Related Posts Plugin for WordPress, Blogger...

ရန်ကုန်(မဇ္ဈိမ)။           ။ ပြောင်းရွှေ့ခံထားရသည့် သမီးကလေးကျေးရွာဒေသခံများ လာမည့် ဧပြီ ၁ရက်တွင် DKBA(ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်ဆုံဆည်းမြိုင်)ခေါ်သည့်နောက်လိုက်မည်ဟု   သမီးကလေးကျးရွာမှ ဒေသခံဦးဝင်းညွှန်က မဇ္ဈိမကိုပြောသည်။
“ ဝါးယားကုန်းမြေနေရာတွေပေးတာက ပြောတာ တခြား လုပ်တာတခြားဖြစ်နေလို့ အားလုံးပြန်လာ ကြတာ။ သူတို့ပြောတုန်း က ပေ ၄ဝ ၆ဝ အိမ်ပေး မယ်။ ရေသန့်လဲတူးပေးမယ် လို့ပြောတယ်။ အိမ်လည်းဆောက်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် တစ်ခုမှ မရဘူး။ဒါ့ကြောင့်ပြန်ပြောင်းတာပါ။DKBAက ခေါ်တဲ့နေရာလိုက်သွားမယ်” ဟု ဦးဝင်းညွှန့်က ပြောသည်။
သမီးက လေးကျေးရွာဒေသခံများနှင့် အခြားမှ ကျူးကျော်အဖြစ်သတ်မှတ်ခံရသူ လူဦးရေ ၁ဝဝဝ ကျော်သည်  ဧပြီလ ၁ရက်တွင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဌာနချုပ်အခြေစိုက်ရာ ဆုံဆည်း မြိုင်ကျေးရွာသို့ ပြောင်းရွေ့သွားမည်ဖြစ်သည်။
အဆိုပါ သမီးကလေးကျေးရွာဒေသခံများ ဝါးယားကုန်းကျေးရွာသို့ပြောင်းရွှေ့လိုက် သည့်နေ ရာတွင် နေထိုင်နိုင်ခြင်း မရှိသည့် အတွက် ဝါးယားကုန်းကျေးရွာတွင် ရန်ကုန်တိုင်းအတွင်းရှိ အခြား ကျူးကျော်များကို အစားထိုးပေးရန်တိုင်းအစိုးရအဖွဲ့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု လည်း လှည်းကူးအမှတ်(၂) မဲဆန္ဒနယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလှသန်းက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၄ရက်က ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမီးက လေးကျေးရွာမှ အိမ်ထောင်စု၎ဝဝခန့်မှ အိမ်ထောင်စု ၁၅၇စုကို  ဝါးယားကုန်း ကျေးရွာသို့ မတ်လ ၃ရက်မှ မတ်လ ၃၁ရက်တွင် နောက်ဆုံးထား ပြောင်းခိုင်းထားသော
ကြောင့် အိမ်ထောင်စု ၆၄စုမှ ဝါးယားကုန်းသို့ မတ်၂၇ ရက်နေ့တွင်ပြောင်းရွေ့ခဲ့သည်။ သို့သော် မြေနေရာနှင့် အလုပ်အကိုင်ရရှိ မှုမှာ အဆင်ပြေမှုမရှိသောကြောင့် မတ် ၂၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိဘုန်းတော် ကြီးကျောင်းသို့ ပြန်လည်
ပြောင်းရွေ့လာခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ဟု သတ်မှတ်ထားသည့် လူဦးရေ ၅၃၆ဝဝ ကျော်ရှိပြီး ကျူးကျော်အများစုမှာ ရန်ကုန်တိုင်း အတွင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ အင်းစိန်စသည့် ဆင်ခြေဖုန်းမြို့နယ်များတွင် နေထိုင်
ကြသည်။

ပြည်ထောင် စုအစိုးရ၏ခွင့်ပြုချက်
အရ သန်းခေါင် စာရင်းတွင်
ရိုဟင် ဂျာ နာမည်လိမ် မထည့် ဟု
တရားဝင် ကြေငြာပါသည်။
ထို့ကြောင့်ရခိုင် တစ်ပြည်လုးံသပိတ်
မောက်ခြင်းကို ရပ် ဆိုင်း လိုက်သည်

ကုလာများက ဘင်္ဂလီ မထည့်ဘဲ
ရိုဟင် ဂျာဟု ထည့်ခိုင်းသဖြင့်
သန်းခေါင် စာရင်းကောက်များ
စစ်တွေ၌ ပြန်လာရ ကြောင်း
သိရ။

ငလှဆွေကတော့..ထိထိမိမိကို ဆော်ပြီ ဟ..

ပွဲလှ.ပွဲကောင်းကြည့်ကြပါစို့...
=

ရန်ကုန်၊ မတ် ၂၉

ပြည်ထောင်စု လွှတ်တော်နှင့် နိုင်ငံရေး ပါတီများက ဆောင်ရွက်နေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စရပ်မှာ အချိန် စောနေသေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောင်အအုံတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးမှာ အချိန်စောသေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံကြောင့်သာ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ရှိနေခြင်းဖြစ်ပြီး ဆန္ဒစောမိပါက တည်ငြိမ်မှု ပျက်သွားနိုင်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခြင်း ဖြစ်ပြီး ယင်းသို့ ပြောကြားမှုကို နိုင်ငံရေး ပါတီခေါင်းဆောင်များက သဘော မတူကြောင်း အသီးသီး တုန့်ပြန်ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ ယင်းပြောကြားချက်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း “သူမပြင်ချင်တာက သူ့ကိစ္စလေ၊ သူပြောတာနဲ့ မပြင်ဘဲနေရမှာလား။ အခြေခံ ဥပဒေမှာလည်း ပြင်ဖို့ရာ အခန်း(၁၂) ဆိုတာ ပါနေတာဘဲ” ဟု မှတ်ချက်ပြုသည်။

သတင်းအပြည့်အစုံကို မနက်ဖြန် မတ်လ ၃၀ ရက်နေ့ထုတ် The Voice Sunday တွင် ဖော်ပြပေးမည်ဖြစ်ပါကြောင်းလေးစားစွာ အသိပေးအပ်ပါသည်။

The Voice Weekly


သန်းခေါင်းစာရင်း ကောက်ယူရေး ဆိုင်ရာ စာရွက်စာတမ်း
ဒီကနေ့ စတင်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေ မြန်မာ နိုင်ငံမှာ ရောက်ရှိနေပါတယ်။

သူတို့ဟာ မြန်မာစောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်တွေနဲ့ တွဲဖက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ အထူး အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၀ ရက်နေ့တွေအတွင်းမှာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

နှစ်သုံးဆယ်အတွင်း ပထမဆုံး အကြိမ် အဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီရဲ့လား၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို လိုက်နာရဲ့လား ဆိုတာတွေကို ရောက်ရှိလာတဲ့ သီးခြား လွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်သူတွေက အဓိက စောင့်ကြည့်သွားဖို့ ဖြစ်ပါတယ်။

စောင့်ကြည့်မယ့် ကိုယ်စားလှယ် အားလုံးပေါင်း ၂၃ ယောက် ရောက်ရှိနေပြီး သူတို့ကို မြန်မာ ကိုယ်စားလှယ် ၂၃ ဦးနဲ့ တွဲဖက်ကာ ဒေသအသီးသီးကို စေလွှတ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကြားက သဘောတူညီချက်အရ အခုလို ကိုယ်စားလှယ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါမှာ စာရင်း ကောက်ယူသူရော ကောက်ယူခံရသူပါ အနှောက်အယှက်နဲ့ ခြိမ်းခြောက်မှု မပါဘဲ လုပ်ဆောင်နိုင်မှ တကယ် လက်ကိုင်ထားလို့ ရတဲ့ စာရင်းဇယား အတိအကျကို ရနိုင်မှာ ဖြစ်တယ်လို့ UNFPA က ပြောရေးဆိုခွင့် ရှိသူ William Ryan က ပြောခဲ့ပါတယ်။

သန်းခေါင်စာရင်း ကိစ္စနဲ့ ပက်သက်လို့ အစိုးရဖက်က သဘောထားက ဘယ်လို ရှိနေတယ်လို့ ထင်ပါသလဲ လို့ UNFPA က ပြောရေးဆိုခွင့် ရှိသူ William ကို မေးကြည့်တော့ သူက နိုင်ငံတွင်းမှာ ရှိနေကြတဲ့ လူတိုင်းစေ့ တစ်ယောက်ချင်းစီကို သန်းခေါင်စာရင်းထဲမှာ ထည့်သွင်း ရေတွက်နိုင်ဖို့ကို အစိုးရ အနေနဲ့ စိတ်အား ထက်သန်မှု ရှိထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် သန်းခေါင် စာရင်း ကောက်ယူမှုမှာ ပါဝင် ဖြေကြားသူတိုင်းကိုလဲ မိမိတို့ရဲ့ လူမျိုးစု အမည်တွေကို လွတ်လပ်စွာ ရေးသွင်းခွင့် ပေးသွားဖို့ကိုလဲ ကတိ ပေးထားပြီး ဖြစ်တဲ့ အပြင် အကြမ်းဖက်မှု ခြိမ်းခြောက်မှုနဲ့ တခြား ဖိအားတွေကြောင့် ဒီသဘောထား ပြောင်းလဲသွားတာမျိုး မဖြစ်သင့်ဘူး လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်းက တချို့နေရာတွေမှာ အငြင်းပွားမှုတွေနဲ့ မတည်မငြိမ် ဖြစ်နေတာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လတ်တလော ပြသနာတွေ ဖြစ်ခဲ့တာတွေအပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။

မငြိမ်သက်မှုတွေကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ထိခိုက်မှာကို မလိုလားဘူးလို့ သူက ဆိုပြီး ရခိုင် ဒေသတွင်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ဘေးကင်း လုံခြုံရေးကို အစိုးရက အာမခံချက် ပေးရမယ် ဆိုတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို ထောက်ခံတဲ့ အကြောင်း ကိုတော့ မတ်လ ၂၈ ရက်က ထုတ်ပြန်တဲ့ UNFPA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

UNFPA က မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၅၈ သန်းခွဲ ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ဒီစားရိတ်စက တော်တော်များများကို နိုင်ငံတကာ အလှုရှင်တွေဆီက UNFPA က အဓိက ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ရခိုင်ပြည်နယ်မြို့ကြီးများတွင် သန်းခေါင်စာရင်း သပိတ်မှောက်မှု ဆက်လက်ပြုလုပ်မည်
စစ်တွေ၊ မဇ္ဈိမ။                ။ သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်နေခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဦးခင်ရီက မတ်လ ၂၉ရက်တွင် ရခိုင်ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ခဲ့သည့်အတွက် ရခိုင်မြို့ကြီးများတွင် သပိတ်မှောက်ခြင်းများ ဆက်လက်ပြုလုပ်သွားတော့မည် ဖြစ်သည်။
နံနက် ၆နာရီမှ ည၆နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် စစ်တွေမြို့သို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီသည် မတ်လ ၂၉ရက် ညနေ၅နာရီကျော် အချိန်တွင် ရောက်ရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည်။
စစ်တွေရပ်မိရပ်ဖများ တောင်းဆိုချက်မှာ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာဟူသည့် အမည်မထည့်သွင်းရေးကို အစိုးရအနေနှင့် တရားဝင်ထုတ်ပေးစေလိုခြင်း ဖြစ်သည်။
ပြည်နယ်သန်းခေါင်စာရင်း ကောက်ယူမှုကော်မတီအနေနှင့် ရိုဟင်ဂျာဟူသည့် အမည် မထည့်သွင်းရေးကို တရားဝင်စာထုတ်ပြန်
ပေးရန် လက်ခံခဲ့သော်လည်း ရခိုင်ရပ်မိရပ်ဖများ နှင့် သန်းခေါင်စာရင်း သပိတ်မှောက်ကော်မတီက အစိုးရက တရားဝင် ထုတ်ပြန်ပေးခြင်းကိုသာ လိုလားကြသည်။
အချိန် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း အစိုးရအနေနှင့် ညှိနှိုင်းစရာများ ရှိသည်ဟုဆိုကာ တရားဝင် စာမထုတ်ပြန်
ပေးသေးသည့်အတွက် သန်းခေါင်စာရင်းသပိတ်မှောက် ကော်မတီအနေနှင့် ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု အဆိုပါကော်မတီမှ ဦးဆောင်သူ ဦးကျော်ဇောမင်းက မဇ္ဈိမကိုပြောသည်။
၂၄ရက်နေ့က သန်းခေါင်စာရင်းကို သပိတ်မှောက်ရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အခြားမြို့နယ်များတွင် စာရွက်များ ဖြန့်ဝေခဲ့ပြီး ၂၆ရက်နေ့တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက် ခဲ့ကြသည်။
ထို့နောက် ၂၉ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ဆွေးနွေးညှိနှိုင်းရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေး ညှိနှိုင်းပွဲတွင် စစ်တွေမှ ဦးဆောင်သံဃာတော် ၂ဝကျော် နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါက်တာ
အေးမောင်နှင့် ဒေါ်ခင်စောဝေ အပါအဝင် ရခိုင်ပြည်နယ်မှ ဝန်ကြီးအချို့ တက်ရောက်ခဲ့သည်။



ဒေါ်အင်ကြင်းနိုင် ။ ။ ၂၀၁၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကြေညာထားပါတယ်။ အလားတူ တိုင်းရင်းသားပါတီတချို့ ကလည်း သူတို့ရဲ့  တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် (၃) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်မယ်လို့ ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာအေးမောင် က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ပိုပြီးအထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့ဆီမှာ (၃) နေရာရှိပါတယ်။ မင်းပြားမှာ (၂) နေရာ။ ပြည်သူ့လွှတ်တော် (၁) နေရာ၊ အမျိုးသားလွှတ်တော် (၁) နေရာ၊ ဂွမှာ (၁) နေရာ။ (၃) နေရာလုံးမှာ ကျနော်တို့ ရခိုင်အမျိုးသားပါတီက ပြိုင်ပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့မူကတော့ ကျနော်တို့ မဆွေးနွေးကြသေးဘူး။ ကျနော်တို့ ညှိနှိုင်းတိုင်ပင်ပြီးမှ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်တဲ့ ပါတီရဲ့  မူတခုကို ချပါမယ်။ အဲဒီမူအတိုင်းပဲ မဲဆန္ဒနယ်အလိုက်ကို ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်စာရင်းက အချိန်မီ ထွက်လာမှာပါ။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒီတော့ အခု ၂၀၁၄ ကျင်းပမယ့်ပွဲက ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့လည်း နီးကပ်နေတော့ ဆရာတို့ ဒီပါတီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းပွဲတခုများ ဖြစ်နိုင်မလားလို့ သုံးသပ်ပါသလားရှင့်။ ဘယ်လို သုံးသပ်မိသလဲရှင့်။

ဒေါက်တာအေးမောင် ။ ။ အထွေထွေရွေးကောက်ပွဲအတွက် အားစမ်းပွဲကတော့ သိပ်တော့ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ကာလမို့ အဲဒီဥစ္စာအပေါ်မှာတော့ အဓိကအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒါ ဆိုလိုတာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအပိုင်းပေါ့။ အဲဒါကို နည်းနည်းရှင်းပြလို့ ရမလား။

ဒေါက်တာအေးမောင် ။ ။ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေကြတဲ့အခါမှာ ၄၃၆ (က) (ခ) ကိုပဲ ပြန်ကြည့်ရင် သိသာပါတယ်။ (ခ) ဆိုရင် ၇၅% ကျော်က လွှတ်တော်အတွင်းမှာ လိုပါတယ်။ ၄၃၆ (က) ဆိုရင် လွှတ်တော်အတွင်း ၇၅% တင်မကပဲနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလည်း လိုနေတာကြောင့် လွှတ်တော်အတွင်းမှာ ရွေးကောက်ခံကိုယ်စားလှယ် စုစုပေါင်းဟာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ၇၅% agree ဖြစ်နေဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် လွတ်လပ်တဲ့ မဲဆန္ဒနယ်အားလုံး ကျနော်တို့ ရွေးချယ်တင်မြောက်ပြီး ဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့် အခုကြားဖြတ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကအားတခု ဖြစ်နိုင်တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အားပြိုင်ပွဲကြီးတခုလို့ ကျနော်တို့ အကြမ်းမျဉ်းအနေနဲ့ သုံးသပ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီဟာထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ်မှာ အဓိကအကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ ဆရာတို့ တိုင်းရင်းသားပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ တခြားပါတီကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် အနေအထား၊ အဲဒီအပေါ် ဘယ်လိုသုံးသပ်ပါသလဲရှင့်။

ဒေါက်တာအေးမောင် ။ ။ ကျနော်တို့မြင်တာက ပြည်မမှာရှိတဲ့ ပါတီကြီးတွေမှာ ကြီးမားတဲ့မဟာဗျူဟာ ရည်မှန်းချက်တွေ သိပ်ထားပုံမပေါ်ဘူး။ တိုင်းရင်းသားစည်းလုံးရေးဆိုတဲ့ အသုံးအနှုန်းကိုသုံးတယ်။ ဒါပေမဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုရအောင် မိမိတို့နဲ့ အပေးအယူ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ မဟာဗျူဟာရည်မှန်းချက် ပျောက်နေတယ်လို့ထင်တယ်။ အဲဒါကြောင့် ကျနော်တို့က ပြောပါတယ်။ ပါတီကြီနှစ်ခု တိုင်းရင်းသားတွေကို ဘယ်သူက စတင်စည်းရုံးပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်မလဲ ဆိုတာမျိုးပေါ့။ အခု ကျနော်တို့ကြည့်တဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်တဲ့နေရာအားလုံးကို ပြိုင်မယ်လို့ ကြေညာချက်ထုတ်တာဟာ တိုင်းရင်းသားအားလုံးကို စိန်ခေါ်တဲ့သဘော ဖြစ်သွားပါတယ်။ ကျနော်တို့ကလည်း တိုင်းရင်းသားဒေသမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မကဘူး ပြည်ခိုင်ဖြိုးပါတီကိုလည်း ကျနော်တို့ စိန်ခေါ်ရဲပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားဒေသတိုင်းမှာ တိုင်းရင်းသားပါတီတွေဟာ ပြည်မရဲ့  အင်အားကြီး တိုင်းရင်းသားအမည်ခံတဲ့ ပါတီတိုင်းကို စိန်ခေါ်ရဲတဲ့ အနေအထားဟာ ဒီနေ့ ရှိနေပါတယ်။ ဒါဟာ လက်ရှိနိုင်ငံရေးအခြေအနေပါ။ လက်ရှိ နိုင်ငံရေးအခြေအနေကို သုံးသပ်ဖို့က ပြည်မရဲ့  နိုင်ငံရေးပါတီကြီးတွေမှာ တာဝန်ရှိပါတယ်။ ပါးစပ်ကလေးနဲ့ တိုင်းရင်းသားယူနီဖောင်လေး ဝတ်ရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို မရနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့  လိုအပ်ချက်ကို အပေးအယူလုပ်ဖို့ ဒီကာလဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို သုံးသပ်လို့ရှိရင် အခုကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ နဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့  ယုံကြည်မှု ပြည်မပါတီကြီးတွေမှာ ဘယ်လောက်အထိ ထားနိုင်မလဲဆိုတဲ့ ကနဦးခြေလှမ်း ဖြစ်ပါတယ်။ ကျနော်တို့က သတိတရားကြီးစွာနဲ့ စောင့်ကြည့်နေပါတယ်။ ယှဉ်ပြိုင်ရဲစိတ်လည်း ရှိပါတယ်။ စိန်လည်းစိန်ခေါ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားပါတီတွေအပေါ်မှာ ပြည်မပါတီကြီးတွေရဲ့  မဟာဗျူဟာထားမှုကို ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အပြန်အလှန်သုံးသပ်ကြည့်ချင်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားဒေသတွေမှာ အဓိကပြိုင်ဖက်ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ယှဉ်ပြိုင်ဖို့အတွက် ဝင်ရောက်ရွေးကောက်ခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောပါတယ်။

ဦးဝင်းထိန် ။ ။ ကျနော်တို့က ကြံ့ ခိုင်ရေးပါတီ ဝင်ပြိုင်တဲ့နေရာတိုင်းမှာ ကျနော်တို့ ပြိုင်တယ်။ ရခိုင်တွေမို့လို့၊ မွန်တွေမို့လို့ တိုင်းရင်းသားပါတီ …. ကျနော်တို့ မဝင်ခဲ့ရင် ကြံ့ ခိုင်ရေး နိုင်သွားရင် ဘယ်လို့လုပ်မလဲ။ တိုင်းရင်းသားပါတီတွေကနေ သူတို့ကို ဦးစားပေးစေချင်ရင်တော့ ဆွေးနွေးပေါ့။ ဒေါ်စုကို လာတင်ပြပေါ့။ အကျိုးအကြောင်း ခိုင်လုံတယ်ဆိုရင်တော့ စဉ်းစားမှာပေါ့။ အကျိုးအကြောင်းခိုင်လုံရင် စဉ်းစားမယ်ဆိုတာ စဉ်းစားမယ်လို့ပြောတာ၊ အပေးအယူလုပ်မှာ မဟုတ်ဘူး။

ဒေါ်အင်ကြင်းနိုင် ။ ။ သူတို့ကလည်း တိုင်းရင်းသားပါတီတွေက ထောက်ပြနေတာကလည်း အန်အယ်လ်ဒီ အနေနဲ့ အပေးအယူလုပ်သင့်တယ်။ တိုင်းရင်းသားဒေသတွေမှာ။

ဦးဝင်းထိန် ။ ။ အပေးအယူလုပ်ရင် ဒါက အင်မတန် ကျယ်ပြန့်တဲ့ နည်းဗျူဟာ၊ မဟာဗျူဟာပဲ။ ၁၉၉၀ တုန်းကလည်း ကြုံခဲ့ဘူးတာပဲ။ တိုင်းရင်းသားပါတီတွေက သူတို့နေရာတွေ၊ သူတို့ဧရီယာတွေကို နိုင်ချင်လို့ရှိရင်။ နောက်ဆုံးတော့ တစည ဝင်ပြိုင်ရင် တစည နိုင်သွားရင် ဘယ်နဲ့လုပ်မလဲဆိုတော့ ဘယ်သူမှ ပြန်မဖြေနိုင်ဘူး။ အဲဒီလို သူတို့ကို ပြန်မေးရမှာ။

ဒေါ်အင်ကြင်းနိုင် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကတော့။

ဦးဝင်းမြင့် ။ ။ တိုင်းရင်းသားဒေသတွေမှာလည်း ကျနော်တို့အဖွဲ့တွေ ရှိပါတယ်။ အင်အားတောင့်ပါတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ လောလောဆယ် အခုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တချို့ တိုင်းရင်းသားပါတီတွေကလည်း အဓိက ပါတီကြီးတွေ ကြံ့ ခိုင်ဖွံ့ဖြိုးရေး နဲ့ အန်အယ်လ်ဒီ ကနေ တိုင်းရင်းသားဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြေညာထားတဲ့ အနေအထားမှာ သူတို့ပါတီတွေ မဟာဗျူဟာကျကျ၊ တကယ်တမ်း လက်တွေ့မှာ မရှိဘူးလို့ ဝေဖန်တဲ့အပေါ်မှာ အန်ကယ် ဘယ်လိုမြင်သလဲရှင့်။

ဦးဝင်းမြင့် ။ ။ အဲဒါက သူတို့ရဲ့  အမြင်ကိုပဲ ပြောတာ။ ကျနော်တို့နဲ့က ဘာမှ၊ သူတို့အမြင်ဆိုတာက ခင်များတို့ကိုပဲ ပြောတာကို ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ကိုလည်း ဘာမှပြောတာ ဆွေးနွေးတာ မရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့။

ဒေါ်အင်ကြင်းနိုင် ။ ။ အန်ကယ်တို့ ပါတီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အန်ကယ် စောစောကပြောသလို အန်ကယ်တို့ အနေအထား ကောင်းတယ်ဆိုတာ တော်တော် သုံးသပ်ထားတဲ့အနေအထား အဲဒါကို နည်းနည်းရှင်းပြလို့ ရမလား။ အန်ကယ်တို့ အားကောင်းတယ်ဆိုတဲ့အပိုင်းကို။

ဦးဝင်းမြင့် ။ ။  အခုဟာက ကျနော်တို့က ရွေးကောက်ပွဲတွေ၊ မဲဆန္ဒနယ် မကြေညာသေးဘူးလေ။ ကြေညာတော့မှ ကျနော်တို့က ဘယ်နယ်တွေဆိုတာကို တခုချင်း ပြောလို့ရမှာပေါ့။ အခုဟာကတော့ ယေဘုယျအားဖြင့်ပြောတာ။ ယေဘုယျအားဖြင့် ပြောတာက ဥပမာ ကျနော်တို့ ဥက္ကဋ္ဌ ခရီးစဉ်သွားတယ်ဆိုရင် ပြည်နယ်တွေမှာဆိုရင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် စသည်ဖြင့်။ ပြည်နယ်တွေ သွားတယ်ဆိုလို့ရှိရင်လည်း ဒါက ထောက်ခံမှုက အပြည့်ပဲလေ။ အားလုံးမြင်တဲ့တွေ့တဲ့အတိုင်းပဲလေ။ ဆိုတဲ့အခါကြတော့ ဒီဟာပေါ်မှာ ယေဘုယျခြုံပြောရတာပေါ့။ အခုဟာက တနယ်ချင်း ရွေးမယ်ဆိုရင် ဘယ်နယ်ဘယ်လို သွားရမယ်ဆိုတာ ကော်မရှင်က ဘယ်နယ်တွေ လွတ်လပ်ဆိုတာ မကြေညာသေးတာ။

ဒေါ်အင်ကြင်းနိုင် ။ ။ လက်ရှိ အာဏာရ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဒီနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေရဲ့  ကိုယ်စားလှယ်တွေ အနိုင်ရဖို့ မသေချာဘူးလို့ ပါတီလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးလှဆွေ က ဗွီအိုအေကို ပြောပါတယ်။

ဦးလှဆွေ ။ ။ နေရာ (၃၀) လောက် လွတ်တယ်ဗျ။ ဥပမာ ကော်မရှင်အဖွဲ့ဝင်ဖြစ်သွားတဲ့ လူတွေနေရာလွတ်တယ်။ နောက် ကွယ်လွန်သွားတဲ့လူတွေ နေရာလွတ်တယ်။ ပဲခူးမှာဆိုရင် အမျိုးသားလွှတ်တော်က ခလေးမလေး (၁) ယောက်ဆိုရင် သူ့အဖေက နိုင်ငံသားမဟုတ်လို့ ပြန်ပြီးတော့ ဟိုဟာဖြစ်ရတာရှိတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ အဲဒီတော့ အခုကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အနေအထားကို ၂၀၁၅ အတွက် အားစမ်းတဲ့အနေအထားမျိုး ဖြစ်မယ်လို့ တချို့ ကလည်း သုံးသပ်တယ့်အပေါ်မှာ အန်ကယ်ရဲ့  သဘောထား ဘယ်လိုရှိပါသလဲ။

ဦးလှဆွေ ။ ။ ဒါကတော့ မဆိုင်ဘူးဗျ။ ကျနော်တော့ အဲဒီလို အားစမ်းတယ်လို့ မမြင်ဘူး။ ဟိုဟာကတော့ ပွဲကြီး။ ဒါကတော့ ပွဲလေး။ အားစမ်းတယ်လို့ ကျနော် မမြင်ဘူး။

ဒေါ်အင်ကြင်းနိုင် ။ ။ နောက်တခုကတော့ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြီးတော့ အနေအထားပေါ့။ တိုင်းရင်းသားနယ်မြေတွေမှာ အန်ကယ်တို့ပါတီအနေနဲ့ ဘယ်လောက်အထိ မျှော်လင့်၊ ဘယ်လို အနေအထား ရှိသလဲ။

ဦးလှဆွေ ။ ။ ကျနော် သိသလောက်က တိုင်းရင်းသားနယ်မြေတွေမှာ ကြံ့ ခိုင်ရေး နဲ့ အန်အယ်လ်ဒီ အခြေအနေကောင်းဖို့ မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးဆိုတာ ဘယ်သူမဆို ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတို့ အရမ်းကြီးတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ ဒီ ရွေးကောက်ပွဲမှာတော့ တရားမျှတမှု ရှိမရှိ အပိုင်းကြတော့ အန်ကယ်တို့ပါတီကြီးအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဦးလှဆွေ ။ ။ အစကတည်းက တရားမျှတမှုရှိတယ်။ ၂၀၁၀ မှာလည်း တရားမျှတမှုတယ်။ ၂၀၁၂ မှာလည်း တရားမျှတတယ်။ အခုလာမယ့် ကြားဖြတ် ဒုတိယအထပ်မှာလည်း တရားမျှတမယ်လို့လည်း ကျနော် မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ တရားမမျှတဘူးလို့ စွပ်စွဲခဲ့တဲ့ လူအားလုံးဟာ အဓိပ္ပါယ်မရှိ စွပ်စွဲနေတာပဲ။ ဦးဥာဏ်ဝင်းတို့တောင်မှ ပြောတာပဲ သူတို့ရဲ့  မဲတွေကို ဖယောင်းသုတ်ထားတယ်လို့။ ရွေးကောက်ပွဲကော်မရှင်က ခင်များ ဒီစကားကို ပြန်ပြင်ပြောပါဆိုတော့ သူပြန်ပြင်ပြောရတဲ့ အနေအထားရှိတယ်။

ဒေါ်အင်ကြင်းနိုင် ။ ။ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပမယ့်အကြောင်းနဲ့ ပြုလုပ်မယ့်ရက်ကိုတော့ အနည်းဆုံး (၃) လ ကြိုတင်ပြီးတော့ အကြောင်းကြားပေးမှာဖြစ်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က မတ်လ (၂၀) ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောကြားသွားပါတယ်ရှင်။ 
 
http://burmese.voanews.com

နိုင်ငံရေးပါတီဝင်များနဲ့ သမ္မတဦးသိန်းစိန်တို့ တေါ့ဆုံပွဲ။ (မတ် ၃၀၊ ၂၀၁၄)နိုင်ငံရေးပါတီဝင်များနဲ့ သမ္မတဦးသိန်းစိန်တို့ တေါ့ဆုံပွဲ။ (မတ် ၃၀၊ ၂၀၁၄)
သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လုပ်ဆောင်ချက်တွေထဲက အဓိက ထားဖော်ဆောင်နေတဲ့အချက်တွေကို  နိုင်ငံရေးပါတီ ၆၀ ကျော်နဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ရှင်းလင်းပါတယ်။  အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဖော်ဆောင်မယ့် လုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ အနာဂတ်မြန်မာနိုင်ငံဖော်ဆောင်ရေးတို့မှာ လက်ရှိအစိုးရ လုပ်ဆောင်နိုင်ခဲ့တာတွေကို သမ္မတက နိုင်ငံရေးပါတီတွေကို ချပြခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေဘက်က လက်ရှိအစိုးရရဲ့ လိုအပ်ချက်တွေကို ထောက်ပြခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီကနေ့ နိုင်ငံရေး ပါတီ ၆၅ ပါတီရှိတဲ့ အထဲက ပါတီ ၆၂ ခုတို့က ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲပါတယ်။ လက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တမျိုးသားလုံး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုးတက်တဲ့အနာဂတ် ဖြစ်ပေါ်လာရေးကို လုပ်ဆောင်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ ဒီလုပ်ငန်းစဉ်တွေထဲကမှ နိုင်ငံရေးပါတီတွေကို သူ့အနေနဲ့ အထူး တင်ပြချင်တဲ့အချက် သုံးချက်ကတော့ အပစ်အခတ်ရပ်စဲရေး၊ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးချိန်မှာ ပါဝင်သင့်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပမှာဖြစ်တယ်လို့လည်း သမ္မတက အခုလို ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေနဲ့ ကျင်းပသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်က ခွဲထွက်မယ်ဆိုတဲ့ ဒီကိစ္စတွေကလွဲရင် အခြားကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်ဖို့အတွက် တခါးဖွင့်ထားပါတယ်။”

ဒုတိယအချက်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။
“တတိယအပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျနော့်ရဲ့သဘောထားကတော့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးကိုမှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာရှိသလို တဘက်ကလည်း မိမိတို့အမျိုးသား အကျိုးစီးပွားနဲ့ မိမိတို့ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိပါးစေမယ့်၊ သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်တဲ့ အခြေခံမူများ ရှိဖို့လည်း လိုလားပါတယ်။”

တတိယအချက်ဖြစ်တဲ့ ဖွံဖြိုးရေးလုပ်ငန်းစဉ်အဖြစ် လက်ရှိအစိုးရက ပုံဖော်ဆောင်ရွက်နေတာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်လို့ သမ္မတဦးသိန်းစိန်က ဝန်ခံပြောဆိုပါတယ်။ လက်ရှိအစိုးရ လက်ထက်အတွင်း ဆောင်ရွက်ချက်တွေအပေါ်မှာ နိုင်ငံရေးပါတီတွေဘက်ကလည်း ပြန်လည်ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ချက်၊ နောက် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု၊ လေးစားမှု ပိုပြီး ရှိအောင် လုပ်ဆောင်ဖို့၊ လာမယ့် ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိရေး ရွေးကောက်ပွဲကော်မရှင်မှာ တိုင်းရင်းသားတွေထည့်ဖို့ စတာတွေကို  ထောက်ပြခဲ့ကြပါတယ်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးကြဖို့ အခုလို တိုက်တွန်းခဲ့ပါတယ်။

“လေးပွင့်ဆိုင်ဆွေးနွေးဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် လေးပွင့်ဆိုင်ရုံနဲ့ ကျနော်တို့မြန်မာနိုင်ငံရဲ့အနာဂတ် ကျနော်တို့က ဖော်ဆောင်လို့ ရမယ်မထင်ပါဘူး။ ဖြစ်နိုင်လို့ရှိရင် ငါးပွင့်ဆိုင်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ တိုင်းရင်းသားဘက်က ကိုယ်စားလှယ်တစ်ဦးတော့ ထည့်ပေးစေချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျား။”

သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦးတို့ ငါးပွင့်ဆိုင် တွေ့ဆုံဆွေေးနွးဖို့ ဦးဇိုဇမ်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် ဖယ်ဒရယ်စနစ်ကို နည်းမှန်လမ်းမှန် ကျင့်သုံးဖို့ ပြောဆိုခဲ့ပြီး ကချင်ပြည်နယ်အတွက်ရော မြန်မာတနိုင်ငံလုံးအတွက်ပါ အရေးပါလှတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို လုံးဝ အပြီးသတ် ရပ်ဆိုင်းရေးကိုလည်း အခုလို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“မြစ်ဆုံရေကာတာ ဘယ်လောက်အရေးကြီးလဲဆိုရင် မြစ်ဧရာနဲ့ပြည်မြန်မာဆိုတာ ခွဲခြားထားလို့မရဘူး။ မြစ်ဧရာထိခိုက်လို့ရှိရင် မြန်မာပြည်လည်း ထိခိုက်ပျက်စီးမှာပဲ။ ဒါကြောင့်မို့လို့ မြစ်ဆုံရေကာတာဟာ ဘယ်တော့မှ ပြန်စဖို့ မသင့်တော်ဘူး၊ ရာသက်ပန်ပိတ်ထားတာဖြစ်တယ်လို့ ကျနော်တို့ အဲလိုပဲ ခံယူတယ်။”

ဒေါက်တာတူးဂျာဟာ အရင် ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ခွဲထွက်မယ်ဆိုတဲ့ကိစ္စ ၂ ရပ်ကလွဲရင် တခြားကိစ္စအားလုံးကို ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်လို့ သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ အခုလို နိုင်ငံရေးပါတီတွေနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံမှုဟာ ကြားဖြတ် ရွေးကောက်ပွဲ နီးလာချိန်မှာ ဖြစ်လာတာမို့ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေဘက်ကရော ဘယ်လို သဘောထားပါလဲဆိုတာကိုတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒေါ်ချိုချိုကျော်ငြိမ်းက အခုလို ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲနီးလာလို့ တွေ့သလားလို့တော့ အန်တီက မထင်ပါဘူး။ အန်တီ့စိတ်ထဲမှာတော့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ၊ အခြေခံဥပဒေကို ပြောင်းတာ မပြောင်းတာလည်းပါမှာပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲနီးတာလည်း ပါမှာပေါ့။ ပြီးတော့ ပါတီတွေကပြောတဲ့၊ ပါတီတွေကလာတဲ့အသံပေါ့နော်- သူကြားချင်တယ်လို့ထင်ပါတယ်။ အန်တီတို့အနေနဲ့လည်း မြင်ရတယ်၊ တွေ့ရတယ်။ သမ္မတကြီးက ပြောတာဆိုတာကိုလည်း ကြည့်ပြီးတော့ အန်တီတို့အနေနဲ့တော့ သဘောကျပါတယ်။”

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီ ၆၂ ပါတီတို့က ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံပွဲမှာတော့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင်တွေ ပြည်ထောင်စုဝန်ကြီးတွေလည်း ပါဝင် တက်ရောက်ခဲ့ကြပါတယ်ရှင်။


http://burmese.voanews.com

ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘုရင် Chulalongkorn ရုပ်တုရှေ့မှာ ဆန္ဒပြနေစဉ်။ (မတ်လ ၂၉၊ ၂၀၁၄)ထိုင်းအစိုးရဆန့်ကျင်ဆန္ဒပြသူတွေ ဘုရင် Chulalongkorn  ရုပ်တုရှေ့မှာ ဆန္ဒပြနေစဉ်။ 
ထိုင်းကြားဖြတ်အစိုးရ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဘန်ကောက်မြို့က လမ်းတွေပေါ်မှာ ဒီနေ့ တကြော့ပြန် ဆင်နွှဲနေကြပါတယ်။

ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ကော်မတီရဲ့ အတွင်းရေမှူးချုပ် Suthep Thaunsuban က ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဦးဆောင်ချီတက်နေပါတယ်။ ဖေဖေါ်ဝါရီလက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲဟာ တရားမဝင်ဘူးလို့ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက မတ်လ ၂၁ ရက်နေ့က ပယ်ဖျက်ခဲ့ပြီးတဲ့နောက် ဒီနေ့  ပထမဆုံးအကြိမ်အဖြစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြတာ ဖြစ်တယ်လို့ Suthep Thaunsuban ကပြောပါတယ်။

"ပြည်သူတွေက အစိုးရကို လက်မခံတော့ဘူးဆိုတာကို ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ ပြောပြချင်တာဖြစ်ပြီး လူထုက နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဖို့ တကယ့်ကို လိုလားနေကြတာဖြစ်ပါတယ်-”လို့ ပြောသွားတာပါ။

ဝန်ကြီးယင်လတ်ဟာ သူ့အကို ဝန်ကြီးချုပ်ဟောင်း သတ်ဆင်ရှင်နာဝပ်ရဲ့ ကိုယ်စား နိုင်ငံကိုအုပ်ချုပ်နေတာသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ယင်လတ်နုတ်ထွက်ပြီး ရွေးကောက်ခံမဟုတ်တဲ့ ကြားဖြတ် ယာယီအုပ်ချုပ်ရေးကောင်စီတရပ်ဖွဲ့ကို အာဏာလွှဲပြောင်းပေးဖို့နဲ့ နိုင်ငံရေးစံနစ်နဲ့ ဌာနဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ဆန္ဒပြသူတွေကတောင်းဆိုနေကြတာဖြစ်ပါတယ်။


http://burmese.voanews.com

၂၀၁၄ မတ် ၂၉
မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်၊ မကျည်းကုန်းသက်ရွာတွင် ဦးထွန်းစိန် (ဘ) ဦးထွန်းဇံ၊ (၄၉)နှစ် သည် ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၄င်းပိုင် တောင်ယာစိုက်ခင်းတွင် မူဆလင်ကုလားများ၏ လှည်လှီးသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ သမိးဖြစ်သူ မဦးလှမေ၏ ပြောပြချက်အရ သူမ၏ ဖခင်ဖြစ်သူသည် နေ့စဉ် နံနက်စာစားပြီးတိုင်း ၄င်းပိုင် ဟင်းခင်းသို့ သွားရောက်ပြီး နွားကျောင်းခြင်း၊ ဟင်းခင်းရေလောင်း ပေါင်းရှင်းခြင်းများအား အမြဲလုပ်ကိုင်နေကျဖြစ်ကြောင်း ၊ ယနေ့တွင် ပြန်ရောက်လာခြင်းမရှိသည့်အတွက် ညီမ ဖြစ်သူ မသန္တာဝင်းနှင့် အတူ လိုက်လံရှာဖွေခဲ့ရာ ဟင်းခင်းထဲတွင် ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
အခင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ကျေးရွာနေသူတစ်ဦးအား စုံစမ်းမေးမြန်းခဲ့ရာ် သေဆုံးသူ ဦးထွန်းစိန်မှာ မေးစေ့အောက်လည်ပင်းတွင် ထိုးသွင်းဒဏ်ရာတစ်ခုနှင့် ၀ဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ခုတို့ ရှိကြောင်း၊ အလောင်း၏ ခြေရင်းတွင် ယောင်္ကျားဝတ်အကျီတီရှပ်လက်ရှည်ထည်ရှိကြောင်း၊ ထိုအကျီအိပ်အပ်တွင် ကုလား များဆောင်းသော ဦးထုပ်တစ်ခု၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေ တစ်ရာကျော်ခန့်ပါရှိကြောင်းသိရှိရပါတယ်။
ကျေးရွာနေသူများမှ ဦးထွန်းစိန်မှာ တောသူတောင်သား သက်လူမျိုးတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ကိုင်ခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း၊ ၄င်းလုပ်ကိုင်သော တောင်ယာသည် ရွာနှင့်အလှမ်းဝေး ကြောင်း၊ အဆိုပါတောင်ကြားလမ်းအတိုင်း တစ်ဘက်နိုင်ငံမှ ဘင်္ဂလီများခိုးဝင်ဖြတ်သန်းသွားလာနိုင်သော လမ်းကြောင်းနှင့်နီးကြောင်း၊ ယခုကဲ့သို့ အသတ်ခံရခြင်းမှာလည်း အဆိုပါ ခိုးဝင်ဖြတ်သန်းသွားလာသည်ကို တွေ့မြင်ခဲ့ခြင်းကြောင့် ၄င်းသူတို့မှ သတင်းမပေါက်ကြားစေရန် သတ်ဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းသုံးသတ်ကြ ပါသည်။

Western Gate Guard

(1) သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။

သမ္မတက တရားဝင်ပြောတယ်ဆိုလဲ တရားဝင်ဖြစ်အောင်လုပ်ပေါ့ အခုက သမ္မတက ပြောထားတယ်ဆိုတာက ဘယ်လိုကြီးလဲ သန်းခေါင်စာရင်းအကောက်ခံပြီးမှ သမ္မတက ငါမပြောဘူးဆိုရင် ဘယ်နှယ်လုပ်မလဲ နည်းနည်းတော့ သံသယရှိတယ်ဗျာ။

(၂) ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။

တိတ်တိတ်ကလေး ခေါ်ပြောတယ်ဆိုတာက နည်း
လမ်းသိပ်မကျဘူးဗျ ပျားရေနှင့်ဝမ်းချသလိုဖြစ်နေတယ်။ လက်ရှိအာဏာရအစိုးရတစ်ရပ်အနေနှင့် ဘင်္ဂလီကို ဘင်္ဂလီဘဲ ထည့်ရမယ်ဆိုတာ ဘာကြောင့် ပွင့်ပွင့်လင်း မပြောရဲတာလဲ။နောက်ကွယ်မှာ တစ်ခုခုရှိနေလို့လား ဒါမှမဟုတ် ကုလားတွေကို ကြောက်နေလို့လား အတိုင်းအတာ တစ်ခုထိဆိုတာကဘာသဘောလဲ အကုန်လုံးထပ်တူမကျဘူးလို့ ဆိုလိုတာလား။ တောင်းဆိုတာက တစ်ခုတည်းပါ အမှန်ကအားလုံးထပ်တူကျရမှာ အခုက အားလုံးနီးပါးဆိုတော့ နားကိုမလည်နိုင်တော့ဘူး။သေချာစဉ်းစားကြနော် အတိုင်းအတာတစ်ခုထိလို့ဘဲ ပြောထားတယ်။ နားလှည့်ပါးရိုက်တဲ့ အကွက်တွေဖြစ်နေတယ်။

(၃) ဦးဇော်အေးမောင်က ဆက်လက်၍ “သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ” ဟု ၀န်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။

နံပါတ်သုံး စကားကို မကြိုက်ဆုံးဘဲ။ ဗြောင်လိမ်ပြီး ဗြောင်စားတဲ့အကွက် ဖြစ်နေတယ်။၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်ကကောက်ထားတဲ့စာရင်းကို အခြေခံတယ်ဆိုရင် အဖြေကရှင်းနေပြီ ရခိုင်တွေ ဆန္ဒပြစရာတောင်မလိုဘူး ဘင်္ဂလီတွေကိုင်ထားတဲ့ ဝိုက်ကဒ်မှာရေးထားတာ ဘင်္ဂလီဘဲရေးထားတယ် ဒါဆို အစိုးရက ဘာကြောင့် ရိုဟင်ဂျာဆိုပြီးဖြည့်ရင် လက်ခံမယ်ပြောခဲ့လဲ စဉ်းစားစရာပါ။
အခံပြင်းဆုံးစကားကတော့ ၂၀၁၄ မှာသန်းခေါင်စာရင်းအကောက်မခံတာနဲ့ဘဲ နှစ်ပေါင်း ရာထောင်ချီပြီးနေထိုင်လာတဲ့ ရခိုင်လူမျိုးနှင့် ရခိုင်သမိုင်း လုံးဝကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့မယ်ဆိုတဲ့စကား ချီးစားပြီးမှပြောတဲ့စကားထင်တယ်။ သမိုင်းကိုဖျောက်ချင်တဲ့ဖျောက်လို့ရအောင် ဒီဟာကလေးကစားနေတာလား ။ ရှိပြီးသား ရခိုင်သမိုင်းမှန်ကို ဘေးခဏချထားပါ လက်ရှိဘင်္ဂလီသမိုင်းလိမ်ကိုဘဲ ကမ္ဘာကလက်ခံအောင် အရင်ဆုံးလုပ်ပြပါဦး ဦးခင်ရီ။

ယုံချင်တဲ့သူတွေလဲယုံကြပါ ကျနော်ကတော့ သံသယရှိတယ်ဗျာ
မယုံရတဲ့စကားတွေထဲမှာ ကြားစကားနဲ့ဝန်ကြီးစကားတွေက ထပ်ဆုံးကပြေားနေတော့
ရခိုင်ပြည်သူ ပြည်သားများ စဉ်းစားပြီးမှ ယုံကြပါလို့ ပြောပါရစေ။

Naing Yazar

ထိုင်းရောက် မြန်မာ အလုပ်သမားများ, ၄ နှစ် သက်တမ်း, ယာယီ နိုင်ငံကူး လက်မှတ်
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အလုပ်သမား ယာယီနိုင်ငံကူး လက်မှတ်ဆိုင်ရာ ဆိုင်းဘုတ်များများကို ၂၀၁၃ ခုနှစ် အတွင်း တွေ့ရ စဉ် (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ထိုင်းနိုင်ငံရောက် လေးနှစ်သက်တမ်း ပြည့်သွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို နောက်ထပ် ရက်ပေါင်း ၁၈၀ (၆) လ သက်တမ်း တိုးပေးဖို့ ထိုင်းအစိုးရက ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်တဲ့ မတ်လ ၂၅ ရက်က ဝန်ကြီးများ အစည်း အဝေးမှာ ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ပြဿနာ ဖြေရှင်း ရေး နည်းလမ်းတွေ ဆွေးနွေးတဲ့အခါမှာ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင် က “၂၅ ရက်က ထိုင်း ကက်ဘိနက် အစည်း အဝေးမှာ ဆုံးဖြတ်တယ်၊ ယာယီနိုင်ငံကူး လက်မှတ် လေးနှစ် သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေ၊ ဗီဇာ မရှိဘဲ တရားဝင် နေထိုင်ခွင့် ရဖို့အတွက် လုပ်ပေးတဲ့ ပုံစံမျိုးပေါ့”ဟု သူက ဧရာဝတီကို ပြောပါတယ်။
၂၀၁၄ ခုနှစ် အတွင်း သက်တမ်း ကုန်ဆုံးမယ့် မြန်မာ အလုပ်သမား ဦးရေ ၁၇ သိန်း ရှိနေတယ်လို့ သိရပြီး အခု ထုတ်ပြန် လိုက်တဲ့ သက်တမ်းကုန် ယာယီ နိုင်ငံကူး လက်မှတ်တွေကို ၆ လ သက်တမ်း တိုးပေးဖို့ ထိုင်းအစိုးရက သတင်း ထုတ်ပြန်ပြီး ဖြစ်တဲ့အတွက် မြန်မာသံရုံး အနေနဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အကြား သီးသန့် ထုတ်ပြန် ပေးသွားဖို့ အစီအစဉ် မရှိဘူးလို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။
၂၀၀၉ ခုနှစ်က စတင် ထုတ်ပေးခဲ့တဲ့ ၄ နှစ် သက်တမ်းရှိ ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူတွေဟာ အခု နှစ်ဆန်း ပိုင်း က စတင်ပြီး သက်တမ်း ကုန်ဆုံးသူတွေ ရှိကြပြီ ဖြစ်ပေမယ့် ထိုင်းအစိုးရ အနေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ယခုကိစ္စကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေ အတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။
သက်တမ်း ကုန်ဆုံးသွားကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ဘာဆက်လုပ်ရမှန်း မသိဘဲ ဖြစ်နေပြီး ထိုင်းရဲ တွေရဲ့ ဖမ်းဆီး ငွေညှစ်မှု သာမက ထိုင်း-မြန်မာ နယ်စပ်သို့ ပြန်ပို့မှု အပါအဝင် ဒုက္ခ အမျိုးမျိုး ကြုံတွေ့ နေကြရတဲ့ အချိန်မှာ ထိုင်းအစိုးရက အခုလို ၆ လ သက်တမ်း တိုးပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ သူက ပြောပါတယ်။
“ကြိုဆိုတယ်ဗျာ၊ သက်တမ်း ကုန်သွားတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေက တရားမဝင်အလုပ်သမား ပုံစံတွေ ဖြစ်သွား ပြီးတော့ ပြန်ရ မလိုလို၊ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတဲ့ အချိန်မှာ အခုလိုမျိုး ၆ လ သက်တမ်း တိုးပေးလိုက်တာ အလုပ် သမားတွေအတွက် အများကြီး ကောင်းပါတယ်၊ ဒီလိုမှ မဟုတ်ရင် မြန်မာ အလုပ်သမားတွေ အနေနဲ့ တရားဝင်ကနေ တရား မဝင် အလုပ်သမားတွေ ဖြစ်ကုန်မယ်”လို့ ဦးထူးချစ် က ပြောပါတယ်။
မတ်လ ၅ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် မှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ လေးနှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနိုင်ငံကူး လက်မှတ် တွေအစား နိုင်ငံသားအဖြစ် စနစ်တကျ စိစစ်အတည်ပြုမယ့် သာမန်နိုင်ငံကူး လက်မှတ်ကို ပြောင်းလဲ ကိုင်ဆောင်ရမှာ ဖြစ် တယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
သန်းခေါင်စာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) နဲ့ အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်တို့ အပါအဝင် အချက်ပေါင်း ၁၀ ချက် ပါဝင်တဲ့ လျှောက်လွှာကို ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း မကုန်ဆုံးမီ ၆ လ အလိုမှာ ကြိုတင် လျှောက်ထား ရမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ယင်း ၆ လ ကာလ အတွင်းမှာ သက်တမ်း ကုန်ဆုံးနေတဲ့ မြန်မာ အလုပ်သမားတွေ အတွက် အာမခံချက် ရှိမရှိ ကိုတော့ ထုတ်ပြန် မထားပါဘူး။
ထိုင်း အစိုးရက အလုပ်သမားတွေရဲ့ ၄ နှစ် သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီ နိုင်ငံကူး လက်မှတ်တွေကို ၆ လ သက်တမ်း တိုးပေးမယ့် အစီအစဉ်ကို ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ အများစု သိရှိနိုင်အောင် ထုတ်ပြန် ကြေညာခြင်းနဲ့ အသိပေး လှုံ့ဆော်မှုတွေ မရှိတဲ့ အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်မာအစိုးရ တို့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။
“ဒီက အလုပ်သမားတွေနဲ့ ပတ်သက်ရင် မြန်မာအစိုးရ အနေနဲ့ အသိပေးမှု၊ ပညာပေးမှု တော်တော်လေးကို စနစ်မကျမှု၊ နှေးကွေးမှုတွေ အမြဲတမ်း မြင်နေရတယ်ဗျ၊ ကျနော်တို့လည်း အမြဲတမ်းသူတို့ကို ပြောပါတယ်၊ ကျနော်တို့ ကိုယ်တိုင်က ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်ပေးရေး ကော်မတီထဲမှာ ပါတာတောင်မှ အစိုးရ ထုတ်တဲ့ ပြန် တမ်း တွေ ကျနော်တို့ဆီ ရောက်တာ နောက်ကျတာတွေ ရှိတယ်”လို့ ဦးထူးချစ်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၃ သန်းခန့် ရှိပြီး ၂၀၀၉ ခုနှစ်က စတင် လုပ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူး လက်မှတ် အစီအစဉ်မှာ ၁၇ သိန်းပဲ လုပ်နိုင်ကြတယ်လို့ သိရပါတယ်။
ယာယီ နိုင်ငံကူး လက်မှတ် မလုပ်နိုင်သူတွေထဲမှာ အစိုးရ စစ်တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲ ကြားမှာ တိမ်းရှောင် လာခဲ့ရတဲ့ ဒုက္ခသည်တွေလည်း ပါဝင်ပြီး အများစုမှာ အိမ်ထောင်စု စာရင်းနဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိကြသူတွေ များတယ်လို့ အလုပ်သမား အရေး ကူညီ လှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။



ဧရာဝတီသတင်း

ရိုဟင်ဂျာ, ဘင်္ဂါလီ, သန်းခေါင်စာရင်း ကောက်ယူမှု, ဦးရဲထွဋ်, ၀န်ကြီး ဦးခင်ရီ
ယနေ့တွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ သမ္မတအား တိုင်ရင်းသား ခေါင်းဆောင် အချို့နှင့် အတူတွေ့ရပုံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
သန်းခေါင်စာရင်း၌ လူမျိုးနေရာ ဖြည့်သွင်းမှုတွင် ရိုဟင်ဂျာဟု လုံးဝ ဖြည့်သွင်းခွင့် မပြုဘဲ ဘင်္ဂါလီဟုသာ ထည့်သွင်းရမည်ဟု သမ္မတက ပြောထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က “၀န်ကြီး ဦးခင်ရီက တိတ်တိတ်လေး ခေါ်ပြီးတော့ ခင်ဗျားတို့ စိတ်ချတော့၊ သမ္မတကြီးကလည်း ခွင့်ပြု ပေးလိုက်ပြီ။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ အတိုင်းအတာ တခုအထိ ရခိုင်တွေဆန္ဒနဲ့ ထပ်တူ ကျပါတယ်လို့ ကျနော် ပြောချင်တယ်။ အဲဒါကြောင့် သန်းခေါင်စာရင်း ကောက်တာကို သပိတ်မှောက်တာတွေ မလိုတော့ဘူး” ဟု ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ယနေ့တွင် ကျင်းပသည့် ဖိုရမ်တွင် မီဒီယာများကို ပြောသည်။
ဦးဇော်အေးမောင်က ဆက်လက်၍ “သပိတ်မှောက်ရင် ရခိုင်တွေပဲ ကျန်ခဲ့မယ်။ ၂၀၁၀ ရွေးကောက်ပွဲက ၁၉၈၃ ခုနှစ်က ကောက်ထားတဲ့ စာရင်းကို အခြေခံပြီး လုပ်တယ်။ ၂၀၁၄ မှာ စာရင်းအသစ် ကောက်တယ်။ စာရင်း အသစ်ရရင် စာရင်းအဟောင်း မသုံးတော့ဘူး။ ရခိုင်တွေက ၂၀၁၄ စာရင်း ကောက်ရာမှာ မပါဘဲနဲ့ ကျန်ခဲ့ရင် မြန်မာနိုင်ငံမှာ ရခိုင် ရှိတယ်ဆိုတာ ဘာနဲ့ သက်သေပြမလဲ။ အဲဒါကြောင့် သန်းခေါင်စာရင်းကို ရဲရဲဝံ့ဝံ့ အကောက်ခံပါ။ ရဲရဲဝံ့ဝံ့ ရခိုင်သားအဖြစ် ထည့်လိုက်ပါ” ဟု ၀န်ကြီး ဦးခင်ရီက ပြောခဲ့ကြောင်း ဦးဇော်အေးမောင်က တဆင့် ပြန်လည် ပြောဆိုသည်။
အလားတူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံး၌ ယနေ့တွင် ကျင်းပသည့် သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲ ခေတ္တနားစဉ် ဧရာဝတီ သတင်းဌာနက မေးမြန်းမှုကို ဒုဝန်ကြီး ဦးရဲထွဋ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လူမျိုး နေရာတွင် ရိုဟင်ဂျာ မဖြည့်သွင်းရေး အတွက် ရခိုင်လူမျိုးများက မြို့နယ်အများစုတွင် ဆန္ဒပြ တောင်းဆို နေကြသည်။
ရခိုင်ပြည်နယ် မောင်တော မြို့နယ်နှင့် ဗူးသီးတောင် မြို့နယ်များတွင် နေထိုင်သော ရိုဟင်ဂျာဟု ခံယူထားသည့် လူမျိုးများက မည်သို့ပင် သန်းခေါင်စာရင်း ကောက်ခံ စေကာမှု ဘင်္ဂါလီဟု ပြောကြားမည် မဟုတ်ဘဲ ရိုဟင်ဂျာ ဟုသာ ပြောကြားရန် အစီအစဉ် ရှိကြောင်း မောင်တော ဒေသခံ တဦးက ပြောသည်။
မောင်တောမြို့နယ်၊ ဒိုဇိုလာ ကျေးရွာတွင် နေထိုင်သည့် အစ္စလမ် ဘာသာဝင် ဦးအလီက “အခြေခံ ဖွဲ့စည်းပုံ ဥပဒေမှာလည်း လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားပါတယ်။ ကျနော်တို့ကလည်း ကိုယ့်လူမျိုး နေရာမှာ ရိုဟင်ဂျာလို့ပဲ ဖြည့်မှာပါ။ ကျနော် အနေနဲ့ ဒီအခွင့်အရေးကို လုံးဝ အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ရိုဟင်ဂျာလို့ မဖြည့်ရရင် နိုင်ငံတကာကလည်း နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဘင်္ဂါလီလို့ လုံးဝ ဖြည့်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်ပြီး ၀န်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်သို့ လာရောက်စဉ် နိုင်ငံတကာ အဖွဲ့အစည်းများရှေ့၌ သန်းခေါင်စာရင်း ကောက်ယူပါက လူမျိုးနေရာတွင် ကြိုက်သည့် ပုံစံရေးရန် ပြောဆိုခဲ့ဖူးကြောင်း မောင်တောမြို့နယ်ရှိ မွတ်စလင်များက ပြောသည်။
မတ်လ ၂၉ ရက် ညပိုင်း၌ စတင် ကောက်ယူတော့မည့် သန်းခေါင်စာရင်း ကောက်ခံမှုတွင် ရခိုင်ပြည်နယ် တခုလုံးကို ကောက်ယူသွားရန် စီစဉ်လျက်ရှိကြောင်း၊ လူမျိုးခြားများ နေထိုင်သည့် နေရာများတွင် သန်းခေါင်စာရင်း အချိန်နှင့် တပြေးညီ ကောက်ယူနိုင်ရန်အတွက် လုံခြုံရေး အင်အားကို တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောသည်။
“ရခိုင် တပြည်နယ်လုံး ကောက်ခံ သွားမှာပါ။ လုံခြုံရေးလိုတဲ့ ကျေးရွာတွေကိုလည်း လုံခြုံရေး အပြည့်နဲ့ ကောက်သွားမှာပါ။ လူမျိုးမှာ ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဖြည့်သွင်းရေးနဲ့ ပတ်သက်ပြီး အစိုးရက စီစဉ်ဆောင်ရွက်တဲ့ အတိုင်းပဲ လုပ်သွားမှာပါ” ဟု ဦးဝင်းမြိုင်က ဆိုသည်။


ဧရာဝတီသတင်း



မောင်တောမြို့နယ်၊ စံပါယ်ကုန်းကျေးရွာမှ မရိုအားဇားဘေဂွန် (ဘ) အေဇားမျှာ ဆိုသူသည် ၄င်းသားသမီ (၄)ဦးအား လည်လှီးသတ်ဖြတ်ပြီး အလ္လာအရှင်မြတ်အား ယစ်ပူဇော်ခဲ့သည်။

အဆိုပါ မရိုအားဇာဘေဂွန် (၃၅)နှစ်သည် စားဝတ်နေရေးအဆင်မပြေလည်ခြင်း၊ အလ္လာရှင်မြတ်ထံမှ ကုသိုလ်ရယူလိုခြင်းတို့ကြောင့် ၄င်းသားသမီး (၄)ဦးဖြစ်သည့် မနူရ်ဆာမန်၊ အဒူရာမာန်၊ မယာစ်စမိန်၊ နူရ်အာတစ်တို့အား မိမိအိမ်နှင့် ကိုက် ၂၀ခန့် ဝေးသော လယ်ကွင်းသို့ တစ်ဦးချင်းစီး ခေါ်ဆောင်သွားပြီး အီစ္စလာမ်ဘာသာရဲ့ အယူဝါဒအတိုင်းလည်လှီးသတ်ဖြတ်ခဲ့ပါသည်။ သူမသည် အာရ်ဗီဖတ်စာ (၈)တန်းထိ အောင်မြင်ခဲ့ဖူးသူဖြစ်ပြီး ဘာသာရေးအစွန်းရောက်သူဖြစ်သည်။
သူမကိုယ်တိုင်လည်း သူ့သားသမီးများအား မိမိကိုယ်တိုင်သတ်ဖြတ်ယစ်ပူဇော်ခဲ့ပါကြောင်း ၀န်ခံထွက်ဆိုခဲ့ပြီး ယခုအခါ ပြစ်ဒဏ်ချမှတ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြု တရားစွဲဆို ထားပြီးဖြစ်ပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)

http://mgkyautkhae.blogspot.com

ပုဒ်မ ၅၉ (စ) အလိုမရှိဆိုလို့ ဘယ်သူများလဲ အောင့်မဲ့တယ် ...မွတ်ဒေါင်းပါတီရဲ့ အမာခံ မြန်မာနိုင်ငံသား စစ်စစ်တွေပါလား? 


 
၂၀၀၈  အခြေခံဥပဒေသည် ၂၀၁၅ နီးလာတာနှင့်အမျှ  ပြင်မယ် မပြင်ဘူး ၀ဲဂယက်ကြားထဲတွင်
ဟိုလူးလိုက် ဒီလူးလိုက်ဖြင့် ဘယ်သောင် ဘယ်ကမ်းပါးသို့ ဆိုက်ကပ်မည်ကို နိုင်ငံရေးသုတေသီ
အားလုံး မခန့်မှန်းနိုင်သေး။ ဟုတ်လည်း ဟုတ်သည်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည်
မထင်မှတ်တာနှင့် ပြောင်းလဲခဲ့သလို မထင်မှတ်တာတွေလည်း ဆက်တိုက်ဖြစ်ပျက်နေ၍
ဘယ်အကြားအမြင် ပုရောဟိတ်မှ မြန်မာ့ရှေ့ရေးကို ကြို၍ ဟောကိန်းမထုတ်ရဲကြ။

အပြောင်းအလဲများသည့် မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲတွင် အရင်ကဒီမိုကရေစီဟုဆိုလိုက်လျှင်NLDကိုပြေးမြင်သည်အထိ အောင်မြင်ခဲ့  ပြည်သူအများဆုံး
 ထောက်ခံပါသည် ဆိုသည့်  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည်လည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အရင်လို မဟုတ်တော့။ ပါတီအပေါ် ဆန့်ကျင်သည့် မယုံကြည်တော့သည့် အတိုက်အခံများထွက်ပေါ်လာသည်။ အတိုက်အခံဖြစ်ခဲ့သူ NLD သည် ယခုမိမိကို ပြန်၍ အတိုက်အခံပြုသည်များကို ပြန်ရင်ဆိုင်လာရသည်။အရင်က ထောက်ခံခဲ့သည့်သူများ ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားသည်။  အရင်လို အင်အားစုများNLD ဘက်မှာ မရှိတော့။ ဘယ်လိုကြောင့် ထိုသို့ ဖြစ်ခဲ့သနည်း။ ဒါက NLD ၏ နိုင်ငံရေးဗျူဟာအခင်းအကျင်းနှင့်သက်ဆိုင်နိုင်သလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရေရှည်ဦးဆောင်နိုင်စွမ်းကျဆင်းလာမှုနှင့်
ရပ်တည်ချက်မှားယွင်းမှုများ ကြောင့်လည်း ဖြစ်ပေလိမ့်မည်။

မြန်မာသာမက ကမ္ဘာကပါသိသော ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရသည့် နယ်ပယ်အတိုင်းအတာက ကျယ်ဝန်းလှသည်။   နိုင်ငံတကာ၏ ဖိတ်ကြားမှု၊ နိုင်ငံတကာက ပေးအပ်ထားသော ဆုတံဆိပ်များရှင် မိမိအနေဖြင့် ကမ္ဘာနှင့် အဆက်အသွယ် မပြတ်အောင်လှည့်လည်သွားလာနေရသော အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရီးစဉ်များကြားထဲတွင် မိမိပါတီကိုပြန်ကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်     အတွက် အချိန်က နည်းပါးလှသည်။  ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်
ပါတီ၏ အုပ်ချုပ်မှုကိစ္စများတွင် အာရုံမစိုက် နိုင်သည့် အခါ NLD သည် ပါတီတွင်း အရှုပ်အထွေးများနှင့်
အချင်းချင်းအကြား အကွဲအပြဲဇာတ်လမ်းများ ထွက်ပေါ်လာသည်။ ပါတီ၏ စည်းရုံးမှုစွမ်းရည်များ
ကျဆင်းလာသည်။ မိမိပါတီအပေါ် စီမံခန့်ခွဲမှု၊ ပါတီဝင်များ၏ စည်းလုံးညီညွတ်မှု အားနည်းခြင်းတို့သည်
ပြင်ပ ပယောဂ မပါဘဲ ပါတီအကွဲအပြဲဘက်သို့ ဦးတည်စေခဲ့သည်။
ထိုအရာများသည် ဒေါ်အောင်ဆန်းစုကြည်၏ ရေရှည်ဦးဆောင်နိုင်စွမ်းကျဆင်းလာမှုနှင့် သူမရှိလျှင် NLD ကို
ထိန်းကျောင်းနိုင်သည့် ပါတီတွင်း ထက်မြက်သူခေါင်းဆောင်များ မရှိခြင်းတို့ကြောင့် ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်အချို့သည် သူလွှတ်တော်သို့မရောက်ခင်ကတည်းက
မှားယွင်းမှုများစွာဖြင့် စတင်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေကို မထောက်ခံ၍ ရွေးကောက်ပွဲမ၀င်ခဲ့သော
NLD သည် နောက်ပိုင်းတွင် မိမိတို့ရပ်တည်ချက်ကို ပယ်ဖျက်၍ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့သည်။
ထိုအချက်သည် မှားယွင်းသောဆုံးဖြတ်ချက်ဟု မဆိုနိုင်သေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက် မပြတ်သားမှုကိုထင်ဟပ်စေခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ရောက်ပြီး နောက်ပိုင်း မူလကဆုံးဖြတ်ခဲ့သည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် တစိုက်မတ်မတ်အားထုတ်လာသည်။ ဒီအတောအတွင်း ပြည်တွင်းမှာ
အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်သားတို့၏ လူနေမှုဘ၀ မလုံခြုံမှု၊ ဘင်္ဂလီများ၏ ရိုဟင်ဂျာတိုင်းရင်းသား အဖြစ်တောင်းဆို၍ မြန်မာပြည်တွင်းမှာ အခြေချနေစရာတစ်ခုရရှိရေး ကြိုးပမ်းလာမှု၊
တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား စစ်ဘေးဒုက္ခသည်များဖြစ်ခဲ့ရသော တိုင်းရင်းသား လူမျိုးစုများ
အပေါ် ဥပေက္ခာပြုခဲ့မှု စတာတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်များသည်
အများက ကျေနပ်ရလောက်အောင် မစွမ်းဆောင်နိုင်ခဲ့။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိသမ္မတ
မဟုတ်၍ ဒါတွေနှင့် မဆိုင်ဟု ပြောလို့မရ။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အိုင်ကွန်၊ ဒီမိုကရေစီအတွက် ပြည်သူများ၏ မျှော်လင့်ချက်။ ထို့အတွက် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ဆီက မိမိတို့အပေါ် ပြောင်းလဲနိုင်မှု တစ်ခုခုလိုချင်ကြသည်။ သို့သော် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတကာမှ
ပေးအပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆုတံဆိပ်များရှင် အတွက် အမျိုးသားရေးသည် လူ့အခွင့်အရေး
အပေါ် မကျော်လွှားနိုင်ခဲ့။ ထိုအချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD အပေါ်လူထု၏ ယုံကြည်ကိုးစားမှုများ တစတစ ကျဆင်းလာမှုကို ဖြစ်ပေါ်စေခဲ့သည်။

ပြည်သူ့ထောက်ခံမှုကျဆင်းလာရသော အကြီးမားဆုံးအချက်တစ်ချက်သည် အမျိုးသားရေးနှင့် လူ့အခွင့်အရေး ရပ်တည်ချက် နှစ်ခုယှဉ်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်
မပြတ်သားမှုလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့သည်။ ၀ံသာနုစိတ်ဓာတ်ပြင်းထန်သော
မြန်မာလူမျိုးများကြားတွင် အမေရိကန်လို ဒီမိုကရေစီကို အားကျပြီး နေရာတကာတွင် 
လူ့အခွင့်အရေး ပေတံနှင့် လိုက်တိုင်း၍ ရမည်မဟုတ်သည်ကို ဒေါ်အောင်ဆန်းစုကြည်
မေ့လျော့ခဲ့သည် ထင်သည်။ သူ့ဘက်က ကြည့်လျှင်လည်း မှန်ပါလိမ့်မည်။ လူ့အခွင့်အရေးဆိုင်ရာ
ဆုတံဆိပ်များစွာ လက်ခံရယူထားသော သူ့အတွက် ရပ်တည်ချက်က လူ့အခွင့်အရေးဘက်တွင်သာ
ရှိသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ခဲ့ပုံရသည်။သို့သော်သူ့အနေဖြင့်  နိုင်ငံတိုင်း နိုင်ငံတိုင်းသည်
အမျိုးသားရေးကို ထိပါးလာလျှင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့ကြသည့်
ဖြစ်စဉ်များစွာကို အတုယူခဲ့မည် ဆိုလျှင် NLD အပေါ်ယုံကြည်မှု ပိုတိုးလာမည်ထင်သည်။


ဗလီ မီးရှို့တယ်ဆိုရင် အဲဒီဘာသာ ကိုးကွယ်တဲ့သူအားလုံးရဲ့ အသည်း နှလုံးကို မီးရှို့သလို ဖြစ်တယ်ဟု ဆိုခဲ့သည့် ရှေ့နေဦးကိုနီကို ပါတီ၏ အရေးကြီးဆုံး ရည်မှန်းချက်ဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLDပါတီအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့မှု။ ရခိုင်အရေးနှင့် ပတ်သက်၍ လူနည်းစုကို ကာကွယ်ပေးပါဟု ပြောဆိုခဲ့ပြီး အများစု
၏ ခံစားချက်များကို ဥပေက္ခာပြုခဲ့မှု။ ထိုလူနည်းစုများက ၂၀၀၈ အခြေခံဥပဒေထဲမှ အမျိုးသားရေးကို
ကာကွယ်သည့်အနေဖြင့် ပြဋ္ဌာန်းထားသည့် ပုဒ်မ၅၉(စ) ဖျက်သိမ်းဖို့အပေါ် ကြေညာချက်ထုတ်
ထောက်ခံပြီး NLD ကို ၀ိုင်းရံလာမှုများသည် ပြည်သူများ၏ NLD ရပ်တည်ချက်အပေါ် သံသယများ
ကြီးထွားလာစေခဲ့သည်။

 အချုပ်ဆိုရသော် မြန်မာ့နိုင်ငံရေးအပြောင်းအလဲသည် နူးညံ့သိမ်မွေ့သလောက် ရှုပ်ထွေးခက်ခဲလွန်းလှသည်။ မထင်မှတ်တဲ့ အပြောင်းအလဲ၊ မမျှော်လင့်တဲ့ အခက်အခဲများ
ကြုံတွေ့ခဲ့ရသလို ရှေ့ဆက်၍ ထပ်မံမကြုံတွေ့ မရင်ဆိုင်ရဘူးဟု ဆို၍ မရနိုင်။ ထိုအခက်အခဲများကြားထဲမှ ဒုက္ခများစွာကို အမှားများစွာပြုလုပ်သူတို့က ပို၍ ခံစားရမည်မှာ မလွဲပေ။ ရှေ့လာမည့် ၂၀၁၅ ကာလတွင် မြန်မာပြည်သူတို့၏မျှော်လင့်ချက်အစစ်အမှန်ကို မည်သူတို့က ဖြည့်ဆည်းပေးနိုင်မည် ဆောင်ယူပေးနိုင်မည်ဆိုတာ
ယခုအချိန်ထိ မခန့်မှန်းနိုင်သေး။  ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် အမျိုးသားရေးကို ဥပေက္ခာပြု၍ ပြည်သူတို့၏ အသည်းနှလုံးဒဏ်ရာကို ပို၍ ထိခိုက်နာကျင်စေမည့်
ဆုံးဖြတ်ချက်အမှားများဆက်တိုက်ပြုလုပ်နေပါက ၂၀၁၅ ပြိုင်ပွဲမှာ နောက်ကောက်ကျသွား
နိုင်သည်။ ဘောလုံးပွဲရှုံးလျှင်တောင် မိမိတို့ အသည်းနှလုံးကို ဆွတ်ယူသွားသလို
ထိခိုက်ခံစားရသည့် ပြည်သူတို့အတွက် အမျိုးသားရေးနှင့် ယှဉ်လာမည့် မည်သည့်ကိစ္စကိုမျှ လက်ခံမည် မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

From: ကိုရင်သာဗြော(ပတ္တမြားမြေ)

www.mmdailystar.com

To all International NGOs in Arakan State, Myanmar ( Burma )
------------------------------------------------------------------------------------

I am an Arakanese named Aye Maung from Rakhine State of Myanmar and I am hereby would like to voice my grave concern relating to your misbehaviour and insensitivity towards Arakanese people in Arakan state of Burma/Myanmar.

I have been hearing an earful of verbal complaints from my local Arakanese about your discriminatory practices in our state. However, as I understand clearly about your aims and goals and your great works that are supporting those people in need all over the world, I would like to tell you that I have a deep respect on your work.

I do not think that NGOs in Arakan State including UN agencies are supposed to destroy their humanitarian image and instead are expected to bring harmony towards all communities inhibiting in my native land. As you are now on our soil, you are eating our food, drinking our water and breathing our air. Thus, I do not think this is a good human behaviour of you to discriminate against my people at the same time. You all are thought to remain grateful to sons of our Fatherland regardless of their faiths.

Buddhist communities in Buthidaung and Maungdaw Townships, northen part of Arakan, have requested me to relay their deep concern over you unacceptable harassment behaviour on their behalf. Reports have been surfaced about the allegedly detention of some NGO staffs in Arakanese State under the suspicion of their direct involvement in recent deadly arson and murder attacks against non-Muslim communities. Our local Arakanese were just compelled to take reactionary measures when facing attacks from them.

Narinjara News Agency and many domestic Myanmar news agencies said that some local employees of the NGOs were arrested by the authorities because they played a major role in instigating the recent violent unrests. By exploiting their advantage from having Internet access at your NGO offices, these local workers downloaded online news and photos and distributed them with their fabrications to the Muslims community in Maungdaw which led to brutal rioting and destructive attacking against our Arakanese.

It is a shame, and off course quite annoying, that NGOs in Arakan have been conspiring with the religious extremists, may be unwittingly, to build up the violent attacks towards our peace loving Buddhist community in Arakan. Furthermore, NGO staffs, especially local ones, are misusing their power as well as UN properties to mistreat our people which could be tantamount to human rights abuses on our Arakanese people. You also employed local staff selectively by side-lining non-Muslim people.

In addition, I have heard that NGOs in Arakan are facing boycott and intense dissatisfaction responses from our people when our locals turned down your assistance and contributions. Because you all have been supporting Bengali Muslim immigrants since you have descended on the areas of Buthidaung and Maungdaw over a decade ago, our local people have developed a sense of disgruntled feeling from your brazenly displaying of discriminatory practices. This is our time to show our dissatisfaction upon you.

NGOs in Arakan should realise that the recent violent have left nearly 90,000 Arakanese people homeless, hopeless, outrageous, and fearful. They are in need of everything. We are, however, encouraging our people to go for self-help system by showing our sturdiness.

NGOs in Arakan should not encourage racial hatred and should not act to be a one-sided organisation. Supporting only Muslim communities and disrespecting native is totally unacceptable. I therefore would like to encourage NGOs in Arakan to stop creating religious and racial tension in Arakan to avoid further violent.

Just try your best to foster a mutual respect towards all communities in Arakan and remain sensitive towards all cultures. It is imperative for all NGOs staffs to exercise anti-discriminatory practices in order to promote your work with everyone in Arakan.

Before I stop, my last demand to all NGOs, UN, UNHCR, BAJ, AZG in Arakan is to leave my state if you keep showing your unacceptable manners towards non-Muslim communities. We have nothing to feel bad about from your leaving. You have caused us enough pain.
Thank you

Aye Maung
Pauktaw, Arakan State
— with Andreea Zaharanski and 3 others.

"ကျွန်မ အဖေက ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်" ဟု ၁၆ နှစ် အရွယ် ဒူဘိုင်းသူလေးမှ တရားရုံး၌ သက်သေခံ ထွက်ဆိုခဲ့
ဒူဘိုင်းတရားရုံးတစ်ခု၌ အသက် ၁၆ နှစ် အရွယ် မိန်းမပျိုသည် သူမ၏ မိဘနှစ်ပါးနှင့် ရင်ဆိုင်တွေ့သောအခါ သူမ၏ မိဘနှစ်ပါးမှ သူမ၏ ခန္ဓာကိုယ်အား Dh ၁၆၀၀၀၀ ဖြင့် ရောင်းချကာ သူမ၏ အပျိုရည်အား ဖျက်ဆီးခဲ့သည့်အကြောင်း တရားရုံးတော်အား ရှိုက်ကြီးတငင် ဖွင့်ချလိုက်သည်။
"ကျွန်မအဖေက နောက်မဆင်းရဲချင်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မရဲ့ အပျိုရည်ကို ရောင်းစားခဲ့ပါတယ်။ အဖေရော အမေရောက ကျွန်မကို ဖာလုပ်ခိုင်းတယ်။ ကျွန်မလည်း ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတယ်။ ကြောက်ရဆို မလုပ်နိုင်ဘူးလို့ ကျွန်မ ပထမငြင်းတော့ အဖေက ခုပဲထသတ်တော့မယ့်အတိုင်း စိတ်ဆိုးတယ်လေ" ပါကစ္စတန် မိန်းမပျိုမှ သူမ၏ မိဘများအား တရားရုံးတော်မှ စစ်ဆေးစဉ် ဤသို့ သက်သေခံ ထွက်ဆိုခဲ့သည်။ 
အသက် ၁၆ နှစ် အရွယ် မိန်းမပျိုမှ သူမ၏ ဖခင်ဖြစ်သူ KA နှင့် မိခင်ဖြစ်သူ SK တို့သည် သူမအား သူစိမ်းသူများနှင့် လိင်ဆက်ဆံမှု ပြုရန် တွန်းအားပေးခိုင်းစေကာ သူမ၏ ကိုယ်ကာယကို အလွဲသုံးစားလုပ်ခဲ့ကြောင်း မိဘများအား မျက်နှာချင်းဆိုင်၍ သက်သေခံ ထွက်ဆိုခဲ့သည်။
မိန်းကလေးမှ မိဘများ၏ မျက်နှာကို တည့်တည့်ကြည့်လျက် ဤသို့ တရားသူကြီးရှေ့မှောက်၌ ထွက်ဆိုခဲ့သည်။ 
"ကျွန်မတို့က ဆင်းရဲတယ်။ အဖေက ကျွန်မကို သူနှင့်အတူ ဒူဘိုင်းကို လိုက်ခဲ့ပြီး ဖာလုပ်ဖို့ ချော့ပြောတယ်။ ဒီလိုလုပ်လျှင် ကျွန်မတို့ ချမ်းသာသွားမယ် တဲ့။ ပထမက ကျွန်မ ဖာလုပ်အောင် ကျွန်မကို ချော့ပြောဖို့ အဖေက အမေ့ကို ခိုင်းတာ။ ကျွန်မက အမေပြောတော့ မလုပ်နိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဖေက ဒေါသ အကြီးအကျယ်ထွက်ပြီး ကျွန်မကို နင်ပဲငဆ ပက်ပက်စက်စက်ပြောတယ်။ နောက်တော့လည်း ဖိအားတွေက များများလာတော့ ကျွန်မလည်း မခံနိုင်တော့ပဲ သူတို့ကိုငဲ့ပြီး ဖာလုပ်လိုက်ရတယ်"

From:Myo Min Thant

www.mmdailystar.com

ဘင်္ဂလီပြဿနာအတွက် လူထုဆန္ဒခံယူပြီး စစ်တွေနဲ့မောင်တောဒေသတွေကို ရခိုင်ပြည်နယ်ကနေ ခွဲထုတ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဒေသထဲ သွပ်သွင်းခြင်းဟာ အဖြေတစ်ခုဖြစ်နိုင်တယ်လို့ ဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာရဲ့ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine state? ဆိုတဲ့ဆောင်းပါးကို ၀ံသာနုမှ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြသွားပါမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုကနေ ပြောင်ပြောင်တင်းတင်း စိမ်ခေါ်လိုက်တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အတွက် မြန်မာပြည်သူများ သိရှိနိုင်ဖို့ ဘာသာပြန်လိုက်တာပါ။

မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်ရဲ့ ၄၂ရာခိုင်နှုန်းပြည့်လုနီးပါးဟာ လေယူလေသိမ်းမဆိုစလောက် ကွဲပြားတဲ့ ဘင်္ဂလီစကားကိုပြောဆိုကြတဲ့ တောင်အာရှမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ စစ်တွေနဲ့မောင်တောနယ်တွေမှာ နေထိုင်ကြတဲ့ ၉၅ရာခိုင်နှုန်းနီးပါး အဲဒီမျိုးနွယ်တွေဟာ မြန်မာတွေရဲ့ နိုင်ငံခြားသားတွေကို မုန်းတီးတဲ့စရိုက်အောက်မှာ ရက်စက်ဖိနှိပ်မှုတွေနဲ့အတူ မတရားခွဲခြားဆက်ဆံခံရမှုတွေကြောင့် လူသိများကြပါတယ်။ ဒီလူမျိုးတွေကို အဲဒီနေရာမှာ နိုင်ငံခြားသားအဖြစ် သတ်မှတ်ပြီး ဘယ်သူမှလိုလိုလားလား မရှိကြပါဘူး။ အဲဒီလူမျိုး ထောင်ပေါင်းများစွာဟာ နေရပ်ကိုစွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။ တချို့ကတော့ သတ်ဖြတ်ခံရပြီး နေအိမ်တွေကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ဒီလူမျိုးတွေဟာ ကမ္ဘာပေါ်က ထိခိုက်နစ်နာရဆုံး လူတွေထဲမှာ အပါအ၀င်ဖြစ်ပြီး နိုင်ငံမဲ့တွေအဖြစ် တနေ့တခြား တိုးပွားလာနေပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပွားသွားတဲ့ ခရိုင်မီးယားအရေးမှာ လူထုဆန္ဒနဲ့ နိုင်ငံနယ်နိမိတ်ကို ပြန်လည်သတ်မှတ်ခြင်းဟာ အင်မတန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး လူထုဆန္ဒနဲ့မကိုက်ညီတဲ့ နိုင်ငံနယ်နိမိတ်သတ်မှတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအတွက် အံဝင်ဂွင်ကျဖြစ်စေမယ့် အဖြေတစ်ခုပဲ ဖြစ်ပါတယ်။
အချက်အလက်အနေနဲ့ကတော့ ဒီခွဲထွက်မှုကို ခရိုင်မီးယားက အကွက်ချစီစဉ်တာလို့ တိတိကျကျမပြောနိုင်ပါဘူး။ ဒါပေမယ့် နိုင်ငံနယ်နိမိတ်ပြန်ဆွဲဖို့အတွက် လူထုဆန္ဒခံယူတာဟာ တကယ်တော့ ဘာမှမထူးဆန်းပါဘူး။ အင်ပါယာဆန်ပြီး ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ နယ်နိမိတ်သတ်မှတ်မှုတွေကတော့ ဒီနည်းလမ်းအပေါ် စောဒကတက်နိုင်ပါတယ်။

၁၉၉၅ ခုနှစ်မှာ Quebec လူမျိုးတွေဟာ လူထုဆန္ဒခံယူပြီး ကနေဒါကနေ ခွဲထွက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ တောင်ဆူဒန်ဟာ ၂၀၁၁ ခုနှစ်မှာ လူထုဆန္ဒခံယူပြီး ယခင်ဆူဒန်နိုင်ငံကနေ ခွဲထွက်နိုင်ခဲ့ပါတယ်။ စကော့လူမျိုးတွေဟာ ဒီနှစ်နောက်ပိုင်းမှာ စကော့တလန်ကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ယူနိုက်တက်ကိင်းဒမ်းကနေ ခွဲထွက်ဖို့ မဲဆန္ဒနဲ့ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဘင်္ဂလားက အနီးစပ်ဆုံး သာဓကတစ်ခုကို ပြရမယ်ဆိုရင် ၁၉၄၇ခုနှစ် ဇူလိုင် ၆ရက်နေ့မှာ Sylhet ဒေသဟာ လူထုဆန္ဒခံယူပွဲနဲ့ အာသံပြည်နယ်ကနေ ခွဲထွက်ပြီး အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ကို ပူးပေါင်းခဲ့ပါတယ်။ ဒါကြောင့် အဲဒီနယ်မြေတွေလိုပဲ သေးငယ်တဲ့ မျိုးနွယ်တူ လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဟာ ယခင်ကတည်းက တည်ရှိနေခဲ့တာပါ။

ရုရှားနိုင်ငံအနေနဲ့ ခရိုင်မီးယားက ရုရှားနွယ်ဝင်တွေကို သူတို့နိုင်ငံထဲ ဆွဲခေါ်မယ့်အစား အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေ ရှိနေပါတယ်။ ရုရှားအနေနဲ့ ခရိုင်မီးယားကို လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်ပေးမလား ဒါမှမဟုတ် အဲဒေသကို ရုရှားဖက်ဒရေးရှင်းထဲ သွပ်သွင်းမလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ အဲဒီနှစ်ချက်ဟာ ခရိုင်မီးယားကို ပိုင်ဆိုင်တဲ့ ဒေသခံတွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

လက်ရှိအခြေအနေမှာ လူဦးရေထူထပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဖြေရှင်းဖို့မလွယ်ကူတဲ့ ရိုဟင်ဂျာတွေဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကတော့ စစ်တွေ၊မောင်တော ဒေသတွေကို မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်ကနေ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသနဲ့ ပူးပေါင်းဖို့ လူထုဆန္ဒခံယူပြီး အဖြေရှာခြင်းပဲ ဖြစ်ပါတယ်။
သမိုင်းကြောင်းဆိုင်ရာ အကြောင်းပြချက်တွေအရ ခရိုင်မီးယားနဲ့ ပတ်သက်ပြီး ရုရှားကလုပ်သွားသလိုမျိုး တချိန်က အာရကန်လို့ခေါ်တဲ့ ရခိုင်ပြည်နယ်ထဲက ဒေသတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ သွပ်သွင်းလို့ရပါတယ်။ ၁၄၃၀ ခုနှစ် ခုလက်ရှိ ရခိုင်ပြည်နယ်ထဲက လွတ်လပ်တဲ့ ရခိုင်နိုင်ငံ မြောက်ဦးထီးနန်းကို ဘင်္ဂလားစူလတန်ရဲ့ စစ်ရေးအကူအညီနဲ့ တည်ထောင်ခဲ့တာပါ။ မြောက်မြားစွာသော ဘင်္ဂလီတွေဟာ ဒီထီးနန်းအသစ်အတွက် ပါဝင်တိုက်ခိုက်ပေးခဲ့ရပြီးတော့ တချို့ဟာအဲဒီမှာပဲ အခြေချခဲ့ကြပါတယ်။ သူတို့ဟာ ခုခေတ် ရိုဟင်ဂျာဆိုသူတွေရဲ့ ဘိုးဘေးတွေဖြစ်ကြပါတယ်။

မြောက်ဦးဘုရင်ဟာ သူ့ရဲ့နယ်မြေတချို့ကို ဘင်္ဂလားစူလတန်ဆီမှာ ပေးအပ်ခဲ့ရပြီး ၁၅၁၃ ခုနှစ်အထိ ဘင်္ဂလားစူလတန်ရဲ့ လက်အောက်ခံအဖြစ် တည်ရှိနေခဲ့တာပါ။ အာရကန်ဟာ ဘင်္ဂလားအုပ်ချုပ်သူတွေဆီကနေ အပြည့်အ၀လွတ်လပ်ရေးရပြီးနောက်ပိုင်း မောဂ်(ရခိုင်)နဲ့ ပေါ်တူဂီပင်လယ်ဓားပြတွေ သောင်းကျန်းတာကြောင့် မဂိုဘုရင် Shaista Khan က ၁၆၅၅ ခုနှစ်မှာ ရခိုင်တွေမူလကပိုင်တဲ့ စစ်တကောင်းနယ်တစ်ဝိုက်ကို သိမ်းပိုက်ပြီး ရခိုင်တွေ ကျွန်အဖြစ်ဖမ်းဆီးထားတဲ့ ထောင်နဲ့ချီတဲ့ ဘင်္ဂလီတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်ထဲကဒေသတွေကို ဘင်္ဂလားဒေ့ရှ်ထဲ ပူးပေါင်းခြင်းဟာ အထူးသဖြင့် အထဲကလူတွေ ဖိနှိပ်ချုပ်ခြယ်ခံနေရတဲ့ အခြေအနေမျိုးမှာ ထူးခြားတယ်လို့ ပြောလို့မရပါဘူး။ ပြီးတော့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးချယ်ပိုင်ခွင့်မရှိတဲ့အပြင် ၀င်ရောက်သိမ်းပိုက်တဲ့ နည်းလမ်းကလည်း ဒီဖက်ခေတ်မှာ စဉ်းစားစရာမလိုတဲ့အချက် ဖြစ်နေပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်တာ မဲပေးခွင့်ပိတ်ပင်တာနဲ့ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေသက်သက်ကို ခလေးနှစ်ယောက်ပိုယူတာကို ပိတ်ပင်တဲ့ဥပဒေ ထုတ်ပြတာမျိုးတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားတာက အဓိကပြဿနာဖြစ်နေပါတယ်။

အမှန်တကယ်ဖြစ်နေတဲ့ လူဦးရေအချိုးအစား အချက်အလက်တွေကို ပြောင်းလဲဖို့ ကြိုးစားပြီး မြန်မာအစိုးရဟာ ရိုဟင်ဂျာမဟုတ်တဲ့ ရခိုင်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်ဖို့ အကြံအစည်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေအပေါ် စာနာထောက်ထားတဲ့ပုံမျိုး ပြသခဲ့ပါတယ်။ တကယ်လက်တွေ့မှာတော့ လူမျိုးလိုက်အပျောက်ရှင်းမယ့်ကိစ္စကို နောက်ကွယ်ကနေ ပံ့ပိုးနေတာပါ။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာတွေကို စည်းမျဉ်းအထပ်ထပ်နဲ့ ပိတ်ဆို့ပြီး သူတို့ရဲ့အသံကို မြန်မာနိုင်ငံထဲက ဘယ်သူမှမကြားနိုင်အောင် ပြီးတော့ နိုင်ငံတကာက ဘယ်သူမှမကြားနိုင်အောင် ဖန်တီးထားပါတယ်။
လူမျိုးရေးအဓိကရုဏ်းဘေးဒုက္ခတွေကို ရှောင်ရှားတဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖိအားပေးနိုင်တဲ့ အနေအထားမှာ အစိုးရရဲ့ မတော်မတရား ဓားစာခံလုပ်ခံနေရတာမျိုးဟာ မဖြစ်သင့်ပါဘူး။

ဒီပြဿနာအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အဖြေရှာဖို့ ကြိုးစားခွင့် ရှိပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်လိုစိတ် မရှိဘူးဆိုရင် လုပ်လို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ လူထုဆန္ဒခံယူခြင်းပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အဲမတိုင်ခင်မှာ တစ်ခုခုက ဒီရိုဟင်ဂျာတွေကို စုစည်းပြီး သူတို့ကို နိုင်ငံသားအခွင့်အရေး နဂိုအတိုင်း အပြည့်အ၀ရအောင် ကြိုးစားတာ ဒါမှမဟုတ် အနည်းဆုံး သူတို့ကို ဒီမြေပေါ်မှာ နှစ်ပေါင်းရာချီ တရားဝင်နေထိုင်သူတွေအဖြစ် အသိအမှတ်ပြုခွင့်ရဖို့ ကြိုးပမ်းသင့်ပါတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားကြီးမှုကို တောင်းခံတာ မဟုတ်ပါဘူး။

ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရုရှားလိုပဲ ကိုယ်နဲ့သွေးသားတော်စပ်တဲ့ ဆွေမျိုးတွေရဲ့ နယ်နိမိတ်ကျော်ဖြတ်ပြီး ဆိုးရွားလှတဲ့အခြေအနေတွေကို မျက်ကွယ်မပြုသင့်ပါဘူး။ တဆက်တည်းမှာပဲ ခရိုင်မီးယားလိုမျိုး ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြားမှာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ထူထောင်ပိုင်ခွင့် ရသင့်ပါတယ်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်ထဲ ပူးပေါင်းမယ်ဆိုရင်လည်း သူ့အလိုလိုပေးအပ်လာတဲ့ လက်ဆောင်အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားစရာ မလိုပါဘူး။



Zeeshan Khan (Dhaka Tribune)
March 20, 2014

ဝံသာနုမှ ဘာသာပြန်ဆိုဖော်ပြသည်။
http://myanmar.wontharnu.com

နိုင်ငံတော်အဆင့် အခမ်းအနား...

ကိုယ့်နိုင်ငံကိုကိုယ်စားပြုတဲ့ ကမ္ဘာက အသိအမှတ်ပြုတဲ့ အလံ....

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော တပ်မတော်သားများနဲ့ အာဇာနည်ခေါင်းဆောင်များကို ဦးညွတ်အရိုအသေပြုခြင်း....

အခမ်းအနားတစ်ခုလုံးမှာရှိတဲ့လူတိုင်း လက်တင်အလေးပြုသူပြု
သေနတ်မြောက်အလေးပြုသူပြု......

နိုင်ငံတကာက လေ့လာသူတွေ...
သံအမတ်တွေ...
စစ်သံမှူးတွေရှေ့မှာ...

ဒါတွေအားလုံးကိုမှ တမှုထူးခြား ချွန်ထွက်ပြီး ပေါ်တင်ကြီး ဗြောင်ကျကျ အရိုအသေတန်ပြလိုက်တဲ့သူဟာ......

တပ်မတော်ဖခင်ဗိုလ်ချုပ်ရဲ့ သမီးတဲ့လား???

နိုင်ငံတကာကပါ အသိအမှတ်ပြုရတဲ့ နိုလ်ဘယ်ဆုရှင်တဲ့လား???

လူထုခေါင်းဆောင်တဲ့လား???

ဒီမိုကရေစီအိုင်ကွန်တဲ့လား???

လွတ်တော်ကိုယ်စားလှယ်တဲ့လား???

သမ္မတဖြစ်ချင်တဲ့သူလား???

အဟက်... အဟက်....

သဲထဲရေသွန်သလိုဖြစ်သွားပါပြီ မြောင်းထဲရောက်သွားပါပြီခင်ဗျာ.....

သူ့အဆင့်နဲ့ ဒီလို နိုင်ငံတော်အဆင့် အခမ်းအနားမှာ အလေးမပြုပြလိုက်တာဟာ.......
ရုပ်ရှင်ရုံထဲမှာ နိုင်ငံတော်အလံအလေးပြုတဲ့ အချိန်မတ်တပ်ထမရပ်တဲ့ အောက်တန်းစားထက်
ပိုပြီး စိတ်ဓါတ်ညံ့ဖျင်းရာကျပါတယ်.......

From:အသင် လူသား

www.mmdailystar.com

လူကြိုက်များတာတစ်ခုထဲနဲ့  တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး။ ရှုံးသွားတဲ့ ၀န်ကြီးချုပ်ကယ်ဗင်ဆိုရင် လူတွေကြိုက်တာအရမ်းပဲ။

စကားပြောလည်းကောင်းတယ်။ ရုပ်လည်းဖြောင့်တယ်။ ငွေလည်းရှိတယ်။ ပညာလည်းတက်တယ်။ လေဘာပါတီအမြဲတမ်းရှုံးနေရာကနေ သူ့ ကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ အာဏာရတယ်။

အာဏာရပြီး မကြာခင်မှာပဲ....ပေါ်လစီအမှားတွေနဲ့ တိုင်းပြည်ကို ဦးဆောင်လိုက်တာ အလုပ်တွေပြုတ်တဲ့သူကပြုတ်၊ စီးပွားရေးလုပ်ငန်းတွေရှုံး။ တိုင်းပြည်လည်းအကျွေးတွေတင်။ ဒီမှာတင် လူတွေစိတ်ပျက်ပြီး လစ်ဘရယ်ကိုရွေးချယ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ပေါ်ပြူလာအရမ်းဖြစ်တယ်။ လူကြိုက်များတယ်။ ဒါ့ကြောင့်လူတွေက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးတော့ အများစုနိုင်တယ်။

ပါလီမန်ထဲရောက်တော့ မေးခွန်းမေးနိုင်တာတခုကလွဲရင် ဘာမှ မရဘူး။ နောက်လာမဲ့ရွေးကောက်ပွဲကိုကြည့်ပါ။ ဒေါ်စုရဲ့  Team ကိုကြည့်။ လေတိုက်ရင်လဲတော့မဲ့ တဲလိုပဲ။

သြစီက အခြေအနေလိုဖြစ်မှာကို စိုးရိမ်ပါတယ်။ လူကြိုက်များတာတခုကိုမကြည့်ဖို့  သတိပေးချင်ပါတယ်။

ဒေါ်စုကလွဲရင် ကျန်တဲ့ NLD က အမတ်တွေကို ယှဉ်ရဲတယ်။ ဇေယျာသော်၊ ဒေါ်စန္ဒာမင်းကစလို့  NLD အမတ်တွေကို ကျနော်တောင်ယှဉ်ရဲတယ်ဆိုရင် ကျနော့်ထက်တော်တဲ့သာတဲ့လူတွေ အများကြီးပါဗျာ။

တကယ်ပါ....NLD နဲ့  ပေါ်ပြူလာဖြစ်နေတဲ့ ပွင့်လင်းတွေကိုမကြိုက်လို့ မဟုတ်ဘူး။ ကြိုက်တယ်။ ဒါပေမဲ့ အားမကိုးရဲဘူး။ အရမ်းကြောက်လို့ ပါ။

လွှတ်တော်အမတ်ကိုရွေးတဲ့အခါမှာ ပေါ်ပြူလာဖြစ်တိုင်းမရွေးနဲ့ ။ ထောင်ကျတိုင်းမရွေးနဲ့ ။ ၈၈-မှပါလာတိုင်းမရွေးနဲ့ ။ ပရဟိတလုပ်လို့ မရွေးနဲ့ ။ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာကိုပဲရွေး။ ဘယ်လောက်ပညာတတ်လဲဆိုတာကိုပဲရွေး။ ဒီခေတ်က အာပလာလုပ်လို့ ရတဲ့ခေတ်မဟုတ်ဘူး။ ကြံ့ဖွံ့ က အမတ်တွေအရည်အချင်းရှိရင် သူတို့ ကိုမဲပေး။


From: Tawwat Wat

www.mmdailystar.com




၂၀၁၄- ဧပြီလမှစတင်ပြီး လူဦးရေစာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာလူမျိုးဆိုပြီး သတ် မှတ်ကောက်ယူမည့်အကြောင်းကြားသိရတဲ့အခါ ကျွန်တော် အလွန်ဘဲ စိတ်ပျက်၊ စိတ်ညစ်သွား မိတယ်။အလွန် အန္တရာယ်ကြီးပြီး မဆုံးနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ ဆက်တိုက်ဖြစ် လာနိုင်တယ်လို့ ကျွန်တော်ယုံပါတယ်။


မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်စိုးရိမ်ပူပန်မှု့ကို ရှင်းလင်းတင်ပြပါရစေ၊
ကျွန်တော်တို့ တိုင်းရင်းသား ကရင်၊ရှမ်း၊ မွန်၊ ကချင်စတဲ့လူမျိုးများဟာ အိမ်နီးချင်း တရုပ်၊ထိုင်းနိုင် ငံများမှာလဲ ရှိနေပြီး သူတို့နိုင်ငံထဲမှာ တိုင်းရင်းသားဖြစ်နေကြပါတယ်။ တိုင်းပြည်နယ်နိမိတ် ဆိုတာ ခြံစည်းရိုးမခတ်ခင်က လူသားများ ပြန့်နှံနေထိုင်ကြတဲ့အတွက် အခုလိုရှိနေခြင်းပါ။ ရိုဟင်ဂျာလူမျိုးဆိုတာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဘင်္ဂလားဒေရှ့်မှာလုံးဝ မရှိဘဲ မြန် မာနိုင်ငံအတွင်းမှာသာ ရှိနေတဲ့ ထူးဆန်းတဲ့ လူမျိုးဖြစ်နေပါတယ်။ အသားအရောင် အသွေးအမွေး ကစပြီး ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းက စစ်တကောင်းဘင်္ဂလီများနဲ့ ထပ်တူထပ်မျှတူပါတယ်။
ဘင်္ဂလာဒေရှ့်နိုင်ငံတွင်းမှာ ကျွန်တော်တို့ဆီမှာလဲ တိုင်းရင်းသားဖြစ်နေတဲ့ ရခိုင်၊မြို၊ ခမီ၊ မရမာကြီးတို့ရှိပါတယ်၊ ဒါပေမဲ့ ရိုဟင်ဂျာလူမျိုးဆိုတာ (ကျွန်တော်တို့ဘက်က ထွက်ပြေးလာလို့ လက်ခံထားရပါတယ်ဆိုတဲ့၊ ဒုက္ခသည် စခန်းမှလွဲပြီး) တစ်ခြားနေရာမှာ လုံးဝမရှိပါ။
ဦးနု ၀န်ကြီးချုပ်တာဝန်ယူစဉ် ပါတီတွင်းအက်ကွဲကြောင်းထင်လာလို့ ဦးရာရှစ်တို့အကြိုက်လိုက်ရင်း ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည် စတင်ပေါ်ပေါက်လာရတယ်ဆိုတာ သမိုင်းလေ့လာ သူတိုင်း သိကြပါတယ်။ ဖဆပလအစိုးရရဲ့ နိုင်ငံရေးကျားကွက် အရွှေ့မှားခဲ့တာပါ။

နောက်ပိုင်း မဆလပါတီခေတ်၊ စစ်အစိုးရခေတ်တို့မှာ စီမံခန့်ခွဲမှု့ ညံ့ဖျင်းပြီး အကျင့်ပျက်ခြစား မှု့တွေကြောင့် ကျွန်တော်တို့နိုင်ငံအတွင်းမှာ အိမ်နီးချင်းတိုင်းပြည်မှ ခိုးဝင်ဘင်္ဂလီများ သန်းချီ ရှိနေပြီလို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ရတက် မအေးဖြစ်စေ ပါတယ်။ ပြည် သူ့လွှတ်တော်အစပိုင်း ဘူးသီးတောင်မောင်းတော လွှတ်တော်ကိုယ်စားလှယ်မေး၊ ဦးခင်ရီဖြေရာ မှာ ပြည်တွင်း မွတ်စလင် ၁.၂ သန်းရှိတယ်လို့ သိရပါတယ်၊ ၂၀၁၃-ခုနှစ် ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ် ကင်တားနားအစီရင်ခံစာကို အယ်ဂျားဇီး ယား သတင်းဌာန က ဖော်ပြရာ မှာ ပြည်တွင်းမွတ်စလင် ၃-သန်း၊ နိုင်ငံရေး ကျွမ်းကျင်သူများအဆို ၇-သန်းရှိနေပြီး၊ သြစတေးလျှ သတင်းတစ်ခုမှာ ၁၃-သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီအရေအတွက် အမှန်ဘဲလားဆိုတာ ရန်ကုန်မြို့လည်လမ်းမကြီးများပေါ်က ပလက်ဖောင်းဈေးသည်အရေအတွက်၊ တနင်္သာရီနဲ့ ရှမ်းပြည်အထိ
မြို့ရွာများမှ ဘင်္ဂလီဦးရေကို ခန့်မှန်းကြည့်ရင် ဟုတ်နိုးနိုးထင်ရပါတယ်။ မကြာခင် ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူရာမှာ ရှင်းလင်းပြတ်သားဖို့ လိုပါတယ်။

အဲဒီတော့ ရိုဟင်ဂျာလူမျိုးအဖြစ် အစိုးရက စာရင်းသွင်းမိလျှင် -----

(၁) နိုင်ငံတကာရောက် ရိုဟင်ဂျာဆိုသူ လှေစီးပြေးဒုက္ခသည်များဟာ မြန်မာနိုင်ငံမှဖြစ်တယ်လို့ ၀န်ခံရာ ရောက်ပါလိမ့်မယ်။ သူတို့ဟာ လူဦးရေ တစ်သန်းနီးပါးရှိနိုင်ပါတယ်။ (ရိုဟင်ဂျာ အဖြစ်စာရင်းသွင်းခဲ့ရင့် ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီများကိုလဲ လက်ခံရမှာကြောင့် ) ရခိုင်ပြည်နယ် ရှိဦးရေနဲ့ပေါင်းရင် တစ်သန်းခန့်ရှိနိုင်ပါတယ်။

(၂) ၂၀၀၈-ခုနှစ် ဖွဲ့စည်ပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါ၊ ဥပဒေကြမ်းတစ်ရပ် အဆိုတင်သွင်း နိုင်ဖို့၊ အတည်ပြုနိုင်ဖို့ လိုအပ်မဲဆန္ဒအရေအတွက် အလွန်များပါတယ်။ ၂၀၀၈-ခြေ/ဥ ကို ပြင်တဲ့အခါ၊ အဲဒီအချက်ကို အဓိကထားပြင်ကြလိမ့်မယ်လို့ မြင်ပါတယ်။ ဒါဆို အဆိုပြု ချက်/ဥပဒေကြမ်းအတည်ဖြစ်ဖို့ မခဲယဉ်း နိုင်တဲ့အလားအလာရှိပါတယ်။ လွယ်လွယ်နဲ့ အဆိုပြု- အတည်ဖြစ်လာနိုင်တဲ့ ဥပဒေ ကြမ်း/အဆို ပြုချက်တွေရှိလာမှာပါ။
၂၀၀၈-အခြေခံဥပဒေ ပုဒ်မ ၅၃ မှာ ပြည်နယ် နယ်နိမိတ်ကိုပြင်ဆင်ရန် အဆိုတင်ဖို့၊ အတည်ပြုဖို့အခြေအနေ များဟာလဲ မခဲယဉ်းတော့ပါ၊ အဲဒီတော့ ကျွန်တော်တို့နိုင် ငံအတွင်းမှာ ပြည်နယ်အသစ်၊ လူမျိုးအသစ်တိုးလာပြီး လက်ရှိလူနေမှု့ပုံစံ၊ ဘာသာရေး၊ ယဉ်ကျေးမှု့ အမျိုးသားစရိုက်လက္ခဏာများပြောင်းလဲသွားမှာပါ။ ၊ ဒါဟာ ပြည်တွင်း ဗုဒ္ဓဘာသာရာနှုန်းလူများစုအတွက် အလွန်ကြီးမားတဲ့ ပြောင်းလဲမှု့ကြီးကို ကြုံတွေ့ရမှာပါ။တိုင်း ရင်းသားအချို့ကလဲ လက်ခံမည်မဟုတ်။ ဒါဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ထိပါးနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘင်္ဂလားဒေရှ့်သတင်းစာတစ်စောင်က ဘူးသီးတောင်၊မောင်းတော ဒေ သကို မြန်မာပြည်က ခွဲထွက်ပြီး ဘင်္ဂလားဒေရှ့်နဲ့ ပူးပေါင်းဖို့ နှပ်ကြောင်းပေးလာတာကို စစ်ရေးအမြင်ရှိသူဟု ဆိုသူများ စဉ်းစားကြပါ။

(၃) လက်ရှိ ကမ္ဘာအရပ်ရပ် နိုင်ငံအချို့မှာ ဘာသာရေးအယူပြင်းထန်တဲ့ မွတ်စလင်များ သီးခြားပြည်နယ်/အစိုးရ ပုံစံရရှိရေး လှုပ်ရှားမှု့များကြောင့် ပြည် တွင်းမငြိမ်မ သက်ဖြစ်တာတွေ့ရပါတယ်။ တရုပ်အနောက်မြောက်ပိုင်း စင်ကျန်းပြည်နယ်၊ အီဂျစ်၊ဘင်္ဂ လားဒေရှ့်၊ထိုင်းတောင်ပိုင်း၊ အရှေ့မလေးရှား ဆာဗားပြည်နယ်၊ ဖိလစ်ပိုင် တောင် ပိုင်းတို့ဖြစ် ပါတယ်။ အဲဒီမှာ အီဂျစ်၊ဘင်္ဂလားဒေရှ့်၊မလေးရှားတို့ဟာ မွတ်စလင် ရာနှုန်းအ များစုနိုင်ငံများဖြစ်ပြီး ဖိလစ်ပိုင်တောင်ပိုင်းဟာ မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်နေပါတယ်။ အမှန်တော့ ဒီလို ဘာသာ ရေးအယူပြင်းထန်ပြီးဘာသာရေးအစိုးရ၊နိုင်ငံ ထူထောင်လိုသူမွတ်စလင်ဦးရေဟာ သက်ဆိုင်နိုင်ငံအတွင်း အလွန်နည်းပါးတဲ့ အရေအတွက်ပါ။ လက်ရှိ ပြည်တွင်းမွတ်စလင်အရေအ တွက်ဟာ လူနည်းစုလို့ မပြောနိုင် တော့ပါ။ တစ်ချို့တိုင်းရင်းသားလူမျိုးစုထက် လူဦးရေ ပိုများနေပါတယ်။ ဘင်္ဂလီနဲ့ မွတ်စလင်မရှိတဲ့တိုင်း ပြည်ဖြစ်နိုင်/မဖြစ်နိုင်၊ ဒါကို ပြည်တွင်းနေထိုင်သူ ကျွန်တော်တို့အားလုံး ကျွန်တော်တို့နဲ့အတူနေထိုင်မည့် သူများအတွက် အနာဂါတ် မြန်မာနိုင်ငံ လူနေမှု့ပုံ စံအတွက် ခေါင်းအေးအေးထားစဉ်းစားရမှာပါ။ အချို့ဟောပြောချက်၊ ပြု မူဆောင်ရွက်ချက်များဟာ အကြမ်းဖက်သမားအကြိုက်တွေ့မှာပါ၊ သူတို့ဆင်တဲ့ ထောင်ချောက်ထဲ တိုးဝင်သလိုဖြစ်ပါလိမ့်မယ်။ အကြမ်းဖက်သမားများ အင်အားသစ် /မျိုးဆက်သစ် မွေးမြူရာမှာ နာကျည်းချက်ဖြစ်ပေါ်စေရန် ဖန်တီးပြီး အဲဒီနာကျည်းချက်ကို ခေါင်းထဲရိုက်သွင်းသလို အဖန်ဖန်အလဲလဲ ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုနည်းနဲ့ နာကျည်းခံစားရသူဟာ သူလုပ်တာ မှန်တယ်၊တရားမျှတတယ်လို့ ထင်မြင်လာပါတယ်။ အဲဒီတော့ ဆင်ခြင်သင့်ကြပါတယ်။

(၃) ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း ရခိုင်ပြည်နယ်ရိုဟင်ဂျာ အရေးလှုပ်ရှားနေသူ များဟာ ပြည်ပ အကြမ်းဖက် အဖွဲ့ အစည်းနဲ့ဆက်သွယ်မှု့ရှိကြောင်းတရားဝင်ပြောကြားခဲ့သူဟာ ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ်ရှိတ်ဟာစီနာဖြစ်ပါတယ်၊ (၂၀၁၂-ခုနှစ် နိုင်ငံခြားသတင်းများမှာပြန်ကြည့်နိုင်ပါတယ်) ဒီနေရာမှာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်း Global Network of Terror အကြောင်း ပြော ခွင့်ပြုပါ၊ အဲဒီအကြမ်းဖက်အဖွဲ့အစည်းများဟာ အစ္စလာမ်ဘာ သာဝင်များးဟုဆိုသော်လည်း သူတို့ဟာ ကိုရန်ကျမ်းစာ သွန်သင်ချက်များနဲ့ သွေဖီပြုမူဆောင်ရွက် နေသူများဖြစ်ပါတယ်။

“….. မိန်းမနှင့်ကလေးများရှေ့တွင် ရန်သူကိုမသတ်ရ၊ မိန်းမ ကလေးနှင့် သက်ကြီးရွယ် အိုများအားမသတ်ရ၊ စစ်ပွဲနှင့် မသက်ဆိုင်သူများ မိမိအားခုခံတိုက်ခိုက်ခြင်းမပြုနိုင်သည့် ဒုက္ခိတများအား သတ်ရန်ဟု ဒါးဖြင့်ပင် မရွယ်ရ … “ လို့ ကျမ်းစာမှာ အတိအလင်း တားမြစ်ထားတာကို မွတ်စလင်ဘာ သာ ၀င်အများစုကြီးမှာ မသိကြသူအလွန်များပါတယ်။ မိမိကိုယ်မိမိ သေစေခြင်းနဲ့ အရှင်မြတ်ရှေ့မှောက် အာဇာနည်ဖြစ်မည်ဟု မပါရှိ ။ မိမိကိုယ်မိမိ အသေခံခြင်း ( အသေခံဗုံးခွဲခြင်း) ကို ကျမ်းစာ တွင် ခွင့်ပြုချက်မရှိကြောင်း၊ Global Network of Terror စာအုပ်ရေးသားသူ ကုလသမဂ္ဂ အကြမ်းဖက်မှု့ တန်ပြန်တိုက်ဖျက်ရေး မဟာမင်း ကြီးဟောင်း ပါမောက္ခ ရိုဟန် ဂူနာရတ်နာ က ရေးသားဖော်ပြထားပါတယ်။ အွန်လိုင်းမှာ အလွယ်တကူမြင်တွေ့နေရတဲ့ လူအရှင်လတ်လတ် လည်လှီး၊ ဦးခေါင်းသေနတ်နဲ့ပစ်၊ အသေခံဗုံးခွဲနေ သူများဟာ အဲဒီ Global Network of Terror ရဲ့ စည်းရုံးသိမ်းသွင်းခံရသူတွေပါ။ သူတို့ဟာ တစ်ကမ္ဘာလုံးမှာ အင်အား ၆-သန်း၊ လက်နက်ကိုင်ဆောင်မည့်သူ တစ် သိန်းခြောက်သောင်းခန့်သာရှိတဲ့အတွက် ကမ္ဘာမွတ်စလင်ဦးရေ သန်း ၁၆၀၀ နဲ့ ယှဉ်ထိုးစဉ်းစားရင် အလွန်နည်းပါးတဲ့အရေအတွက်ဖြစ်နေပါတယ်။ မွတ်စလင်မှန်သရွေ့ အားလုံးတက်ညီ လက်ညီ ပူးပေါင်းလုပ်ဆောင်နေခြင်းမဟုတ်သလို သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်၊ အစိုးရများနဲ့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတိုင်းမှာ ဖမ်းဆီး နှိပ်ကွပ်နေပါတယ်။ အကြမ်းဖက် သမား/အဖွဲ့ အစည်းဖြစ်ခဲ့ရင် မပြောမဆို ၀င်သတ်သွားမဲ့နိုင်ငံကြီးတွေရှိနေသလို မွတ်စလင် အချင်းချင်းကြားမှာလဲ ဒီအတွက် တိုက်ခိုက်နေကြပါတယ်။ ဒီအချက်အလက်များနဲ့ အဖြစ်မှန်ကိုမသိသူ မွတ်စလင်ဘာသာဝင်များအနေနဲ့ တစ်စုံတစ်ခုပြုလုပ်တိုင်း မိမိတို့ဘာ သာဝင်များအား တမင်နှိပ်ကွပ်တယ်လို့ ယူဆကြသလို မွတ်စလင် ဘာသာဝင်မ ဟုတ်သူများမှာလဲ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှု့ ကျယ်ပြန့်လာနေပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ နိုင်ငံကြီးများမှာ ဗဟုသုတနဲ့ ပညာတတ်များတဲ့အတွက် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု့ မကျယ်ပြန့်ပေမဲ့ တစ်ချို့နိုင်ငံ ဒေသများမှာ ပဋိပက္ခ ကျယ်ပြန့်လာနေပါတယ်။

(၄) ကျွန်တော့်မှာ ပြည်တွင်းပြည်ပ ဘာသာခြား၊ လူမျိုးခြားမိတ်ဆွေများရှိပြီး ဆွေမျိုးရင်းခြာပမာ ခင်မင်တဲ့ ဘာသာခြားအိမ်နီးနားချင်း၊ ငယ်သူငယ်ချင်းများလဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ပြည်တွင်း အကြမ်းဖက် ပဋိပက္ခများကို အမြန်ဆုံး ပြီးဆုံးပြီး၊ ယခင်အတိုင်း ငြိမ်းချမ်းစွာနေထိုင်လိုပါတယ်။ အဲဒီ ပဋိပက္ခများ ပြည်တွင်းမှာ ကျယ်ပြန့်သွားပြီး ဘာသာရေး၊ လူမျိုးရေး အမြင် မကြည်လင်ဖြစ်ရတာမှာ “ ရိုဟင်ဂျာ “ ဆိုတာကြီးနဲ့ တရားမ၀င် ခိုးဝင်လာသူ သန်းချီရှိနေပြီဆိုတဲ့ စိုးရိမ်မှု့ဟာ အဓိကဖြစ်တယ်လို့ ကျွန်တော် ယုံပါတယ်။

ဒါကြောင့် ရိုဟင်ဂျာလူမျိုးဟု စာရင်းကောက်ယူခြင်းအပေါ် ကျွန်တော် ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ ဒီအချက်ကို စဉ်းစားမိတဲ့မိတ်ဆွေများကလဲ ငြိမ်းချမ်းစွာအဖြေရှာသင့်ပါတယ်။
(ကျွန်တော့် ကွန်နက်ရှင် အလွန်နှေးတဲ့အတွက် သက်ဆိုင်တဲ့ Link နဲ့ အထောက်အထားများ မတင်ပြနိုင်တာခွင့်လွှတ်ကြပါ၊ အချို့ကို ကျွန်တော့် Timeline “ ကျွန်တော်တို့နှင့် ထုံးတမ်းစဉ်လာများ (၄၈ ) “ မှာ အပိုင်း(၅)ပိုင်းခွဲ ရေးထားတာရှိနေပါတယ် )

From: ဌေးအောင်

www.mmdailystar.com

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ