Related Posts Plugin for WordPress, Blogger...

နံပါတ် (၃) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားတွေက မယုံကြည်ခြင်း နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာမှမလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

၁၉၈၈ မှ ၂၀၁၀ ထိ ၂၂ နှစ်လုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်သုံးတော် စကားလုံးက “အမျိုးသားပြန်လည် ရင်ကြားစေ့ရေး” ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို အဓိက လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်ဖို့အတွက် ဒုတိယပင်လုံညီလာခံဆိုပြီး ခေါင်းစဉ်တပ်ကာ အစည်းအဝေးတစ်ခုကို ၂၀၁၀ နိုဝင်ဘာ တတိယအပတ်ထဲမှာ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေး တက်ရောက်လာတဲ့ တိုင်းရင်းသား ခေါင်းဆောင် အားလုံးက ဒေါ်အောင်ဆန်း စုကြည်ကို ဥက္ကဌ ခန့်တယ်ဆိုပြီး အဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒုတိယပင်လုံအောင်မြင်အောင် ကြိုးစားမယ်ဆိုပြီး အာဘောင်အာရင်းသန်သန်နဲ့ ပြေလိုက်ပါသေးတယ်။ အဲဒီအချိန်ကစပြီး NLD ပါတီဝင်ဟောင်းများရော၊ ပြည်တွင်းရှိ အတိုက်အခံ အားလုံးကပါ “ဒုတိယပင်လုံ.. ဒုတိယပင်လုံ” ဆိုပြီး ထုံးစံအတိုင်း အင်္ကျီတွေချုပ်၊ ဆောင်းပါးတွေ ထုတ်၊ ပြည်ပအတိုက်အခံတွေက ဆန္ဒတွေပြ လုပ်ကြပြန်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒုတိယပင်လုံညီလာခံ စီမံကိန်းဟာ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ လက်မခံလို့ တိမ်မြုပ်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဆိုတဲ့ လက်သုံးစကားနဲ့ “ဒုတိယပင်လုံ” ဆိုတဲ့ စကားလုံးကို ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာ မတွေ့ရတော့ပါဘူး။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ပတ်သက်ပြီး သံသယ ဝင်စရာတွေ ဖြစ်လာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလည်း မလုပ်နိုင်၊ ဦးသန့်လို ပြည်ပ ငြိမ်းချမ်းရေးလဲ မလုပ်နိုင်ပဲနဲ့ ဦးသန့်တောင် မရခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လို လုပ်ဆောင်မှုတွေကြောင့် ရခဲ့တာလဲဆိုတာ မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ဝေဖန်မှုတွေ ကြားကပဲ ဒေါ်အောင်ဆန်း စုကြည် ပြုံးပြုံးကြီး ဆုတက်ယူသွားပါတယ်။ ဘာကြောင့်/ဘယ်လို လုပ်ဆောင်မှုတွေကြောင့် ဆုရတယ် ဆိုတာကိုတော့ ၁ နာရီကြာ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆို သွားတာ မရှိခဲ့ပါဘူး။

ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ယခင် တုန်းက မလုပ်နိုင်လို့ အခုရော လုပ်နိုင်လားဆိုတော့ လည်း မဟုတ်ပြန်ပါဘူး။ လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ ယုံကြည်မှု လုံးဝမရှိတာကို တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းက အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုပြီး လွှတ်တော်တွင်းက တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ NLD တို့ အပတ်စဉ် စနေနေ့တိုင်း ဆွေးနွေးပွဲ လုပ်ဖို့ ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ဟုတ်တိပတ်တိ လုပ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် တစ်လ ဆက်မလုပ်ကြတော့ပါဘူး။ ဘာကြောင့် ပျက်သွားတယ် ဆိုတာကိုလည်း NLD က တရားဝင်ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။

ဒြါ့ပင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင်းက တိုင်းရင်းသား ခေါင်းဆောင်တွေသာမက လွှတ်တော်ပြင်ပက တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း မယုံကြည်ကြပါဘူး။ လက်ရှိဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်း စုကြည်ကို ခေါ်ယူဆွေးနွေးဖို့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ မလိုလားပါဘူး။ KIO ခေါင်းဆောင် ဂွမ်မော်ဆိုရင် ရန်ကုန်ကို မကြာခဏ ရောက်နေ တာတောင်မှ ဒေါ်အောင်ဆန်း စုကြည်ကို လုံးဝ သွားမတွေ့ပါဘူး။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ရှိလျှက် မြန်မာနိုင်ငံ မငြိမ်းချမ်းဟု ဝေဖန်မှုတွေ ရှိလာတိုင်းမှာ အစိုးရက မဖိတ်ခေါ်လို့ တိုင်းရင်းသားတွေနဲ့ မဆွေးနွေးရဘူးလို့ ဒေါ်စု အကြောင်းပြပါတယ်။ ဒါပေမယ့် ကရင်ပြည်နယ်ကို ရောက်ချိန်မှာ KNU ဆက်ဆံရေးရုံးကို အစိုးရမခိုင်းပဲ သွားခဲ့ပြီး UNFC ခေါင်းဆောင်တွေနဲ့လည်း အစိုးရမခိုင်းပဲ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲလာဖို့တော့ ဘယ်တိုင်းရင်းသား ခေါင်းဆောင်ကမှ ယုံယုံကြည်ကြည် ဖိတ်ခေါ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

တိုင်းရင်းသား ခေါင်းဆောင်တွေ တင် မကဘဲ သာမန်တိုင်းရင်းသား လူထုကလည်း ဒေါ်အောင်ဆန်း စုကြည်ကို မယုံကြည်ကြပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီထဲကို မဝင်ကြပဲ ၎င်း တို့ရဲ့ တိုင်းရင်းသား ပါတီတွေကိုပဲ ဝင်ရောက်နေကြပါတယ်။ NLD မှတ်ပုံတင်ပြီး နောက်ပိုင်းမှာ တိုင်းရင်းသား ပါတီတွေ ပိုတိုးလာတာလည်း ထူးခြားမှု တစ်ခုဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသား များကတော့ ဒေါ်အောင်ဆန်း စုကြည်ကို မယုံကြည်ဆုံး တိုင်းရင်းသားဖြစ်ပြီး ရခိုင်ပြည်နယ်ကို လာလျှင် လုပ်ကြံမယ် လို့တောင် ကြွေးကြော် ထားပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးရှိတဲ့ မြန်မာနိုင်ငံမှာ ၁၃၄ မျိုးက မယုံကြည်တဲ့ ဟန်ပြနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်မှလည်း လုံးဝ အယုံအကြည်မရှိတော့ပါ။


အပိုင်း (၂) http://arakanexpressdaily.blogspot.com/2014/05/blog-post_7702.html
From : .. ရဲဘောင် မောင်သောင်း
http://www.myanmarexpress.net

Posted by Unknown on 5/26/2014
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ