Related Posts Plugin for WordPress, Blogger...


၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် မခင်သူသူဝင်တို၏ မင်္ဂလာအခမ်းအနားအတွက် ကုန်ကျငွေစာရိတ် သိန်း ၅၀၀ အပြင် အမြတ်ငွေ ၁၇၃၈ သိန်းကျော် ရရှိခဲ့သည်ဟုသိရှိရသည်။

ဦးကိုကိုကြီး၏ မင်္ဂလာဆောင် အခမ်းအနားကို ပြီးခဲ့သည် မတ်လ ၂၁ နေ့တွင် ကလေးမြို့ ၊ နဂါရွှေစင်ခန်မ နှင့် အေပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြိ့ ရှိ Skynet (ရွှေသံလွင်ကုမ္မဏီ) ပိုင် Sky Star ဟိုတယ် တို့တွင် သတို့ သား၊ သတို့သမီး နှစ်ဖက်ဆွေမျိုးများရှိရာ ကလေးမြို့  နှင့် ရန်ကုန်မြို့တို့ ၌ ကျင်းပခဲ့ခြင်းဖြစ် သည်။

ဦးကိုကိုကြီး၏ မင်္ဂလာဆောင် စရိတ်အတွက် ကုန်ကျငွေများကို ၈လေး လုံး ငွေရတုအခမ်းအနား ပြုလုပ်စဉ် က ကောက်ခံ ရရှိ ထားသော ရန်ပုံငွေ များထဲမှ သုံးစွဲခဲ့ခြင်းဖြစ်ပြီး ၄င်းငွေများကို ရန်ပုံငွေထိန်းသိမ်းရေး အဖွဲ့ထံသို့
ပြည်လည်ပေးသွင်းပြီး ဖြစ်သည့် အပြင် မင်္ဂလာဆောင် အမြတ်ငွေ ၁၇၃၈ သိန်း ကျော် ရရှိခဲ့သည်ဟု ၈၈မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုမျိုးသက်ထွန်းက ပြောဆိုပါသည်။

´´ ကျွန်တော်တို့ ငွေရတုအခမ်းအနားတုန်းက ရတဲ့ ပါတီရန်ပုံငွေ သိန်း
၄၀၀ ကျော်တျော်နဲ့ အရင်ရှိတဲ့ ပါတီရန်ပုံငွေထဲက ထပ်ပေါင်းထည့်ပြီး
သိန်း ၅၀၀ ကို အစ်ကိုကြီးရဲ့ မင်္ဂလာဆောင် အတွက်ခဏ ထုတ်သုံးတာပါ၊
မင်္ဂလာမဆောင်ခင်တုန်းကတော့ ပါတီရန်ပုံငွေထဲကထုတ်သုံးရမလားဆိုပြီး
အချင်းချင်း မကြေလည်တာလေးတွေတော့ရှိခဲ့တာပေါ့ဗျာ၊ အခုတော့ အေး
အေးဆေးဆေးဖြစ်သွားပါပြီ၊ မင်္ဂလာဆောင်ကိုလဲ ကျွန်တော်တို့ အဖွဲ့တွေ
ဝိုင်းဝန်းကူညီ ပံ့ပိုးမှုနဲ့ အောင်အောင်မြင်မြင် ကျင်းပပြီးခဲ့ပါပြီ´´ ဟု ၄င်းက
ဆက်လက်ပြောဆိုပါသည်။

" မင်္ဂလာဆောင် အခမ်းအနားကလဲ တစ်ကယ့်ကို အားရကြေနပ်ဖို့ကောင်းပါ
တယ်၊ အရင်းစစ်ဗိုလ်ချုပ်ကြီးတွေ၊ ခရီနီတွေရဲ့ သား ၊သမီတွေ မင်္ဂလာဆောင်
လို၊ အာဏာ အရှိန် အ၀ါ မပါတဲ့ နိုင်ငံရေးသမား တစ်ယောက်ရဲ့ အများချစ်
တဲ့ လေးစားမှုဂုဏ်နဲ့ မြန်မာပြည်မှာ အထည်ဝါဆုံး မင်္ဂလာဆောင်တစ်ခု
ဖြစ်ခဲ့တယ်ဗျ ၊ မင်္ဂလာဆောင်ကို အမေစု တို့ နောက် အင်္ဂလန်သံရုံးက
သံအမတ်ကြီး ၊ နိုင်ငံတကာ အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ၊ အစိုးရ ၀န်ကြီးတွေ၊
ဦးဇော်ဇော်နဲ့ စည်းပွားရေးလုပ်ငန်းရှင်တွေ၊ နောက်နိုင်ငံရေးနယ်ပယ်က
အထင်ကရပုဂ္ဂိလ် လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်ခဲ့ပါတယ်၊ စေတနာ
မှန် စိတ်ရင်းမှန်တော့ ထည်ဝါခဲ့တာပေါ့ဗျာ´´ ဟု ၈၈ (ငြိမ်း/ပွင့်) အဖွဲ့ မှ
ကိုတင်မျိုးဇော် က ပြောဆိုပါသည်။

မင်္ဂလာဆောင် လက်ဖွဲ့တော့ ပစ္စည်းတွေလဲ များတယ်ဗျ၊ လက်ဖွဲ့ငွေကတော့
ပါတီရန်ပုံငွေဆပ်အပြီး မြန်မာငွေ ၁၇၃၈ သိန်းကျော်ရတယ်ဗျ ၊ နိုင်ငံ
တကာ အဖွဲ့အစည်းက ခင်မင်ရင်နှီးသူတွေကတော့ ဒေါ်လာငွေ လက်ဖွဲ့
ကြပါတယ်၊ ဒေါ်လာကတော့ ဘယ်လောက်ရလဲ မသိဘူးခင်ဗျ၊ မင်္ဂလာ
ကိစ္စ ပါတီငွေ ခဏသုံးတာနဲ့ ပတ်သက်ပြီး သို့လော သို့လော အသံလေတွေ
ထွက်နေတာတော့ကြရတယ်ဗျ၊ ဒါကလဲ မလိုသူတွေက သွားပုတ်လေလွှင့်
ပြောကြတာပါ၊ အားလုံး ပြန်ဆပ်ပြီးပါပြီဟု ´´ ၄င်းက ဆက်လက်ပြောဆို
ပါသည်။

ဦးကိုကိုကြီး နှင့် မခင်သူသူဝင်တို့ မင်္ဂလာဆောင် အတွက် လက်ဖွဲ့ဟု
အမည်တပ်ကာ စီးပွားရေး လုပ်ငန်းရှင်များက ကားသော့၊ တိုက်ခန်း နှင့်
ငွေသား သိန်းရာချီ သိုသို သိပ်သိပ် လက်ဖွဲ့ခဲ့ကြကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်ဟု သိရှိရသည်။

အယ်ဒီတာ မောင်ရိုး
ပြည်သူ့အာဏာ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ