Related Posts Plugin for WordPress, Blogger...

teak_log_export_305_z.png
နိုင်ငံခြားသို့ တင်ပို့မည့် ကျွန်းသစ်လုံးများကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မျိုးစုံကို ပြည်ပသို့ တရားဝင် နည်းလမ်းအပြင် မှောင်ခိုလမ်းကြောင်းများမှလည်း ပို့ဆောင်နေသည်။
Photo: RFA
ရခိုင်ပြည်နယ် ဌာနေတိုင်းရင်းသား အခွင့်အရေးနဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့် ရည်ရွယ်ချက်နဲ့ ဌာနေတိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီ ( ယာယီ ) ကို သံတွဲမြို့နယ် ပုဇွန်ဖြေကျေးရွာမှာ မနေ့က ဖွဲ့စည်း လိုက်ပါတယ်။
ရခိုင်ရိုးမက သစ်တောတွေကို စီးပွားရေးလုပ်ငန်းရှင် ကြီးတွေက ခုတ်ထွင်ရှင်းလင်းနေတာကို တားဆီး ကာကွယ်မယ်လို့လည်း ဒီကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးသုလင်းဝေ ကပြောပါတယ်။
"ရခိုင်ရိုးမကို အပြောင်ရှင်းနေတာဟာ ရခိုင် တိုင်းရင်းသားတွေရဲ့ဘဝကို သတ်နေတာနဲ့ အတူတူပဲ ကျနော်တို့က ယူဆ တယ်၊ရခိုင်တော အပြောင်ရှင်းခြင်းကိစ္စကိုလည်း ကျနော်တို့က မရ၊ရတဲ့နည်းနဲ့ ဟန့်တားဖို့ကြိုးစားရမှာပဲ"
ကော်မတီဝင် ၄၈ ဦးနဲ့ဖွဲ့စည်းတာဖြစ်ပြီး  ဌာနေ တိုင်းရင်းသားအခွင့်အရေး တွေကိုကာကွယ် စောင့်ရှောက်တဲ့ ပြည်တွင်းက တခြားအဖွဲ့အစည်းတွေနဲ့ရော  အာဆီယံ-  အရှေ့တောင်အာရှ နိုင်ငံများအသင်းဝင် ဒေသတွင်းဌာနေတိုင်းရင်းသား အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့  အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်မယ်လို့ ကော်မတီက ထုတ်ပြန် တဲ့ကြေငြာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပင်လယ်ပြင် သယံဇာတတွေကို  ဥပဒေမဲ့ ဖမ်းဆီးထုတ်ယူသုံးစွဲ နေတာတွေကိုလည်း စောင့်ကြည့် တားဆီးသွားမယ် လို့ ကြေငြာချက် မှာ ရေးသားထားပါတယ်။

http://www.rfa.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ