်သားများနှင့် ၎င်းတို
့၏ မိသားစုဝင်များ ထိခိုက်ဒဏ်ရာများရရှိ
ကာ လဟယ်ပြည်သူ့ဆေးရုံကြီးတွင်

ဆေး ကုသမှုခံယူလျက်ရှိကြောင်း ခန္တီးခရိုင် ထွေအုပ်ရုံးမှ သိရသည်။

အဆိုပါ တပ်ပြောင်းယာဉ်တိမ်းမှောက်ခဲ့သည့်နေရာမှာ လဟယ် - ဆင်သေ ကားလမ်းမိုင်တိုင်အမှတ် ၄၄မိုင်၅ ဖာလုံနှင့် ၄၄ မိုင် ၆ ဖာလုံအကြား ရွှေထိုက်ချောင်းအဆင်းနေရာတွင် မေလ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်က ကားဘရိတ်ပေါက်၍ တောင်စောင်းအားဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

တပ်ပြောင်းရာတွင် လိုက်ပါပို့ဆောင်ပေးသည့် ကားမှာ အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းပိုင် အိန္ဒိယ နိုင်ငံလုပ် TATA ခြောက်ဘီးအမျိုးအစားဖြစ်သည်။ တိမ်းမှောက်ယာဉ်အမှတ်မှာ (ကြယ်တံဆိပ်/ ၄၃…..) ဖြစ်ကြောင်း သိရသည်။ ၎င်းကားအား အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ/…….. တပ်ကြပ်ကြီး …. ဆိုသူမှ မောင်းနင်းလာခဲ့ခြင်းဖြစ်ကြောင်း ခန္တီးခရိုင်ထွေအုပ်ရုံး၏ နေ့စဉ်ထူးခြားဖြစ်စဉ် မှတ်တမ်းများတွင်ဖော်ပြထားသည်။

တပ်ပြောင်းယာဉ်တိမ်းမှောက်ချိန်တွင် ယာဉ်ပေါ်၌ လူ(၁၅)ဦး စီးနင်းလိုက်ပါလာခဲ့ရာ တပ်မတော်သား(၈) ဦးနှင့် ၎င်းတို့၏ မိသားစုဝင်(၇)ဦးဖြစ်ပြီး ယာဉ်တိမ်းမှောက်ရာမှ ဒဏ်ရာအသီးသီးရရှိသဖြင့် လဟယ်ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ အမှတ်(၉၀၉) စစ်အင်ဂျင်နီယာတပ်ရင်းမှ ယာဉ်တိမ်းမှောက် ရာာတွင် တာဝန်မကကင်းသူများကို တပ်မတော် စစ်စည်းကမ်း ဥပဒေများအရ ဆက်လက်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတပ်မှ သက်ဆိုင်ရာသို့ ပြောကြားသွားကြောင်း လ ဟယ်မြို့မရဲစခန်းမှူး ရဲအုပ် တင်လှိုင်နှင့်အဖွဲ့ထံမှ သိရှိရသည်။

သတင်း။ ကိုတိုး ချင်းတွင်း
http://www.shwemyanmarmediagroup.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ