Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၂၅

ရဲတပ်ဖွဲ့နှင့် ပြည်သူများ ဆက်ဆံရေး ကောင်းမွန်စေရန် ရည်ရွယ်၍ Open Daily အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေနှင့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် မေလ ၂၅ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို EU (European Union) နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင် EU အဖွဲ့တာဝန်ခံ Mr. David Hamilton အပါအဝင် အဖွဲ့ဝင် ရှစ်ဦးနှင့် ရဲတပ်ဖွဲ့ ဌာနစုများမှ အရာရှိများ တက်ရောက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ပြည်သူများ သိရှိစေရန်နှင့် ရဲတပ်ဖွဲ့နှင့် ပြည်သူ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လက်အောက်ရှိ လုံခြုံရေး ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့အလိုက် လုပ်ငန်းတာဝန်များနှင့် အသုံးအဆောင် ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး ပြည်သူလုထုနှင့် ရှင်းလင်း ဆွေနွေးမှုများ ပြုလုပ်ခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ ရဲမှူးသိန်းအောင်က ရှင်းပြသည်။

“Community Policing ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစဉ်မှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ လိုအပ်တာကို အကြံဉာဏ် ပေးနိုင်ပါတယ်။ ရဲလုပ်ဆောင်ချက် လုပ်ငန်းစဉ်ကို နားလည်ပြီး ရဲတပ်ဖွဲ့နဲ့ ပြည်သူ ပူးပေါင်း ပါဝင်ချင်စိတ် ဖြစ်ပေါ်လာဖို့ ဒီ Open Daily ကို ဆောင်ရွက်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အမှတ် (၄) ဒေသမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

အဆိုပါ Open Daily အခမ်းအနားမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး လာရောက် လေ့လာသူဦးရေ တစ်ထောင်နီးပါးခန့် တက်ရောက်ခန့် လာရောက် လေ့လာကြောင်း၊ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်နှင့် အသုံးပြသော ပစ္စည်းများကို ပြည်သူများ နားလည်စေရန် သက်ဆိုင်ရာ အရာရှိများက ရှင်းလင် ပြောကြားခဲ့သည်။
“ကိုယ်နားမလည်တာကို ခုလို ရှင်းပြပေးတော့ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို နားလည် သဘောပေါက်ခဲ့ပြီး ပြည်သူတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေပုံတွေ မြင်ရတာအားရတယ်၊ ကိုယ့်ရပ်ရွာ အေးချမ်းဖို့အတွက် ပြည်သူတွေ အားလုံး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် စေချင်တယ်” ဟု မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်လေး မြောက်ရပ်ကွက်တွင် နေထိုင်သူ ဦးစိုးတင့်က ပြောကြားသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ