Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ မေ ၂၅

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုဆန္ဒ ထုတ်ဖော်ပွဲကို အခြေခံဥပဒေပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်အဖွဲ့က ဦးဆောင်ကာ အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်မှ လူအင်အား ၃၀၀၀ ခန့်က မေလ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။

အဆိုပါ လူပေါင်း ၃၀၀၀ ကျော် ပါဝင်သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဆန္ဒထုတ်ဖော်ပွဲ ခွင့်ပြုမိန့် လျှောက်ထားလွှာကို မေလ ၁၉ ရက်နေ့တွင် သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း အခြေခံဥပဒေပြင်ဆင်ရေး တက်ကြွလှုပ်ရှားသူများ ကွန်ယက်အဖွဲ့ထံမှ သိရှိရသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ကြောင်း ယင်းဆန္ဒထုတ်ပွဲတွင် ပါဝင်ခဲ့သူ ဦးနိုင်က ပြောဆိုသည်။

လူထုဆန္ဒ ထုတ်ဖော်ပွဲကို သာကေတ ကျောက်တိုင်မှ စတင်ပြုလုပ်ခဲ့ပြီး သာကေတ အားကစားကွင်းတွင် စုရပ်အဖြစ် သတ်မှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဟောပြောပွဲများနှင့် လူထုဆန္ဒ လက်မှတ် ကောက်ယူရေး လုပ်ငန်းများ ယခု ဒုတိယပတ်အတွင်း ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ