Related Posts Plugin for WordPress, Blogger...

မေလ ၁၇ ရက်နေ့ တာမွေမြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး” လို့ သွေးခွဲစကား ပြောခဲ့ပါတယ်။ ပြီးတော့ “တပ်မတော်နဲ့ ပြည်သူကြားမှာ ကျမတို့ ခွဲခြားလိုစိတ် မရှိပါဘူး.” လို့ ရှေ့နောက်မညီ ပြန်ပြောပါတယ်။ 

တပ်မတော်နဲ့ ပြည်သူ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူးဆိုတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အထောက် အထားနဲ့ ပြောလဲဆိုတာ ပထမဆုံး မေးခွန်း ထုတ်ချင်ပါတယ်။ ပြည်သူကို မယုံဘူးလို့ တပ်မတော်သား ဘယ်နှယောက်က ဒေါ်အောင်ဆန်း စုကြည်ကိုသော်လည်းကောင်း၊ မီဒီယာမှတဆင့်သော်လည်းကောင်း၊ ၎င်းတို့ကိုယ်ပိုင် Social Network များမှ သော်လည်းကောင်း ပြောဆိုခဲ့ဖူးတာ ရှိခဲ့ဖူးပါသလား။ ရှိလျှင် အထောက်အထားပြပေးပါ။ မရှိရင်တော့ စွပ်စွဲပြောဆိုမှုအတွက် သိက္ခာရှိရှိ တောင်းပန်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်သားတွေ မယုံတာက ပြည်သူကို မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ မယုံကြည်တာပါ။ 

တပ်မတော်သားတွေက ပွင့်ပွင့်လင်းလင်းပြောရဲပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို မီးစာတစ်ဖက် ရေမှုတ်တစ်ဖက် နဲ့ တစ်ဖက်က အမျိုးသားရင်ကြားစေ့ရေး အော်ပြီး တဖက်မှာ ဗမာပြည်သူ၊ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော်တို့အကြား သွေးခွဲနေတာ မဟုတ်ပါဘူး။ တပ်မတော်နဲ့ NLD ကြားမှာ ရင်ကြားစေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတာ ဦးခင်ညွန့် လက်ထက်ကတည်းကပါ။ ဒါပေမယ့် အခုထိ ဘာကြောင့် မအောင်မြင် သေးတာလည်းဆိုတာ အဖြေက ရှင်းပါတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝ အယုံအကြည် မရှိလို့ပါပဲ။ အရင်ကလည်း အယုံအကြည်မရှိခဲ့သလို အခုထိလည်း အယုံအကြည်မရှိပါဘူး။ 

လူတွေရဲ့ ယုံကြည်ခြင်း မယုံကြည်ခြင်းဆိုတာ ကာယကံရှင်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ လုံးလုံးလျားလျား မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ယုံကြည်ရလောက်တဲ့ အရည်အချင်း မရှိတာကြောင့် နဲ့ အခြေခံစိတ်ဓာတ် ညံ့ဖျင်းတာကြောင့် မယုံကြည်ရတာပါ။  ပုဂ္ဂိုလ်ရေးမုန်းတီးလို့မဟုတ်ပါဘူး။ မယုံကြည်ရတဲ့ အထောက်အထားတွေ ရှိပါတယ်။ တစ်ခုချင်း အဆင့်လိုက်ပြောပြပါမယ်။

နံပါတ် (၁) အချက်အနေနဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖခင် တစ်ဦးတည်းက မွေးဖွားလာသူတွေဖြစ်ပါတယ်။ တပ်မတော်သားတွေက မောင်နှမလိုသော်လည်းကောင်း၊ မိခင်တစ်ယောက်လိုသော်လည်းကောင်း ဆက်ဆံကြပါတယ်။ တပ်မတော်သား မိသားစုဝင်များရဲ့ အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေပါတဲ့ ပြက္ခဒိန်တွေရှိပါတယ်။ ဂျာနယ်အပိုင်းအစလေးတွေ ကပ်ထားတာရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သားတွေအပေါ် မောင်နှမလိုလည်း သဘောမထားခဲ့သလို မိခင်လိုလည်း သဘောမထားပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်တွင်းမှ တပ်မတော်သားများ ပင်ပန်းဆင်းရဲမှု၊ ထိခိုက်သေဆုံးမှုတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းမျက်နှာကို ငဲ့ကွက်ပြီး တစ်ကြိမ်တစ်ခါတောင် ပြန်မကြည့်ခဲ့ဖူးပါဘူး။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်က စစ်သားလေးတွေ အစဉ်ပြေရဲ့လား ဆိုတဲ့ စိတ်မျိုးနဲ့ မေးမြန်းကူညီပေးခဲ့တာမျိုး လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၉ နှစ်အတွင်းမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ လူရှေ့ရောက်တိုင်း ပါးစပ်က ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားကိုတော့ မနားတမ်းပြောနေပါတယ်။ ဒီတော့ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်နိုင်စရာရှိပါသေးသလား?? 


အပိုင်း (၃) အား http://arakanexpressdaily.blogspot.com/2014/05/blog-post_9444.html တွင် ဖတ်ရှုနိုင်ပါသည်။ 

အပိုင်း (၂) http://arakanexpressdaily.blogspot.com/2014/05/blog-post_7702.html
From : .. ရဲဘောင် မောင်သောင်း
http://www.myanmarexpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ