Related Posts Plugin for WordPress, Blogger...

ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်လွှတ်တော်အမတ်ဖြစ်သူ ကြံခိုင်ရေးပါတီအမတ် ဒေါက်တာဘော်ရှီးအာမတ်၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန်လာသောအခါ ၄င်း၏ ဇနီးဖြစ်သူက ရိုဟင်ဂျာအိမ်ဟုဖြေဆိုခဲ့သဖြင့် သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းမပြုခဲ့ရ ကြောင်းသိရသည်။

ယနေ့နေ့လည်က သန်းခေါင်စာရင်းကောက်ယူခဲ့သူများသည် ဘူးသီးတောင်မြို့၊အမှတ် (၄) ရပ်ကွက်တွင်ရှိသော ဒေါက်တာဘော်ရှီ၏ အိမ်ကို သန်းခေါင်စာရင်းကောက်ယူရန် သွားသော အခါ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် အားတာဝန်လွှဲအပ်ချက်အရ ရခိုင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်ပြည်နယ်တွင် အဖျက်အမှောက် လုပ်လိုသူအချို့မှ နိုင်ငံတော်အစိုးရမှ လက်မခံထားသောလူမျိုးအမည်ဖြစ်သည့် ရိုဟင်ဂျာဟူသော အသုံးအနှန်းကို သုံးစွဲရန် လုပ်ဆောင်နေသည် ဟုဖော်ပြထားပြီး ယင်းအဖျက်သမားများမှ ရိုဟင်ဂျာ အမည်သုံးစွဲခြင်းကို လက်မခံပါကြောင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် သန်းခေါင်စာရင်းကောက်ယူသောအခါ များသောအားဖြင့် ဘင်္ဂလီ များက ရိုဟင်ဂျာဟု ပြောဆိုခဲ့ကြသောကြောင့် သန်းခေါင်စာရင်းကောက်ယူမှု မလုပ်ခဲ့ကြသော်လည်း တစ်ချို့မိသားစုများကမူ မိမိတို့သည် ဘင်္ဂလီများသာဖြစ်ကြကြောင်းအမှန်အတိုင်း ပြောဆိုခဲ့ကြသည်ဟုသိရသည်။

ဘူးသီးတောင်မြို့တွင် ဒုတိယသမ္မတ ဦးညာဏ်ထွန်းနှင့် လ၀က ၀န်ကြီး ဦးခင်ရီတို့သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကြည့်ရှုအားပေးခဲ့သည်ဟု သိရသည်။

Coral Arakan News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ