၂၀၀၈
ဖွဲ့စည်ပုံအခြေခံဥပဒေတွင်ပါဝင်သည့် သမ္မတအရည်အချင်းသတ်မှတ်ချက် ဥပဒေပုဒ်မ
၅၉(စ) သည် ပြည်သူများအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိခြင်းကြောင့်
ပြင်ဆင်ပါက နိုင်ငံတော်အတွက် အန္တရာယ်ရှိနိုင်ကြောင်း
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)မှ ဆိုသည်။
အဆိုပါပုဒ်မသည်
မည့်သည့်ပုဂ္ဂိုတစ်ဦးတစ်ယောက်ကိုမှ ရည်ညွှန်းရေးဆွဲထားခြင်း မဟုတ်ကြောင်း ၊
၁၉၄၇ ခုနှစ်မှ ယနေ့အထိ လိုအပ်နေသောဥပဒေဖြစ်သောကြောင့် မပြင်ဆင်ဘဲ
ထားရှိခြင်း ဖြစ် ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
လူငယ်ကော်မတ်ီကြီးမှအတွင်းရေးမှူးက သုံးသပ် ပြောဆိုသည်။
“၁၉၇၄
ခုနှစ်ကသမ္မတအာဏာမရှိတာတောင် ဒီဥပဒေကိုမပြင်ခဲ့တာ အခုကသမ္မတ လုပ်ပိုင်ခွင့်
ရှိနေပြီ ဒါကြောင့် ဒီဥပဒေကို ပိုမပြင်သင့်ဘူး ဒီဥပဒေကိုပြင်လိုက်ရင်
နိုင်ငံတော်အတွက် အန္တရာယ် ရှိနိုင်တယ်၊ ပြင်ချင်နေတဲ့သူတွေက
သူတို့လူတစ်ဦးတစ်ယောက်အတွက် ပြင်ချင်နေတာ သူတို့သမ္မတ
တင်ချင်တဲ့သူကဖြစ်ပြီး နောက်တစ်ခါ ထပ်ပြီးရွေးကောက်ပွဲတွေဆိုရင်
ဘယ်လိုလုပ်မလဲ ဒီပုဒ်မကို ထပ်ပြင်ရဦးမှာလား” ဟု လူငယ်ကော်မတီကြီးမှ အတွင်းရေးမှူး ဒေါ်စောစောဦးက ပြောသည်။
သမ္မတအရည်အချင်းသတ်မှတ်ချက်မှ ဥပဒေပုဒ်မ ၅၉(စ) ကိုပြင်ဆင်ပါက နိုင်ငံခြားတိုင်းပြည်များ၏
စိုးမိုးခြယ်လှယ်ခြင်းတို့ကို
ခံရမည်ကို စိုးရိမ်ရသောကြောင့် အမှန်တကယ် ပြင်ဆင်ရန်လိုအပ်သည်မှာ
ပြည်သူ့အကျိုးစီးပွားများနှင့်ပြည်သူများ ကောင်းကျိုးရလဒ်များ၊
ဗဟိုချုပ်ကိုင်ချက်များကိုသာ ပြင်ဆင် သင့်ကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံရှိ
တိုင်းနှင့်ပြည်နယ်အချို့တွင် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးအတွက်
ဆန္ဒပြမှုများများစွာရှိပြီး အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်ကန့်ကွက်သည့်
စာပေဟောပြောပွဲများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံတကာစံနှုန်းနဲ့
မကိုက်ညီဘူး၊ ပုဂ္ဂိုလ်တစ်ဦးကို တစ်ခြားလူတစ်ယောက်ကြောင့် သူရဲ့အရည
်အချင်း နိမ့်တယ်လို့ သတ်မှတ်တာ မကောင်းဘူး၊ နိုင်ငံသားတိုင်း
တန်းတူအခွင့်အရေးရသင့်တယ်၊ အဲ့ဒါတွေကြောင့် ပုဒ်မ(၅၉)စ ကိုပြင်စေချင်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။
ပုဒ်မ ၅၉ (စ)
တွင်ပါရှိသော သတ်မှတ်ချက်များမှာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ
တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင် သားသမီးတစ်ဦး ဦးသော် လည်းကောင်း၊
ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ်
နိုင်ငံခြား အစိုးရ၏ လက် အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏
နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်
အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း
ခံစားရသော အခွင့် အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ ဟူ၍ဖြစ်သည်။
http://www.myitmakhamediagroup.com

0 comments