'နယ်စပ်ဒေသမို့
တပ် မ၀င်ရ ဆိုပေမယ့် ရဲနဲ့ လုံထိန်းကိုတော့ ပေါက်သေနတ်တွေပေးထားသင့်တယ်၊
အရေးကြီးတဲ့ ဒီလိုအချိန်မျိုးမှာတောင် မောင်တောလို
ကုလားတွေကြီးစိုးဝါးမျိုထားတဲ့ နေရာမှာ လုံခြုံရေးအားနည်းချက်အများကြီးရှိနေတယ်။ ဒီနေ့ ဆရာကြီးတို့ ဘ၀မှာ ၀န်ထမ်းလုပ်ချင်စိတ်တောင်
ကုန်သွားလောက်အောင် ထိပ်လှန့်တုန်လှုပ်ခဲ့ရတာ တကယ့်ကိုဆိုးပါတယ်။ မောင်တော
ရပ်ကွက် (၅) ရပ်ကွက်ကို တာဝန်ကျတဲ့အတွက် ဒီနေ့ မနက်မှာ တာဝန်ကျ လုံခြုံရေး
ရဲတပ်သား (၁၀)ယောက်ရယ်၊ ဆရာမ တွေရယ်၊ တခြားဌာနဆိုင်ရာရယ် ပေါင်း ၀န်ထမ်း ၃၀
လောက်က စာရင်းကောက်ဖို့ ၀င်ကြတယ်။ အဲဒီရပ်ကွက် အစကိုပဲ ၀င်ရသေးတယ်၊
တစ်အိမ်မှ စာရင်းမကောက်ရသေးဘူး။ တကယ်ဆို အကုန်လုံး စာရင်းအကောက်ခံသည်ဖြစ်စေ
မခံသည်ဖြစ်စေ ကိုယ်နေတဲ့အိမ်ကပဲ ကိုယ်စီစောင့်နေကြရမှာဖြစ်ပေမယ့်
အခုကျတော့ ရပ်ကွက်အ၀င်အ၀မှာတင် လူတွေကျိတ်ကျိတ်တိုး ၀ိုင်းပတ်ပြီး
ပိတ်လိုက်ကြတာ တစ်ထောင် နှစ်ထောင်မကဘူး။ မွေးလည်းမွေးနိုင်တဲ့ကောင်တွေ
မြေပဒူအုံကျနေတာပဲ။ ဆရာကြီးတို့မှာ ပါလာတဲ့လုံခြုံရေးက (၁၀)ယောက်၊ ပါလာတဲ့
သေနတ်က (၅)လက်တည်းရယ်၊ တစ်လက်မှ တောက်တောက်ပြောင်ပြောင်မရှိဘူး၊
ကျည်ထွက်မယ့်ရုပ်လည်းမပေါ်ဘူး။ ကျန်တဲ့လုံခြုံရေးတွေက နံပါတ်တုတ်ရယ်
လေးဂွရယ်ပဲ။ ဘာလုပ်လို့ရမလဲ။ တကယ့်ကို ဘယ်အိမ်တစ်အိမ်မှ
စာရင်းမကောက်နိုင်ခဲ့ဘူး။ သေသွားပြီးမှလာမယ့် လုံခြုံရေးကို ဘာလုပ်ကြရမလဲ။
အလကားနေရင်းထိုင်ရင်း အသေတော့မခံနိုင်ဘူး။ ချက်ချင်းပြန်ဆုတ်လာခဲ့လိုက်ကြရတယ်။
ဒီ မြို့နယ်ပညာရေးမှူးရုံးကို ရောက်ပြီးလို့ နာရီဝက်၊ တစ်နာရီ
ကြာပြီးသွားတာတောင်မှ တုန်နေတုန်းပဲ။ ကောက်ချင်ရင် ခင်ဗျားတို့ဘာသာ
ခင်ဗျားတို့သွားကောက်ကြပါတော့၊ မနေ့ညက ၄ မိုင်အနီး ကန်သာယာရွာမှာ
ကုလားဓားပြတွေနဲ့ ရဲကင်းတည့်တည့်တိုးတယ်။ ည ၈း၀၀ ကျော်လောက်မှာပေါ့။
ရဲကပစ်တယ် သေနတ်မပေါက်ဖူး။ ကုလားဓားပြက လုပ်သေနတ်နဲ့ ပြန်ပစ်တယ်၊
ဒိန်းကနဲပဲ ပေါက်တယ်၊ မထိလို့တော်သေးရဲ့။ အသံကြားလို့ တပ်က ထလိုက်လာတော့
ဟိုကောင်တွေက လစ်ပြီပေါ့။ လုံခြုံရေးကလည်း မပေါက်သေနတ်နဲ့ ဘယ်လိုက်ရဲမှာလဲ
'' ဟု တာဝန်ကျ ကျောင်းအုပ်ဆရာကြီးမှပြောဆိုခဲ့သည်။
မောင်တောမြို့ရှိ ရွာတိုင်းလိုလိုမှ စာရင်းကောက်များမှာ ငဂျာ ဟုရေးမှသာ
စာရင်းအကောက်ခံမည်ဟု ငြင်းဆန်ကြသဖြင့် စာရင်းမကောက်ဖြစ်တော့ပါကြောင်း
သိရှိရပါသည်။
ဘူးသီးတောင်မြို့မှ ၀န်ထမ်းတစ်ဦးကတော့
''ကျွန်တော်တို့အိမ်ကို ဆရာမနှစ်ယောက် စာရင်းဝင်ကောက်တယ်။ ရဲတပ်သားသုံးဦး
လက်နက်ကိုင်ပြီး အနောက်မှာ ရပ်နေတယ်။ အပြင်မလှမ်းမကမ်းမှာ စစ်ကားတစ်စီး
လက်နက်အပြည့်အစုံနဲ့ စစ်သား နှစ်ဆယ်ကျော်လောက်ရှိမယ်။
ရခိုင်တွေကိုကောက်ရတာကတော့ ဘာ့မှပြောစရာမရှိပါဘူး။ အေးအေးဆေးဆေးပါပဲ။
ကုလားတွေကသာ စစချင်း အဲဒီ ရိုဟင်ဂျာ ဆိုတာထည့်မှ အကောက်ခံမယ် ဘင်္ဂလီဆိုရင်
အကောက်မခံဘူး ဆိုပြီးငြင်းဆန်နေကြတာ။'' ဟု ပြောကြားခဲ့သည်။
......................................................
သန်းခေါင်စာရင်းနှင့်ပါတ်သက်၍ ထူးခြားဖြစ်စဉ်များရှိလာပါက ဆက်သွယ်ရန် -
ဦးခင်မောင်ကြီး 09421736511
ဦးသန်းထွန်း 09421712211
ကိုကျော်ဇောဦး 095413856
ကိုစိုးနိုင် 09421745038
ကိုမျိုးဝင်း 09421715635
ကိုထွန်းလင်း 09450543019
ကိုသူရိန် 0941000392
ဒေါ်မညိုအေး 09250332786
ရခိုင်လူမှုကွန်ရက် - စစ်တွေ
0 comments