Related Posts Plugin for WordPress, Blogger...

ပြန်လွတ်လာသည့် ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ အချိန်မှာပဲ စစ်တပ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိပ်တန်း နိုင်ငံရေးသမား တချို့ ပြန်လွတ်လာပါတယ်။

ဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညပိုင်းမှာ အိမ် ပြန်ခွင့်ပေး လိုက်သလို၊ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်နဲ့ အကြီးတန်းခေါင်းဆောင် ၄ ဦးကိုလည်း ဒီနေ့မနက်ပိုင်း မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို မေ ၂၃ ရက်နေ့မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပြီး ထိုင်းတပ်မတော်စစ်ဦးစီးချုပ်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာရဲ့ အမိန့်နဲ့ လွှတ်ပေးလိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ထောက်ခံချက်နဲ့ပဲ ပြန်လွှတ်ပေးလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဆူသက်နဲ့ ပီဒီအာစီ ခေါင်းဆောင်တွေကို ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တဲ့ မေ ၂၂ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပြီး ပြန်လွှတ်ချိန် နိုင်ငံတော် ရှေ့နေချုပ်ရုံးကို သတင်း ပို့ရပြီး သူတို့ကို အာဏာဖီဆန်မှုနဲ့ တရားစွဲထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာက ပါတီစုံရွေးကောက်ပွဲကို စောနိုင်သမျှ စောစော ကျင်းပသွားမယ်လို့ ဒီနေ့ ပြောဆိုလိုက်ပေမယ့် အချိန်အတိအကျကို မပြောဘဲ အခြေအနေအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။

ထိုင်းဘုရင်မင်းမြတ်ရဲ့ ထောက်ခံချက်နဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

တိုက်ခိုက်ဖို့အတွက် အာဏာသိမ်းတာ မဟုတ်ဘဲ အခြေအနေကို တည့်မတ်ထိန်းသိမ်းဖို့ အာဏာသိမ်းတာလို့လည်း ပြောပါတယ်။

ထိန်းသိမ်းနိုင်ဖို့ လိုအပ်တာတွေ ဘာမဆို လုပ်သွားမယ်လို့ ပြောဆိုပြီး အေးအေးချမ်းချမ်း နေကြဖို့နဲ့ မီဒီယာတွေကလည်း ပဋိပက္ခတွေကို ပုံကြီးမချဲ့ကြဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။

 By ဒီဗွီဘီ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ